သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမ်ာက္ေက်ာက္ေရာဂါ - ကမာၻ႔က်န္းမာေရး အေရးေပၚအေျခေနသတ္မွတ္


Virus Outbreak South Africa WHO

ေမ်ာက္ေက်ာက္ေရာဂါ အလွ်င္အျမန္ ပ်ံပြားကူးစက္ေနတာဟာ ကမာၻလုံးဆိုင္ရာ အေရးေပၚ က်န္းမာေရး အေျခအေနတရပ္ ျဖစ္တယ္လို႔ ကမာၻက်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ Tedros A Ghebreyesus က စေနေန႔က သတင္းမီဒီယာေတြကို ေျပာပါတယ္။

Zawgyi/Unicode

ေမ်ာက္ေက်ာက္ေရာဂါ - ကမာၻ႔က်န္းမာေရး အေရးေပၚအေျခေနသတ္မွတ္

ေမ်ာက္ေက်ာက္ေရာဂါ အလွ်င္အျမန္ ပ်ံပြားကူးစက္ေနတာဟာ ကမာၻလုံးဆိုင္ရာ အေရးေပၚ က်န္းမာေရး အေျခအေနတရပ္ ျဖစ္တယ္လို႔ ကမာၻက်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ Tedros A Ghebreyesus က စေနေန႔က သတင္းမီဒီယာေတြကို ေျပာပါတယ္။

"ကမာၻတလႊား ေမ်ာက္ေက်ာက္ေရာဂါ ျဖစ္ပြါးေနတဲ့ အေျခေနကို ၾကည့္ၿပီး ဒါဟာ ကမာၻလုံးဆိုင္ရာ က်န္းမာေရးအရ အေရးေပၚအေျခ ျဖစ္တယ္လို႔ က်ေနာ္တို႔ ဆုံးျဖတ္လိုက္ပါတယ္။"

ဒီလို ႏိုင္ငံတကာအတြက္ စိုးရိမ္ရတဲ့ အမ်ားျပည္သူ အေရးေပၚက်န္းမာေရး အေျခအေနအတြက္ ႏိုင္ငံအားလုံးက ပူးေပါင္းေဆာင္႐ြက္ၿပီး ဝိုင္းဝန္း တုံျပန္ေဆာင္႐ြက္ၾကဖို႔အတြက္ အခ်က္ေပးလိုက္တာျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။ ဒါအျပင္ တကမာၻလုံး အတိုင္းအတာနဲ႔ ကုသမႈေတြ၊ ကာကြယ္ေဆးေတြ ေဝမွ်ေပးၾကဖို႔ နဲ႔ ရန္ပုံေငြေတြကိုလည္း ထည့္ဝင္ေပးၾကဖို႔ သူက တိုက္တြန္းလိုက္ပါတယ္။

အခုဆိုရင္ ႏိုင္ငံနဲ႔ ေဒသေပါင္း ၇၅ ခုမွာ ဒီေရာဂါျဖစ္ပြါးသူဟာ ၁၆ ၀၀၀ ေက်ာ္ေနၿပီျဖစ္ၿပီး ေသဆုံးရသူက ၅ ဦး ရွိေနၿပီ လို႔လည္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လကုန္ကဆိုရင္ အဲဒီေရာဂါျဖစ္ပြားသူေပါင္း ၃ ေထာင္သာရွိပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ေသာၾကာေန႔က ပထမဦးဆုံး ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားတဲ့ ကေလး ၂ ဦးကို ေတြ႕ရွိထားပါတယ္။

အခု လက္ရွိမွတ္တမ္းေတြအရ ဥေရာပ နဲ႔ အေမရိကန္ ျပည္ေထာင္စုမွာဆိုရင္ အဲဒီေရာဂါျဖစ္ပြားၾကသူ အားလုံးနီးပါးလိုလိုဟာ အမ်ိဳးသားခ်င္း လိင္ဆက္ဆံၾကသူေတြ ျဖစ္ေနတာ ေတြ႕ရပါတယ္။

#

Unicode

မျောက်ကျောက်ရောဂါ - ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေနေသတ်မှတ်

မျောက်ကျောက်ရောဂါ အလျှင်အမြန် ပျံပွားကူးစက်နေတာဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေတရပ် ဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က စနေနေ့က သတင်းမီဒီယာတွေကို ပြောပါတယ်။

"ကမ္ဘာတလွှား မျောက်ကျောက်ရောဂါ ဖြစ်ပွါးနေတဲ့ အခြေနေကို ကြည့်ပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရ အရေးပေါ်အခြေ ဖြစ်တယ်လို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်။"

ဒီလို နိုင်ငံတကာအတွက် စိုးရိမ်ရတဲ့ အများပြည်သူ အရေးပေါ်ကျန်းမာရေး အခြေအနေအတွက် နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်း တုံပြန်ဆောင်ရွက်ကြဖို့အတွက် အချက်ပေးလိုက်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဒါအပြင် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကုသမှုတွေ၊ ကာကွယ်ဆေးတွေ ဝေမျှပေးကြဖို့ နဲ့ ရန်ပုံငွေတွေကိုလည်း ထည့်ဝင်ပေးကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

အခုဆိုရင် နိုင်ငံနဲ့ ဒေသပေါင်း ၇၅ ခုမှာ ဒီရောဂါဖြစ်ပွါးသူဟာ ၁၆ ၀၀၀ ကျော်နေပြီဖြစ်ပြီး သေဆုံးရသူက ၅ ဦး ရှိနေပြီ လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ကဆိုရင် အဲဒီရောဂါဖြစ်ပွားသူပေါင်း ၃ ထောင်သာရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ သောကြာနေ့က ပထမဦးဆုံး မျောက်ကျောက်ရောဂါဖြစ်ပွားတဲ့ ကလေး ၂ ဦးကို တွေ့ရှိထားပါတယ်။

အခု လက်ရှိမှတ်တမ်းတွေအရ ဥရောပ နဲ့ အမေရိကန် ပြည်ထောင်စုမှာဆိုရင် အဲဒီရောဂါဖြစ်ပွားကြသူ အားလုံးနီးပါးလိုလိုဟာ အမျိုးသားချင်း လိင်ဆက်ဆံကြသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။

XS
SM
MD
LG