သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္အားျပင္း ဟာရီကိန္း ပြါတိုရီကို ကၽြန္းကို ျဖတ္သန္းတိုက္ခတ္


(Zawgyi/ Unicode)

Puerto Rico ကုန္းတြင္းပိုင္းကို တနဂၤေႏြေန႔မွာ ဟာရီကိန္း မုန္တိုင္း Fiona ၀င္ေရာက္ တိုက္ခတ္ေနၿပီး ကြ်န္းတခုလံုး လွ်ပ္စစ္မီး ျပတ္ေတာက္ေနပါတယ္။ မုန္တိုင္းဟာ ဒိုမီနီကန္ ရီပတ္ပလစ္ကို ဦးတည္ မထြက္ခြာခင္မွာ အသက္အႏၲရာယ္ ရွိႏိုင္တဲ႔ ေရႀကီး ေျမၿပိဳမႈေတြ ျဖစ္ႏိုင္ေၾကာင္းလည္း အစိုးရက သတိေပးထားပါတယ္။

Puerto Rico ရဲ႕ အေနာက္ေတာင္ ကမ္း႐ိုးတန္း Punta Tocon အနီးကို မုန္တိုင္း ၀င္ေရာက္လာၿပီး တနာရီကို ၈၅ မိုင္ႏႈန္းနဲ႔ တိုက္ခတ္ေနၿပီး ျပင္းအား အဆင့္ ၁ ဟာရီကိန္း မုန္တိုင္း ျဖစ္ေၾကာင္း အေမရိကန္ အမ်ိဳးသား ဟာရီကိန္း မုန္တိုင္းေစာင့္ၾကည့္ေရး စင္တာက ေျပာဆိုထားပါတယ္။

လူေပါင္း ၃ ဒသမ ၃ သန္း ရွိတဲ႔ ကြ်န္း တခုလံုးမွာ လွ်ပ္စစ္မီး ျပတ္ေတာက္ေနေၾကာင္း ကြ်န္းရဲ႕ လွ်ပ္စစ္ ဓာတ္အားလိုင္ စီမံခန္႔ခြဲသူ LUMA Energy နဲ႔ Puerto Rico လွ်ပ္စစ္ အာဏာပိုင္ အဖြဲ႔က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ လွ်ပ္စစ္မီး အျပည့္အ၀ ျပန္ရဖို႔ ရက္အေတာ္ၾကာႏိုင္တယ္လို႔လည္း LUMA က ေျပာဆိုထားပါတယ္။

Puetto Rico ရဲ႕ ဆိပ္ကမ္းေတြကို ပိတ္ထားၿပီး ျဖစ္ၿပီး အဓိက ေလဆိပ္ရဲ႕ ေလယာဥ္ ခရီးစဥ္ အားလံုးလည္း ဖ်က္သိမ္းထားပါတယ္။ မုန္တိုင္းက အေနာက္ေျမာက္ပိုင္းကို ဦးတည္ လာတာနဲ႔ အတူဘဲ ဒိုမီနီကန္ ရီပတ္ပလစ္ မွာလည္း မိုးသည္ထန္ၿပီး ေျမၿပိဳမႈေတြ ျဖစ္ႏိုင္ေၾကာင္း၊ Turks နဲ႔ Caicos ကြ်န္းေတြမွာလည္း အဂၤါေန႔မွာ အပူပိုင္း မုန္တိုင္း အေျခအေနနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း အမ်ိဳးသား ဟာရီကိန္း မုန္တိုင္း ေစာင့္ၾကည့္ေရး စင္တာက ေျပာဆိုထားပါတယ္။

Puerto Rico အတြက္ အေရးေပၚ ေၾကညာခ်က္ကို သမၼတ Joe Biden က တနဂၤေႏြေန႔မွာ အတည္ျပဳထားပါတယ္။ ဒီလို ေဆာင္ရြက္တာေၾကာင့္ ျပည္ေထာင္စု အေရးေပၚ စီမံခန္႔ခြဲေရး ဌာန အေနနဲ႔ သဘာ၀ ေဘးဒဏ္ ကယ္ဆယ္ေရးကို ပူးေပါင္းေဆာင္ရြက္ႏိုင္မွာ ျဖစ္သလို အေရးေပၚ ကာကြယ္ေဆး အစီအမံေတြကိုလည္း ေဆာင္ရြက္ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အင်အားပြင်း ဟာရီကိန်း ပွါတိုရီကို ကျွန်းကို ဖြတ်သန်းတိုက်ခတ်

Puerto Rico ကုန်းတွင်းပိုင်းကို တနင်္ဂနွေနေ့မှာ ဟာရီကိန်း မုန်တိုင်း Fiona ဝင်ရောက် တိုက်ခတ်နေပြီး ကျွန်းတခုလုံး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ မုန်တိုင်းဟာ ဒိုမီနီကန် ရီပတ်ပလစ်ကို ဦးတည် မထွက်ခွာခင်မှာ အသက်အန္တရာယ် ရှိနိုင်တဲ့ ရေကြီး မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်းလည်း အစိုးရက သတိပေးထားပါတယ်။

Puerto Rico ရဲ့ အနောက်တောင် ကမ်းရိုးတန်း Punta Tocon အနီးကို မုန်တိုင်း ဝင်ရောက်လာပြီး တနာရီကို ၈၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး ပြင်းအား အဆင့် ၁ ဟာရီကိန်း မုန်တိုင်း ဖြစ်ကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်း မုန်တိုင်းစောင့်ကြည့်ရေး စင်တာက ပြောဆိုထားပါတယ်။ လူပေါင်း ၃ ဒသမ ၃ သန်း ရှိတဲ့ ကျွန်း တခုလုံးမှာ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ကျွန်းရဲ့ လျှပ်စစ် ဓာတ်အားလိုင် စီမံခန့်ခွဲသူ LUMA Energy နဲ့ Puerto Rico လျှပ်စစ် အာဏာပိုင် အဖွဲ့က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

လျှပ်စစ်မီး အပြည့်အ၀ ပြန်ရဖို့ ရက်အတော်ကြာနိုင်တယ်လို့လည်း LUMA က ပြောဆိုထားပါတယ်။ Puetto Rico ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ထားပြီး ဖြစ်ပြီး အဓိက လေဆိပ်ရဲ့ လေယာဉ် ခရီးစဉ် အားလုံးလည်း ဖျက်သိမ်းထားပါတယ်။ မုန်တိုင်းက အနောက်မြောက်ပိုင်းကို ဦးတည် လာတာနဲ့ အတူဘဲ ဒိုမီနီကန် ရီပတ်ပလစ် မှာလည်း မိုးသည်ထန်ပြီး မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း၊ Turks နဲ့ Caicos ကျွန်းတွေမှာလည်း အင်္ဂါနေ့မှာ အပူပိုင်း မုန်တိုင်း အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း အမျိုးသား ဟာရီကိန်း မုန်တိုင်း စောင့်ကြည့်ရေး စင်တာက ပြောဆိုထားပါတယ်။

Puerto Rico အတွက် အရေးပေါ် ကြေညာချက်ကို သမ္မတ Joe Biden က တနင်္ဂနွေနေ့မှာ အတည်ပြုထားပါတယ်။ ဒီလို ဆောင်ရွက်တာကြောင့် ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး ဌာန အနေနဲ့ သဘာ၀ ဘေးဒဏ် ကယ်ဆယ်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်သလို အရေးပေါ် ကာကွယ်ဆေး အစီအမံတွေကိုလည်း ဆောင်ရွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG