သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံႏွင့္ ျမန္မာ့ဒီမိုကေရစီေရး


Subir Bhaumik (အိန္ဒိယသတင်းစာဆရာ)

ျမန္မာ့အိမ္နီးခ်င္း အိႏၵိယႏိုင္ငံဟာ ကမာၻေပၚမွာ လူဦးေရအမ်ားဆုံး ဒီမိုကေရစီႏိုင္ငံႀကီး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ယဥ္ေက်းမႈအရေရာ ႏိုင္ငံေရး၊ စီးပြားေရးအရပါ သမိုင္းနဲ႔ခ်ီၿပီး ထိစပ္ဆက္ႏြယ္လာခဲ့တဲ့ ႏိုင္ငံႀကီးတခုလည္း ျဖစ္ပါတယ္။ အခုအခါ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ လမ္းေပ်ာက္ဆုံး၊ ႏိုင္ငံေရး၊ စီးပြားေရး ခြၽတ္ၿခဳံက်ၿပီး ျပည္သူလူထု အခက္ႀကံဳေနတာကို အိမ္နီးခ်င္း အိႏၵိယႏိုင္ငံက လက္ပိုက္ၾကည့္ေနပါသလား။ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္တက္လွမ္းႏိုင္ဖို႔အတြက္ အိမ္နီးခ်င္းေကာင္းအေနနဲ႔ ဘယ္လို ကူညီႏိုင္ပါသလဲ။ ျမန္မာႏိုင္ငံအေၾကာင္း ႏွစ္ေပါင္းမ်ားစြာ သတင္းေဆာင္းပါးမ်ား ေရးသားလာခဲ့တဲ့ အိႏၵိယသတင္းစာဆရာ Subir Bhaumik (ဆူဘီ ဘူမစ္) နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဆူဘီက ျမန္မာႏုိင္ငံအေၾကာင္းကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ေရးသားလာတဲ့ အိႏိၵယသတင္းစာဆရာတေယာက္ ျဖစ္ပါတယ္။ အခု ျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြကိုလဲ ဆူဘီက အသိဆံုး ျဖစ္ပါလိမ့္မယ္။ ျမန္မာႏုိင္ငံမွာ တည္ၿငိမ္မႈ မရိွဘူး။ စီးပြားေရးေတြလည္း ကေမာက္ကမ ျဖစ္ေနတယ္။ အစစအရာရာေပါ့။ စစ္အာဏာသိမ္းထားတဲ့ အခ်ိန္လည္း ျဖစ္္ေနတယ္။ တိုက္ပြဲေတြလည္း ျဖစ္ေနတယ္။ ဒီလို မတည္မၿငိမ္ ျဖစ္ေနတဲ့ အေျခအေနမ်ဳိးမွာ အိႏိၵယႏုိင္ငံဟာ စစ္ေကာင္စီနဲ႔ ပံုမွန္ဆက္ဆံေရးကို ေက်ေက်နပ္နပ္ႀကီး လုပ္ေနတယ္ဆိုရင္ မွန္ပါသလား။ ဒီေမးခြန္းကို ပထမဦးဆံုး ေျဖၾကားေပးပါ။

ေျဖ ။ ။ ျမန္မာႏိုင္ငံအတြင္းက အိႏိၵယရဲ ႔ စီးပြားေရးလုပ္ငန္းေတြဟာ သိပ္အဆင္ေျပေခ်ာေမႊ႔ေနတယ္လို႔ က်ေနာ္ မထင္ပါဘူး။ ျမန္မာနဲ႔ ထိေတြ႔လုပ္ေဆာင္ေနတဲ့ ကုမၸဏီတခုႏွစ္ခုကလြဲၿပီးေပါ့။ ဒါေပမဲ့ ျမန္မာႏုိင္ငံအတြင္း အိႏိၵယေတြရဲ ႔ လုပ္ငန္းေတြ ပမာဏက က်န္အေရွ ႔ေတာင္အာရွႏိုင္ငံတခ်ဳိ ႔နဲ႔ စာရင္ေတာ့ မမ်ားလွပါဘူး။ တရုတ္နဲ႔ေတာ့ လံုးဝမယွဥ္ႏုိင္ဘူးေပါ့။ ဒါေပမဲ့ ပိုအေရးႀကီးတာက အခု ဝန္ႀကီးခ်ဳပ္မိုဒီ ခ်မွတ္ထားတဲ့ Act East Policy အေရွ ႔ဘက္မွာ လႈပ္ရွားေဆာင္ရြက္ေရး မူဝါဒအတြက္ ဒီမူဝါဒ ေအာင္ျမင္ေရးအတြက္ ျမန္မာႏိုင္ငံဟာ တည္ၿငိမ္ေအးခ်မ္းၿပီး၊ ဒီမုိကေရစီ ထြန္းကားဖို႔ လိုအပ္ပါတယ္။ အဲဒီလိုမွ မဟုတ္ရင္ေတာ့ အိႏိၵယဟာ ျမန္မာကိုျဖတ္ၿပီး အေရွ ႔ေတာင္အာရွ ႏိုင္ငံေတြကို ကုန္လမ္းက ေရာက္ရိွႏိုင္မွာ မဟုတ္ပါဘူး။ အခုလက္ရိွ မတည္ၿငိမ္ေနတဲ့ အေျခအေနေတြကိုၾကည့္ၿပီး အိႏိၵယရဲ ႔ အေဝးေျပးလမ္း ေဖာက္လုပ္ေရးတို႔၊ ကုလားတန္စီမံကိန္္းတို႔ဟာ ေႏွာင့္ေႏွးေနရပါတယ္။ ဒီအေျခအေန ဒီျဖစ္စဥ္ေတြဟာ အိႏိၵယအတြက္ေတာ့ သတင္းေကာင္း မဟုတ္ပါဘူး။

ေမး ။ ။ အဲဒီေတာ့ အိႏိၵယႏုိင္ငံရဲ ႔ စီမံကိန္းေတြ ေအာင္ျမင္ဖို႔၊ Act East Policy ေခ်ာေမႊ႔ဖို႔အတြက္ ျမန္မာႏုိင္ငံ တည္ၿငိမ္ေအးခ်မ္းမႈကို လိုအပ္တယ္ဆိုရင္ ဒီလိုအေျခအေနမ်ဳိး ျဖစ္ထြန္းလာေအာင္ အိႏိၵယႏိုင္ငံအတြက္ အေကာင္းဆံုး အေျခအေနမ်ဳိး ျဖစ္လာေအာင္ အိႏိၵယႏုိင္ငံက ဘာလုပ္ေပးႏိုင္ပါသလဲ။ ျမန္မာႏုိင္ငံအေပၚ အိႏိၵယရဲ ႔ အခန္းက႑က ဘာလဲဆိုတာလဲ ေျပာျပပါအံုး။ အိႏိၵယဟာ the Biggest Democracy in the world ဆိုတဲ့ ေၾကြးေၾကာ္ေနတဲ့ ျမန္မာ့အိႏိၵယ ျဖစ္ပါတယ္။ သူတုိ႔ ဘာလုပ္ႏိုင္ပါသလဲ။

ေျဖ ။ ။ ရွင္းရွင္းေျပာရရင္ အိႏိၵယအေနနဲ႔ ပိုလုပ္ေပးဖို႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ပါတယ္။ အခုေတြ႔ရသေလာက္ အိႏိၵယမူဝါဒကို ေျပာရရင္ ျမန္မာႏုိင္ငံက ျဖစ္ရပ္တခ်ဳိ ႔ကို ေဝဖန္တာေတာ့ ရိွပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ထြန္းကားတာကို ျမင္ေတြ႔လိုတယ္လို႔ အိႏိၵယႏိုင္ငံျခားေရးဝန္ႀကီးက အခါအားေလ်ာ္စြာလည္း ေျပာပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ျဖစ္ေစခ်င္တာကေတာ့ အိႏိၵယအေနနဲ႔ တစံုတခု ျဖစ္လာမွ တံု႔ျပန္တာမ်ဳိး မဟုတ္ဘဲ၊ ထိေရာက္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ၿပီး၊ ၿငိမ္းခ်မ္းေရးအတြက္ ၾကားဝင္ေပးတာေတြပဲျဖစ္ပါတယ္။ အခုေတာ့ ဒါေတြကို အိႏိၵယဘက္က မေဆာင္ရြက္ဘဲ အာဆီယံကို တြန္းပို႔ေနပါတယ္။ အာဆီယံရဲ ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြကို ေထာက္ခံေနပါတယ္။ အဲဒီ အာဆီယံအစီအစဥ္ေတြက ဘယ္လိုမွ ခရီးမေပါက္ပါဘူး အာဆီယံႏိုင္ငံတခ်ဳိ ႔ကလဲ စစ္အုပ္ခ်ဳပ္ေရးနဲ႔ အကၽြမ္းတဝင္ ရိွေနၾကေလေတာ့ ျမန္မာစစ္တပ္အေပၚ သိပ္ၿပီးသေဘာထား မတင္းမာၾကပါဘူးလို႔ အဲဒီလို ဆိုရမယ္ထင္ပါတယ္။ ဒီေနရာမွာ အိႏိၵယရဲ ႔ အေနအထားဟာ သိပ္စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ အိႏိၵယနဲ႔ ျမန္မာဟာ စစ္တပ္ခ်င္းလည္း ဆက္ဆံမႈ ရိွပါတယ္။ တခ်ိန္တည္းမွာ ႏုိင္ငံေရးပါတီေတြနဲ႔လည္း ထိေတြ႔ဆက္ဆံမႈ ရိွပါတယ္။ ဒါဟာ အခြင့္အေရးေကာင္းပါပဲ။ ဒါကို အိႏိၵယက အသံုးမခ်ပါဘူး။ Vladimir Putin နဲ႔ Volodymyr Zelenskyy တို႔နဲ႔ ေျပာဆိုခဲ့သလို ျမန္မာႏုိင္ငံကိစၥမွာလဲ ဘာေၾကာင့္ ဝင္မေျပာႏုိင္ရတာလဲ။ အိႏိၵယဟာ ဂန္ဒီ ေမြးဖြာခဲ့တဲ့ ႏိုင္ငံပါ။ ဂႏၶီၿငိမ္းခ်မ္းေရးအဖြဲ႔မ်ဳိး ေစလႊတ္ၿပီး ႀကိဳးပမ္းၾကည့္သင့္ပါတယ္။ ထိေရာက္မႈေတြ ရိွလိမ့္မယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တခ်ဳိ ႔က ေျပာၾကတယ္။ ဥပမာအားျဖင့္ အေမရိကန္က ဆိုလို႔ရိွရင္ ျမန္မာႏုိင္ငံကို သိပ္ၿပီးေတာ့ ကိုင္တြယ္လိုက္ရင္ တရုတ္ဘက္ကို ပိုၿပီးတြန္းပို႔လိုက္သလို ျဖစ္သြားမွာကို အေလးထားေဆာင္ရြက္လာတယ္လို႔ တခ်ဳိ ႔က ေဆာင္ရြက္တယ္ဆိုေတာ့၊ အခုလဲပဲ အလားတူသေဘာတူထားတာေတြ ရိွေနေလလို႔လား။ တိုက္တိုက္တြန္းတြန္း ဖိဖိစီးစီး လုပ္လိုက္ရင္ ျမန္မာႏိုင္ငံဟာ တရုတ္ဘက္ကို ပိုေရာက္သြားေလမလား။ သိုတည္းမဟုတ္ တရုတ္က သူတုိ႔ကို ကူညီမယ္စသည္ဆိုတဲ့ အဲဒီလိုသေဘာထားမ်ဳိး ရိွေနလို႔လား။

ေျဖ ။ ။ အဲဒါ လံုးဝအဓိပၸါယ္ မရိွဘူးလို႔ က်ေနာ္ ယူဆပါတယ္။ လံုးဝလက္မခံပါဘူး။ ျမန္မာစစ္တပ္ဟာ တရုတ္ခါးပိုက္ေဆာင္ထဲ ေရာက္ေနၿပီသားပါ။ ဘာမွမက်န္္ေတာ့ပါဘူး။ ျမန္မာႏုိင္ငံမွာ လုပ္ေနတဲ့ ဧရာမ စီးပြားေရးစီမံကိန္းႀကီးေတြကိုပဲ ၾကည့္ပါ။ ျမန္မာျပည္ တရုတ္ျပည္ရင္ခြင္ထဲ ေရာက္မသြားေစခ်င္ဘူးလို႔ အိႏိၵယက ေျပာမယ္ဆိုရင္ေတာ့ ဒါဟာ မွားယြင္းမႈပဲ ျဖစ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ ဆက္စပ္ၿပီးေတာ့ ၁၉၈၈ ဒီမိုကေရစီအံုႀကြမႈတုန္းက အိႏိၵယက ျမန္မာ့ဒီမိုကေရစီ ေတာင္းဆိုမႈကို အေစာပိုင္းမွာေတာ့ တက္တက္ၾကြၾကြ ေထာက္ခံခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းက်ေတာ့ ေလသံေပ်ာ့သြားတယ္။ အဲဒီကိစၥလဲ ျပန္ၿပီးသံုးသပ္ပါအံုး။ ဆက္စပ္ၿပီး စဥ္းစားလို႔ရေအာင္လို႔ပါ။

ေျဖ ။ ။ ဝန္ႀကီးခ်ဳပ္ ရာဂ်စ္ ဂႏၶီနဲ႔ သူ႔ရဲ ႔အစိုးရဟာ ျမန္မာ့ဒီမိုကေရစီအေရးကို လံုးဝဥသံု ေထာက္ခံခဲ့ပါတယ္။ အေဝးေရာက္အစိုးရကိုေတာင္မွ ေထာက္ခံပံ့ပိုးေပးခဲ့ပါတယ္။ ေနာက္ အိႏိၵယမွာ ျပႆနာေတြျဖစ္ၿပီး ေရြးေကာက္ပြဲလုပ္ေတာ့ ညႊန္႔ေပါင္းအစိုးရ တက္လာပါတယ္။ ညႊန္႔ေပါင္းအစိုးရဟာ ျမန္မာ့အေရးသာမက ဘယ္ကိစၥကိုမွ ျပတ္ျပတ္သားသား မဆံုးျဖတ္ႏိုင္ပါဘူး။ ဒါေပမဲ့ ဒီကေန မိုဒီအစိုးရဟာ တည္ၿငိမ္တဲ့ အစိုးရတရပ္သာမက ခိုင္မာေတာင့္တင္းတဲ့ အစိုးရတရပ္လည္း ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အိမ္နီးခ်င္းရဲ ႔ ႏိုင္ငံေရးမွာ ျပတ္ျပတ္သားသား ေဆာင္ရြက္သင့္ပါတယ္။

ေမး ။ ။ ေနာက္ေစာဒကတက္စရာ ဘာလဲဆိုရင္ အိႏၷိယရဲ ႔ အေရွ ႔ေျမာက္ေဒသရဲ ႔ သူပုန္ေတြကို ႏိွမ္နင္းတဲ့ကိစၥနဲ႔ ပတ္သက္ေနပါတယ္။ အဲဒီ အေရွ ႔ေျမာက္ေဒသ သူပန္ေတြကို ႏိွမ္နင္းဖို႔အတြက္ ျမန္မာစစ္တပ္နဲ႔ သင္ျမတ္ဖို႔လိုတယ္။ ျမန္မာစစ္တပ္ ျငိဳျငင္ေအာင္ လုပ္လို႔မရဘူး။ ဒါေၾကာင့္ ငါတုိ႔က ဘာပဲျဖစ္ျဖစ္ ျမန္မာစစ္တပ္နဲ႔ သင့္ျမတ္ေအာင္ ဆက္ဆံေနရမယ္။ ဒါက အိႏိၵယႏုိင္ငံရဲ ႔ လံုၿခံဳေရးအတြက္ ျမန္မာစစ္တပ္ဟာ အေရးပါတယ္လို႔ သူက ေျပာၾကပါတယ္။ အဲဒါေကာ ဘယ္ေလာက္မွန္သလဲ၊ ဘယ္လိုသေဘာထားသလဲ။

ေျဖ ။ ။ ဒီကိစၥကိုလည္း က်ေနာ္ လက္မခံပါဘူး။ အိႏိၵယရဲ ႔ ဒီျပႆနာ ေျပလည္ဖို႔ ျမန္မာစစ္တပ္က ဘာမွမလုပ္ႏိုင္ေအာင္လို႔ပါပဲ။ တခါတေလမွာ သူပုန္တခ်ဳိ ႔ကို ဖမ္းဆီးၿပီး၊ အိႏိၵယဘက္ ျပန္ပို႔ေပးတာေတာ့ ရိွပါတယ္။ ဒီကေန႔အထိလဲ အိႏိၵယသူပုန္ အမ်ားအျပားဟာ စစ္ကိုင္တိုင္းအတြင္မွာ ပံုမွန္အေျခစိုက္ ေနၾကပါတယ္။ က်ေနာ္ကိုယ္တိုင္ အဲဒီသူပုန္ေတြရိွတဲ့ စခန္းတခ်ဳိ ႔ကို ေရာက္ဖူးလို႔ အတိအက် ေျပာျပေနၾကတာပါ။ အခုဆိုရင္ ျမန္မာစစ္တပ္ဟာ PDF အဖြဲ႔ေတြကို တိုက္ခိုက္ရာမွာ သူပုန္တခ်ဳိ ႔ကိုေတာင္ အသံုးခ်ေနတယ္လို႔ အိႏိၵယမီဒီယာတခ်ဳိ ႔မွာ ေရးသားထားုတာ ေတြ႔ရပါတယ္။ အိႏိၵယစစ္တပ္ကေတာ့ ဒီသူပုန္ေတြ တိုက္ခိုက္ရာမွာ အကူအညီရႏုိင္တဲ ျမန္မာစစ္တပ္ကို စိတ္ပ်က္ေအာင္ မလုပ္ႏိုင္ဘူးလို႔ ေျပာလိုက္တယ္။ ဒီလိုေျပာေနတာလဲ ၾကားပါၿပိ။ ဘာအကူအညီမွလဲ ဟုတ္တိပတ္တိ မရရိွခဲ့ပါဘူး။ ျမန္မာစစ္တပ္အေနနဲ႔လဲ သူတို႔ႏုိင္ငံထဲမွာ အဖြဲ႔အစည္းမ်ဳိးစံု၊ အင္အားစုမ်ဳိးစံုကို အႏိုင္ႏုိင္ တုိက္ေနရတာပါ။ အိႏိၵယစစ္တပ္ကို ကူညီဖို႔ေနေနသာသာ။ ဒါေၾကာင့္ ဒီကိစၥကိုလည္း က်ေနာ္ လံုးဝပယ္ခ်ခဲ့တာ။ အခုလဲ က်ေနာ္ လံုးဝပယ္ခ်ပါတယ္။

ေမး ။ ။ ဆိုေတာ့ အိႏိၵယအပါအဝင္ ကမာၻ႔ႏုိင္ငံေတြက အာဆီယံကိုပဲ ေရွ ႔တန္းတင္ၿပီးေတာ့ တြန္းေနၾကတယ္လို႔ ဆုိၾကတယ္။ ဒါေပမဲ့ အာဆီယံရဲ ႔ ဘံုသေဘာတူညီခ်က္ကလဲ ဘာမွအလုပ္မျဖစ္ဘူး။ ေရွ ႔ကိုမတိုးႏုိင္ဘူး။ ဒီလိုအေျခအေနမ်ဳိးမွာ အိႏိၵယမွာလည္း အာဆီယံကို ေရွ ႔တန္းမတင္ဘဲ၊ အာဆီယံကို မတြန္းဘဲနဲ႔ သူ႔အေနနဲ႔ လုပ္ႏုိင္တာ မရိွဘူးလား။ ဥပမာ အိႏိၵယကလဲ သူ႔အေနနဲ႔ ေတာင္အာရွေရးရာ အဖြဲ႔ဆိုတာရိွတယ္။ ဘဂၤလားပင္လယ္ေအာင္ေဒါသ ႏုိင္ငံေတြက ပူးေပါင္းေဆာင္ရြက္တဲ့အဖြဲ႔ ရိွတယ္။ ဒါက တႏုိင္ငံတည္း မဟုတ္ေတာင္မွ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္ၿပီး တစံုတရာ ၾကားဝင္ၿပီး ေျပာႏုိင္တဲ့ အေျခအေန မရိွဘူးလား။ အဖြဲ႔အစည္း္အေနနဲ႔ေပါ့။

ေျဖ ။ ။ ေတာင္အာရွ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ကေတာ့ တကယ္အလုပ္မျဖစ္ပါဘူး။ အဓိကအားျဖင့္ အိႏိၵယနဲ႔ ပါကစၥတန္တို႔ အားၿပိဳင္ေနၾကလို႔ ျဖစ္ပါတယ္။ အဲဒါကိုေတာ့ ထည့္မစဥ္းစားေနပါေတာ့။ ဒါေပမဲ့ ဘင္စတပ္ကိုၾကည့္ရင္ အဲဒီအထဲမွာ ျမန္မာနဲ႔အတူ အိႏိၵယ၊ ထိုင္း၊ ဘဂၤလားေဒရွ္ တို႔ ပါဝင္ၾကပါတယ္။ အားလံုးဟာ ျမန္မာ့အိမ္နီးခ်င္းေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ျဖစ္သင့္တာက အဲဒီအထဲမွာ အိႏိၵယက ဦးေဆာင္ၿပီး ထိေရာက္တဲ့လုပ္ငန္္းေတြ ေဖာ္ေဆာင္သင့္ပါတယ္။ အာဆီယံနဲ႔ ဆန္႔က်င္စရာ မလိုပါဘူး။ အာဆီယံလည္း သူ႔ဘာသာသူရပ္၊ … ကလည္း သူ႔နည္းသူဟန္နဲ႔ ႀကိဳးပမ္းသင့္ပါတယ္။ ဒီႏုိင္ငံဟာ စစ္တပ္ကေရာ၊ ဒီမိုကေရစီပါတီေတြဘက္ကပါ လက္ခံႏုိင္တဲ့ ပါတီေတြ ျဖစ္ပါတယ္။ ျမန္မာနယ္စပ္ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က အိႏိၵယကို ႏွစ္ေပါင္း ၂၀ ေက်ာ္ ေတာ္လွန္ခဲ့ၿပီး၊ အခု ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျဖစ္လာသူပါ။ သူက ျမန္မာစစ္တပ္နဲ႔၊ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ရင္းႏီွးသိသူ။ ဒီလိုလူမ်ိးက ဦးေဆာင္ၿပီး ေစ့စပ္ညိွႏိႈင္းေရး လုပ္ဆာင္သင့္ပါတယ္။

ေမး ။ ။ ဟုတ္ပါတယ္။ မိုဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားတဲ့လူေတြကလည္း အားတက္ၾကပါတယ္။ အဲဒီကထြက္ေျပးရတဲ့ ဒုကၡသည္မ်ားကိုလည္း လက္ခံတယ္။ ကူညီတယ္၊ ဗဟိုအစိုးရနဲ႔ သေဘာထားမတိုက္ဆိုင္လဲ သူကေတာ့ သူ႔လုပ္ပိုင္ခြင့္နဲ႔ အဆင္ေျပေနတယ္ဆိုတာကိုလည္း ၾကားသိရပါတယ္။ ဒါေပမဲ့ သူက ျပည္နယ္ဝန္ႀကီးခ်ဳပ္အဆင့္ေပါ့။ အိႏိၵယႏုိင္ငံ ဗဟိုအစိုးရထဲမွာေကာ သူ႔လို သေဘာထား ရိွတဲ့လူမ်ဳိး ဘယ္ႏွစ္ေယာက္ ရိွပါသလဲ။ ဆူဘီရဲ ႔ အျမင္နဲ႔ တူညီမယ့္ ႏို္င္ငံေရးအသိုင္းအဝိုင္း ရိွတယ္ဆိုရင္လဲ ေျပာျပပါအံုး။ ဘယ္ေလာက္ အားတက္စရာ ေျပာျပပါအံုး။

ေျဖ ။ ။ က်ေနာ္ ေျပာႏုိင္ပါတယ္။ အာဏာရ BJP ပါတီဝင္ေတြ အထူးသျဖင့္ အေရွ ႔ေျမာက္ေဒသက ပုဂၢိဳလ္ေတြ ဆိုရင္ ျမန္မာ့အေရးမွာ အိႏိၵယၾကားဝင္လုပ္ေဆာင္ေပးသင့္တယ္လို႔ ယူဆေနၾကတာက မိုဇီုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္တင္ မဟုတ္ပါဘူး၊ မဏိပူျပည္နယ္က ဝန္ႀကီးခ်ဳပ္ကလည္း ျမန္မာ့ျပႆနာ ေျပလည္ေရးကို အထူးလုိလားေနသူပါ။ မဏီပူရဲ ႔ စီးပြာေရးအေျခအေနဟာ ျမန္မာနယ္စပ္ ဖြင့္လွစ္ေရးအေပမွာ မူတည္ေနတာပါ။ အလားတူပဲ အိႏိၵယရဲ ႔ ဒုတိယႏုိင္ငံျခားေရးဝန္ႀကီးကလည္း မဏီပူျပည္နယ္က ျဖစ္ပါတယ္။ ကြန္ဂရက္ပါတီက ႏုိင္ငံေရးသမား အမ်ားအျပားဟာလဲ ျမန္မာ့အေရးမွာ ပါဝင္ေဆာင္ရြက္လိုၾကပါတယ္။ ဒါေပမဲ့ ဗဟိုအစိုးရေတြထဲက လူတခ်ဳိ ႔က ေဝဖန္ခံရမွာကို အလြန္အမင္း ခုခံတြန္လွန္းၾကပါတယ္။ သတိထားလြန္ပါတယ္။ ေရွ ႔ကိုထိုးေဖာက္ လုပ္ေဆာင္တာမ်ဳိးကို ေရွာင္က်ဥ္ၾကပါတယ္။

=== Unicode ===

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုအရရော နိုင်ငံရေး၊ စီးပွားရေးအရပါ သမိုင်းနဲ့ချီပြီး ထိစပ်ဆက်နွယ်လာခဲ့တဲ့ နိုင်ငံကြီးတခုလည်း ဖြစ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းပျောက်ဆုံး၊ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျပြီး ပြည်သူလူထု အခက်ကြုံနေတာကို အိမ်နီးချင်း အိန္ဒိယနိုင်ငံက လက်ပိုက်ကြည့်နေပါသလား။ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းနိုင်ဖို့အတွက် အိမ်နီးချင်းကောင်းအနေနဲ့ ဘယ်လို ကူညီနိုင်ပါသလဲ။ မြန်မာနိုင်ငံအကြောင်း နှစ်ပေါင်းများစွာ သတင်းဆောင်းပါးများ ရေးသားလာခဲ့တဲ့ အိန္ဒိယသတင်းစာဆရာ Subir Bhaumik (ဆူဘီ ဘူမစ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆူဘီက မြန်မာနိုင်ငံအကြောင်းကို နှစ်ပေါင်းများစွာ စောင့်ကြည့်ရေးသားလာတဲ့ အိန္ဒိယသတင်းစာဆရာတယောက် ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုလဲ ဆူဘီက အသိဆုံး ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု မရှိဘူး။ စီးပွားရေးတွေလည်း ကမောက်ကမ ဖြစ်နေတယ်။ အစစအရာရာပေါ့။ စစ်အာဏာသိမ်းထားတဲ့ အချိန်လည်း ဖြစ်နေတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ဒီလို မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးကို ကျေကျေနပ်နပ်ကြီး လုပ်နေတယ်ဆိုရင် မှန်ပါသလား။ ဒီမေးခွန်းကို ပထမဦးဆုံး ဖြေကြားပေးပါ။

ဖြေ ။ ။ မြန်မာနိုင်ငံအတွင်းက အိန္ဒိယရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သိပ်အဆင်ပြေချောမွှေ့နေတယ်လို့ ကျနော် မထင်ပါဘူး။ မြန်မာနဲ့ ထိတွေ့လုပ်ဆောင်နေတဲ့ ကုမ္ပဏီတခုနှစ်ခုကလွဲပြီးပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း အိန္ဒိယတွေရဲ့ လုပ်ငန်းတွေ ပမာဏက ကျန်အရှေ့တောင်အာရှနိုင်ငံတချို့နဲ့ စာရင်တော့ မများလှပါဘူး။ တရုတ်နဲ့တော့ လုံးဝမယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ပိုအရေးကြီးတာက အခု ဝန်ကြီးချုပ်မိုဒီ ချမှတ်ထားတဲ့ Act East Policy အရှေ့ဘက်မှာ လှုပ်ရှားဆောင်ရွက်ရေး မူဝါဒအတွက် ဒီမူဝါဒ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး၊ ဒီမိုကရေစီ ထွန်းကားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အိန္ဒိယဟာ မြန်မာကိုဖြတ်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို ကုန်လမ်းက ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ အခုလက်ရှိ မတည်ငြိမ်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး အိန္ဒိယရဲ့ အဝေးပြေးလမ်း ဖောက်လုပ်ရေးတို့၊ ကုလားတန်စီမံကိန်းတို့ဟာ နှောင့်နှေးနေရပါတယ်။ ဒီအခြေအနေ ဒီဖြစ်စဉ်တွေဟာ အိန္ဒိယအတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။

မေး ။ ။ အဲဒီတော့ အိန္ဒိယနိုင်ငံရဲ့ စီမံကိန်းတွေ အောင်မြင်ဖို့၊ Act East Policy ချောမွှေ့ဖို့အတွက် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုကို လိုအပ်တယ်ဆိုရင် ဒီလိုအခြေအနေမျိုး ဖြစ်ထွန်းလာအောင် အိန္ဒိယနိုင်ငံအတွက် အကောင်းဆုံး အခြေအနေမျိုး ဖြစ်လာအောင် အိန္ဒိယနိုင်ငံက ဘာလုပ်ပေးနိုင်ပါသလဲ။ မြန်မာနိုင်ငံအပေါ် အိန္ဒိယရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာလဲ ပြောပြပါအုံး။ အိန္ဒိယဟာ the Biggest Democracy in the world ဆိုတဲ့ ကြွေးကြော်နေတဲ့ မြန်မာ့အိန္ဒိယ ဖြစ်ပါတယ်။ သူတို့ ဘာလုပ်နိုင်ပါသလဲ။

ဖြေ ။ ။ ရှင်းရှင်းပြောရရင် အိန္ဒိယအနေနဲ့ ပိုလုပ်ပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အခုတွေ့ရသလောက် အိန္ဒိယမူဝါဒကို ပြောရရင် မြန်မာနိုင်ငံက ဖြစ်ရပ်တချို့ကို ဝေဖန်တာတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားတာကို မြင်တွေ့လိုတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အခါအားလျော်စွာလည်း ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တာကတော့ အိန္ဒိယအနေနဲ့ တစုံတခု ဖြစ်လာမှ တုံ့ပြန်တာမျိုး မဟုတ်ဘဲ၊ ထိရောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီး၊ ငြိမ်းချမ်းရေးအတွက် ကြားဝင်ပေးတာတွေပဲဖြစ်ပါတယ်။ အခုတော့ ဒါတွေကို အိန္ဒိယဘက်က မဆောင်ရွက်ဘဲ အာဆီယံကို တွန်းပို့နေပါတယ်။ အာဆီယံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ထောက်ခံနေပါတယ်။ အဲဒီ အာဆီယံအစီအစဉ်တွေက ဘယ်လိုမှ ခရီးမပေါက်ပါဘူး အာဆီယံနိုင်ငံတချို့ကလဲ စစ်အုပ်ချုပ်ရေးနဲ့ အကျွမ်းတဝင် ရှိနေကြလေတော့ မြန်မာစစ်တပ်အပေါ် သိပ်ပြီးသဘောထား မတင်းမာကြပါဘူးလို့ အဲဒီလို ဆိုရမယ်ထင်ပါတယ်။ ဒီနေရာမှာ အိန္ဒိယရဲ့ အနေအထားဟာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အိန္ဒိယနဲ့ မြန်မာဟာ စစ်တပ်ချင်းလည်း ဆက်ဆံမှု ရှိပါတယ်။ တချိန်တည်းမှာ နိုင်ငံရေးပါတီတွေနဲ့လည်း ထိတွေ့ဆက်ဆံမှု ရှိပါတယ်။ ဒါဟာ အခွင့်အရေးကောင်းပါပဲ။ ဒါကို အိန္ဒိယက အသုံးမချပါဘူး။ Vladimir Putin နဲ့ Volodymyr Zelenskyy တို့နဲ့ ပြောဆိုခဲ့သလို မြန်မာနိုင်ငံကိစ္စမှာလဲ ဘာကြောင့် ဝင်မပြောနိုင်ရတာလဲ။ အိန္ဒိယဟာ ဂန်ဒီ မွေးဖွာခဲ့တဲ့ နိုင်ငံပါ။ ဂန္ဓီငြိမ်းချမ်းရေးအဖွဲ့မျိုး စေလွှတ်ပြီး ကြိုးပမ်းကြည့်သင့်ပါတယ်။ ထိရောက်မှုတွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ တချို့က ပြောကြတယ်။ ဥပမာအားဖြင့် အမေရိကန်က ဆိုလို့ရှိရင် မြန်မာနိုင်ငံကို သိပ်ပြီးတော့ ကိုင်တွယ်လိုက်ရင် တရုတ်ဘက်ကို ပိုပြီးတွန်းပို့လိုက်သလို ဖြစ်သွားမှာကို အလေးထားဆောင်ရွက်လာတယ်လို့ တချို့က ဆောင်ရွက်တယ်ဆိုတော့၊ အခုလဲပဲ အလားတူသဘောတူထားတာတွေ ရှိနေလေလို့လား။ တိုက်တိုက်တွန်းတွန်း ဖိဖိစီးစီး လုပ်လိုက်ရင် မြန်မာနိုင်ငံဟာ တရုတ်ဘက်ကို ပိုရောက်သွားလေမလား။ သိုတည်းမဟုတ် တရုတ်က သူတို့ကို ကူညီမယ်စသည်ဆိုတဲ့ အဲဒီလိုသဘောထားမျိုး ရှိနေလို့လား။

ဖြေ ။ ။ အဲဒါ လုံးဝအဓိပ္ပါယ် မရှိဘူးလို့ ကျနော် ယူဆပါတယ်။ လုံးဝလက်မခံပါဘူး။ မြန်မာစစ်တပ်ဟာ တရုတ်ခါးပိုက်ဆောင်ထဲ ရောက်နေပြီသားပါ။ ဘာမှမကျန်တော့ပါဘူး။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ဧရာမ စီးပွားရေးစီမံကိန်းကြီးတွေကိုပဲ ကြည့်ပါ။ မြန်မာပြည် တရုတ်ပြည်ရင်ခွင်ထဲ ရောက်မသွားစေချင်ဘူးလို့ အိန္ဒိယက ပြောမယ်ဆိုရင်တော့ ဒါဟာ မှားယွင်းမှုပဲ ဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ ဆက်စပ်ပြီးတော့ ၁၉၈၈ ဒီမိုကရေစီအုံကြွမှုတုန်းက အိန္ဒိယက မြန်မာ့ဒီမိုကရေစီ တောင်းဆိုမှုကို အစောပိုင်းမှာတော့ တက်တက်ကြွကြွ ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ လေသံပျော့သွားတယ်။ အဲဒီကိစ္စလဲ ပြန်ပြီးသုံးသပ်ပါအုံး။ ဆက်စပ်ပြီး စဉ်းစားလို့ရအောင်လို့ပါ။

ဖြေ ။ ။ ဝန်ကြီးချုပ် ရာဂျစ် ဂန္ဓီနဲ့ သူ့ရဲ့အစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေးကို လုံးဝဥသုံ ထောက်ခံခဲ့ပါတယ်။ အဝေးရောက်အစိုးရကိုတောင်မှ ထောက်ခံပံ့ပိုးပေးခဲ့ပါတယ်။ နောက် အိန္ဒိယမှာ ပြဿနာတွေဖြစ်ပြီး ရွေးကောက်ပွဲလုပ်တော့ ညွှန့်ပေါင်းအစိုးရ တက်လာပါတယ်။ ညွှန့်ပေါင်းအစိုးရဟာ မြန်မာ့အရေးသာမက ဘယ်ကိစ္စကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ မိုဒီအစိုးရဟာ တည်ငြိမ်တဲ့ အစိုးရတရပ်သာမက ခိုင်မာတောင့်တင်းတဲ့ အစိုးရတရပ်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အိမ်နီးချင်းရဲ့ နိုင်ငံရေးမှာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။

မေး ။ ။ နောက်စောဒကတက်စရာ ဘာလဲဆိုရင် အိန္နိယရဲ့ အရှေ့မြောက်ဒေသရဲ့ သူပုန်တွေကို နှိမ်နင်းတဲ့ကိစ္စနဲ့ ပတ်သက်နေပါတယ်။ အဲဒီ အရှေ့မြောက်ဒေသ သူပန်တွေကို နှိမ်နင်းဖို့အတွက် မြန်မာစစ်တပ်နဲ့ သင်မြတ်ဖို့လိုတယ်။ မြန်မာစစ်တပ် ငြိုငြင်အောင် လုပ်လို့မရဘူး။ ဒါကြောင့် ငါတို့က ဘာပဲဖြစ်ဖြစ် မြန်မာစစ်တပ်နဲ့ သင့်မြတ်အောင် ဆက်ဆံနေရမယ်။ ဒါက အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအတွက် မြန်မာစစ်တပ်ဟာ အရေးပါတယ်လို့ သူက ပြောကြပါတယ်။ အဲဒါကော ဘယ်လောက်မှန်သလဲ၊ ဘယ်လိုသဘောထားသလဲ။

ဖြေ ။ ။ ဒီကိစ္စကိုလည်း ကျနော် လက်မခံပါဘူး။ အိန္ဒိယရဲ့ ဒီပြဿနာ ပြေလည်ဖို့ မြန်မာစစ်တပ်က ဘာမှမလုပ်နိုင်အောင်လို့ပါပဲ။ တခါတလေမှာ သူပုန်တချို့ကို ဖမ်းဆီးပြီး၊ အိန္ဒိယဘက် ပြန်ပို့ပေးတာတော့ ရှိပါတယ်။ ဒီကနေ့အထိလဲ အိန္ဒိယသူပုန် အများအပြားဟာ စစ်ကိုင်တိုင်းအတွင်မှာ ပုံမှန်အခြေစိုက် နေကြပါတယ်။ ကျနော်ကိုယ်တိုင် အဲဒီသူပုန်တွေရှိတဲ့ စခန်းတချို့ကို ရောက်ဖူးလို့ အတိအကျ ပြောပြနေကြတာပါ။ အခုဆိုရင် မြန်မာစစ်တပ်ဟာ PDF အဖွဲ့တွေကို တိုက်ခိုက်ရာမှာ သူပုန်တချို့ကိုတောင် အသုံးချနေတယ်လို့ အိန္ဒိယမီဒီယာတချို့မှာ ရေးသားထားုတာ တွေ့ရပါတယ်။ အိန္ဒိယစစ်တပ်ကတော့ ဒီသူပုန်တွေ တိုက်ခိုက်ရာမှာ အကူအညီရနိုင်တဲ မြန်မာစစ်တပ်ကို စိတ်ပျက်အောင် မလုပ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒီလိုပြောနေတာလဲ ကြားပါပြိ။ ဘာအကူအညီမှလဲ ဟုတ်တိပတ်တိ မရရှိခဲ့ပါဘူး။ မြန်မာစစ်တပ်အနေနဲ့လဲ သူတို့နိုင်ငံထဲမှာ အဖွဲ့အစည်းမျိုးစုံ၊ အင်အားစုမျိုးစုံကို အနိုင်နိုင် တိုက်နေရတာပါ။ အိန္ဒိယစစ်တပ်ကို ကူညီဖို့နေနေသာသာ။ ဒါကြောင့် ဒီကိစ္စကိုလည်း ကျနော် လုံးဝပယ်ချခဲ့တာ။ အခုလဲ ကျနော် လုံးဝပယ်ချပါတယ်။

မေး ။ ။ ဆိုတော့ အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အာဆီယံကိုပဲ ရှေ့တန်းတင်ပြီးတော့ တွန်းနေကြတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကလဲ ဘာမှအလုပ်မဖြစ်ဘူး။ ရှေ့ကိုမတိုးနိုင်ဘူး။ ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယမှာလည်း အာဆီယံကို ရှေ့တန်းမတင်ဘဲ၊ အာဆီယံကို မတွန်းဘဲနဲ့ သူ့အနေနဲ့ လုပ်နိုင်တာ မရှိဘူးလား။ ဥပမာ အိန္ဒိယကလဲ သူ့အနေနဲ့ တောင်အာရှရေးရာ အဖွဲ့ဆိုတာရှိတယ်။ ဘင်္ဂလားပင်လယ်အောင်ဒေါသ နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ ရှိတယ်။ ဒါက တနိုင်ငံတည်း မဟုတ်တောင်မှ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တစုံတရာ ကြားဝင်ပြီး ပြောနိုင်တဲ့ အခြေအနေ မရှိဘူးလား။ အဖွဲ့အစည်းအနေနဲ့ပေါ့။

ဖြေ ။ ။ တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကတော့ တကယ်အလုပ်မဖြစ်ပါဘူး။ အဓိကအားဖြင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့ အားပြိုင်နေကြလို့ ဖြစ်ပါတယ်။ အဲဒါကိုတော့ ထည့်မစဉ်းစားနေပါတော့။ ဒါပေမဲ့ ဘင်စတပ်ကိုကြည့်ရင် အဲဒီအထဲမှာ မြန်မာနဲ့အတူ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေရှ် တို့ ပါဝင်ကြပါတယ်။ အားလုံးဟာ မြန်မာ့အိမ်နီးချင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဖြစ်သင့်တာက အဲဒီအထဲမှာ အိန္ဒိယက ဦးဆောင်ပြီး ထိရောက်တဲ့လုပ်ငန်းတွေ ဖော်ဆောင်သင့်ပါတယ်။ အာဆီယံနဲ့ ဆန့်ကျင်စရာ မလိုပါဘူး။ အာဆီယံလည်း သူ့ဘာသာသူရပ်၊ … ကလည်း သူ့နည်းသူဟန်နဲ့ ကြိုးပမ်းသင့်ပါတယ်။ ဒီနိုင်ငံဟာ စစ်တပ်ကရော၊ ဒီမိုကရေစီပါတီတွေဘက်ကပါ လက်ခံနိုင်တဲ့ ပါတီတွေ ဖြစ်ပါတယ်။ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အိန္ဒိယကို နှစ်ပေါင်း ၂၀ ကျော် တော်လှန်ခဲ့ပြီး၊ အခု ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူပါ။ သူက မြန်မာစစ်တပ်နဲ့၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးသိသူ။ ဒီလိုလူမျိးက ဦးဆောင်ပြီး စေ့စပ်ညှိနှိုင်းရေး လုပ်ဆာင်သင့်ပါတယ်။

မေး ။ ။ ဟုတ်ပါတယ်။ မိုဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတဲ့လူတွေကလည်း အားတက်ကြပါတယ်။ အဲဒီကထွက်ပြေးရတဲ့ ဒုက္ခသည်များကိုလည်း လက်ခံတယ်။ ကူညီတယ်၊ ဗဟိုအစိုးရနဲ့ သဘောထားမတိုက်ဆိုင်လဲ သူကတော့ သူ့လုပ်ပိုင်ခွင့်နဲ့ အဆင်ပြေနေတယ်ဆိုတာကိုလည်း ကြားသိရပါတယ်။ ဒါပေမဲ့ သူက ပြည်နယ်ဝန်ကြီးချုပ်အဆင့်ပေါ့။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရထဲမှာကော သူ့လို သဘောထား ရှိတဲ့လူမျိုး ဘယ်နှစ်ယောက် ရှိပါသလဲ။ ဆူဘီရဲ့ အမြင်နဲ့ တူညီမယ့် နိုင်ငံရေးအသိုင်းအဝိုင်း ရှိတယ်ဆိုရင်လဲ ပြောပြပါအုံး။ ဘယ်လောက် အားတက်စရာ ပြောပြပါအုံး။

ဖြေ ။ ။ ကျနော် ပြောနိုင်ပါတယ်။ အာဏာရ BJP ပါတီဝင်တွေ အထူးသဖြင့် အရှေ့မြောက်ဒေသက ပုဂ္ဂိုလ်တွေ ဆိုရင် မြန်မာ့အရေးမှာ အိန္ဒိယကြားဝင်လုပ်ဆောင်ပေးသင့်တယ်လို့ ယူဆနေကြတာက မိုဇီုရမ်ပြည်နယ် ဝန်ကြီးချုပ်တင် မဟုတ်ပါဘူး၊ မဏိပူပြည်နယ်က ဝန်ကြီးချုပ်ကလည်း မြန်မာ့ပြဿနာ ပြေလည်ရေးကို အထူးလိုလားနေသူပါ။ မဏီပူရဲ့ စီးပွာရေးအခြေအနေဟာ မြန်မာနယ်စပ် ဖွင့်လှစ်ရေးအပေမှာ မူတည်နေတာပါ။ အလားတူပဲ အိန္ဒိယရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း မဏီပူပြည်နယ်က ဖြစ်ပါတယ်။ ကွန်ဂရက်ပါတီက နိုင်ငံရေးသမား အများအပြားဟာလဲ မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်လိုကြပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရတွေထဲက လူတချို့က ဝေဖန်ခံရမှာကို အလွန်အမင်း ခုခံတွန်လှန်းကြပါတယ်။ သတိထားလွန်ပါတယ်။ ရှေ့ကိုထိုးဖောက် လုပ်ဆောင်တာမျိုးကို ရှောင်ကျဉ်ကြပါတယ်။

XS
SM
MD
LG