သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရှင်ကျန်းဒေသ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ ကုလထုတ်ပြန်


တရုတ်နိုင်ငံကို ရောက်ရှိခဲ့စဉ်က တရုတ်သမ္မတ ရှီကျင့်ပင်နဲ့အတူ တွေ့ရသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet
တရုတ်နိုင်ငံကို ရောက်ရှိခဲ့စဉ်က တရုတ်သမ္မတ ရှီကျင့်ပင်နဲ့အတူ တွေ့ရသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet

[[ ZAWGYI / UNICODE ]]

တရုတ်ရှင်ကျန်းဒေသ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ ကုလထုတ်ပြန်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တာဝန်သက်တမ်း ကုန်ဆုံးဖို့ မိနစ်ပိုင်း အလိုမှာပဲ အချိန်အတော်ကြာ စောင့်ဆိုင်းနေကြတဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။

တရုတ်အစိုးရက ကန့်ကွက်နေတဲ့ ကြားမှာပဲ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ဝီဂါမွတ်ဆလင်တွေ အများစုရှိရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှင်ကျန်းဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားတာပါ။

ရှင်ကျန်းဒေသက ဝီဂါတွေနဲ့ တခြားမွတ်ဆလင် လူနည်းစုတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့အထိ ရာဇဝတ်မှုမြောက်နိုင်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အစွန်းရောက်ဝါဒီတွေကို နှိမ်နင်းဖို့ဆိုပြီး တရုတ်အစိုးရရဲ့ ရှန်ကျန်းဒေသက လုပ်ရပ်တွေထဲမှာ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေအတွက် နိုင်ငံတကာက အရေးတကြီး တုံ့ပြန်ကိုင်တွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အစီရင်ခံစာကို ထုတ်ပြန်ဖို့ အဆင်သင့်ဖြစ်နေတာ လနဲ့ချီကြာနေပြီလို့လည်း အနောက်တိုင်း သံတမန်တွေနဲ့ ကုလသမဂ္ဂ အရာရှိတွေကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ၄ နှစ်သက်တမ်း ကုန်ဆုံးဖို့ မိနစ်ပိုင်းအလို ဗုဒ္ဓဟူးနေ့ကျမှ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာ မထုတ်ပြန်ခင် နာရီပိုင်းအလိုမှာပဲ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက အခိုင်အမာ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Bachelet က နောက်ထပ် တာဝန်သက်တမ်း ထပ်တိုးမှာ မဟုတ်ကြောင်း ဇွန်လထဲမှာပဲ ပြောဆိုထားပြီး၊ အစီရင်ခံစာကို သူတာဝန်သက်တမ်း ကုန်ဆုံးမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်မှာ ဖြစ်ကြောင်းလည်း ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{ UNICODE }}







XS
SM
MD
LG