သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်


လိုင်ဇာမြို့
လိုင်ဇာမြို့

[[ ZAWGYI/ UNICODE ]]

KIA ဌာနချုပ်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်

ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမြို့ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တရုတ်နိုင်ငံဘက်က ကျေးရွာတခုပေါ် လက်နက်ကြီး ကျတယ်ဆိုတာကိုတော့ သူက အတည်မပြုပါဘူး။ စစ်ကောင်စီတပ်တွေနဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာနဲ့အတူ စစ်တပ်က KIA ဌာနချုပ်ရှိရာဖက်ကို ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ လိုင်ဇာဒေသ ပစ်ခတ်မှုသတင်းကို ကိုရဲမွန်က တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ဘက်ကို စစ်ကောင်စီတပ်တွေက မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ၄ ကြိမ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုအတွင်း လိုင်ဇာမြို့ပြင်က KIA တပ်စခန်းရှိရာ အလဲန့်ဘွမ် တောင်ကုန်းဖက်မှာ ကျရောက်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက VOA ကို ပြောပါတယ်။

“ တစ်နေ့က မနက် ၃နာရီကျော်အချိန်မှာ ဘွမ်ရဲဘွမ် တပ်စခန်းကနေ ၄ကြိမ်ပစ်တာ။ အဲဒါ ရှိပါတယ်။ ကျနော်တို့ဘက်က ပြန်ပစ်တာမရှိဘူး။ လိုင်ဇာ မြို့တွင်းမှာ၊ ရွာမှာတော့ မဟုတ်ပါဘူး။ အဲဒီသူတို့ စစ်တပ်တွေရှိတဲ့ နေရာဘက်မှာ ကျတာ။ တောင်ကုန်းဘက်မှာပေါ့။ အလဲန့်ဘွမ်တောင်ကုန်းဘက်မှာ ကျတာ။”

လက်နက်ကြီးကျည်ကျပေမဲ့ ထိခိုက်သေဆုံးတာ မရှိကြောင်းလည်း ပြောပါတယ်။ KIA ပြန်ကြားရေးဌာနရဲ့ Kachin Net ဆိုတဲ့ Facebook သတင်းစာမျက်နှာမှာတော့ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ၁၀၅ မမ ဒါမှမဟုတ် ၁၂၀ မမ ဖြစ်နိုင်ကြောင်းနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တစ်လုံးဟာ တရုတ်နိုင်ငံ နားဘန်းကျေးရွာဘက်မှာ ကျရောက်ပေါက်ကွဲကြောင်း ဖော်ပြထားပါတယ်။

ဗိုလ်မှုးကြီးနော်ဘူကတော့ တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲတယ်ဆိုတာကို အတည်မပြုနိုင်ကြောင်း ပြောဆိုပါတယ်။

“ အဲဒါ အတိအကျ ဘယ်သူမှတော့ တရားဝင်ပြောတာတော့၊ ဘယ်သူမှ ကျတယ်ဆိုတာတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ညဆိုတော့ ၊ နိုးထတဲ့အချိန်ဆိုတော့ အသံကြားတာ အဲဒီဘက်က နယ်စပ်ဘက်မှာပေါ့နော်။ ပေါက်ကွဲတဲ့အသံတွေဆိုတော့ နယ်စပ်ဘက်မှာ ကျတယ်ဆိုတဲ့ သဘောမျိုးနဲ့ ရေးတာနေမှာပါ။”

လိုင်ဇာဒေသခံတစ်ဦးက ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပေါက်ကွဲသံကြားရပေမယ့် ဘယ်နေရာ ပေါက်ကွဲတယ်ဆိုတာ မသိရကြောင်း ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ဘွမ်ရဲဘွမ်အခြေစိုက် စစ်ကောင်စီတပ်တွေက ပစ်ခတ်တာလို့ KIA ဘက်က ထုတ်ပြန်ပေမယ့် သီးခြားအတည်ပြုချက် မရသေးပါဘူး။

KIA နဲ့ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရှိနေချိန်မှာ စစ်တပ်ဘက်က ကချင် လိုင်ဇာဌာနချုပ်ရှိရာဖက်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြစ်ကြီးနား၊ ဟိုပင်နဲ့ ရွှေကူမြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ ကြာသပတေးနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်နေပါတယ်။

ဝိုင်းမော်မြို့နယ် ဆမားဘက်ကနေ တရုတ်နိုင်ငံ နယ်စပ်ဘက်ကို လမ်းဖောက်လုပ်ဖို့ မတ်လ ဒုတိယပတ်အတွင်း စစ်အင်အား တိုးချဲ့လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ကြောင်း KIA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = = = = =

{{ UNICODE }}












XS
SM
MD
LG