သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမ်ာက္ေက်ာက္ေရာဂါ (Monkeypox)


Test tubes labelled "Monkeypox virus positive" are seen in this illustration taken May 23, 2022. REUTERS/Dado Ruvic/Illustration

အေစာပိုင္း အာဖရိကမွာပဲ ေတြ႔ရေလ့ရွိတဲ့ ေမ်ာက္ေက်ာက္ေရာဂါဟာ၊ အခု အရင္က မျဖစ္ခဲ့ဘူးတဲ့ ႏိုင္ငံတခ်ဳိ ႔ကို စတင္ပ်ံ ႔လာေနၿပီး၊ ဗိုင္းရပ္စ္ပိုးေတြ႔သူေတြ တျဖည္းျဖည္း ဆက္ေတြ႔လာေနတယ္လို႔ က်န္းမာေရး ပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

အဓိက တိရစာၦန္ကေနတဆင့္ ကူးစက္တဲ့ ဒီေရာဂါ (Zoonotic Disease) ကို အခု စတင္ကူးစက္ခံလာရတဲ့ ႏိုင္ငံေတြမွာ လူလူခ်င္း ကူးစက္တာကို အဓိက မေတြ႔ရေသးဘဲ၊ လက္ရွိ ျဖစ္ထားသူေတြမွာလည္း ေသဆုံးမူ မေတြ႔ရေသးပါဘူး။ ဒါ့အျပင္ ကူးစက္လြယ္ျပင္းထန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္လို ေလထဲကတဆင့္ အသက္႐ွဳရာကေန မကူးစက္ႏိုင္တာကိုလည္း ေတြ႔ထားတာေၾကာင့္ စိုးရိမ္စရာအမ်ားႀကီး မရွိေသးဘူးလို႔ ကူးစက္ေရာဂါ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ေမ်ာက္ေတြမွာျဖစ္တဲ့ ဒီေက်ာက္ေရာဂါကို ဘယ္အခ်ိန္ထဲက အာဖရိကမွာ စေတြ႔တာကို အတိအက် မေျပာႏိုင္ေပမဲ့၊ ဆယ္စုႏွစ္ေတြ တခ်ဳိ ႔ရွိလာၿပီလို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ဒါေပမဲ့ အရင္မျဖစ္ခဲ့ဘူးတဲ့ ဥေရာပႏိုင္ငံတခ်ဳိ ႔အပါအဝင္ အေမရိကန္ႏိုင္ငံမွာပါ အခု စတင္ကူးစက္လာတာကို ႐ုတ္တရက္ ေတြ႔လာတာေၾကာင့္ အမ်ားျပည္သူ စိတ္ဝင္တစား ရွိလာေနပါတယ္။

အာဖရိကမွာ လူကို ကူးစက္ခံရပုံကေတာ့ ေမ်ာက္ေက်ာက္ေရာဂါရွိတဲ့ တိရစာၦန္ကိုက္ခံရတာ၊ ကုတ္ခံရတာ၊ ဒီေရာဂါရွိတဲ့ ေမ်ာက္ကို ထိေတြ႔ခဲ့တာေတြနဲ႔ လူက ထိေတြ႔မိတာ (ဥပမာ - ေခါင္းအုံးစြပ္နဲ႔ အိပ္ယာလို လူ႔အသုံးအေဆာင္ပစၥည္းေတြ) ေၾကာင့္လို႔ ေတြ႔ရွိထားပါတယ္။ ဒါေပမဲ့ လူလူခ်င္း ကူးစက္တာကေတာ့ အလြန္ရွားပါးႏိုင္ပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါေၾကာင့္ လူမွာ အရည္ၾကည္ဖုေတြ ေပါက္ထြက္ၿပီး၊ အနီးက ေနာက္တေယာက္နဲ႔ တိုက္႐ိုက္ထိေတြ႔မိလွ်င္ေတာ့ ကူးခံရႏိုင္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ပိုးအသစ္ စေတြ႔တုန္းကေတာ့ လူလူခ်င္းမကူးဘဲ၊ ေတာ႐ိုင္းတိရစာၦန္ စားသုံးမိသူေတြသာ ကူးစက္တယ္လို႔ မွားယြင္းယူဆခဲ့တာျဖစ္ေပမဲ့၊ အခု ေမ်ာက္ေက်ာက္ေရာဂါ ဗိုင္းရပ္စ္ကေတာ့ အသစ္မဟုတ္ဘဲ ကူးစက္ပုံကို ေယ်ဘူယ် သိထားၿပီးသား ျဖစ္ပါတယ္။ အခုလဲ အသစ္စေတြ႔လာတဲ့ ႏိုင္ငံေတြမွာ ကူးစက္ခံရသူေတြက၊ အာဖရိကကေန ျပန္လာသူ တခ်ဳိ ႔သာျဖစ္ေနတာကို ေတြ႔ထားၿပီး၊ ဆက္ေလ့လာမူေတြ လုပ္ေနပါတယ္။

အာဖရိကမွာတုန္းက ေမ်ာက္ေက်ာက္ေရာဂါဆိုင္ရာ ေတြ႔ရွိထားခဲ့မူအရ ေသဆုံးႏႈန္းက (၄%) ေအာက္မွာသာ ရွိခဲ့တာမို႔၊ အရင္ လူအေသအေက် ပိုမ်ားခဲ့တဲ့၊ ေက်ာက္ေရာဂါ (Small Pox) နဲ႔ ေရေက်ာက္ (Chickenpox) တို႔နဲ႔ ႏႈင္းယွဥ္လွ်င္ အမ်ားႀကီး နည္းေနပါေသးတယ္။ ဒါ့အျပင္ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနကလည္း ေမ်ာက္ေက်ာက္ေရာဂါဟာ မျပင္းထန္တာအျပင္၊ ေထြေထြထူးထူး ကုသေဆးမလိုဘဲ ေယ်ဘူယ်အားျဖင့္ သူ႔အလိုလိုျပန္ေပ်ာက္သြားႏိုင္တဲ့ ေရာဂါ (Self-Limiting Disease) ျဖစ္တယ္လို႔ အေသအခ်ာ ထုတ္ျပန္ထားမို႔ လက္ရွိမွာ စိုးရိမ္ႀကီးစရာ မရွိေသးပါဘူး။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode ===

အစောပိုင်း အာဖရိကမှာပဲ တွေ့ရလေ့ရှိတဲ့ မျောက်ကျောက်ရောဂါဟာ၊ အခု အရင်က မဖြစ်ခဲ့ဘူးတဲ့ နိုင်ငံတချို့ကို စတင်ပျံ့လာနေပြီး၊ ဗိုင်းရပ်စ်ပိုးတွေ့သူတွေ တဖြည်းဖြည်း ဆက်တွေ့လာနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အဓိက တိရစ္ဆာန်ကနေတဆင့် ကူးစက်တဲ့ ဒီရောဂါ (Zoonotic Disease) ကို အခု စတင်ကူးစက်ခံလာရတဲ့ နိုင်ငံတွေမှာ လူလူချင်း ကူးစက်တာကို အဓိက မတွေ့ရသေးဘဲ၊ လက်ရှိ ဖြစ်ထားသူတွေမှာလည်း သေဆုံးမူ မတွေ့ရသေးပါဘူး။ ဒါ့အပြင် ကူးစက်လွယ်ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်လို လေထဲကတဆင့် အသက်ရှုရာကနေ မကူးစက်နိုင်တာကိုလည်း တွေ့ထားတာကြောင့် စိုးရိမ်စရာအများကြီး မရှိသေးဘူးလို့ ကူးစက်ရောဂါ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မျောက်တွေမှာဖြစ်တဲ့ ဒီကျောက်ရောဂါကို ဘယ်အချိန်ထဲက အာဖရိကမှာ စတွေ့တာကို အတိအကျ မပြောနိုင်ပေမဲ့၊ ဆယ်စုနှစ်တွေ တချို့ရှိလာပြီလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ အရင်မဖြစ်ခဲ့ဘူးတဲ့ ဥရောပနိုင်ငံတချို့အပါအဝင် အမေရိကန်နိုင်ငံမှာပါ အခု စတင်ကူးစက်လာတာကို ရုတ်တရက် တွေ့လာတာကြောင့် အများပြည်သူ စိတ်ဝင်တစား ရှိလာနေပါတယ်။

အာဖရိကမှာ လူကို ကူးစက်ခံရပုံကတော့ မျောက်ကျောက်ရောဂါရှိတဲ့ တိရစ္ဆာန်ကိုက်ခံရတာ၊ ကုတ်ခံရတာ၊ ဒီရောဂါရှိတဲ့ မျောက်ကို ထိတွေ့ခဲ့တာတွေနဲ့ လူက ထိတွေ့မိတာ (ဥပမာ - ခေါင်းအုံးစွပ်နဲ့ အိပ်ယာလို လူ့အသုံးအဆောင်ပစ္စည်းတွေ) ကြောင့်လို့ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ လူလူချင်း ကူးစက်တာကတော့ အလွန်ရှားပါးနိုင်ပါတယ်။ မျောက်ကျောက်ရောဂါကြောင့် လူမှာ အရည်ကြည်ဖုတွေ ပေါက်ထွက်ပြီး၊ အနီးက နောက်တယောက်နဲ့ တိုက်ရိုက်ထိတွေ့မိလျှင်တော့ ကူးခံရနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် စတွေ့တုန်းကတော့ လူလူချင်းမကူးဘဲ၊ တောရိုင်းတိရစ္ဆာန် စားသုံးမိသူတွေသာ ကူးစက်တယ်လို့ မှားယွင်းယူဆခဲ့တာဖြစ်ပေမဲ့၊ အခု မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ကတော့ အသစ်မဟုတ်ဘဲ ကူးစက်ပုံကို ယျေဘူယျ သိထားပြီးသား ဖြစ်ပါတယ်။ အခုလဲ အသစ်စတွေ့လာတဲ့ နိုင်ငံတွေမှာ ကူးစက်ခံရသူတွေက၊ အာဖရိကကနေ ပြန်လာသူ တချို့သာဖြစ်နေတာကို တွေ့ထားပြီး၊ ဆက်လေ့လာမူတွေ လုပ်နေပါတယ်။

အာဖရိကမှာတုန်းက မျောက်ကျောက်ရောဂါဆိုင်ရာ တွေ့ရှိထားခဲ့မူအရ သေဆုံးနှုန်းက (၄%) အောက်မှာသာ ရှိခဲ့တာမို့၊ အရင် လူအသေအကျေ ပိုများခဲ့တဲ့၊ ကျောက်ရောဂါ (Small Pox) နဲ့ ရေကျောက် (Chickenpox) တို့နဲ့ နှုင်းယှဉ်လျှင် အများကြီး နည်းနေပါသေးတယ်။ ဒါ့အပြင် အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနကလည်း မျောက်ကျောက်ရောဂါဟာ မပြင်းထန်တာအပြင်၊ ထွေထွေထူးထူး ကုသဆေးမလိုဘဲ ယျေဘူယျအားဖြင့် သူ့အလိုလိုပြန်ပျောက်သွားနိုင်တဲ့ ရောဂါ (Self-Limiting Disease) ဖြစ်တယ်လို့ အသေအချာ ထုတ်ပြန်ထားမို့ လက်ရှိမှာ စိုးရိမ်ကြီးစရာ မရှိသေးပါဘူး။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG