သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ကျောက်ရောဂါကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေေ နယူးယောက် ကြေညာ


WHO Ta Ce An Samu Cutar Kyandar Biri A Kasashe 12 - Monkey Pox
WHO Ta Ce An Samu Cutar Kyandar Biri A Kasashe 12 - Monkey Pox

[[ ZAWGYI / UNICODE ]]

မျောက်ကျောက်ရောဂါကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေေ နယူးယောက် ကြေညာ

မျောက်ကျောက်ရောဂါ ကူးစက် ပျံ့နှံ့မှုကြောင့် နယူးယောက်မှာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ နယူးယောက် မြို့တော်ဝန် Eric Adams နဲ့ ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဆိုင်ရာဌာန ကော်မရှင်နာ ဒေါက်တာ Ashwin Vasan တို့က စနေနေ့မှာ ကြေညာခဲ့တာပါ။

New York City ဟာ လက်ရှိ ကူးစက်မှု အချက်အချာ ဖြစ်နေပြီး ခန့်မှန်းခြေ နယူးယောက် ပြည်သူ ၁၅၀,၀၀၀ လောက်ဟာ မျောက်ကျောက် ရောဂါနဲ့ ထိတွေ့မှု အန္တရာယ် ရှိနေကြောင်း တာဝန်ရှိသူ ၂ ဦးက ပူးတွဲကြေညာချက်မှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ လူထု ဘေးကင်းရေး အတွက် ကာကွယ်ဆေးနဲ့ ကုသမှု အတတ်နိုင်ဆုံး အမြန်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ထိုးဆေးတွေ ပိုပြီး ရရှိနိုင်ရေး အတွက်လည်း ပြည်ထောင်စု အဆင့် ဌာနတွေနဲ့ ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။ ကမ ္ဘာတလွှား မျောက်ကျောက် ရောဂါ ကူးစက် ပျံ့နှံ့မှုဟာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု အရေးပေါ် အခြေအနေ အဖြစ် ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ကြေညာထားပြီး ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာတလွှား မျောက်ကျောက် ရောဂါ ဖြစ်ပွားမှုရဲ့ ၉၈ ရာခိုင်နှုန်းဟာ အမျိုးသားချင်း လိင်တူ ဆက်ဆံသူတွေကြားမှာ ဖြစ်နေပြီး ထိတွေ့ သူတိုင်း မျောက်ကျောက် ရောဂါ ရနိုင်ကြောင်း WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဒါကြောင့် ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကိုယ်ခံစွမ်းအားနည်းသူတွေ အပါအဝင် ကူးစက်လွယ်သူတွေထံကို မျောက်ကျောက် ရောဂါ ကူးစက်မှု အန္တရာယ် လျှော့ချနိုင်ရေး အတွက် နိုင်ငံတွေ အလေးထား ဆောင်ရွက်ကြဖို့လည်း WHO က တိုက်တွန်းထားပါတယ်။

မျောက်ကျောက်ရောဂါကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေေ နယူးယောက် ကြေညာ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}

မြောကျကြောကျရောဂါကွောင့ျ ကနြျးမာရေး အရေးပေါျအခွအေနေေ နယူးယောကျ ကွညော






XS
SM
MD
LG