သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟာရီကိန္း အိယန္ ေဒသခံျမန္မာတခ်ိဳ႕ အေတ႔ြအၾကံဳ


ဟာရီကိန္းမုန္တိုင္းေၾကာင့္ ဖေလာ္ရီဒါျပည္နယ္ Fort Myers ကမ္းေျခၿမဳိ႕မွာ ျမင္ရတဲ့ အေပ်ာ္စီးဘုတ္ အပ်က္အစီးပုံ Sept. 30, 2022.

[[ ZAWGYI / UNICODE ]]

ဟာရီကိန္း အိယန္ ေဒသခံျမန္မာတခ်ိဳ႕ အေတ႔ြအၾကံဳ

အေမရိကန္ အေရွ႕ေတာင္ပိုင္း ဖေလာ္ရီဒါျပည္နယ္ကို ဗုဒၶဟူးေန႔က ဝင္ေရာက္သြားတဲ့ IAN ဟာရီကိန္းမုန္တိုင္းေၾကာင့္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းေတြကို ျပည္နယ္အစိုးရက အျမန္ဆုံး ျပန္လုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကေပမဲ့ ၊ ေလာေလာဆယ္ ေဒသတြင္း ခရီးသြားလုပ္ငန္း ထိခိုက္ႏိုင္တယ္လို႔ အဲဒီေဒသမွာေနထိုင္တဲ့ ျမန္မာႏြယ္ဖြားတခ်ဳိ႕က VOA ကိုေျပာပါတယ္။ ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။


မုန္တိုင္းအႏၲရာယ္ သတိေပးေၾကညာခ်က္ ထုတ္ျပန္ထားတဲ့ ဖေလာ္ရီဒါျပည္နယ္မွာ တခ်ိဳ႕ၿမိဳ႕နယ္ေတြဆိုရင္ အဂၤါေန႔မွာကတည္းက မိုးသည္းထန္ ေရလႊမ္းမိုးမႈရွိခဲ့ၿပီး ဗုဒၶဟူးေန႔မွာေတာ့ IAN ဟာရီကိန္းမုန္တိုင္းက Fort Myers ဆိုတဲ့ ကမ္းေျခၿမိဳ႕ကို အဓိက ဝင္ေရာက္ေမႊေႏွာက္သြားခဲ့တာပါ။ အပန္းေျဖကမ္းေျခေဒသျဖစ္တဲ့ Fort Myers ျမဳိ႕က စီးပြားေရးလုပ္ငန္း အေတာ္မ်ားမ်ား ထိခိုက္ခဲ့ရတယ္လို႔ အဲဒီ ၿမိဳ႕မွာ ေနထိုင္တဲ့ ကိုေအာင္ၾကည္က VOA ကို ေျပာပါတယ္။

" Fort Myers ဘိခ်္ဆိုတာက ဧည့္သည္ေတြ တအား လာလည္တဲ့ေနရာေလ။ အဲဒီမွာရွိတဲ့ စားေသာက္ဆုိင္ေတြ တိုက္ခန္းကြန္ဒိုေတြ အားလုံးနီးပါး ပ်က္စီးကုန္တာ။ ေရေတြျမဳပ္ကုန္လို႔။ မုန္တိုင္းေၾကာင့္ လႈိင္းလုံးေတြက ၈ ေပကေန ၁၂ ေပေလာက္ထိ တက္လာတာဆုိေတာ့ အဲဒီကမ္းေျခတဝိုက္ အေတာ္ပ်က္စီးသြားတယ္။ ၿပီးရင္ ငါးမွ်ားတဲ့ ေရေဘာင္ေတြဆိုလည္း ပ်က္စီးကုန္တယ္။ ေနာက္ၿပီး က်ေနာ္တုိ႔ Fort Myers ၿမဳိ႕နဲ႔ ဆက္သြယ္ေနတဲ့ Sanibel ကၽြန္းဖက္ ဆိုရင္လည္း အဲဒီကၽြန္းကို ဆက္သြယ္ထားတဲ့ တံတားႀကီးရွိတယ္၊ ၃ မိုင္ေလာက္ရွည္တာ အဲဒီတံတားဆိုလည္း ၃ ပိုင္းေလာက္ ျပတ္သြားတယ္။ ေနာက္ပိုင္း ေရအားနဲ႔ ေရထဲေျမာသြားတယ္လို႔ သတင္းမွာေတြ႔ရတယ္။ အခုလိုျဖစ္သြားေတာ့ က်ေနာ္တို႔ၿမဳိ႕မွာ ခရီးသြားလုပ္ငန္း ထိခိုက္ႏိုင္တယ္။ ဘာလို႔ဆိုေတာ့ က်ေနာ္တုိ႔ ဖေလာ္ရီဒါ အေနာက္ေတာင္ပိုင္းက ဧည့္သည္ေတြ အမ်ားႀကီးလာၾကတာေလ။ "

တနာရီ မိုင္(၁၅၀)ေက်ာ္ႏႈန္းနဲ႔ Fort Myers ၿမိဳ႕ကို ဝင္ေရာက္လာတဲ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္ ၂ ရက္နီးပါး လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ရၿပီး၊ ေသာၾကာေန႔ မုန္တိုင္းလြန္ၿပီးသြားခ်ိန္ တခ်ိဳ႕ေနရာေတြမွာ လွ်ပ္စစ္မီး ျပန္ရေနၿပီဆိုေပမဲ့ ကားလမ္းမက မီးပြိဳင့္ေတြမွာ လွ်ပ္စစ္မီး မရွိတဲ့အတြက္ အစားအေသာက္ရရွိဖို႔ ေဈးဝယ္ထြက္သူေတြ လမ္းမွာ အခက္ခဲႀကဳံေနရပုံကိုလည္း ဦးေအာင္ၾကည္က VOA ကို ေျပာပါတယ္။

" Fort Myers တၿမိဳ႕လုံးမွာ မီးမရၾကေသးဘူး။ က်ေနာ္ ဒီေန႔ မနက္မွာေတာင္ ေဆးလိုခ်င္တာရွိလို႔ Costco လက္ကားဆုိင္ႀကီးကို သြားတယ္ေလ။ ကားေမာင္းသြားေတာ့ လမ္းမွာ မီးပိြဳင့္က လွ်ပ္စစ္မီး မရေတာ့ ဘာမွ မျပဘူးေလ။ အဲဒီခါက်ေတာ့ ကားေတြအကုန္လုံးက တဘီးခ်င္းလွိမ့္ၿပီး ျဖည္းျဖည္းခ်င္း ေလးဖက္ေလးတန္က အလွည့္က် သြားေနရတာ၊ အရမ္းၾကာလိုက္တာ ၿပီးေရာပဲ။ "

Fort Myers ၿမိဳ႕နဲ႔ မိုင္(၁၀၀)ေက်ာ္ ေဝးတဲ့ Tampa ျမဳိ႕ကိုေတာ့ ဟာရီကိန္းမုန္တိုင္း အဖ်ားခတ္သြားခဲ့ၿပီး အပ်က္အစီးေတြ ရွိသလို၊ တခ်ဳိ႕ေနရာေတြမွာ ခုထိ လွ်ပ္စစ္မီး မရေသးဘူးလို႔ သိရပါတယ္။ မုန္တိုင္းအႏၲရယ္ေၾကာင့္ အနည္းဆုံး လူ(၃)သိန္းေလာက္ ေဘးလြန္ရာကို တိမ္းေရွာင္သြားၾကတယ္လို႔ Tampa ျမဳိ႕မွာေနတဲ့ ကိုေအာင္ျမတ္သူက ေျပာပါတယ္။

" မုန္တုိင္းက ဗုဒၶဟူးေန႔ ညေနမွာဝင္တာ။ ဒါေပမဲ့ တနလၤာေန႔မွာကတည္းက ေရဝယ္လို႔ မရေတာ့ဘူး။ အဂၤါေန႔တုန္းကဆိုရင္ ဆုိင္ေတြအကုန္ပိတ္ကုန္တာ ပစၥည္းေတြ ျပတ္ကုန္ေရာ။ ဝင္လာတဲ့ မုန္တုိင္းပမာဏက ႀကီးေတာ့ ..မုန္တိုင္း တုိက္တဲ့အခ်ိန္က နာရီ(၂၀)ဝန္းက်င္ေလာက္ ရွိတယ္လို႔ ခံစားရတယ္။ Tampa ၿမဳိ႕မွာ အေရးေပၚကယ္ဆယ္ ရွာေဖြေရးလုပ္ဖို႔ အမ်ဳိးသားအရံတပ္ဖြဲ႔ဝင္ ၅၀၀၀ ေလာက္ခ်ထားတယ္။ အျခားျပည္နယ္ေတြကေနလည္း ၂၀၀၀ ေလာက္ အဆင္သင့္ ျပင္ထားခိုင္းတယ္။ မုန္တိုင္းမလာခင္ေန႔ ေတြမွာေပါ့။ မုန္တုိင္းေဘး ေရွာင္ဖုိ႔အတြက္ ဒီ တမ္ပါ-ၿမဳိ႕ကေန ထြက္ခြာသြားတဲ့ ေဒသခံ(၃)သိန္းဝန္းက်င္ေလာက္ ရွိလိမ့္မယ္။ "

ဖေလာ္ရီဒါျပည္နယ္ကို ဝင္ေရာက္သြားတဲ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္ ခုခ်ိန္ထိ အနည္းဆုံး လူ(၂၁)ဦးေသးဆုံးခဲ့ရတယ္လို႔ အမ်ဳိးသားဟာရီကန္းစင္တာက သတင္းထုတ္ျပန္ထားပါတယ္။ အဓိကအားျဖင့္ ဖေလာ္ရီဒါ အပါအဝင္ ေတာင္ကယ္႐ိုလိုင္းနား၊ ေျမာက္ကယ္႐ိုလိုင္းနား ျပည္နယ္ေတြမွာ လူ(၂)သန္းေလာက္ လွ်ပ္စစ္မီး ျပတ္ေတာက္ေနဆဲ ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

လတ္တေလာမွာေတာ့ IAN ဟာရီကိန္းမုန္တိုင္းဟာ ဖေလာ္ရီဒါျပည္နယ္နဲ႔ကပ္လ်က္ ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ကို ေလတိုုက္ႏႈန္း တနာရီ(၈၅)မိုင္ႏႈန္းနဲ႔ ဝင္ေရာက္ေနၿပီး ၊ ေရႀကီးတာ ေလျပင္းတိုုက္တာေတြ ၾကဳံႏိုင္တယ္လို႔ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ဟာရီကိန်း အိယန် ဒေသခံမြန်မာတချို့ အတေ့ွအကြုံ

အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်သွားတဲ့ IAN ဟာရီကိန်းမုန်တိုင်းကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ပြည်နယ်အစိုးရက အမြန်ဆုံး ပြန်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပေမဲ့ ၊ လောလောဆယ် ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်နိုင်တယ်လို့ အဲဒီဒေသမှာနေထိုင်တဲ့ မြန်မာနွယ်ဖွားတချို့က VOA ကိုပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


မုန်တိုင်းအန္တရာယ် သတိပေးကြေညာချက် ထုတ်ပြန်ထားတဲ့ ဖလော်ရီဒါပြည်နယ်မှာ တချို့မြို့နယ်တွေဆိုရင် အင်္ဂါနေ့မှာကတည်းက မိုးသည်းထန် ရေလွှမ်းမိုးမှုရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ IAN ဟာရီကိန်းမုန်တိုင်းက Fort Myers ဆိုတဲ့ ကမ်းခြေမြို့ကို အဓိက ဝင်ရောက်မွှေနှောက်သွားခဲ့တာပါ။ အပန်းဖြေကမ်းခြေဒေသဖြစ်တဲ့ Fort Myers မြို့က စီးပွားရေးလုပ်ငန်း အတော်များများ ထိခိုက်ခဲ့ရတယ်လို့ အဲဒီ မြို့မှာ နေထိုင်တဲ့ ကိုအောင်ကြည်က VOA ကို ပြောပါတယ်။

" Fort Myers ဘိချ်ဆိုတာက ဧည့်သည်တွေ တအား လာလည်တဲ့နေရာလေ။ အဲဒီမှာရှိတဲ့ စားသောက်ဆိုင်တွေ တိုက်ခန်းကွန်ဒိုတွေ အားလုံးနီးပါး ပျက်စီးကုန်တာ။ ရေတွေမြုပ်ကုန်လို့။ မုန်တိုင်းကြောင့် လှိုင်းလုံးတွေက ၈ ပေကနေ ၁၂ ပေလောက်ထိ တက်လာတာဆိုတော့ အဲဒီကမ်းခြေတဝိုက် အတော်ပျက်စီးသွားတယ်။ ပြီးရင် ငါးမျှားတဲ့ ရေဘောင်တွေဆိုလည်း ပျက်စီးကုန်တယ်။ နောက်ပြီး ကျနော်တို့ Fort Myers မြို့နဲ့ ဆက်သွယ်နေတဲ့ Sanibel ကျွန်းဖက် ဆိုရင်လည်း အဲဒီကျွန်းကို ဆက်သွယ်ထားတဲ့ တံတားကြီးရှိတယ်၊ ၃ မိုင်လောက်ရှည်တာ အဲဒီတံတားဆိုလည်း ၃ ပိုင်းလောက် ပြတ်သွားတယ်။ နောက်ပိုင်း ရေအားနဲ့ ရေထဲမြောသွားတယ်လို့ သတင်းမှာတွေ့ရတယ်။ အခုလိုဖြစ်သွားတော့ ကျနော်တို့မြို့မှာ ခရီးသွားလုပ်ငန်း ထိခိုက်နိုင်တယ်။ ဘာလို့ဆိုတော့ ကျနော်တို့ ဖလော်ရီဒါ အနောက်တောင်ပိုင်းက ဧည့်သည်တွေ အများကြီးလာကြတာလေ။ "

တနာရီ မိုင်(၁၅၀)ကျော်နှုန်းနဲ့ Fort Myers မြို့ကို ဝင်ရောက်လာတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ၂ ရက်နီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပြီး၊ သောကြာနေ့ မုန်တိုင်းလွန်ပြီးသွားချိန် တချို့နေရာတွေမှာ လျှပ်စစ်မီး ပြန်ရနေပြီဆိုပေမဲ့ ကားလမ်းမက မီးပွိုင့်တွေမှာ လျှပ်စစ်မီး မရှိတဲ့အတွက် အစားအသောက်ရရှိဖို့ ဈေးဝယ်ထွက်သူတွေ လမ်းမှာ အခက်ခဲကြုံနေရပုံကိုလည်း ဦးအောင်ကြည်က VOA ကို ပြောပါတယ်။

" Fort Myers တမြို့လုံးမှာ မီးမရကြသေးဘူး။ ကျနော် ဒီနေ့ မနက်မှာတောင် ဆေးလိုချင်တာရှိလို့ Costco လက်ကားဆိုင်ကြီးကို သွားတယ်လေ။ ကားမောင်းသွားတော့ လမ်းမှာ မီးပွိုင့်က လျှပ်စစ်မီး မရတော့ ဘာမှ မပြဘူးလေ။ အဲဒီခါကျတော့ ကားတွေအကုန်လုံးက တဘီးချင်းလှိမ့်ပြီး ဖြည်းဖြည်းချင်း လေးဖက်လေးတန်က အလှည့်ကျ သွားနေရတာ၊ အရမ်းကြာလိုက်တာ ပြီးရောပဲ။ "

Fort Myers မြို့နဲ့ မိုင်(၁၀၀)ကျော် ဝေးတဲ့ Tampa မြို့ကိုတော့ ဟာရီကိန်းမုန်တိုင်း အဖျားခတ်သွားခဲ့ပြီး အပျက်အစီးတွေ ရှိသလို၊ တချို့နေရာတွေမှာ ခုထိ လျှပ်စစ်မီး မရသေးဘူးလို့ သိရပါတယ်။ မုန်တိုင်းအန္တရယ်ကြောင့် အနည်းဆုံး လူ(၃)သိန်းလောက် ဘေးလွန်ရာကို တိမ်းရှောင်သွားကြတယ်လို့ Tampa မြို့မှာနေတဲ့ ကိုအောင်မြတ်သူက ပြောပါတယ်။

" မုန်တိုင်းက ဗုဒ္ဓဟူးနေ့ ညနေမှာဝင်တာ။ ဒါပေမဲ့ တနင်္လာနေ့မှာကတည်းက ရေဝယ်လို့ မရတော့ဘူး။ အင်္ဂါနေ့တုန်းကဆိုရင် ဆိုင်တွေအကုန်ပိတ်ကုန်တာ ပစ္စည်းတွေ ပြတ်ကုန်ရော။ ဝင်လာတဲ့ မုန်တိုင်းပမာဏက ကြီးတော့ ..မုန်တိုင်း တိုက်တဲ့အချိန်က နာရီ(၂၀)ဝန်းကျင်လောက် ရှိတယ်လို့ ခံစားရတယ်။ Tampa မြို့မှာ အရေးပေါ်ကယ်ဆယ် ရှာဖွေရေးလုပ်ဖို့ အမျိုးသားအရံတပ်ဖွဲ့ဝင် ၅၀၀၀ လောက်ချထားတယ်။ အခြားပြည်နယ်တွေကနေလည်း ၂၀၀၀ လောက် အဆင်သင့် ပြင်ထားခိုင်းတယ်။ မုန်တိုင်းမလာခင်နေ့ တွေမှာပေါ့။ မုန်တိုင်းဘေး ရှောင်ဖို့အတွက် ဒီ တမ်ပါ-မြို့ကနေ ထွက်ခွာသွားတဲ့ ဒေသခံ(၃)သိန်းဝန်းကျင်လောက် ရှိလိမ့်မယ်။ "

ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်သွားတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ခုချိန်ထိ အနည်းဆုံး လူ(၂၁)ဦးသေးဆုံးခဲ့ရတယ်လို့ အမျိုးသားဟာရီကန်းစင်တာက သတင်းထုတ်ပြန်ထားပါတယ်။ အဓိကအားဖြင့် ဖလော်ရီဒါ အပါအဝင် တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ လူ(၂)သန်းလောက် လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လတ်တလောမှာတော့ IAN ဟာရီကိန်းမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်နဲ့ကပ်လျက် တောင်ကယ်ရိုလိုင်းနားပြည်နယ်ကို လေတိုက်နှုန်း တနာရီ(၈၅)မိုင်နှုန်းနဲ့ ဝင်ရောက်နေပြီး ၊ ရေကြီးတာ လေပြင်းတိုက်တာတွေ ကြုံနိုင်တယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG