သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေးအခြေအနေ အထွေထွေညီလာခံမှာ သမ္မတ Biden ထောက်ပြ


သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းပြောစဉ် ( 21 SEP 2022 WED )
သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းပြောစဉ် ( 21 SEP 2022 WED )

[[ ZAWGYI / UNICODE ]]

မြန်မာ့ လူ့အခွင့်အရေးအခြေအနေ အထွေထွေညီလာခံမှာ သမ္မတ Biden ထောက်ပြ

အမေရိကန်သမ္မတ Joe Biden ရဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ထည့်သွင်းပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်အာဏာပိုင်တွေရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုတွေ၊ အာဖဂနစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်လာနေပါတယ်။” လို့ သမ္မတဘိုင်ဒင် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမိန့်ခွန်းမှာ ပြောကြားသွားတာပါ။

နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်ကစ ပြဌာန်းခဲ့ပြီး လူတိုင်းအခြေခံ အခွင့်အရေးတွေ တန်းတူရရှိရေး ကြိုးစားနေပေမဲ့ ဒီကနေ့ အချိန်အထိ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရဆဲဖြစ်ကြောင်း သမ္မတက ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ ဝီဂါမွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေကို ကုလသမဂ္ဂနဲ့ အမေရိကန်က မှတ်တမ်း ပြုစုထားကြောင်းလည်း ပြောပါတယ်။ အခြေခံ လူ့အခွင့်အရေးအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြတဲ့ အီရန်နိုင်ငံသားတွေ၊ အမျိုးသမီးတွေနဲ့ အတူရပ်တည်ကြောင်းလည်း ပြောခဲ့တာပါ။

နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမိန့်ခွန်းမှာ မြန်မာနိုင်ငံအရေး ထည့်သွင်းပြောဆိုကြတဲ့ အထဲမှာ နိုင်ဂျီးရီးယား သမ္မတကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ခွင့်ရရေး ဗုဒ္ဓဟူးနေ့က ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}

မွနျမာ့ လူ့အခှင့ျအရေးအခွအေနေ အထှထှေညေီလာခံမှာ သမ်မတ Biden ထောကျပွ






XS
SM
MD
LG