သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္အတြက္ အရန္တပ္ဖြဲ႕ဝင္ေခၚယူေရး ႐ုရွားႏိုင္ငံအႏွံ႔ ကန႔္ကြက္ ဆႏၵျပ


Russia Ukraine Invasion

[[ ZAWGYI / UNICODE ]]

ယူကရိန္းစစ္အတြက္ အရန္တပ္ဖြဲ႕ဝင္ေခၚယူေရး ႐ုရွားႏိုင္ငံအႏွံ႔ ကန႔္ကြက္ ဆႏၵျပ

ယူကရိန္းႏိုင္ငံမွာတိုက္ဖို႔ အရန္တပ္ဖြဲ႕ဝင္ေတြ ေခၚယူမယ့္ ႐ုရွားသမၼတ Vladimir Putin ရဲ႕ အစီအစဥ္ကို ဆန႔္က်င္ဆႏၵျပပြဲေတြ ႏိုင္ငံအႏွံ႔ ေပၚေပါက္ခဲ့ရာက ဖမ္းဆီးခံရသူ ၁၃၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕လုပ္ငန္းေတြကို ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ OVD-Info အဖြဲ႕က ေျပာလိုက္ပါတယ္။

႐ုရွားသမၼတရဲ႕ မိန႔္ခြန္းအၿပီး ၿမိဳ႕ေပါင္း ၃၈ ၿမိဳ႕မွာ ဆႏၵျပပြဲေတြ ျဖစ္ပြားခဲ့ၿပီး ဖမ္းဆီးခံရသူ အနည္းဆုံး ၁၃၃၂ ေယာက္ ရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။ ေဖေဖာ္ဝါရီလမွာ ယူကရိန္းကို ႐ုရွားက်ဳးေက်ာ္မႈ စတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားမွာ ဒီတႀကိမ္ဆႏၵျပပြဲဟာ အႀကီးဆုံးလည္း ျဖစ္ပါတယ္။ တရားမဝင္ စုေဝးမႈေတြကို ႏွိမ္နင္းခဲ့ေၾကာင္း ႐ုရွားျပည္ထဲေရး ဝန္ႀကီးဌာနရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ုရွား Interfax သတင္းေအဂ်င္စီက ေဖာ္ျပခဲ့တာပါ။

ဆႏၵျပပြဲေတြကို ဟန႔္တားႏိုင္ခဲ့ၿပီး စည္းကမ္းခ်ိဳးေဖာက္သူေတြကို ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး စစ္ေဆးေမးျမန္းဖို႔ ေခၚယူသြားေၾကာင္းလည္း သတင္းမွာ ေဖာ္ျပပါတယ္။ ယူကရိန္းမွာ စစ္ေရးအရ နည္းလမ္းေပါင္းစုံသုံးမယ့္အေၾကာင္း ႐ုရွားသမၼတက သတိေပးေျပာၾကားအၿပီးမွာပဲ ကာကြယ္ေရးဝန္ႀကီး Sergei Shoigu ကလည္း ကနဦး အစီအစဥ္အျဖစ္ အရန္တပ္ဖြဲ႕ဝင္ ၃ သိန္း ေခၚယူမယ့္အေၾကာင္း ဗုဒၶဟူးေန႔မွာပဲ ေျပာခဲ့တာပါ။

စစ္ေရးပဋိပကၡမွာ မပါဝင္လိုတဲ့သူေတြ ရွိေနခ်ိန္မွာပဲ ဒီသီတင္းပတ္ထဲ ႐ုရွားႏိုင္ငံက ထြက္ခြာမယ့္ ေလယာဥ္ခရီးစဥ္ေတြမွာ ႀကိဳတင္လက္မွတ္ေတြ အားလုံးနီးပါး ေရာင္းခ်ထားၿပီးျဖစ္ေၾကာင္း ေလေၾကာင္းလိုင္းေတြနဲ႔ ခရီးသြားလုပ္ငန္းက အခ်က္အလက္ေတြမွာ ေတြ႕ရပါတယ္။

=================

{{ UNICODE }}

ယူကရိန်းစစ်အတွက် အရန်တပ်ဖွဲ့ဝင်ခေါ်ယူရေး ရုရှားနိုင်ငံအနှံ့ ကန့်ကွက် ဆန္ဒပြ

ယူကရိန်းနိုင်ငံမှာတိုက်ဖို့ အရန်တပ်ဖွဲ့ဝင်တွေ ခေါ်ယူမယ့် ရုရှားသမ္မတ Vladimir Putin ရဲ့ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ရာက ဖမ်းဆီးခံရသူ ၁၃၀၀ ကျော် ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့လုပ်ငန်းတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ OVD-Info အဖွဲ့က ပြောလိုက်ပါတယ်။

ရုရှားသမ္မတရဲ့ မိန့်ခွန်းအပြီး မြို့ပေါင်း ၃၈ မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၁၃၃၂ ယောက် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားကျုးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားမှာ ဒီတကြိမ်ဆန္ဒပြပွဲဟာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ တရားမဝင် စုဝေးမှုတွေကို နှိမ်နင်းခဲ့ကြောင်း ရုရှားပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှား Interfax သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။

ဆန္ဒပြပွဲတွေကို ဟန့်တားနိုင်ခဲ့ပြီး စည်းကမ်းချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ယူသွားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။ ယူကရိန်းမှာ စစ်ရေးအရ နည်းလမ်းပေါင်းစုံသုံးမယ့်အကြောင်း ရုရှားသမ္မတက သတိပေးပြောကြားအပြီးမှာပဲ ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း ကနဦး အစီအစဉ်အဖြစ် အရန်တပ်ဖွဲ့ဝင် ၃ သိန်း ခေါ်ယူမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ပြောခဲ့တာပါ။

စစ်ရေးပဋိပက္ခမှာ မပါဝင်လိုတဲ့သူတွေ ရှိနေချိန်မှာပဲ ဒီသီတင်းပတ်ထဲ ရုရှားနိုင်ငံက ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်တွေမှာ ကြိုတင်လက်မှတ်တွေ အားလုံးနီးပါး ရောင်းချထားပြီးဖြစ်ကြောင်း လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းက အချက်အလက်တွေမှာ တွေ့ရပါတယ်။

XS
SM
MD
LG