သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန္တရာယ် ကြီးတဲ့ ဟာရီကိန်း Ian ဖလော်ရီဒါ ကုန်းတွင်း ဝင်ရောက်


(Zawgyi / Unicode)

အန္တရာယ် ကြီးလွန်းလှတဲ့ ဟာရီကိန်း Ian ဟာ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်လာကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်းဌာနက ပြောပါတယ်။

ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်း အနောက်တောင်ပိုင်း Cayo Costa အနီး ကုန်းတွင်းကို တနာရီလေတိုက်နှုန်း ၁၅၅ မိုင်လောက်နဲ့ ဝင်ရောက်လာတဲ့ မုန်တိုင်းဟာ အဆင့် ၅ နီးပါး အားကောင်းလာနေတယ်လို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဖလော်ရီဒါပြည်နယ် အနောက်ဖက် ကမ်းရိုးတန်းက ဒေသခံ ၂ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ဟာလည်း ပြည်တွင်းအရန်တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ဆင့်ခေါ်ထားပါတယ်။ Disney World, Universal Studios နဲ့ SeaWorld အပါအဝင် ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတွေကိုလည်း ပိတ်ထားပါတယ်။

ဖလော်ရီဒါ အရှေ့ဖက်ကမ်းရိုးတန်းက ကနေဒီအာကာသစခန်းမှာ ခရီးသွားတွေ လည်ပတ်ခွင့်ကိုလည်း NASA က ပိတ်လိုက်ပါတယ်။ လပေါ်လွှတ်မယ့် Artemis 1 ဒုံးပျံနဲ့ Orion အာကာသယာဉ်တွေကိုလည်း ပစ်စင်တွေပေါ်ကနေ ပြန်ဖြုတ်သိမ်းထားရတဲ့ အတွက် ခရီးစဉ်တွေ ထပ်မံကြန့်ကြာမယ့် အလားအလာတွေ ရှိနေပါတယ်။ Tampa နဲ့ St. Petersburg အပါအဝင် မုန်တိုင်းဖြတ်သန်းမယ်လို့ ခန့်မှန်းထားတဲ့ လမ်းကြောင်းပေါ်က လေယာဉ်ကွင်းတွေက ခရီးစဉ်ပေါင်း ထောင်နဲ့ချီပြီးတော့လည်း ဖျက်ထားရပါတယ်။

ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းကို ဗုဒ္ဓဟူးနေ့ညနဲ့ ကြာသပတေးနေ့မှာ ဖြတ်သန်းပြီး အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ဖက်ကို ဦးတည်မယ်လို့ ခန့်မှန်းထားတဲ့ ဟာရီကိန်း Ian ဟာ လေပြင်းနဲ့ ရေကြီးမှုတွေ ဖြစ်နိုင်တာကြောင့် အသက်အန္တရာယ်ရှိတယ်လို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။

အန္တရာယ် ကြီးတဲ့ ဟာရီကိန်း Ian ဖလော်ရီဒါ ကုန်းတွင်း ဝင်ရောက်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG