သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတိျပဳစရာ ေမ်ာက္ေက်ာက္ေရာဂါ


ကြန္ဂို သမၼတ ႏိုင္ငံမွာ ၁၉၉၆- ၁၉၉၇ ခုႏွစ္က ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ေရာဂါ ျဖစ္ပြားမႈမွာ ေမ်ာက္ေက်ာက္ေရာဂါ လူနာ တဦးရဲ႕ လက္မွာ ကူးစက္ ျဖစ္ပြားေနပံု။ ဓာတ္ပံု - CDC/Brian W.J. Mahy/Handout via REUTERS

(Zawgyi / Unicode)

ေမ်ာက္ ေက်ာက္ေရာဂါ ျဖစ္ပြားသူဟာ ဒီကေန႔ အထိ ရာနဲ႔ခ်ီ ေတြ႕ေနရေပမယ့္လည္း ေနာက္ထပ္ ကပ္ေဘးေရာဂါ အျဖစ္ကို ေရာက္မယ္လို႔ မယူဆေၾကာင္း WHO ကမ ၻာ့က်န္းမာေရး အဖြဲ႔ရဲ႕ ေမ်ာက္ ေက်ာက္ေရာဂါ ဆိုင္ရာ ထိပ္တန္း ကြ်မ္းက်င္သူက ေျပာပါတယ္။ လြန္ခဲ႔တဲ႔ ဆယ္စုႏွစ္ေတြက အစုလိုက္ ထိုးႏွံခဲ႔တဲ႔ ေက်ာက္ေရာဂါ ကာကြယ္ေဆး ထိုးႏွံမႈကို ဆိုင္းငံ႔ခဲ႔တာေၾကာင့္ တနည္းတဖံုနဲ႔ ကူးစက္ ပ်ံ႕ပြားေစတာလား ဆိုတာနဲ႔ ဘယ္လို ကူးစက္ ပ်ံ႕ပြားသလဲ ဆိုတာ အပါအ၀င္ ဒီ ကူးစက္ေရာဂါနဲ႔ ပတ္သက္လို႔ မသိေသးတဲ႔ အေၾကာင္းအရာ အမ်ားအျပား ရွိေနေသးေၾကာင္း သူက အသိအမွတ္ျပဳ ေျပာပါတယ္။

ဒါဇင္နဲ႔ခ်ီတဲ႔ ႏိုင္ငံေတြမွာ ေတြ႕ရတဲ႔ ကူးစက္မႈ အမ်ားစုမွာေတာ့ လိင္တူ ဆက္ဆံသူေတြ၊ လိင္တူ လိင္ကြဲ ႏွစ္မ်ဳိးလံုး ဆက္ဆံသူေတြ ဒါမွမဟုတ္လည္း အမ်ိဳးသားခ်င္း လိင္ဆက္ဆံသူေတြ ျဖစ္တာေၾကာင့္ ႀကိဳတင္ သတိထားရမယ့္ အႏၲရာယ္ ရွိႏိုင္တဲ႔ လူေတြ အတြက္ ဒီကိစၥကို သိပၸံပညာရွင္ေတြ ထပ္ၿပီး ေလ႔လာေနေၾကာင္း WHO က ေဒါက္တာ Rosamund Lewis က တနလာၤေန႔မွာ ေျပာပါတယ္။

အရင္က မသိခဲ႔ရတာမ်ဳး ျဖစ္ႏိုင္တဲ႔ ကူးစက္မႈေတြက တိုးလာေနတဲ႔ ပံု ရွိတာေၾကာင့္ ဒီကိစၥကို ေဖာ္ထုတ္ဖို႔ သိပ္ၿပီး အေရးႀကီးတယ္လို႔လည္း WHO ရဲ႕ ေမ်ာက္ ေက်ာက္ ေရာဂါ ဆိုင္ရာ ထိပ္တန္း ကြ်မ္းက်င္သူ Lewis က ေျပာပါတယ္။ လိင္စိတ္ကိုင္းၫႊတ္မႈ သဘာ၀နဲ႔ မဆိုင္ဘဲ အားလံုးမွာ အႏၲရာယ္ ရွိႏိုင္တယ္လို႔လည္း သူမက သတိေပးပါတယ္။

ဒီကူးစက္ေရာဂါဟာ လိင္တူ- လိင္ကြဲ ဆက္ဆံတဲ႔ အမ်ိဳးသားေတြ ၾကားမွာ မေတာ္တဆ ေရာက္ရွိ ကူးစက္တာ ျဖစ္ႏိုင္ေၾကာင္းနဲ႔ မထိန္းခ်ဳပ္ႏိုင္ရင္ေတာ့ တျခားေသာ အုပ္စုေတြထဲကို ကူးစက္မႈ ျမန္ႏိုင္ေၾကာင္းလည္း တျခားေသာ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ အခုအခ်ိန္ထိ ဆိုရင္ေတာ့ အရင္က ေမ်ာက္ ေက်ာက္ေရာဂါ မျဖစ္ဖူးတဲ႔ ႏိုင္ငံ ၂၃ ခုက လူေပါင္း ၂၅၀ ေက်ာ္ ေမ်ာက္ ေက်ာက္ေရာဂါ ကူးစက္ခံထားရတဲ႔ အစီရင္ခံခ်က္ ရရွိေၾကာင္း WHO က ေျပာပါတယ္။

သတိျပဳစရာ ေမ်ာက္ေက်ာက္ေရာဂါ
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

သတိပြုစရာ မျောက်ကျောက်ရောဂါ

မျောက် ကျောက်ရောဂါ ဖြစ်ပွားသူဟာ ဒီကနေ့ အထိ ရာနဲ့ချီ တွေ့နေရပေမယ့်လည်း နောက်ထပ် ကပ်ဘေးရောဂါ အဖြစ်ကို ရောက်မယ်လို့ မယူဆကြောင်း WHO ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ မျောက် ကျောက်ရောဂါ ဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အစုလိုက် ထိုးနှံခဲ့တဲ့ ကျောက်ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို ဆိုင်းငံ့ခဲ့တာကြောင့် တနည်းတဖုံနဲ့ ကူးစက် ပျံ့ပွားစေတာလား ဆိုတာနဲ့ ဘယ်လို ကူးစက် ပျံ့ပွားသလဲ ဆိုတာ အပါအဝင် ဒီ ကူးစက်ရောဂါနဲ့ ပတ်သက်လို့ မသိသေးတဲ့ အကြောင်းအရာ အများအပြား ရှိနေသေးကြောင်း သူက အသိအမှတ်ပြု ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေမှာ တွေ့ရတဲ့ ကူးစက်မှု အများစုမှာတော့ လိင်တူ ဆက်ဆံသူတွေ၊ လိင်တူ လိင်ကွဲ နှစ်မျိုးလုံး ဆက်ဆံသူတွေ ဒါမှမဟုတ်လည်း အမျိုးသားချင်း လိင်ဆက်ဆံသူတွေ ဖြစ်တာကြောင့် ကြိုတင် သတိထားရမယ့် အန္တရာယ် ရှိနိုင်တဲ့ လူတွေ အတွက် ဒီကိစ္စကို သိပ္ပံပညာရှင်တွေ ထပ်ပြီး လေ့လာနေကြောင်း WHO က ဒေါက်တာ Rosamund Lewis က တနလာၤနေ့မှာ ပြောပါတယ်။

အရင်က မသိခဲ့ရတာမျုး ဖြစ်နိုင်တဲ့ ကူးစက်မှုတွေက တိုးလာနေတဲ့ ပုံ ရှိတာကြောင့် ဒီကိစ္စကို ဖော်ထုတ်ဖို့ သိပ်ပြီး အရေးကြီးတယ်လို့လည်း WHO ရဲ့ မျောက် ကျောက် ရောဂါ ဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ Lewis က ပြောပါတယ်။ လိင်စိတ်ကိုင်းညွှတ်မှု သဘာဝနဲ့ မဆိုင်ဘဲ အားလုံးမှာ အန္တရာယ် ရှိနိုင်တယ်လို့လည်း သူမက သတိပေးပါတယ်။

ဒီကူးစက်ရောဂါဟာ လိင်တူ- လိင်ကွဲ ဆက်ဆံတဲ့ အမျိုးသားတွေ ကြားမှာ မတော်တဆ ရောက်ရှိ ကူးစက်တာ ဖြစ်နိုင်ကြောင်းနဲ့ မထိန်းချုပ်နိုင်ရင်တော့ တခြားသော အုပ်စုတွေထဲကို ကူးစက်မှု မြန်နိုင်ကြောင်းလည်း တခြားသော ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုအချိန်ထိ ဆိုရင်တော့ အရင်က မျောက် ကျောက်ရောဂါ မဖြစ်ဖူးတဲ့ နိုင်ငံ ၂၃ ခုက လူပေါင်း ၂၅၀ ကျော် မျောက် ကျောက်ရောဂါ ကူးစက်ခံထားရတဲ့ အစီရင်ခံချက် ရရှိကြောင်း WHO က ပြောပါတယ်။

XS
SM
MD
LG