သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာအမႈ ေရွ႕အလားအလာ ဥပေဒေရးရာ သုံးသပ္ခ်က္


Michael A Becker, Adjunct Assistant Professor atTrinity College Dublin - School of Law

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ (ဂ်ီႏိုဆိုက္) ဆိုတဲ့ ဂမ္ဘီယာရဲ႕ စြဲခ်က္ကို ICJ တရား႐ုံးက စစ္ေဆးၾကားနာသြားမယ့္အခ်ိန္ဟာ ေလးႏွစ္ ေလာက္ၾကာႏိုင္ၿပီး စစ္တပ္ရဲ႕ ရက္စက္က်ဴးလြန္မႈေတြကို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ ႐ိုဟင္ဂ်ာေတြ တရား႐ုံးေရွ႕ေမွာက္ ထြက္ဆိုလာႏိုင္ေခ်ရွိတယ္လို႔ ႏိုင္ငံတကာ ဥပေဒပညာရွင္က ေျပာဆိုလိုက္ပါတယ္။
ICJ ရဲ႕ တရားစီရင္ပိုင္ခြင့္ကို ျမန္မာဘက္က ကန႔္ကြက္ခ်က္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆက္လက္ျဖစ္ႏိုင္ေခ်အလားအလာ၊ စစ္ေကာင္စီဘက္က လူမ်ိဳးသုဥ္းသတ္ျဖတ္မႈစြပ္စြဲခ်က္အမႈကို ဘယ္လိုဆက္လက္ရင္ဆိုင္သြားမလဲ။ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ အခန္းက႑ေကာ ဘယ္လိုရွိႏိုင္မလဲ စတဲ့ သုံးသပ္ခ်က္ေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။


နယ္သာလန္ႏိုင္ငံ the Hague ၿမိဳ႕အေျခစိုက္ ICJ ကုလသမဂၢႏိုင္ငံတကာတရား႐ုံးမွာ ဇူလိုင္လ ၂၂ ရက္ေန႔က ျမန္မာရဲ႕ ကနဦးကန႔္ကြက္ခ်က္ ေလးခ်က္စလုံးကို ပယ္ခ်ခဲ့တာပါ။ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ (ဂ်ီႏိုဆိုက္) ဆိုတဲ့ ဂမ္ဘီယာရဲ႕ စြဲခ်က္ကို ICJ တရား႐ုံးအေနနဲ႔ စီရင္ပိုင္ခြင့္မရွိဘူးဆိုၿပီး ျမန္မာရဲ႕ ကန႔္ကြက္ေလွ်ာက္ထားခ်က္အေပၚမွာ စီရင္ခ်က္ခ်ဖို႔ အခ်ိန္ သုံးႏွစ္ၾကာခဲ့ပါတယ္။

ျမန္မာရဲ႕ ကန႔္ကြက္ခ်က္ ေလးခ်က္လုံးကို ပယ္ခ်ခဲ့တဲ့ ICJ တရားသူႀကီးေတြထဲမွာ ျမန္မာဘက္က အဆိုျပဳထားတဲ့ တရားသူႀကီးေတာင္ ပါဝင္တယ္လို႔ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker က ေျပာပါတယ္။ ေလးခ်က္စလုံးပယ္ခဲ့တဲ့အထဲမွာ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ ႏွစ္ခ်က္ရွိတယ္လို႔ သူက အခုလိုေျပာပါတယ္။

"ဗြီအိုေအ ပရိသတ္ေတြအေနနဲ႔ မွတ္မိၾကမွာပါ။ ျမန္မာရဲ႕ကန႔္ကြက္ခ်က္ တခ်က္ကေတာ့ ဂမ္ဘီယာဟာ OIC ရဲ႕ ကိုယ္စားလွယ္အျဖစ္ေဆာင္႐ြက္ခဲ့တယ္ဆိုတဲ့အခ်က္ပါ။ OIC အစၥလမ္မစ္ႏိုင္ငံမ်ားပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဆိုတာ အစိုးရအခ်င္းခ်င္းညႇိဳႏႈိင္းေဆာင္႐ြက္ေနတဲ့အဖြဲ႕အစည္းျဖစ္ၿပီးေတာ့ ဒါနဲ႔ ပတ္သက္လို႔ အျငင္းပြားစရာမရွိပါဘူး။ ဂမ္ဘီယာရဲ႕ တရားစြဲဆိုမႈမွာ OIC က ပံ့ပိုးကူညီေနတာ၊ ရန္ပုံေငြေထာက္ပံ့ေနတာ အမွန္ပါပဲ။ ဒါေပမယ့္ ျမန္မာရဲ႕ ကန႔္ကြက္ခ်က္က ဂမ္ဘီယာဟာ OIC ရဲ႕ proxy ၾကားခံေဆာင္႐ြက္ေပးေနတာျဖစ္ၿပီးေတာ့ အမႈမွာ အမွန္တကယ္ေလွ်ာက္ထားတဲ့ ႏိုင္ငံမဟုတ္တာေၾကာင့္ တရားစီရင္ပိုင္ခြင့္မရွိဘူးလို႔ ျမန္မာက ကန႔္ကြက္ခဲ့တာပါ။ ဒါေပမယ့္ ICJ က အရင္ႏွစ္ေပါင္းၾကာျမင့္စြာကတည္းက ရွိခဲ့တဲ့ တရား႐ုံးရဲ႕ ရပ္တည္ခ်က္ကို ထပ္မံအတည္ျပဳလိုက္ပါတယ္။ ဒါကေတာ့ တရားသူႀကီးအားလုံးဟာ ဒီကန႔္ကြက္ခ်က္ကို ပယ္ခ်ခဲ့တာပါ။ တရား႐ုံးအေနနဲ႔ ႏိုင္ငံတႏိုင္ငံရဲ႕ တရားစြဲဆိုအမႈဖြင့္ဖို႔ ဆုံးျဖတ္ခ်က္ေနာက္ကြယ္က တြန္းအားေတြ၊ ပံ့ပိုးမႈေတြကို စိတ္မဝင္စားဘူးဆိုတာကို ျပလိုက္တာပါ။ ဒီေနရာမွာ အေၾကာင္းအရာအားလုံးဟာ ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာရွိတဲ့ ဂမ္ဘီယာအေနနဲ႔ က်င့္ဝတ္အတိုင္း ဒီအမႈကို ICJ ကို စြဲတင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။"


Michael Becker ဟာ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ၂၀၁၀- ၂၀၁၄ခုႏွစ္ထိ လက္ေထာက္ ဥပေဒအရာရွိအျဖစ္ ေလးႏွစ္ၾကာလုပ္ခဲ့သူျဖစ္ၿပီး ျမန္မာကို အျခားႏိုင္ငံတႏိုင္ငံက လူမ်ိဳးတုံး သတ္ျဖတ္မႈဆိုင္ရာ သေဘာတူစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ICJ တရား႐ုံးမွာ အမႈဖြင့္တရားစြဲႏိုင္တဲ့ အလားအလာဆိုတဲ့ ေခါင္းစဥ္နဲ႔ စာတမ္းကို ၂၀၁၈ ခုႏွစ္က ေရးသားျပဳစုခဲ့သူလည္းျဖစ္ပါတယ္။

ICJ တရားသူႀကီး ၁၆ ဦးရွိရာမွာ တ႐ုတ္ တရားသူႀကီး Xue (ရႈအက္) တေယာက္ပဲ ေထာက္ခံခဲ့တဲ့ ျမန္မာရဲ႕ ကန႔္ကြက္ခ်က္တခ်က္နဲ႔ပတ္သက္လို႔လည္း Michael Becker ကအခုလိုေျပာပါတယ္။

" ျမန္မာအေနနဲ႔ ေနာက္ထပ္ ကန႔္ကြက္ခဲ့တဲ့ အခ်က္တခုကို အက်ဥ္းခ်ဳံးေျပာရရင္ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္မွာ ဂမ္ဘီယာႏိုင္ငံဟာ တိုက္႐ိုက္ ထိခိုက္ဒဏ္ရာရတာ ဒါမွမဟုတ္ နစ္နာတဲ့ ႏိုင္ငံမဟုတ္ဘူးလို႔ ျမန္မာဘက္က ေခ်ပတာရွိပါတယ္။ ျမန္မာဘက္က ေရွ႕ေနေတြက ေထာက္ျပခ်က္က ကိုယ္တိုင္ခံရသူမဟုတ္ပဲ ဂမ္ဘီယာက တရားစြဲဆိုခြင့္မရွိဘူးဆိုတဲ့ အခ်က္ပါ။ ဒါကိုလည္း တရား႐ုံးက ပယ္ခ်ခဲ့ပါတယ္။ ဂမ္ဘီယာအေနနဲ႔ ျမန္မာဘက္ကေျပာသလို တနည္းနည္းနဲ႔ သူတို႔ကို အထူးထိခိုက္တယ္ဆိုတာ ျပသဖို႔ မလိုဘူးဆိုတာကို တရား႐ုံးက ဆုံးျဖတ္ခဲ့တာပါ။ ဒါအျပင္ ICJ တရား႐ုံးက အေၾကာင္းျပခ်က္ေပးခဲ့တာက ဂ်ီႏိုဆိုက္ ကြန္ဗန္ရွင္း စာခ်ဳပ္မွာ ပါဝင္တဲ့ ႏိုင္ငံအားလုံးအေနနဲ႔ လက္မွတ္ေရးထိုးထားတဲ့ အခ်က္ေတြအတိုင္း ႀကိဳးပမ္းလိုက္နာဖို႔ ဘုံအက်ိဳးစီးပြားကို ဖန္တီးေပးထားတာျဖစ္ၿပီး ဂမ္ဘီယာလို လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံတႏိုင္ငံအေနနဲ႔ ႀကိဳးပမ္းခြင့္ရွိေနတာျဖစ္ပါတယ္။ လူမ်ိဳးတုံးသတ္ျဖတ္မႈကာကြယ္ေရး သေဘာတူစာခ်ဳပ္ပါ စည္းမည္းစည္းကမ္းခ်က္ေတြနဲ႔အညီ ျမန္မာကို စြဲဆိုတဲ့အမႈကို ICJ ကို တင္သြင္းခဲ့တာျဖစ္တယ္လို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့တာပါ။ ဒီအခ်က္ကို တရားသူႀကီး ၁၆ ဦးထဲက ၁၅ ဦးက ေထာက္ခံခဲ့ၿပီး ကန႔္ကြက္မဲေပးခဲ့သူတဦးကေတာ့ တ႐ုတ္ႏိုင္ငံက တရားသူႀကီး Xue (ရႈအက္)ျဖစ္ပါတယ္။"

ဒါဆိုရင္ ဂမ္ဘီယာက စြဲတင္ထားတဲ့အမႈကို ICJ ဆက္ၿပီး စစ္ေဆးသြားမယ့္ကိစၥမွာ ဘာေတြဆက္ျဖစ္လာမလဲ။ ICJ တရား႐ုံးက လာမယ့္ႏွစ္ ၂၀၂၃ ဧၿပီလ ၂၄ ရက္ေန႔ ေနာက္ဆုံးရက္အျဖစ္သတ္မွတ္ၿပီး ျမန္မာအေနနဲ႔ ျပန္လည္ေခ်ပေလွ်ာက္လွဲခ်က္တင္သြင္းဖို႔ အမိန႔္ခ်မွတ္ထားပါတယ္။
တကယ္လို႔ ျမန္မာစစ္ေကာင္စီဘက္က သတ္မွတ္ထားတဲ့အတိုင္း ေနာင္ႏွစ္ဧၿပီမွာ ခုခံေခ်ပခ်က္ေတြကို တင္သြင္းမယ္ဆိုရင္ ေနာက္တဆင့္အေနနဲ႔ ICJ တရား႐ုံးလုပ္ထုံးလုပ္နည္းအတိုင္း ဒုတိယ အေက်ာ့ ခုခံေခ်ပခ်က္ေတြကို တင္သြင္းဖို႔ အမိန႔္ခ်မွတ္မွာျဖစ္တယ္လို႔ Micheal Backer ကေျပာပါတယ္။ ၂၀၂၄ ခုနွစ္ေလာက္မွာ ဂမ္ဘီယာနဲ႔ ျမန္မာႏွစ္ဘက္ တရားရံုးေရွ႕ေမွာက္ ဘယ္အခ်ိန္မွာ အျပန္အလွန္ထြက္ဆိုရမလဲ ဆိုတာကို ICJ က ဆံုးျဖတ္ဖို႔ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ ၾကားနာစစ္ေဆးမႈကို စၿပီးဆိုရင္ ႐ိုဟင္ဂ်ာေတြကိုယ္တိုင္ ICJ တရား႐ုံးေရွ႕ေမွာက္ ထြက္ဆိုလာႏိုင္ဖို႔ရွိသလို ႐ိုဟင္ဂ်ာအဖြဲ႕အစည္း၊ ကိုယ္စားလွယ္ေတြ၊ ေနာက္ ကုလသမဂၢကြၽမ္းက်င္သူတခ်ိဳ႕လည္း ထြက္ဆိုလာတာကို ေတြ႕ၾကရဖို႔ရွိတယ္လို႔ Micheal Backer ကဆိုပါတယ္။

ျမန္မာအေပၚ ဂ်ီႏိုဆိုက္စြဲခ်က္ကို စီရင္ခ်က္ခ်ဖို႔ ICJ ကျပင္ဆင္မယ့္ အခ်ိန္ကိုေမးၾကည့္ေတာ့ Michael Becker က အခုလိုေျပာပါတယ္။

"တရား႐ုံးက ႏွစ္ဘက္ အျပန္အလွန္ေလွ်ာက္ထားခ်က္ေတြကို ၾကားနာၿပီးၿပီဆိုရင္ အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔ ရွစ္လ ဒါမွမဟုတ္ ကိုးလ အခ်ိန္ ယူမွာျဖစ္ပါတယ္။ ဒီေတာ့ တရားမွ်တမႈရဖို႔အတြက္ အခ်ိန္အၾကာႀကီးကတည္းက ေစာင့္ေနရသူေတြအဖို႔ေတာ့ ICJ တရား႐ုံးေဆာင္႐ြက္မႈဟာ အခ်ိန္အေတာ္ၾကာတယ္လို႔ ထင္ၾကမွာပါ။ တဖက္မွာလည္း ဒီအစီအစဥ္ေတြအားလုံးက ျမန္မာဘက္က တေလွ်ာက္လုံးပါဝင္မယ္လို႔ ယူဆတြက္ခ်က္ထားတာျဖစ္ပါတယ္။"

ဒါဆိုရင္ ICJ တရား႐ုံးမွာ ျမန္မာဘက္က ဆက္ၿပီး ရင္ဆိုင္သြားဖို႔ရွိမရွိ စစ္ေကာင္စီကေရာ ဘယ္လိုရွိမလဲ။ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က အခုလို တုံ႔ျပန္ထားပါတယ္။

" ယတိျပတ္ေျပာဖို႔ ခက္ခဲပါေသးတယ္။ ICJ နဲ႔ ပတ္သက္လို႔အခုလက္ရွိ က်ေနာ္တို႔ လုပ္ေဆာင္ေနတာကေတာ့ ဆက္လုပ္ရမယ့္ကိစၥေတြနဲ႔ ပတ္သက္လို႔ အခ်က္အလက္စုေဆာင္းတာေတြ၊ သတင္းစုေဆာင္းတာေတြ ဒါေတြကိုေတာ့ သက္ဆိုင္ရာေကာ္မတီေတြ လုပ္ေဆာင္ေနပါတယ္။"

ျမန္မာစစ္ေကာင္စီက ပါဝင္မႈမရွိဘူးဆိုရင္ တရားစီရင္ေရး ပုံစံက ဘယ္လိုျဖစ္လာမလဲဆိုတာနဲ႔ ပတ္သက္လို႔ Michael Becker က အခုလို သုံးသပ္ပါတယ္။

"အရင္တုန္းက ဒီလိုမ်ိဳးအလားတူအျဖစ္မ်ိဳးေတြရွိခဲ့ပါတယ္။ ျမန္မာလိုပဲ ICJ ရဲ႕ တရားစီရင္ပိုင္ခြင့္ကို စိန္ေခၚတဲ့အဆင့္မွာ အေရးနိမ့္သြားတဲ့ ႏိုင္ငံေတြဟာ ICJ ရဲ႕ေနာက္ထပ္တရားစီရင္ေရးအဆင့္ေတြမွာ ဆက္ၿပီးပါဝင္ျခင္းမရွိေတာ့ပါဘူး။ ICJ မွာ အမႈကို ဆက္ၿပီးမရင္ဆိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ျမန္မာဘက္က ဆက္ၿပီး မပါေတာ့တဲ့အေျခအေနလည္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနဟာ ICJ က ဆက္ၿပီးစီရင္သြားမယ္အမႈကိုေတာ့ ရပ္တန႔္သြားေစမွာ မဟုတ္ပါဘူး။ ေနာက္ၿပီး ျမန္မာက ထြက္သြားလို႔ ဂမ္ဘီယာက ဂ်ီႏိုဆိုက္အမႈမွာ အလိုအေလ်ာက္ႏိုင္သြားၿပီဆိုတာမ်ိဳးလည္း ျဖစ္လာမွာမဟုတ္ပါဘူး။"

တဖက္မွာလည္း ဂမ္ဘီယာဘက္မွာ ဂ်ီႏိုဆိုက္အမႈအတြက္ တရား႐ုံးမွာ သက္ေသအေထာက္အထားေတြ ဆက္ၿပီး တင္ျပတဲ့ေနရာမွာ စိန္ေခၚမႈေတြအမ်ားႀကီးရွိတယ္လို႔ Michael Becker က ျမင္ပါတယ္။ ဒါေပမယ့္တရားဥပေဒဆိုင္ရာ အျငင္းပြားမႈထက္ ျဖစ္ရပ္မွန္မမွန္ဆိုတဲ့ အခ်က္ကို အျငင္းပြားတဲ့ ဒီလိုအမႈကိစၥမ်ိဳးမွာ ျမန္မာဘက္က လာေရာက္ခုခံေခ်ပတာမ်ိဳးမလုပ္ဘူးဆိုရင္ ဂမ္ဘီယာအတြက္ အမွန္တကယ္ အက်ိဳးအျမတ္ျဖစ္မယ္လို႔ သူက ဆိုပါတယ္။

႐ိုဟင္ဂ်ာေတြဘက္ကေတာ့ ဂမ္ဘီယာႏိုင္ငံရဲ႕ အက်ိဳးေဆာင္ေရွ႕ေနအဖြဲ႕နဲ႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္ သြားမွာျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ႐ိုဟင္ဂ်ာမ်ားအဖြဲ႕ ဥကၠဌ ဦးထြန္းခင္က ဗြီအိုေအကို ေျပာပါတယ္။

" အခုဆိုရင္ ယူေကအစိုးရက ဂမ္ဘီယာက စဲြထားတဲ့ လူမ်ဳိးတုံးအမႈမွာ လိုက္ပါလာၿပီ။ ဂ်ာမနီလည္း ပါလာၿပီ။ အဲလို ကမၻာမွာရွိေနတဲ့ က်န္တဲ့အင္အားႀကီးႏိုင္ငံေတြ လုိက္ပါလာဖို႔ က်ေနာ္တို႔ ရိုဟင္ဂ်ာေတြ ႀကိဳးပမ္းေနပါတယ္။ ေနာက္ၿပီးေတာ့ ဒီအမႈမွာ ရိုဟင္ဂ်ာေတြကိုယ္တိုင္ ထြက္ဆိုလာဖို႔ ရွိမယ္။ ေနာက္ စစ္သားေတြလည္းရွိမယ္။ တျခားနည္းလမ္းေတြနဲ႔ ထြက္ဆိုေပးႏိုင္ေအာင္ ဒီအမႈမွာ ျမန္မာအစိုးရက ရည္ရြယ္ခ်က္ရွိရွိ ရိုဟင္ဂ်ာေတြကို လူမ်ဳိးတုံးသတ္ျဖတ္မႈလုပ္ခဲ့တယ္ဆိုတဲ့ သက္ေသထြက္ဆိုမႈေတြရွိလာႏိုင္ေအာင္ ဂမ္ဘီယာရဲ႕ ေရွ႕ေနအဖဲြ႔နဲ႔ ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။"

တဖက္မွာလည္း ICJ တရား႐ုံးရဲ႕ စီရင္မႈက ႏိုင္ငံတကာေရးရာေတြမွာ အျငင္းပြားေနတဲ့ ျမန္မာႏိုင္ငံကို ဘယ္သူတရားဝင္ကိုယ္စားျပဳသလဲဆိုတဲ့ အခ်က္ေပၚမွာ သက္ေရာက္မႈေတြ ရွိမလား။ Michael Becker ရဲ႕အျမင္ကေတာ့-

"အတိုခ်ဳပ္ေျဖရမယ္ဆိုရင္ သက္ေရာက္မႈမရွိပါဘူး။ တရား႐ုံးအေနနဲ႔ ျမန္မာရဲ႕ ျပည္တြင္းႏိုင္ငံေရးအေျခအေနနဲ႔ ပတ္သက္လို႔ နည္းနည္းပါးပါးေျပာခဲ့ဘူးတာရွိပါတယ္။ ဒါေပမယ့္ တရားစီရင္ေရးကိစၥနဲ႔ေတာ့ တိုက္႐ိုက္ပတ္ မပတ္သက္ပါဘူး။ ဒါေၾကာင့္ ဒီေနရာမွာ ထပ္ၿပီး ေထာက္ျပခ်င္တာက ICJ ဥကၠဌ Joan E. DONOGHUE က ေဖေဖၚဝါရီလတုန္းက ၾကားနာပြဲမွာ ေျပာၾကားခဲ့တဲ့ အခ်က္ပါ။ တရား႐ုံးေရွ႕ေမွာက္ေလွ်ာက္လွဲခ်က္ေပးတဲ့ ႏိုင္ငံေတြအေနနဲ႔ သီးသန႔္ အစိုးရျဖစ္စရာမလိုဘူး ဆိုတဲ့အခ်က္ပါ။ ဒါက တရား႐ုံးအေနနဲ႔ ျပလိုက္တဲ့ အခ်က္ကေတာ့ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳထြက္ဆိုတဲ့ အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ICJ မွာ ထြက္ဆိုျခင္းအားျဖင့္ ႏိုင္ငံေရးအရေရာ၊ တရားဝင္ မႈရွိမရွိ ကိစၥမွာေရာ ဘာမွ ထူးထူးျခားျခားသက္ေရာက္မႈမရွိဘူးဆိုတဲ့ အခ်က္ပါ။ ဂ်ီႏိုဆိုက္က်ဴးလြန္မႈရွိမရွိတဲ့ အမႈကိစၥအေပၚမွာ ၾကားနာဆုံးျဖတ္ရမယ့္ ICJ လုပ္ငန္းစဥ္မွာ အကန႔္အသတ္ေတြနဲ႔ အလြန္ကို တိတိက်က်လုပ္ေဆာင္ရမယ့္ အေျခအေနရွိပါတယ္။ ေနာက္ၿပီး ICJ တရား႐ုံးအေနနဲ႔ တရားဝင္ အစိုးရ ဟုတ္မဟုတ္ဆိုတဲ့ အသိအမွတ္ျပဳေပးတဲ့ ယႏၲရားလည္း မရွိပါဘူး။"

ICJ တရား႐ုံးမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳခြင့္ မရခဲ့တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ အခန္းက႑ကေရာ ဂမ္ဘီယာက စြဲထားတဲ့ ဂ်ီႏိုဆိုက္အမႈမွာ ဘယ္လို ပါဝင္ပတ္သက္လာႏိုင္ဖို႔ရွိမလဲ။ ဦးထြန္းခင္က အခုလို ေျပာပါတယ္။

"NUG အမ်ဳိးသားညီညြတ္ေရးအစိုးရအေနနဲ႔ ICJ တရားရံုးမွာ သက္ေသအျဖစ္ထြက္ဆိုႏိုင္ေျခရွိတယ္ဆိုတာ က်ေနာ္တို႔ သိထားတယ္။ ဒီအမႈမွာ ပါ၀င္ၿပီးေတာ့ သက္ေသထြက္ဆိုျခင္းအားျဖင့္ က်ေနာ္တို႔ႏိုင္ငံမွာ ဒီစစ္တပ္က ရက္ရက္စက္စက္လူမ်ဳိးတုံးသတ္ျဖတ္မႈကို လုပ္ခဲ့တယ္္ဆိုတဲ့ဟာမွာ အမ်ားႀကီးအေထာက္အကူျဖစ္မယ္။ ဒီလို တရားေရးမ႑ိဳင္မွာ အစိုးရတရပ္အေနနဲ႔ ေရွ႕ဆက္ၿပီး ရပ္တည္အလုပ္လုပ္သြားတဲ့ေနရာမွာ ႏိုင္ငံတကာအေနနဲ႔လည္း ယံုၾကည္မႈအမ်ားႀကီးရွိလာမယ္လို႔ က်ေနာ္ေျပာခ်င္တယ္။"

အခုလို ICJ က ျမန္မာအေပၚ ဂ်ီႏိုဆိုက္ စြဲခ်က္ကို လက္ခံလိုက္ခ်ိန္မွာပဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္း က ႐ိုဟင္ဂ်ာေတြအေပၚ ေနာက္ထပ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမျဖစ္ေအာင္ အကာအကြယ္ေပးဖို႔ ICJ တရား႐ုံးက ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီမွာ ခ်မွတ္ထားတဲ့ Provisional measures ၾကားျဖတ္အေရးယူ ေဆာင္႐ြက္ဖို႔ အစီအစဥ္ ေတြ ျမန္မာစစ္ေကာင္စီဘက္ က ဆက္လက္လိုက္နာရမယ့္ တာဝန္ရွိေနပါတယ္။

----------------------

ICJ မှာ မြန်မာအမှု ရှေ့အလားအလာ ဥပဒေရေးရာ သုံးသပ်ချက်


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဆိုတဲ့ ဂမ်ဘီယာရဲ့ စွဲချက်ကို ICJ တရားရုံးက စစ်ဆေးကြားနာသွားမယ့်အချိန်ဟာ လေးနှစ် လောက်ကြာနိုင်ပြီး စစ်တပ်ရဲ့ ရက်စက်ကျူးလွန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာတွေ တရားရုံးရှေ့မှောက် ထွက်ဆိုလာနိုင်ချေရှိတယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင်က ပြောဆိုလိုက်ပါတယ်။
ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို မြန်မာဘက်က ကန့်ကွက်ချက် ရှုံးနိမ့်ခဲ့ပြီးနောက် ဆက်လက်ဖြစ်နိုင်ချေအလားအလာ၊ စစ်ကောင်စီဘက်က လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်အမှုကို ဘယ်လိုဆက်လက်ရင်ဆိုင်သွားမလဲ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခန်းကဏ္ဍကော ဘယ်လိုရှိနိုင်မလဲ စတဲ့ သုံးသပ်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။


နယ်သာလန်နိုင်ငံ the Hague မြို့အခြေစိုက် ICJ ကုလသမဂ္ဂနိုင်ငံတကာတရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က မြန်မာရဲ့ ကနဦးကန့်ကွက်ချက် လေးချက်စလုံးကို ပယ်ချခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဆိုတဲ့ ဂမ်ဘီယာရဲ့ စွဲချက်ကို ICJ တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး မြန်မာရဲ့ ကန့်ကွက်လျှောက်ထားချက်အပေါ်မှာ စီရင်ချက်ချဖို့ အချိန် သုံးနှစ်ကြာခဲ့ပါတယ်။

မြန်မာရဲ့ ကန့်ကွက်ချက် လေးချက်လုံးကို ပယ်ချခဲ့တဲ့ ICJ တရားသူကြီးတွေထဲမှာ မြန်မာဘက်က အဆိုပြုထားတဲ့ တရားသူကြီးတောင် ပါဝင်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker က ပြောပါတယ်။ လေးချက်စလုံးပယ်ခဲ့တဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက် နှစ်ချက်ရှိတယ်လို့ သူက အခုလိုပြောပါတယ်။

"ဗွီအိုအေ ပရိသတ်တွေအနေနဲ့ မှတ်မိကြမှာပါ။ မြန်မာရဲ့ကန့်ကွက်ချက် တချက်ကတော့ ဂမ်ဘီယာဟာ OIC ရဲ့ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့အချက်ပါ။ OIC အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုတာ အစိုးရအချင်းချင်းညှိုနှိုင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ အငြင်းပွားစရာမရှိပါဘူး။ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုမှာ OIC က ပံ့ပိုးကူညီနေတာ၊ ရန်ပုံငွေထောက်ပံ့နေတာ အမှန်ပါပဲ။ ဒါပေမယ့် မြန်မာရဲ့ ကန့်ကွက်ချက်က ဂမ်ဘီယာဟာ OIC ရဲ့ proxy ကြားခံဆောင်ရွက်ပေးနေတာဖြစ်ပြီးတော့ အမှုမှာ အမှန်တကယ်လျှောက်ထားတဲ့ နိုင်ငံမဟုတ်တာကြောင့် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ မြန်မာက ကန့်ကွက်ခဲ့တာပါ။ ဒါပေမယ့် ICJ က အရင်နှစ်ပေါင်းကြာမြင့်စွာကတည်းက ရှိခဲ့တဲ့ တရားရုံးရဲ့ ရပ်တည်ချက်ကို ထပ်မံအတည်ပြုလိုက်ပါတယ်။ ဒါကတော့ တရားသူကြီးအားလုံးဟာ ဒီကန့်ကွက်ချက်ကို ပယ်ချခဲ့တာပါ။ တရားရုံးအနေနဲ့ နိုင်ငံတနိုင်ငံရဲ့ တရားစွဲဆိုအမှုဖွင့်ဖို့ ဆုံးဖြတ်ချက်နောက်ကွယ်က တွန်းအားတွေ၊ ပံ့ပိုးမှုတွေကို စိတ်မဝင်စားဘူးဆိုတာကို ပြလိုက်တာပါ။ ဒီနေရာမှာ အကြောင်းအရာအားလုံးဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာရှိတဲ့ ဂမ်ဘီယာအနေနဲ့ ကျင့်ဝတ်အတိုင်း ဒီအမှုကို ICJ ကို စွဲတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။"


Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။

ICJ တရားသူကြီး ၁၆ ဦးရှိရာမှာ တရုတ် တရားသူကြီး Xue (ရှုအက်) တယောက်ပဲ ထောက်ခံခဲ့တဲ့ မြန်မာရဲ့ ကန့်ကွက်ချက်တချက်နဲ့ပတ်သက်လို့လည်း Michael Becker ကအခုလိုပြောပါတယ်။

" မြန်မာအနေနဲ့ နောက်ထပ် ကန့်ကွက်ခဲ့တဲ့ အချက်တခုကို အကျဉ်းချုံးပြောရရင် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်မှာ ဂမ်ဘီယာနိုင်ငံဟာ တိုက်ရိုက် ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် နစ်နာတဲ့ နိုင်ငံမဟုတ်ဘူးလို့ မြန်မာဘက်က ချေပတာရှိပါတယ်။ မြန်မာဘက်က ရှေ့နေတွေက ထောက်ပြချက်က ကိုယ်တိုင်ခံရသူမဟုတ်ပဲ ဂမ်ဘီယာက တရားစွဲဆိုခွင့်မရှိဘူးဆိုတဲ့ အချက်ပါ။ ဒါကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ ဂမ်ဘီယာအနေနဲ့ မြန်မာဘက်ကပြောသလို တနည်းနည်းနဲ့ သူတို့ကို အထူးထိခိုက်တယ်ဆိုတာ ပြသဖို့ မလိုဘူးဆိုတာကို တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ဒါအပြင် ICJ တရားရုံးက အကြောင်းပြချက်ပေးခဲ့တာက ဂျီနိုဆိုက် ကွန်ဗန်ရှင်း စာချုပ်မှာ ပါဝင်တဲ့ နိုင်ငံအားလုံးအနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေအတိုင်း ကြိုးပမ်းလိုက်နာဖို့ ဘုံအကျိုးစီးပွားကို ဖန်တီးပေးထားတာဖြစ်ပြီး ဂမ်ဘီယာလို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ကြိုးပမ်းခွင့်ရှိနေတာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ရေး သဘောတူစာချုပ်ပါ စည်းမည်းစည်းကမ်းချက်တွေနဲ့အညီ မြန်မာကို စွဲဆိုတဲ့အမှုကို ICJ ကို တင်သွင်းခဲ့တာဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ဒီအချက်ကို တရားသူကြီး ၁၆ ဦးထဲက ၁၅ ဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်မဲပေးခဲ့သူတဦးကတော့ တရုတ်နိုင်ငံက တရားသူကြီး Xue (ရှုအက်)ဖြစ်ပါတယ်။"

ဒါဆိုရင် ဂမ်ဘီယာက စွဲတင်ထားတဲ့အမှုကို ICJ ဆက်ပြီး စစ်ဆေးသွားမယ့်ကိစ္စမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ICJ တရားရုံးက လာမယ့်နှစ် ၂၀၂၃ ဧပြီလ ၂၄ ရက်နေ့ နောက်ဆုံးရက်အဖြစ်သတ်မှတ်ပြီး မြန်မာအနေနဲ့ ပြန်လည်ချေပလျှောက်လှဲချက်တင်သွင်းဖို့ အမိန့်ချမှတ်ထားပါတယ်။
တကယ်လို့ မြန်မာစစ်ကောင်စီဘက်က သတ်မှတ်ထားတဲ့အတိုင်း နောင်နှစ်ဧပြီမှာ ခုခံချေပချက်တွေကို တင်သွင်းမယ်ဆိုရင် နောက်တဆင့်အနေနဲ့ ICJ တရားရုံးလုပ်ထုံးလုပ်နည်းအတိုင်း ဒုတိယ အကျော့ ခုခံချေပချက်တွေကို တင်သွင်းဖို့ အမိန့်ချမှတ်မှာဖြစ်တယ်လို့ Micheal Backer ကပြောပါတယ်။ ၂၀၂၄ ခုနှစ်လောက်မှာ ဂမ်ဘီယာနဲ့ မြန်မာနှစ်ဘက် တရားရုံးရှေ့မှောက် ဘယ်အချိန်မှာ အပြန်အလှန်ထွက်ဆိုရမလဲ ဆိုတာကို ICJ က ဆုံးဖြတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကြားနာစစ်ဆေးမှုကို စပြီးဆိုရင် ရိုဟင်ဂျာတွေကိုယ်တိုင် ICJ တရားရုံးရှေ့မှောက် ထွက်ဆိုလာနိုင်ဖို့ရှိသလို ရိုဟင်ဂျာအဖွဲ့အစည်း၊ ကိုယ်စားလှယ်တွေ၊ နောက် ကုလသမဂ္ဂကျွမ်းကျင်သူတချို့လည်း ထွက်ဆိုလာတာကို တွေ့ကြရဖို့ရှိတယ်လို့ Micheal Backer ကဆိုပါတယ်။

မြန်မာအပေါ် ဂျီနိုဆိုက်စွဲချက်ကို စီရင်ချက်ချဖို့ ICJ ကပြင်ဆင်မယ့် အချိန်ကိုမေးကြည့်တော့ Michael Becker က အခုလိုပြောပါတယ်။

"တရားရုံးက နှစ်ဘက် အပြန်အလှန်လျှောက်ထားချက်တွေကို ကြားနာပြီးပြီဆိုရင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ဖို့ ရှစ်လ ဒါမှမဟုတ် ကိုးလ အချိန် ယူမှာဖြစ်ပါတယ်။ ဒီတော့ တရားမျှတမှုရဖို့အတွက် အချိန်အကြာကြီးကတည်းက စောင့်နေရသူတွေအဖို့တော့ ICJ တရားရုံးဆောင်ရွက်မှုဟာ အချိန်အတော်ကြာတယ်လို့ ထင်ကြမှာပါ။ တဖက်မှာလည်း ဒီအစီအစဉ်တွေအားလုံးက မြန်မာဘက်က တလျှောက်လုံးပါဝင်မယ်လို့ ယူဆတွက်ချက်ထားတာဖြစ်ပါတယ်။"

ဒါဆိုရင် ICJ တရားရုံးမှာ မြန်မာဘက်က ဆက်ပြီး ရင်ဆိုင်သွားဖို့ရှိမရှိ စစ်ကောင်စီကရော ဘယ်လိုရှိမလဲ။ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က အခုလို တုံ့ပြန်ထားပါတယ်။

" ယတိပြတ်ပြောဖို့ ခက်ခဲပါသေးတယ်။ ICJ နဲ့ ပတ်သက်လို့အခုလက်ရှိ ကျနော်တို့ လုပ်ဆောင်နေတာကတော့ ဆက်လုပ်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ အချက်အလက်စုဆောင်းတာတွေ၊ သတင်းစုဆောင်းတာတွေ ဒါတွေကိုတော့ သက်ဆိုင်ရာကော်မတီတွေ လုပ်ဆောင်နေပါတယ်။"

မြန်မာစစ်ကောင်စီက ပါဝင်မှုမရှိဘူးဆိုရင် တရားစီရင်ရေး ပုံစံက ဘယ်လိုဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်လို့ Michael Becker က အခုလို သုံးသပ်ပါတယ်။

"အရင်တုန်းက ဒီလိုမျိုးအလားတူအဖြစ်မျိုးတွေရှိခဲ့ပါတယ်။ မြန်မာလိုပဲ ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို စိန်ခေါ်တဲ့အဆင့်မှာ အရေးနိမ့်သွားတဲ့ နိုင်ငံတွေဟာ ICJ ရဲ့နောက်ထပ်တရားစီရင်ရေးအဆင့်တွေမှာ ဆက်ပြီးပါဝင်ခြင်းမရှိတော့ပါဘူး။ ICJ မှာ အမှုကို ဆက်ပြီးမရင်ဆိုင်တော့ပါဘူး။ ဒါကြောင့် မြန်မာဘက်က ဆက်ပြီး မပါတော့တဲ့အခြေအနေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ ICJ က ဆက်ပြီးစီရင်သွားမယ်အမှုကိုတော့ ရပ်တန့်သွားစေမှာ မဟုတ်ပါဘူး။ နောက်ပြီး မြန်မာက ထွက်သွားလို့ ဂမ်ဘီယာက ဂျီနိုဆိုက်အမှုမှာ အလိုအလျောက်နိုင်သွားပြီဆိုတာမျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။"

တဖက်မှာလည်း ဂမ်ဘီယာဘက်မှာ ဂျီနိုဆိုက်အမှုအတွက် တရားရုံးမှာ သက်သေအထောက်အထားတွေ ဆက်ပြီး တင်ပြတဲ့နေရာမှာ စိန်ခေါ်မှုတွေအများကြီးရှိတယ်လို့ Michael Becker က မြင်ပါတယ်။ ဒါပေမယ့်တရားဥပဒေဆိုင်ရာ အငြင်းပွားမှုထက် ဖြစ်ရပ်မှန်မမှန်ဆိုတဲ့ အချက်ကို အငြင်းပွားတဲ့ ဒီလိုအမှုကိစ္စမျိုးမှာ မြန်မာဘက်က လာရောက်ခုခံချေပတာမျိုးမလုပ်ဘူးဆိုရင် ဂမ်ဘီယာအတွက် အမှန်တကယ် အကျိုးအမြတ်ဖြစ်မယ်လို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာတွေဘက်ကတော့ ဂမ်ဘီယာနိုင်ငံရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။

" အခုဆိုရင် ယူကေအစိုးရက ဂမ်ဘီယာက စွဲထားတဲ့ လူမျိုးတုံးအမှုမှာ လိုက်ပါလာပြီ။ ဂျာမနီလည်း ပါလာပြီ။ အဲလို ကမ္ဘာမှာရှိနေတဲ့ ကျန်တဲ့အင်အားကြီးနိုင်ငံတွေ လိုက်ပါလာဖို့ ကျနော်တို့ ရိုဟင်ဂျာတွေ ကြိုးပမ်းနေပါတယ်။ နောက်ပြီးတော့ ဒီအမှုမှာ ရိုဟင်ဂျာတွေကိုယ်တိုင် ထွက်ဆိုလာဖို့ ရှိမယ်။ နောက် စစ်သားတွေလည်းရှိမယ်။ တခြားနည်းလမ်းတွေနဲ့ ထွက်ဆိုပေးနိုင်အောင် ဒီအမှုမှာ မြန်မာအစိုးရက ရည်ရွယ်ချက်ရှိရှိ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ သက်သေထွက်ဆိုမှုတွေရှိလာနိုင်အောင် ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။"

တဖက်မှာလည်း ICJ တရားရုံးရဲ့ စီရင်မှုက နိုင်ငံတကာရေးရာတွေမှာ အငြင်းပွားနေတဲ့ မြန်မာနိုင်ငံကို ဘယ်သူတရားဝင်ကိုယ်စားပြုသလဲဆိုတဲ့ အချက်ပေါ်မှာ သက်ရောက်မှုတွေ ရှိမလား။ Michael Becker ရဲ့အမြင်ကတော့-

"အတိုချုပ်ဖြေရမယ်ဆိုရင် သက်ရောက်မှုမရှိပါဘူး။ တရားရုံးအနေနဲ့ မြန်မာရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ နည်းနည်းပါးပါးပြောခဲ့ဘူးတာရှိပါတယ်။ ဒါပေမယ့် တရားစီရင်ရေးကိစ္စနဲ့တော့ တိုက်ရိုက်ပတ် မပတ်သက်ပါဘူး။ ဒါကြောင့် ဒီနေရာမှာ ထပ်ပြီး ထောက်ပြချင်တာက ICJ ဥက္ကဌ Joan E. DONOGHUE က ဖေဖေါ်ဝါရီလတုန်းက ကြားနာပွဲမှာ ပြောကြားခဲ့တဲ့ အချက်ပါ။ တရားရုံးရှေ့မှောက်လျှောက်လှဲချက်ပေးတဲ့ နိုင်ငံတွေအနေနဲ့ သီးသန့် အစိုးရဖြစ်စရာမလိုဘူး ဆိုတဲ့အချက်ပါ။ ဒါက တရားရုံးအနေနဲ့ ပြလိုက်တဲ့ အချက်ကတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုထွက်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ICJ မှာ ထွက်ဆိုခြင်းအားဖြင့် နိုင်ငံရေးအရရော၊ တရားဝင် မှုရှိမရှိ ကိစ္စမှာရော ဘာမှ ထူးထူးခြားခြားသက်ရောက်မှုမရှိဘူးဆိုတဲ့ အချက်ပါ။ ဂျီနိုဆိုက်ကျူးလွန်မှုရှိမရှိတဲ့ အမှုကိစ္စအပေါ်မှာ ကြားနာဆုံးဖြတ်ရမယ့် ICJ လုပ်ငန်းစဉ်မှာ အကန့်အသတ်တွေနဲ့ အလွန်ကို တိတိကျကျလုပ်ဆောင်ရမယ့် အခြေအနေရှိပါတယ်။ နောက်ပြီး ICJ တရားရုံးအနေနဲ့ တရားဝင် အစိုးရ ဟုတ်မဟုတ်ဆိုတဲ့ အသိအမှတ်ပြုပေးတဲ့ ယန္တရားလည်း မရှိပါဘူး။"

ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မရခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခန်းကဏ္ဍကရော ဂမ်ဘီယာက စွဲထားတဲ့ ဂျီနိုဆိုက်အမှုမှာ ဘယ်လို ပါဝင်ပတ်သက်လာနိုင်ဖို့ရှိမလဲ။ ဦးထွန်းခင်က အခုလို ပြောပါတယ်။

"NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ICJ တရားရုံးမှာ သက်သေအဖြစ်ထွက်ဆိုနိုင်ခြေရှိတယ်ဆိုတာ ကျနော်တို့ သိထားတယ်။ ဒီအမှုမှာ ပါဝင်ပြီးတော့ သက်သေထွက်ဆိုခြင်းအားဖြင့် ကျနော်တို့နိုင်ငံမှာ ဒီစစ်တပ်က ရက်ရက်စက်စက်လူမျိုးတုံးသတ်ဖြတ်မှုကို လုပ်ခဲ့တယ်ဆိုတဲ့ဟာမှာ အများကြီးအထောက်အကူဖြစ်မယ်။ ဒီလို တရားရေးမဏ္ဍိုင်မှာ အစိုးရတရပ်အနေနဲ့ ရှေ့ဆက်ပြီး ရပ်တည်အလုပ်လုပ်သွားတဲ့နေရာမှာ နိုင်ငံတကာအနေနဲ့လည်း ယုံကြည်မှုအများကြီးရှိလာမယ်လို့ ကျနော်ပြောချင်တယ်။"

အခုလို ICJ က မြန်မာအပေါ် ဂျီနိုဆိုက် စွဲချက်ကို လက်ခံလိုက်ချိန်မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း က ရိုဟင်ဂျာတွေအပေါ် နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်မှုမဖြစ်အောင် အကာအကွယ်ပေးဖို့ ICJ တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာ ချမှတ်ထားတဲ့ Provisional measures ကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ အစီအစဉ် တွေ မြန်မာစစ်ကောင်စီဘက် က ဆက်လက်လိုက်နာရမယ့် တာဝန်ရှိနေပါတယ်။

XS
SM
MD
LG