သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ကျောက်ရောဂါ ကူးစက်မှု နိုင်ငံ ၂ဝ ကျော်မှာ တွေ့ရှိ 


Test tube labelled "Monkeypox virus positive" are seen in this illustration taken May 22, 2022.
Test tube labelled "Monkeypox virus positive" are seen in this illustration taken May 22, 2022.

နိုင်ငံပေါင်း ၂၀ ကျော်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀၀ လောက်ရှိသွားပြီ ဖြစ်ကြောင်းနဲ့ ဒီရောဂါဟာ ထိန်းချုပ်လိုရနိုင်ပြီး ကမ္ဘာပေါ်မှာ ရနိုင်သမျှသော ကာကွယ်ဆေး နဲ့ ဆေးဝါးတွေကို စုဆောင်းသိုမှီးထားဖို့နဲ့ အညီအမျှခွဲဝေသုံးစွဲကြဖို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO က ပြောဆိုလိုက်ပါတယ်။

မျောက်ကျောက်ရောဂါ ကူးစက်မှု နိုင်ငံ ၂ဝ ကျော်မှာ တွေ့ရှိ

{{Zawgyi/Unicode}}
နိုင်ငံပေါင်း ၂၀ ကျော်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀၀ လောက်ရှိသွားပြီ ဖြစ်ကြောင်းနဲ့ ဒီရောဂါဟာ ထိန်းချုပ်လိုရနိုင်ပြီး ကမ္ဘာပေါ်မှာ ရနိုင်သမျှသော ကာကွယ်ဆေး နဲ့ ဆေးဝါးတွေကို စုဆောင်းသိုမှီးထားဖို့နဲ့ အညီအမျှခွဲဝေသုံးစွဲကြဖို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO က သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

ဒီမျောက်ကျောက်ရောဂါဟာ ဘယ်အကြောင်းကြောင့် အာဖရိကတိုက်ရဲ့ ပြင်ပကို ရောက်ရှိကူးဆက်သွားတယ်ဆိုတာ မသိရသေးကြောင်းနဲ့ ရောဂါပိုးရဲ့ ဗီဇပြောင်းလဲမှုကြောင့်ဖြစ်ရတာဆိုတဲ့ အထောက်အထားလည်းမရှိဘူးလို့ WHO ကသောကြာနေ့ ရှင်းလင်းပြောဆိုပွဲမှာပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုကူးဆက်တဲ့ ရောဂါပိုး မျိုးဗီဇဟာ၊ ဒီရောဂါဖြစ်လေ့ရှိတဲ့ နိုင်င်ငံတွေမှာ တွေ့ရှိရတဲ့ ပိုးရဲ့ဗီဇနဲ့ကွဲပြားခြားနားမှု မရှိတာကိုတွေ့ရကြောင်းနဲ့ ဖြစ်နိုင်ခြေရှိတာက တော့လူတွေရဲ့အမူအကျင့်ပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ WHO ရဲ့ကူးဆက်ရောဂါဆိုင်ရာ ညွှန်ကြားရေးမှုး Dr. Sylvie Brian ကပြောဆိုပါတယ်။

ဥရောပတိုက်၊ အမေရိကန်၊ အစ္စရေး နဲ့ သြစတြေးလျှနိုင်ငံတွေ အပါအဝင် အခြား နိုင်ငံတွေမှာ ဒီရောဂါကူးဆက်မှုဟာ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ စပိန်နဲ့ ဘယ်ဂျီယံ နိုင်ငံတွေက လိင်မှုဆိုင်ရာ ကိစ္စတွေနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ဒီတပတ်အစောပိုင်းက WHO ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထိပ်တန်းအကြံပေး အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။

ဒါဟာ ဒီရောဂါဖြစ်ပွားလေ့ရှိတဲ့ အာဖရိက အနောက်ပိုင်းဒေသက ကူးဆက်တဲ့ အကြောင်းအရင်းနဲ့ ကွာခြားမှုရှိနေပါတယ်။ အာဖရိကမှာ ဒီရောဂါဟာ တိရိစ္ဆာန်တွေ အထူးသဖြင့် မျောက်အနွယ်ဝင်တွေ၊ မြေကြွက်တွေလို သတ္တဝါတွေကနေ တဆင့်ကူးဆက်လေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

............................................................


{{Zawgyi/Unicode}}





XS
SM
MD
LG