သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ ​ရွီက်င့္ဖ်င္ ဆန္႔က်င္တဲ့ စာတမ္းေတြ တ႐ုတ္အာဏာပိုင္ေတြဖယ္ရွား


[[ ZAWGYI / UNICODE ]]

သမၼတ ​ရွီက်င့္ဖ်င္ ဆန္႔က်င္တဲ့ စာတမ္းေတြ တ႐ုတ္အာဏာပိုင္ေတြဖယ္ရွား

တ႐ုတ္ႏိုင္ငံမွာ ၅ ႏွစ္တႀကိမ္ က်င္းပတဲ့ ကြန္ျမဴနစ္ပါတီ ညီလာခံ မတိုင္ခင္ ရက္ပိုင္းအလိုမွာပဲ ေပက်င္းၿမိဳ႕ေတာ္က တံတားတခုေပၚမွာ ၾကာသပေတးေန႔က ရွားရွားပါးပါး ႏိုင္ငံေရး ဆႏၵျပကန္႔ကြက္တဲ့ နဖူးစည္းစာတမ္းတခု ခ်ိတ္ဆဲြခဲ့တာကို အာဏာပိုင္ေတြ ဖယ္ရွားလိုက္ေၾကာင္း လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔ခဲ့တဲ့ ပုံေတြမွာ ေတြ႕ရပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ရာထူးကထြက္ဖို႔၊ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရး တင္းက်ပ္တဲ့ ကန္႔သတ္ခ်က္ေတြကို အဆုံးသတ္ဖို႔ ေတာင္းဆိုခ်က္ေတြ ပါ၀င္တဲ့ နဖူးစည္းစာတမ္းေတြ ခ်ိတ္ဆဲြထားတဲ့ ဓာတ္ပုံေတြနဲ႔ ဗြီဒီယိုေတြကို တ႐ုတ္ႏိုင္ငံမွာ တားျမစ္ကန္႔သတ္ထားတဲ့ Twitter လူမႈကြန္ရက္ေပၚမွာ ျဖန္႔ေ၀ခဲ့တာပါ။

ေပက်င္းၿမိဳ႕ေတာ္ အေနာက္ေျမာက္ဖက္က နာမည္ႀကီး တကၠသိုလ္ေတြရွိရာ Haidian အရပ္က နဖူးစည္းစာတမ္းေတြ ခ်ိတ္ဆဲြခဲ့တယ္လို႔ဆိုတဲ့ တံတားေပၚမွာ မီးခိုးေတြထြက္ေပၚေနတဲ့ ပုံေတြလည္း လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ ဦးေဆာင္မႈသက္တမ္းကို တတိယအႀကိမ္ အတည္ျပဳေပးလိမ့္မယ္လို႔ ခန္႔မွန္းထားတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ ညီလာခံ က်င္းပမယ့္ ေပက်င္းၿမိဳ႕ေတာ္မွာ လုံျခံဳေရး တိုးျမႇင့္ထားခ်ိန္မွာပဲ ကန္႔ကြက္ဆႏၵျပတဲ့သတင္း ထြက္လာတာပါ။ ဆႏၵျပစာတမ္းတခုမွာေတာ့ အာဏာရွင္သစၥာေဖာက္ ရွီက်င့္ဖ်င္ကို ဖယ္ရွားဖို႔ စာသင္ေက်ာင္းေတြ၊ လုပ္ငန္းခြင္ေတြကေန ဆႏၵျပၾကစို႔ ဆိုၿပီး ေရးသားထားတာလည္း ေတြ႕ရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ သမၼတကို နာမည္တပ္ၿပီး ဆႏၵျပတာမ်ဳိး သိပ္မေတြ႕ရပါဘူး။ ဆႏၵျပနဖူးစည္းမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကို ဆန္႔က်င္တဲ့ စာသားေတြကိုလည္း ေတြ႕ရပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကင္းစင္ေရး တ႐ုတ္အစိုးရက တင္းၾကပ္တဲ့ မူဝါဒေတြ က်င့္သုံးေနတဲ့အေပၚ တ႐ုတ္ႏိုင္ငံက ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာလည္း စိတ္ပ်က္ေနၾကပါတယ္။

===============

{{ UNICODE }}

သမ္မတ ရှီကျင့်ဖျင် ဆန့်ကျင်တဲ့ စာတမ်းတွေ တရုတ်အာဏာပိုင်တွေဖယ်ရှား

တရုတ်နိုင်ငံမှာ ၅ နှစ်တကြိမ် ကျင်းပတဲ့ ကွန်မြူနစ်ပါတီ ညီလာခံ မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ ပေကျင်းမြို့တော်က တံတားတခုပေါ်မှာ ကြာသပတေးနေ့က ရှားရှားပါးပါး နိုင်ငံရေး ဆန္ဒပြကန့်ကွက်တဲ့ နဖူးစည်းစာတမ်းတခု ချိတ်ဆွဲခဲ့တာကို အာဏာပိုင်တွေ ဖယ်ရှားလိုက်ကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ပုံတွေမှာ တွေ့ရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးကထွက်ဖို့၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ တောင်းဆိုချက်တွေ ပါဝင်တဲ့ နဖူးစည်းစာတမ်းတွေ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို တရုတ်နိုင်ငံမှာ တားမြစ်ကန့်သတ်ထားတဲ့ Twitter လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေခဲ့တာပါ။

ပေကျင်းမြို့တော် အနောက်မြောက်ဖက်က နာမည်ကြီး တက္ကသိုလ်တွေရှိရာ Haidian အရပ်က နဖူးစည်းစာတမ်းတွေ ချိတ်ဆွဲခဲ့တယ်လို့ဆိုတဲ့ တံတားပေါ်မှာ မီးခိုးတွေထွက်ပေါ်နေတဲ့ ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဦးဆောင်မှုသက်တမ်းကို တတိယအကြိမ် အတည်ပြုပေးလိမ့်မယ်လို့ ခန့်မှန်းထားတဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ကျင်းပမယ့် ပေကျင်းမြို့တော်မှာ လုံခြုံရေး တိုးမြှင့်ထားချိန်မှာပဲ ကန့်ကွက်ဆန္ဒပြတဲ့သတင်း ထွက်လာတာပါ။ ဆန္ဒပြစာတမ်းတခုမှာတော့ အာဏာရှင်သစ္စာဖောက် ရှီကျင့်ဖျင်ကို ဖယ်ရှားဖို့ စာသင်ကျောင်းတွေ၊ လုပ်ငန်းခွင်တွေကနေ ဆန္ဒပြကြစို့ ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာ သမ္မတကို နာမည်တပ်ပြီး ဆန္ဒပြတာမျိုး သိပ်မတွေ့ရပါဘူး။ ဆန္ဒပြနဖူးစည်းမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ စာသားတွေကိုလည်း တွေ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါ ကင်းစင်ရေး တရုတ်အစိုးရက တင်းကြပ်တဲ့ မူဝါဒတွေ ကျင့်သုံးနေတဲ့အပေါ် တရုတ်နိုင်ငံက မြို့ကြီးတော်တော်များများမှာလည်း စိတ်ပျက်နေကြပါတယ်။

XS
SM
MD
LG