သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ကမ္ဘာအဝှမ်းမျောက်ကျောက်လူနာဓါတ်ခွဲအတည်ပြု ၅,၃၂၂ ဦး” WHO


မျောက်ကျောက်ရောဂါ (ဓါတ်ပုံ-WHO)
မျောက်ကျောက်ရောဂါ (ဓါတ်ပုံ-WHO)

[[Zawgyi/Unicode]]

ကမ္ဘာပေါ်မှာ ဓာတ်ခွဲခန်းအတည်ပြု မျောက်ကျောက်လူနာ ၅,၃၂၂ ယောက် ရှိသွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီနေ့ ပြောလိုက်ပါတယ်။ ဒီလူနာအားလုံးရဲ့ ၈၅ % ဟာ ဥရောပတိုက်က ဖြစ်ပါတယ်။ မျောက်ကျောက်အတည်ပြုလူနာဦးရေ တနေ့တခြား တိုးလာနေပါတယ်။

WHO ကတော့ မျောက်ကျောက်ဆိုင်ရာ အရေးပေါ်ကော်မတီ နောက်တကြိမ် စည်းဝေးပွဲကျင်းပမယ့်ရက် သတ်မှတ်မထားခြင်း မရှိသေးပါဘူး။

၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ဓာတ်ခွဲခန်းအတည်ပြု မျောက်ကျောက်လူနာ ၅,၃၂၂ ယောက်ရှိပြီး သေဆုံးသူ တယောက်ရှိကြောင်း WHO ပြောခွင့်ရ Fadela Chaib က သတင်းထောက်တွေကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၈ ရက်အတွင်း ကူးစက်ခံရသူဦးရေ ၅၆ % တိုးခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ထိ WHO ရဲ့ အချက်အလက်တွေမှာ အတည်ပြုလူနာ ၃,၄၁၃ ယောက်လို့ ကြေညာခဲ့တာပါ။ မျောက်ကျောက်အဖြစ်အများတဲ့ အနောက်နဲ့ ဗဟိုအာဖရိကနိုင်ငံတွေ ပြင်ပမှာ မျောက်ကျောက်ကူးစက်မှုကို မေလ အစောပိုင်းက စတင်တွေ့ရှိခဲ့တာပါ။ အခုနိုင်ငံ ၅၃ နိုင်ငံမှာ မျောက်ကျောက်တွေ့ထားပြီး ဖြစ်ကြောင်းလည်း WHO ပြောခွင့်ရက ဆိုပါတယ်။

မျောက်ကျောက်ကူးစက်ခံရသူ ၈၅%က ဥရောပတိုက်ကဖြစ်ပြီး အာဖရိကတိုက်၊ အမေရိကတိုက်တွေ၊ မြေထဲပင်လယ်အရှေ့ပိုင်းနဲ့ ပစိဖိတ်ဒေသတွေမှာလည်း တွေ့ရှိကြောင်း သူက ပြောပါတယ်။ မျောက်ကျောက်ဆက်လက်မပြန့်ပွားအောင် နိုင်ငံတွေအသီးသီး အာရုံစိုက်လုပ်ဆောင်ကြဖို့ WHO က တိုက်တွန်းထားပါတယ်။

လတ်တလော လေ့လာချက်တွေအရ အမျိုးသားတွေနဲ့ လိင်ဆက်ဆံတဲ့ မြို့ပြနေ လူငယ် အမျိုးသားတွေမှာ မျောက်ကျောက်ကူးစက်မှု အများဆုံးတွေ့ရကြောင်း WHO က သုံးသပ်ထားပါတယ်။

[[Unicode]]







XS
SM
MD
LG