သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



One motorist drives though high water as another turns around during the effects of Hurricane Ian, Sept. 30, 2022, in Charleston, S.C.



{{Zawgyi/Unicode}}




တိုက်ရိုက် လင့်ခ်

....................................................

ဟာရီကိန်း အီယန် တောင်ကာရိုလိုင်းနား ပြည်နယ်ထဲ ဆက်လက်ဝင်ရောက်

{{Zawgyi/Unicode}}
Hurricane မုန်းတိုင်း Ian ဟာ အမေရိကန် ပြည်ထောင်စု တောင် Carolina ပြည်နယ် ကုန်းတွင်းပိုင်းကို သောကြာနေ့က ဝင်ရောက် တိုက်ခတ်နေပါတယ်။ မုန်တိုင်းနဲ့အတူ ရေကြီးတာတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့် သမိုင်းဝင် Charleston မြို့ကိုလည်း ခြိမ်းခြောက်နေပါတယ်။

Hurricane မုန်တိုင်း Ian ဟာ ဖလော်ရီဒါပြည်နယ်ကိုလည်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အပျက်အစီးတွေ ကြီးမားခဲ့သလို လူထောင်ပေါင်းများစွာဟာ သူတို့ရဲ့နေအိမ်တွေထဲမှာ ပိတ်မိနေကြပါတယ်။

ဟာရီကိန်းမုန်တိုင်း Ian ရဲ့ ဗဟိုချက်မ ဟာ သောကြာနေ့ နေ့လည်ပိုင်းလောက်မှာ Georgetown မြို့နားက ကမ်းခြေကို ဝင်ရောက်တိုက်ခတ်ခဲ့တာဟာဆိုရင် ဗုဒ်ဓဟူးနေ့က ဖလော်ရီဒါပြည်နယ် ကမ်းခြေကို တိုက်ခတ်ခဲ့တာလောက် ပြင်းအားမရှိတော့ပဲ တော်တော်ပျော့သွားခဲ့တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာ က ပြောပါတယ်။

မုန်တိုင်းကြောင့် လမ်းတွေပေါ်မှာ သစ်ပင်တွေ၊ လမ်းမီးတိုင်တွေလဲကျနေပြီး Charleston မြို့လည်က ကျွန်းဆွယ်နေရာမှာ ရေကြီးနေပါတယ်။ ဒီ ဟာရီကိန်း မုန်တိုင်း Ian ကြောင့် အမေရိကန် ပြည်ထောင်စုမှာ အနည်းဆုံး ၉ ဦးသေဆုံးပြီး ဒီအရေအတွက်ထက်လည်း များနိုင်သေးတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG