သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ပို့မယ့် လက်နက်တွေ ဖမ်းဆီးရမှုနဲ့ဆက်စပ်ပြီး မီဇိုးရမ်းပြည်နယ်၊ အိုက်ဇောမှာ ရှာဖွေ စစ်ဆေး


အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်ဘက်က အိန္ဒိယ - မြန်မာ နယ်စပ်မြင်ကွင်း။ (မတ် ၂၀၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်ဘက်က အိန္ဒိယ - မြန်မာ နယ်စပ်မြင်ကွင်း။ (မတ် ၂၀၊ ၂၀၂၁)

အိန္ဒိယနိုင်ငံ မီဇိုးရမ်း ပြည်နယ်အတွင်း မြန်မာနိုင်ငံဘက်ကို တရားမဝင် ပို့မယ့် ဖေါက်ခွဲရေးပစ္စည်း အမြောက်အများ သိမ်းဆည်းရမိခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး အိုက်ဇောမြို့ပေါ်က နေရာ ၂ ခုကို မနေ့က အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA က ထပ်မံရှာဖွေပါတယ်။

ဒီနှစ် ဇန်နဝါရီလအတွင်းက မီဇိုးရမ်းပြည်နယ်မှာ ဖေါက်ခွဲရေး လက်နက်ခဲယမ်း ၂,၄၀၀ ကီလိုဂရမ်၊ စနက်တံ ၁,၀၀၀ နဲ့ စနက်တံဖြုတ် အဝေးထိန်းဝါယာ မီတာ ၄,၅၀၀ အပြင် အိန္ဒိယ ရူပီး ၇၀,၀၀၀ ကျော်နဲ့ မြန်မာငွေ ၉၀၀,၀၀၀ ကျော် ကို အိန္ဒိယရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။

မြန်မာနိုင်ငံသား တဦးအပါအဝင် လူ ၃ ဦးကို အိန္ဒိယ ရဲတွေက ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားဟာ ချင်းအမျိုးသားတပ်ဦး CNF က အဖွဲ့ဝင်တဦး ဖြစ်တဲ့အကြောင်း အိန္ဒိယ သတင်းစာတွေမှာ ရေးပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး မနေ့က မီဇိုးရမ်းပြည်နယ် အိုက်ဇောမြို့ပေါ်ကို အိန္ဒိယ စုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA က ထပ်မံရှာဖွေတဲ့အကြေင်း အိန္ဒိယနိုင်ငံထုတ် သတင်းတွေမှာ ရေးပါတယ်။

ထပ်မံရှာဖွေတာနဲ့ ပတ်သက်လို့၊ နောက်ထပ် ဘာတွေ သိမ်းဆည်းမိသလဲဆိုတဲ့ တခြား အသေးစိတ်ကိုတော့ အိန္ဒိယနိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြမထားသလို NIA ဘက်ကလည်း ပြောဆိုတာ မရှိသေးပါဘူး။

မီဇိုးရမ်းပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ကီလိုမီတာ ၅၁၀ ထိစပ်နေတဲ့ ပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံက လွှတ်တော်အမတ် ၂၀ ကျော်အပါအဝင် ဒုက္ခသည် ၁၆,၀၀၀ လောက် ခိုလှုံနေတဲ့ နေရာဖြစ်ပါတယ်။

[Unicode Version]








XS
SM
MD
LG