သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး IPI အစီရင်ခံစာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ မကြာခင်တင်သွင်းမည်


မန္တလေးမြို့က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ)
မန္တလေးမြို့က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ ပါလီမန်အမတ်များအဖွဲ့ (IPI) က မြန်မာ့အရေး အစီရင်ခံစာကို မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ဆီ လာမယ့် တနင်္လာနေ့ ပေးအပ်မယ့်အကြောင်း ကော်မတီအဖွဲ့ဝင် တဦးက VOA ကို ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး အစီအစဉ် ပြင်ပမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို အစီရင်ခံစာပေးအပ်မှာဖြစ်ပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းအနေနဲ့ မြန်မာနိုင်ငံအရေး ပိုပြီးဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြပေမဲ့ အစီရင်ခံစာပါ အကြောင်းအရာတွေကိုတော့ အသေးစိတ် ဖေါ်ပြမထားပါဘူး။

IPI ဟာ အာရှ၊ ဥရောပနဲ့ အမေရိကတိုက်စတဲ့ နိုင်ငံ ၇ နိုင်ငံက လွှတ်တော်အမတ်တွေ ပူးပေါင်းပြီး စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သုံးသပ်ချက်တွေကို စုဆောင်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဥရောပ ပါလီမန် ဒုဥက္ကဋ္ဌ ပါလီမန်အမတ် Heidi Hautala ဦးဆောင်ပြီး အမေရိကန် အောက်လွှတ်တော်အမတ် Ilhan Omar တို့အပြင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်အာဖရိကနဲ့ ဂမ်ဘီယာနိုင်ငံက လွှတ်တော်အမတ်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG