သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမ်ာက္ေက်ာက္ေရာဂါ (Monkeypox) ကာကြယ္ေရး


Test tubes labelled "Monkeypox virus positive" are seen in this illustration taken May 23, 2022. REUTERS/Dado Ruvic/Illustration

ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံရဖို႔ စိုးရိမ္တႀကီး မလိုေသးေပမဲ့၊ လိုလိုမယ္မယ္ ကာကြယ္ေရး နည္းလမ္းေတြကိုေတာ့ သိထားသင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳေျပာဆိုပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါက ေၾကာက္စရာေကာင္းတဲ့ ေရာဂါမဟုတ္ေပမဲ့ တခ်ဳိ ႔လူနာေတြမွာေတာ့ အနည္းငယ္ စိုးရိမ္ရႏိုင္ပါတယ္။ ဒီလူနာေတြကေတာ့ အထူးသျဖင့္ ကိုယ္အဂၤါ အစိတ္အပိုင္း အစားထိုးထားသူေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ၊ ကင္ဆာရွိထားသူေတြ၊ HIV ကိုယ္ခံအားက်ေရာဂါ ရွိထားသူေတြနဲ႔ ႐ိုးတြင္းခ်ဥ္ဆီ ထိခိုက္တဲ့ေရာဂါ (ေသြးကင္ဆာ၊ အႀကိတ္ေရာင္တာ) ရွိထားသူေတြပါ။ အရင္ ေရေက်ာက္တုန္းကလည္း အခုလို ကိုယ္အဂၤါအစားထိုးထားသူေတြပဲ အႏၲရာယ္ရိွခဲ့တာမို႔ ေက်ာက္ေရာဂါအမ်ိဳးအစားတခုျဖစ္တဲ့ အခု ေမ်ာက္ေက်ာက္ေရာဂါမွာလည္း အလားတူ စိုးရိမ္ရတာပါ။ ဒါေပမဲ့ ဆီးခ်ိဳနဲ႔ ေသြးတိုးလို ေရာဂါအခံရွိသူေတြမွာေတာ့ ဒီေရာဂါျဖစ္လာလွ်င္ေတာင္ စိုးရိမ္ႏိုင္စရာ မရွိေသးပါဘူး။

ကာကြယ္ႏိုင္ဖို႔အတြက္ကေတာ့ အဓိကအားျဖင့္ ေမ်ာက္အကုတ္မခံရေအာင္ ကာကြယ္ဖို႔နဲ႔ ေမ်ာက္ေက်ာက္ေရာဂါေၾကာင့္ အရည္ၾကည္ဖု ျဖစ္ထားသူေတြနဲ႔ မထိေတြ႔မိဖို႔ပါ။ ဒီေနရာမွာ အခု ေနာက္ဆုံး ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံရသူ အမ်ားစုက လိင္တူခ်င္း ဆက္ဆံသူေတြ ျဖစ္ေနတာေတြ႔ရေပမဲ့ လိင္ဆက္ဆံမႈေၾကာင့္ ကူးတာလို႔ အျပတ္မေျပာႏိုင္ေသးဘဲ၊ အရည္ၾကည္အဖုအပိန႔္ေတြ ကိုယ္အဂၤါေနရာတဝိုက္ ရိွေနတာကေန ထိေတြ႔ကူးစက္တာမ်ိဳး ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ ဒီေရာဂါေတြ႔ရွိထားတာေတာ့ မရွိေသးဘဲ၊ တရိစာၦန္ေတြကို ထိေတြ႔မႈ မရွိပါလဲ ကူးစက္ခံရဖို႔ မရွိသေလာက္ နည္းလြန္းပါတယ္။

ဒီေရာဂါလကၡဏာမွာလဲ အခုတစ္ေခါက္ ကူးစက္ခံရသူေတြမွာ ထူးျခားတာ တခ်ဳိ ႔ေတြ႕ထားပါတယ္။ အရင္ ေမ်ာက္ေက်ာက္ေရာဂါတုန္းကလို ေက်ာက္ေရာဂါသဘာဝအတိုင္း အရည္ၾကည္ဖုနဲ႔ အလုံးေတြက သိသာတဲ့ ေခါင္းနဲ႔မ်က္ႏွာပိုင္းကေန ခႏၲာကိုယ္ေအာက္ပိုင္းကို ဆင္းသြားတာမဟုတ္ဘဲ၊ ခႏၲာကိုယ္အလယ္ပိုင္း မသိသာတဲ့ တင္ပါးလိုေနရာမွာ စျဖစ္လာတာကို ေတြ႔ထားပါတယ္။ အဓိကက အစာအိမ္အူလမ္းေၾကာင္းေရာင္ၿပီး၊ စအိုနားတဝိုက္ အစာေဟာင္းအိမ္မွာပါေရာင္ကာ (Proctitis)၊ အရည္ၾကည္ဖုနဲ႔ အလုံးေတြ ေတြ႔လာရတာပါ။ ဒီအဖုအလုံးေတြကလဲ ေရေက်ာက္တုံးကထက္ အ႐ြယ္ပိုႀကီးတာကိုလည္း ေတြ႔ရွိထားပါတယ္။ ဒါ့အျပင္ အရင္ ေမ်ာက္ေက်ာက္နဲ႔ တျခားေက်ာက္ေရာဂါေတြတုန္းက ေရေက်ာက္လိုပဲ ႏွာေစးေခ်ာင္းဆိုးတာ၊ လည္ပင္းအႀကိတ္ေတြ ႀကီးလာတာ၊ ဖ်ားတာေတြ စျဖစ္လာၿပီးမွသာ၊ အရည္ၾကည္ဖုအပိန႔္ေတြ ထြက္လာတာျဖစ္ေပမဲ့၊ အခုေတာ့ ဒီ အစပ်ိဳးလကၡဏာေတြ မျပဘဲ အစာအိမ္အူလမ္းေၾကာင္း (အစာေဟာင္းအိမ္မွာပါ) အဖုအပိန႔္ေတြ တန္းထြက္လာတာက မ်ားေနပါတယ္။

အကယ္၍ ျဖစ္ေတာင့္ျဖစ္ခဲ ဒီ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံလွ်င္ေတာင္ ေယဘူယ်အားျဖင့္ မျပင္းထန္ဘဲ အမ်ားစုက သူ႔အလိုလို ျပန္ေပ်ာက္သြားတတ္ပါတယ္။ အမ်ားစုမွာ အနာ႐ြတ္လဲမက်န္ ဘာဆိုးက်ိဳးမွလဲ မျဖစ္တတ္ဘဲ နွစ္ပတ္ကေန ေလးပတ္အတြင္း ထူးျခားတဲ့ ကုသမူမလိုဘဲ၊ လုံးဝ ျပန္ေကာင္းသြားေလ့ ရွိပါတယ္။ အရည္ၾကည္ဖုေတြကတဆင့္ နီးစပ္သူေတြကို မကူးေအာင္သာ သတိထားေနသင့္ပါတယ္။ ဒါေပမဲ့ အထက္မွာေဖာ္ျပခဲ့တဲ့ စိုးရိမ္ရႏိုင္သူေတြ အနည္းငယ္ အတြက္ေတာ့ ေဆးခန္းႀကိဳျပသင့္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴး၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

====== Unicode ======

မျောက်ကျောက်ရောဂါ ကူးစက်ခံရဖို့ စိုးရိမ်တကြီး မလိုသေးပေမဲ့၊ လိုလိုမယ်မယ် ကာကွယ်ရေး နည်းလမ်းတွေကိုတော့ သိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

မျောက်ကျောက်ရောဂါက ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်ပေမဲ့ တချို့လူနာတွေမှာတော့ အနည်းငယ် စိုးရိမ်ရနိုင်ပါတယ်။ ဒီလူနာတွေကတော့ အထူးသဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးထားသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကင်ဆာရှိထားသူတွေ၊ HIV ကိုယ်ခံအားကျရောဂါ ရှိထားသူတွေနဲ့ ရိုးတွင်းချဉ်ဆီ ထိခိုက်တဲ့ရောဂါ (သွေးကင်ဆာ၊ အကြိတ်ရောင်တာ) ရှိထားသူတွေပါ။ အရင် ရေကျောက်တုန်းကလည်း အခုလို ကိုယ်အင်္ဂါအစားထိုးထားသူတွေပဲ အန္တရာယ်ရှိခဲ့တာမို့ ကျောက်ရောဂါအမျိုးအစားတခုဖြစ်တဲ့ အခု မျောက်ကျောက်ရောဂါမှာလည်း အလားတူ စိုးရိမ်ရတာပါ။ ဒါပေမဲ့ ဆီးချိုနဲ့ သွေးတိုးလို ရောဂါအခံရှိသူတွေမှာတော့ ဒီရောဂါဖြစ်လာလျှင်တောင် စိုးရိမ်နိုင်စရာ မရှိသေးပါဘူး။

ကာကွယ်နိုင်ဖို့အတွက်ကတော့ အဓိကအားဖြင့် မျောက်အကုတ်မခံရအောင် ကာကွယ်ဖို့နဲ့ မျောက်ကျောက်ရောဂါကြောင့် အရည်ကြည်ဖု ဖြစ်ထားသူတွေနဲ့ မထိတွေ့မိဖို့ပါ။ ဒီနေရာမှာ အခု နောက်ဆုံး မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ အများစုက လိင်တူချင်း ဆက်ဆံသူတွေ ဖြစ်နေတာတွေ့ရပေမဲ့ လိင်ဆက်ဆံမှုကြောင့် ကူးတာလို့ အပြတ်မပြောနိုင်သေးဘဲ၊ အရည်ကြည်အဖုအပိန့်တွေ ကိုယ်အင်္ဂါနေရာတဝိုက် ရှိနေတာကနေ ထိတွေ့ကူးစက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီရောဂါတွေ့ရှိထားတာတော့ မရှိသေးဘဲ၊ တရိစ္ဆာန်တွေကို ထိတွေ့မှု မရှိပါလဲ ကူးစက်ခံရဖို့ မရှိသလောက် နည်းလွန်းပါတယ်။

ဒီရောဂါလက္ခဏာမှာလဲ အခုတစ်ခေါက် ကူးစက်ခံရသူတွေမှာ ထူးခြားတာ တချို့တွေ့ထားပါတယ်။ အရင် မျောက်ကျောက်ရောဂါတုန်းကလို ကျောက်ရောဂါသဘာဝအတိုင်း အရည်ကြည်ဖုနဲ့ အလုံးတွေက သိသာတဲ့ ခေါင်းနဲ့မျက်နှာပိုင်းကနေ ခန္တာကိုယ်အောက်ပိုင်းကို ဆင်းသွားတာမဟုတ်ဘဲ၊ ခန္တာကိုယ်အလယ်ပိုင်း မသိသာတဲ့ တင်ပါးလိုနေရာမှာ စဖြစ်လာတာကို တွေ့ထားပါတယ်။ အဓိကက အစာအိမ်အူလမ်းကြောင်းရောင်ပြီး၊ စအိုနားတဝိုက် အစာဟောင်းအိမ်မှာပါရောင်ကာ (Proctitis)၊ အရည်ကြည်ဖုနဲ့ အလုံးတွေ တွေ့လာရတာပါ။ ဒီအဖုအလုံးတွေကလဲ ရေကျောက်တုံးကထက် အရွယ်ပိုကြီးတာကိုလည်း တွေ့ရှိထားပါတယ်။ ဒါ့အပြင် အရင် မျောက်ကျောက်နဲ့ တခြားကျောက်ရောဂါတွေတုန်းက ရေကျောက်လိုပဲ နှာစေးချောင်းဆိုးတာ၊ လည်ပင်းအကြိတ်တွေ ကြီးလာတာ၊ ဖျားတာတွေ စဖြစ်လာပြီးမှသာ၊ အရည်ကြည်ဖုအပိန့်တွေ ထွက်လာတာဖြစ်ပေမဲ့၊ အခုတော့ ဒီ အစပျိုးလက္ခဏာတွေ မပြဘဲ အစာအိမ်အူလမ်းကြောင်း (အစာဟောင်းအိမ်မှာပါ) အဖုအပိန့်တွေ တန်းထွက်လာတာက များနေပါတယ်။

အကယ်၍ ဖြစ်တောင့်ဖြစ်ခဲ ဒီ မျောက်ကျောက်ရောဂါ ကူးစက်ခံလျှင်တောင် ယေဘူယျအားဖြင့် မပြင်းထန်ဘဲ အများစုက သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ အများစုမှာ အနာရွတ်လဲမကျန် ဘာဆိုးကျိုးမှလဲ မဖြစ်တတ်ဘဲ နှစ်ပတ်ကနေ လေးပတ်အတွင်း ထူးခြားတဲ့ ကုသမူမလိုဘဲ၊ လုံးဝ ပြန်ကောင်းသွားလေ့ ရှိပါတယ်။ အရည်ကြည်ဖုတွေကတဆင့် နီးစပ်သူတွေကို မကူးအောင်သာ သတိထားနေသင့်ပါတယ်။ ဒါပေမဲ့ အထက်မှာဖော်ပြခဲ့တဲ့ စိုးရိမ်ရနိုင်သူတွေ အနည်းငယ် အတွက်တော့ ဆေးခန်းကြိုပြသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူး၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG