သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇေျပာင္း COVID ဗိုင္းရပ္(စ္)အႏၲရာယ္ ကန္ ထိပ္တန္းကူးစက္ေရာဂါပညာရွင္ သတိေပး


Dr. Anthony Fauci

[ Zawgyi ]

အေမရိကန္ျပည္ေထာင္စုအတြင္း မ်ဳိးဗီဇေျပာင္း Delta variant ကိုဗစ္ပိုး ပ်ံ႕ပြားေနတာေၾကာင့္ ကိုဗစ္ကူးစက္မႈေတြ တေၾကာ့ျပန္ ျပင္းထန္လာႏိုင္တယ္လို႔ သမၼတ ဂ်ဳိးဘိုင္ဒန္ရဲ႕ အၾကံေပး ၊ အေမရိကန္ရဲ႕ထင္ရွားတဲ့ ကူးစက္ေရာဂါပညာရွင္ Dr. Anthony Fauci က တနဂၤေႏြေန႔တုန္းက သတိေပးလိုက္ၿပီး ၊ အထူးသျဖင့္ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံဖို႔ ျငင္းဆန္ေနသူေတြ ေနထိုင္တဲ့ ျပည္နယ္ေတြမွာ ပိုစိုးရိမ္ရေၾကာင္း ေျပာၾကားလိုက္ပါတယ္။

လူဦးေရ အားလုံးရဲ႕ ၅၀% က ကာကြယ္ေဆး မထိုးရေသးတဲ့အတြက္ ကိုယ့္ကိုယ္ကို အႏၲရာယ္တြင္းထဲ တြန္းပို႔သလို ျဖစ္ေနတယ္လို႔ CNN ႐ုပ္သံနဲ႔ ေမးျမန္းခန္းတခုမွာ သူက ေျပာၾကားသြားတာပါ။

အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေဆး႐ုံတက္ ကုသရတာေတြ၊ ေသဆုံးမႈေတြ ေလ်ာ့က်လာေပမယ့္ ကိုဗစ္ကာကြယ္ေဆး အထိုး နည္းေနေသးတဲ့ ျပည္နယ္ေတြမွာ ကူးစက္မႈ အသစ္ေတြ ရွိလာေနတယ္လို႔ ဆိုပါတယ္။

စေနေန႔ တရက္ထဲ စာရင္းအရ အေမရိကန္မွာ ကိုဗစ္အတည္ျပဳလူနာသစ္ (၅၁,၀၀၀)ရွိၿပီး လြန္ခဲ့တဲ့ ၂ ပတ္နဲ႔ ႏႈိင္းယွဥ္ရင္ ၁၇၂% တိုးလာတဲ့ သေဘာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြထဲ ကိုဗစ္ေၾကာင့္ ေန႔စဥ္ ေသဆုံးမႈက ၂၅၀ အထက္မွာ ရွိေနပါတယ္။ ခုခ်ိန္ထိေတာ့ အေမရိကန္ႏိုင္ငံသား (၁၆၂)သန္း ကာကြယ္ေဆး အျပည့္အဝ ထိုးထားၿပီး ျဖစ္ပါတယ္။

[ Unicode ]

ဗီဇပြောင်း COVID ဗိုင်းရပ်(စ်)အန္တရာယ် ကန် ထိပ်တန်းကူးစက်ရောဂါပညာရှင် သတိပေး

အမေရိကန်ပြည်ထောင်စုအတွင်း မျိုးဗီဇပြောင်း Delta variant ကိုဗစ်ပိုး ပျံ့ပွားနေတာကြောင့် ကိုဗစ်ကူးစက်မှုတွေ တကြော့ပြန် ပြင်းထန်လာနိုင်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အကြံပေး ၊ အမေရိကန်ရဲ့ထင်ရှားတဲ့ ကူးစက်ရောဂါပညာရှင် Dr. Anthony Fauci က တနင်္ဂနွေနေ့တုန်းက သတိပေးလိုက်ပြီး ၊ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ငြင်းဆန်နေသူတွေ နေထိုင်တဲ့ ပြည်နယ်တွေမှာ ပိုစိုးရိမ်ရကြောင်း ပြောကြားလိုက်ပါတယ်။

လူဦးရေ အားလုံးရဲ့ ၅၀% က ကာကွယ်ဆေး မထိုးရသေးတဲ့အတွက် ကိုယ့်ကိုယ်ကို အန္တရာယ်တွင်းထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ CNN ရုပ်သံနဲ့ မေးမြန်းခန်းတခုမှာ သူက ပြောကြားသွားတာပါ။

အမေရိကန်မှာ ကိုဗစ်ကြောင့် ဆေးရုံတက် ကုသရတာတွေ၊ သေဆုံးမှုတွေ လျော့ကျလာပေမယ့် ကိုဗစ်ကာကွယ်ဆေး အထိုး နည်းနေသေးတဲ့ ပြည်နယ်တွေမှာ ကူးစက်မှု အသစ်တွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

စနေနေ့ တရက်ထဲ စာရင်းအရ အမေရိကန်မှာ ကိုဗစ်အတည်ပြုလူနာသစ် (၅၁,၀၀၀)ရှိပြီး လွန်ခဲ့တဲ့ ၂ ပတ်နဲ့ နှိုင်းယှဉ်ရင် ၁၇၂% တိုးလာတဲ့ သဘောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးမှုက ၂၅၀ အထက်မှာ ရှိနေပါတယ်။ ခုချိန်ထိတော့ အမေရိကန်နိုင်ငံသား (၁၆၂)သန်း ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG