သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရာသီဥတုေဖာက္ျပန္မႈ အက်ိဳးဆက္ အမ်ိဳးသမီးေတြအေပၚ သက္ေရာက္မႈ


ေရႀကီးေျမၿပိဳတာနဲ႔ မိုးေခါင္ ေရ႐ြားတာလို ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြေၾကာင့္ ကမာၻတဝန္း အိုးအိမ္ ဆုံးရႈံးရသူေတြ သန္းေပါင္းမ်ားစြာ ရွိေနၿပီး ဒီလိုလူေတြရဲ႕ ၈၀ % က အမ်ိဳးသမီးနဲ႔မိန္းခေလးငယ္ေတြ ျဖစ္တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကုလသမဂၢ အစီအစဥ္က ေထာက္ျပထားပါတယ္။

[Unicode/Zawgyi]

ရာသီဥတုဖောက်ပြန်မှု အကျိုးဆက် အမျိုးသမီးတွေအပေါ် သက်ရောက်မှု (အမျိုးသမီးကဏ္ဍ)

ရေကြီးမြေပြိုတာနဲ့ မိုးခေါင် ရေရွားတာလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ် ဆုံးရှုံးရသူတွေ သန်းပေါင်းများစွာ ရှိနေပြီး ဒီလိုလူတွေရဲ့ ၈၀ % က အမျိုးသမီးနဲ့မိန်းခလေးငယ်တွေ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကုလသမဂ္ဂ အစီအစဉ်က ထောက်ပြထားပါတယ်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မြန်မာနဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေ ဘယ်လို ရင်ဆိုင် ကြုံတွေ့နေကြရပါလဲ။ ဘယ်လို အဖြေရှာနိုင်ဖို့ ကြိုးပမ်းနေကြသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

၂၁ ရာစု ဒီကနေ့ခေတ်ရဲ့ အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတခုက ကမ္ဘာကြီး ပူနွေးမှုနဲ့အတူ ဖြစ်လာတဲ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ျပဿနာပါ။ တောမီးလောင်တာ၊ မိုးခေါင်ရေရှားတာ၊ ရေကြီးမြေပြိုတာ၊ မုန်တိုင်းဒဏ်သင့်တာလို သဘာဝဘေးဆိုးတွေ တနှစ်ထက်တနှစ် ပိုပြီး ဆိုးလာနေတာနဲ့အမျှ ဒီလိုဘေးဒဏ်တွေကို ကမ္ဘာနဲ့အဝှမ်း ကြုံကြရတယ်ဆိုပေမဲ့၊ ဒီအထဲမွာ အကာအကြယ္မဲ့ ဘေးဒုက္ခ အေရာက္ဆုံးကေတာ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေပါ။ ဒီအထဲမွာမွ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ကေတာ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို ပိုပြီး ကြုံကြရတယ်လို့ ကုလသမဂ္ဂနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

ဒီလိုထောက်ပြသူတွေထဲမှာ ၂၀၁၄ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွပ်ဆိုင်ကလည်း ပါ ပါတယ်။ သူကိုယ်တိုင် ပါကစ္စတန်နိုင်ငံမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ ရေကြီးရေလျှံမှုတွေကြောင့် သူတက်နေတဲ့ ကျောင်း ရေမြှုပ်ပြီး ပညာရေးမွာ အနှောက်အယှက် ဖြစ်ခဲ့ရတယ်လို့ မာလာလာက ပြောပြပါတယ်။

“ရာသီဥတုနဲ့ ဆက်နွယ်တဲ့ အဖြစ်အပျက်တွေကြောင့် သန်းနဲ့ချီတဲ့ မိန်းကလေးတွေ ကျောင်းတက်ခွင့် ဆုံးရှုံးနေရပါတယ်။ မိုးခေါင်တာ၊ ရေကြီးတာ လို ဖြစ်ရပ်တွေက ကျောင်းတွေကို တိုက်ရိုက် သက်ရောက်မှု ရှိပြီး တချို့ ဖြစ်ရပ်တွေမှာ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာကြောင့် ထိခိုက်မှု အများဆုံးက အမျိုးသမီးတွေ ဖြစ်နေတာပါ။ ကျောင်းထွက်ရရင် မိန်းကလေးတွေက ထိပ်ဆုံးက၊ ကျောင်းပြန်တက်ရတော့ သူတို့က နောက်ဆုံးက ဖြစ်နေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လုံလုံလောက်လောက် အားစိုက်ထုတ်မှု မရှိဘူးဆိုတာ ကျမတို့ သိကြသလိုပဲ ဒီလိုအခြေအနေမျိုးမှာ အများအားဖြင့် မိန်းကလေးတွေ ကျောင်းဆက် မတက်နိုင်ကြတော့ပါဘူး။ အိမ်မှု ကိစ္စတွေနဲ့ပဲ မိသားစုဝင်တွေကို ကူညီပေးနေရပြီး ပညာရေးနဲ့ အလှမ်းဝေးကုန်ကြပါတယ်။”

နဂိုကတည်းကသူတို့ဒေသမှာ တာလီဘန်တွေက အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ ပညာသင်ကြားခွင့် ကန့်သတ္ထား တာကြောင့် သဘာဝဘေးဆိုးတွေ ကြုံရတဲ့အခါမှာတော့ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေဟာ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံးကြရတဲ့အပြင် အကြမ်းဖက်ခံရမှုတွေ ပိုပြီး ကြုံရတဲ့ အခြေအနေကို ဆိုက်စေတယ် ဆိုတာကိုလည်း မာလာလာက ထောက်ပြ ပြောဆိုနေတာပါ။

ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေတဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ချမ်းသာကြွယ်ဝတဲ့ အင်အားကြီးနိုင်ငံတွေက အဓိက ဖန်တီးနေပြီး နောက်ဆက်တွဲရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အဓိက ခံစားကြရတယ် ဆိုတာကို လူ့အခွင့်အရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်အရေး ဦးဆောင် လှုပ်ရှားသူတွေက ထောက်ပြနေတာပါ။ ဒီနှစ်ထဲ ပါကစ္စတန်နိုင်ငံ ကြုံရတဲ့ အခြေအနေဆိုရင် ထင်ရှားတဲ့ ဥပမာတခု ဖြစ်တယ်ဆိုတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကုလသမဂ္ဂ အစီအစဉ် ညွန်ကြားရေးမှူး Inger Andersen က ပြောပါတယ်။

"ပါကစ္စတန်နိုင်ငံမှာ လူပေါင်း ၃၃ သန်း အိုးအိမ်မဲ့နေပါတယ်။ ဒါက သြစေတြေးလျ တနိုင်ငံလုံးရဲ့ လူဦးရေ ပမာဏလောက် ရှိပါတယ်။ ထိခိုက်မှုတွေက ဒေါ်လာဘီလျံ ၃၀ လောက် ရှိပါတယ်။ ရိုတ်သိမ်းရမယ့် သီးနှံတွေ အများအပြား ဆုံးရှုံးခဲ့ရသလို၊ မကြုံစဖူး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံနေရပါတယ်။ တကယ်တော့ ပါကစ္စတန်ရဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုက ဝ.၄ % အောက်ပဲ ရှိတာပါ။ ခုလောက်အထိ မမျှမတ ခံစားရတာမျိုးကိုတော့ ကျမတို့ လစ်လျူရှု မထားသင့်ပါဘူး။”

အာဖရိကနိုင်ငံတွေမှာ ဆိုရင်လည်းရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးခေါင်ရေရှားမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ဒဏ္ကို ဆိုးဆိုးရွားရွား ကြုံကြရပါတယ်။ ကုလသမဂ္ဂ ကလေးငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF အစီရင်ခံစာအရ မိုးခေါင်ရေရှားမှု ဖြစ်တဲ့ ဂျဘူတီ၊ အီသီယိုးပီးယား၊ ကင်ညာ နဲ့ ဆိုမာလီယာ နိုင်ငံတွေမှာ ငတ်မွတ်ခေါင်းပါးမှု ကြုံနေရတဲ့ လူပေါင်း သန်း ၂၀ ကျော်ရှိနေပြီး ထက်ဝက်နီးပါးက ကလေးတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရော ဒီလို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လို အရပ် ဒေသတွေမှာ ဘယ်လိုလူတွေက အဓိက ပိုပြီး ကြုံတွေ့ ခံစားနေကြရပါလဲ။ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားနေတဲ့ နော်ထီးခူက ခုလို ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ အဓိက ကျေးလက်ဒေသမှာနေထိုင်တဲ့ လူတွေက ပိုပြီးတော့ ခံစားကြရပါတယ်။ အဲ့ဒီကျေးလက်မှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ ဆိုရင် ပိုပြီးတော့ အကျိုးသက်ရောက်မှုတွေကို ကြုံရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ အမျိုးသမီးတွေက အိမ်မှာဆိုလို့ရှိရင် ချက်ရေးပြုတ်ရေးတို့ အိမ်မှာ အိမ်မှုကိစ္စတွေကို တာဝန်ယူရပါတယ်။ ကျမတို့က ချက်ပြုတ်မယ်ဆိုရင် ကျမတို့က ရေလိုတယ်။ ရေသွားခပ်ရတယ်။ ဒါပေမဲ့ ရာသီဥတု ဖောက်ပြန်တဲ့အခါမှာ မြစ်ချောင်းတွေ ရေတိမ်ကောလာတဲ့အခါမှာ နဂို ကျမတို့သွားရတဲ့ နေရာထက် ပိုပြီးတော့ ဝေးဝေး သွားရတယ်။ အချိန်ပိုပေးရတယ်။ ဒါက ၁ အချက်ပေါ့နော်။ ၂ အချက်ဆိုရင်တော့ အသက်မွေးဝမ်းကျောင်းပေါ့။ အသက်မွေးဝမ်းကျောင်းမှာ ဆိုရင် မိုးလေဝသ၊ ရာသီဥတုတွေ မမှန်တဲ့အခါမှာ စိုက်ပျိုး မွေးမြူရေး ခက်ခဲလာတယ်။ မအောင်မြင်ဘူး။ မအောင်မြင်တဲ့အခါ အိမ်ထောင်စုမှာ ရပ်တည်ဖို့ ဝင်ငွေ ကျပ်တည်းလာတယ်။ ပြီးရင် ကျမတို့ကျေးလက်မှာနေတဲ့ လူတွေဆိုရင် မြစ်ချောင်းတွေမှာ သားငါးတွေ ရှာစားကြတယ်ပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်း ရှားပါးလာတဲ့အခါမှာ ဆိုလို့ရှိရင် ကျမတို့ အစားအသောက် ဖူလုံမှုလည်း ထိခိုက်တယ်။ ဆိုတော့ ဒီလိုမျိုး ရာသီဥတု ဖောက်ပြန်ဖို့ ဖြစ်လာတဲ့ အကျိုးဆက်တွေကြောင့် ကျမတို့က ပြောင်းရွှေ့ရတယ်။ ပြောင်းရွှေ့လုပ်သားတွေ ဖြစ်လာတယ်။ အလုပ်အကိုင်တွေ ရှားပါးတယ်။ စိုက်ပျိုးဖို့ မအောင်မြင်တဲ့အခါ ရပ်ရွာကနေ မြို့မှာ အလုပ်သွားရှာရတယ်။ မြို့မှာ အလုပ် တက်ရှာတဲ့အခါမှာလည်း မြို့မှာလည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်။ ဝန်ဆောင်မှုနဲ့ လူဦးရေ မကာမိတဲ့အခါမှာပေါ့။ တချို့ အမျိုးသမီးတွေကလည်း တခြား တိုင်းပြည်ကို ကျမတို့က ရွှေ့ပြောင်းလုပ်သား အနေနဲ့ သွားလုပ်ရတယ်။ အဲ့ဒီလို သွားလုပ်ရတဲ့အခါမှာ သားငယ် သမီးငယ်တွေကို အိမ်မှာ အဖိုးအဖွားတွေနဲ့ ထားခဲ့ရတယ်။ မိသားစုတွေ တကွဲတပြား ဖြစ်တယ်။ ဆိုတော့ ကျမတို့က ဖြစ်လာတဲ့အရာတိုင်းက တခုနဲ့တခု ဆက်စပ်သွားတာပေါ့။ ကြည့်လိုက်ရင်တော့ သက်သက်စီလိူ့ ထင်ရတယ်။ ဒါပေမဲ့ တခုဖြစ်လိုက်တဲ့အခါမှာ နောက်ထပ်ဖြစ်လာတဲ့ ကွင်းဆက်တွေက အကျိုးသက်ရောက်မှုတွေက တောက်လျှောက် ရှိသွားပါတယ်။”

မြန်မာနိုင်ငံမှာ အထူးသဖြင့် သစ်တောပြုန်းတီးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတာမို့ သစ်တောမြေတွေ ထိန်းသိမ်းရေး အလေးပေး လုပ်ဆောင်သင့်ပါတယ်လို့လည်း နော်ထီးခူက ပြောပါတယ်။

“ကျမတို့ အရပ်ဘက်အဖွဲ့တွေနဲ့ ဌာနတိုင်းရင်းသားအဖွဲ့တွေ အမြဲတမ်း ကြွေးကြော် တောင်းဆိုနေတာမှာ ဆိုရင် ဒေသခံတွေ ထိန်းသိမ်းထားတဲ့ သစ်တောတွေကို အစိုးရ အနေနဲ့ အသိအမှတ် ပြုပေးရမယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဒေသခံတွေက ဒီသစ်တောတွေကို ထိန်းသိမ်းထားတယ်။ မြစ်ချောင်းတွေကို ထိန်းသိမ်းထားတယ် ဆိုတော့ သူတို့သည် ဒီတောနဲ့ အနီးစပ်ဆုံး နေထိုင်တဲ့သူတွေ ဖြစ်တယ်။ သူတို့က ဒီတောပေါ်မှာပဲ မှီခိုပြီးတော့ နေရတဲ့သူတွေ ဖြစ်တဲ့အတွက် ဌာနေတိုင်းရင်းသားတွေ ထိန်းသိမ်း ထားတဲ့သစ်တောတွေကို အစိုးရက အပြည့်အဝ ကာကွယ်ပေးရမယ်။ အသိအမှတ် ပြုရမယ်။ ဆိုလို့ရှိရင် အစိုးရအနေနဲ့လည်း နိုင်ငံတကာမှာ ပေးထားတဲ့ ကတိကဝတ်တွေကိုလည်း ပြည့်မီမယ်ပေါ့နော်။ ဆိုတော့ ဒါက ကျမတို့ အဖွဲ့အစည်းတွေ အနေနဲ့ အမြဲတမ်း တောင်းဆိုနေတဲ့ အရာဖြစ်ပါတယ်။”

အမျိုးသမီးတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေတဲ့ ခုလို ကိစ္စရပ်တွေကို အမျိုးသမီးတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိဖို့ အရေးကြီးသလို၊ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ ပါဝင်ခွင့်ရဖို့ လိုတယ်လို့လည်း နော်ထီးခူက ပြောပါတယ်။

“ဒီမြန်မာပြည်ရဲ့ အခြေအနေအရ ဆိုရင် ကျမတို့ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေမှာ အများစု ပါဝင်ရတယ်။ နိမ့်ကျတဲ့နေရာမှာ နေရတယ်။ ပြီးရင် သဘာဝ ပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံး မှီခိုရတဲ့သူတွေ ဖြစ်တယ်။ ဆိုတော့ ကျမတို့က ကျမတို့နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ နေရာ ဖြစ်တဲ့အတွက် ကျမတို့ရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ ပြီးတော့ ကျမတို့အမျိုးသမီးတွေကိုလည်း နေရာပေးဖို့ လိုတယ်။ ဦးဆောင်မှု အခန်းကဏ္ဍမှာ ကျမတို့ကို လိုလိုလားလား နေရာပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အမျိုးသမီးတွေက ပိုသိတယ်။ ပိုနားလည်တယ်။ ဆိုတော့ ခုလို ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်တဲ့နေရာမှာ ဖြစ်စေ၊ ကျန်တဲ့ကဏ္ဍတွေမှာ အမျိုးသမီးငယ်လေးတွေကို ပိုပြီးတော့ နေရာပေးသင့်တယ်။ ဦးဆောင်မှုကဏ္ဍမှာ နေရာပေးသင့်တယ်လို့ ကျမ အနေနဲ့ တောင်းဆိုချင်ပါတယ်။ ”

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ ဆွီဒင်လူငယ် အမျိုးသမီး ဂရက်တာသွန်းဘက် (Greta Thunberg) ကတော့ သဘာဝဘေး ဒုက္ခတွေကြောင့် ပညာရေး အခွင့်အလမ်း ဆုံးရှုံးနေကြရတဲ့ လူငယ်အမျိုးသမီးတွေကြား အသိပညာ ဖြန့်ဝေမှုတွေ ပိုမိုမြင့်တင် ပေးတာဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေ နဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။

“မိန်းကလေးတိုင်းကို မှန်မှန်ကန်ကန် ကူညီ ပံ့ပိုးပေးရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ်။ ကမ္ဘာကြီးအကြောင်း သိအောင်၊ ကမ္ဘာကြီး အမှန်တကယ် တိုးတက်အောင် လိုအပ်တဲ့ ကျွမ်းကျင်မှု စွမ်းရည်တွေ ရဖို့ သူတို့ကို သင်ကြားပေးဖို့ လိုပါတယ်။ မိန်းကလေးတွေ သူတို့ဆန္ဒတွေကို ထုတ်ဖော် ပြောရဲလာအောင် တွန်းအားပေးဖို့လိုပါတယ်။”

သဘာဝဘေးဒုက္ခမျိုးစုံ တနေ့တခြား တိုးပြီး ကြုံတွေ့လာနေတဲ့ ကမ္ဘာကြီးမှာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့မှာတော့ အမျိုးသမီးတွေချည်းပဲ စွမ်းဆောင်လို့ရတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေ အားလုံးမှာရှိတဲ့ အုပ်ချုပ်သူ အစိုးရကနေ အလွှာအသီးသီးမှာရှိတဲ့ ပြည်သူ တဦးချင်းစီတိုင်းက ပူးပေါင်း ပါဝင်မှသာ ဒီကနေ့ ကမ္ဘာကြီး ကြုံတွေ့နေရတဲ့ ဥတုရာသီဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

========================================

[Zawgyi]

ရာသီဥတုေဖာက္ျပန္မႈ အက်ိဳးဆက္ အမ်ိဳးသမီးေတြအေပၚ သက္ေရာက္မႈ (အမ်ိဳးသမီးက႑)

ေရႀကီးေျမၿပိဳတာနဲ႔ မိုးေခါင္ ေရ႐ြားတာလို ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြေၾကာင့္ ကမာၻတဝန္း အိုးအိမ္ ဆုံးရႈံးရသူေတြ သန္းေပါင္းမ်ားစြာ ရွိေနၿပီး ဒီလိုလူေတြရဲ႕ ၈၀ % က အမ်ိဳးသမီးနဲ႔မိန္းခေလးငယ္ေတြ ျဖစ္တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကုလသမဂၢ အစီအစဥ္က ေထာက္ျပထားပါတယ္။ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို ျမန္မာနဲ႔ ကမာၻတဝန္းက အမ်ိဳးသမီးေတြ ဘယ္လို ရင္ဆိုင္ ႀကဳံေတြ႕ေနၾကရပါလဲ။ ဘယ္လို အေျဖရွာႏိုင္ဖို႔ ႀကိဳးပမ္းေနၾကသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ျပထားပါတယ္။

၂၁ ရာစု ဒီကေန႔ေခတ္ရဲ႕ အႀကီးမားဆံုး ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈတခုက ကမာၻႀကီး ပူေႏြးမႈနဲ႔အတူ ျဖစ္လာတဲ့ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈ ်ပႆနာပါ။ ေတာမီးေလာင္တာ၊ မိုးေခါင္ေရရွားတာ၊ ေရႀကီးေျမၿပိဳတာ၊ မုန္တိုင္းဒဏ္သင့္တာလို သဘာဝေဘးဆိုးေတြ တႏွစ္ထက္တႏွစ္ ပိုၿပီး ဆိုးလာေနတာနဲ႔အမွ် ဒီလိုေဘးဒဏ္ေတြကို ကမာၻနဲ႔အဝွမ္း ႀကဳံၾကရတယ္ဆိုေပမဲ့၊ ဒီအထဲမြာ အကာအၾကယၼဲ့ ေဘးဒုကၡ ေအရာကၦံုးေကတာ့ ဆင္းရဲႏြမ္းပါးတဲ့ ႏိုင္ငံေတြပါ။ ဒီအထဲမြာမြ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြ ေကတာ့ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈနဲ႔ ေနာက္ဆက္တြဲ ေဘးအႏၲရာယ္ေတြကို ပိုၿပီး ႀကဳံၾကရတယ္လို႔ ကုလသမဂၢနဲ႔ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြက ေထာက္ျပ ေျပာဆိုထားၾကပါတယ္။

ဒီလိုေထာက္ျပသူေတြထဲမွာ ၂၀၁၄ ခုႏွစ္ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆုရွင္ မာလာလာ ယူဆြပ္ဆိုင္ကလည္း ပါ ပါတယ္။ သူကိုယ္တိုင္ ပါကစၥတန္ႏိုင္ငံမွာ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္လာတဲ့ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ သူတက္ေနတဲ့ ေက်ာင္း ေရျမႇဳပ္ၿပီး ပညာေရးမြာ အေႏွာက္အယွက္ ျဖစ္ခဲ့ရတယ္လို႔ မာလာလာက ေျပာျပပါတယ္။

“ရာသီဥတုနဲ႔ ဆက္ႏြယ္တဲ့ အျဖစ္အပ်က္ေတြေၾကာင့္ သန္းနဲ႔ခ်ီတဲ့ မိန္းကေလးေတြ ေက်ာင္းတက္ခြင့္ ဆုံးရႈံးေနရပါတယ္။ မိုးေခါင္တာ၊ ေရႀကီးတာ လို ျဖစ္ရပ္ေတြက ေက်ာင္းေတြကို တိုက္႐ိုက္ သက္ေရာက္မႈ ရွိၿပီး တခ်ိဳ႕ ျဖစ္ရပ္ေတြမွာ လူေတြ အိုးမဲ့အိမ္မဲ့ ျဖစ္ရတာေၾကာင့္ ထိခိုက္မႈ အမ်ားဆုံးက အမ်ိဳးသမီးေတြ ျဖစ္ေနတာပါ။ ေက်ာင္းထြက္ရရင္ မိန္းကေလးေတြက ထိပ္ဆုံးက၊ ေက်ာင္းျပန္တက္ရေတာ့ သူတို႔က ေနာက္ဆုံးက ျဖစ္ေနပါတယ္။ ဒီျပႆနာေတြကို ေျဖရွင္းဖို႔ လုံလုံေလာက္ေလာက္ အားစိုက္ထုတ္မႈ မရွိဘူးဆိုတာ က်မတို႔ သိၾကသလိုပဲ ဒီလိုအေျခအေနမ်ိဳးမွာ အမ်ားအားျဖင့္ မိန္းကေလးေတြ ေက်ာင္းဆက္ မတက္ႏိုင္ၾကေတာ့ပါဘူး။ အိမ္မႈ ကိစၥေတြနဲ႔ပဲ မိသားစုဝင္ေတြကို ကူညီေပးေနရၿပီး ပညာေရးနဲ႔ အလွမ္းေဝးကုန္ၾကပါတယ္။”

နဂိုကတည္းကသူတို႔ေဒသမွာ တာလီဘန္ေတြက အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြ ပညာသင္ၾကားခြင့္ ကႏ္႔သတၳား တာေၾကာင့္ သဘာဝေဘးဆိုးေတြ ႀကဳံရတဲ့အခါမွာေတာ့ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြဟာ ပညာသင္ၾကားခြင့္နဲ႔ က်န္းမာေရးဆိုင္ရာ အခြင့္အလမ္းေတြ ဆုံးရႈံးၾကရတဲ့အျပင္ အၾကမ္းဖက္ခံရမႈေတြ ပိုၿပီး ႀကံဳရတဲ့ အေျခအေနကို ဆိုက္ေစတယ္ ဆိုတာကိုလည္း မာလာလာက ေထာက္ျပ ေျပာဆိုေနတာပါ။

ကမာၻႀကီးပူေႏြးမႈကိုျဖစ္ေစတဲ့ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြကို ခ်မ္းသာႂကြယ္ဝတဲ့ အင္အားႀကီးႏိုင္ငံေတြက အဓိက ဖန္တီးေနၿပီး ေနာက္ဆက္တြဲရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြ ျဖစ္လာတဲ့အခါမွာေတာ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက အဓိက ခံစားၾကရတယ္ ဆိုတာကို လူ႔အခြင့္အေရးနဲ႔ သဘာ၀ ပတ္ဝန္းက်င္အေရး ဦးေဆာင္ လႈပ္ရွားသူေတြက ေထာက္ျပေနတာပါ။ ဒီႏွစ္ထဲ ပါကစၥတန္ႏိုင္ငံ ႀကံဳရတဲ့ အေျခအေနဆိုရင္ ထင္ရွားတဲ့ ဥပမာတခု ျဖစ္တယ္ဆိုတာကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကုလသမဂၢ အစီအစဥ္ ၫြန္ၾကားေရးမႉး Inger Andersen က ေျပာပါတယ္။

"ပါကစၥတန္ႏုိင္ငံမွာ လူေပါင္း ၃၃ သန္း အိုးအိမ္မဲ့ေနပါတယ္။ ဒါက ၾသေစေၾတးလ် တႏိုင္ငံလံုးရဲ႕ လူဦးေရ ပမာဏေလာက္ ရွိပါတယ္။ ထိခိုက္မႈေတြက ေဒၚလာဘီလ်ံ ၃၀ ေလာက္ ရွိပါတယ္။ ႐ိုတ္သိမ္းရမယ့္ သီးႏွံေတြ အမ်ားအျပား ဆံုး႐ံႈးခဲ့ရသလို၊ မႀကံဳစဖူး က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ႀကဳံေနရပါတယ္။ တကယ္ေတာ့ ပါကစၥတန္ရဲ႕ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈက ၀.၄ % ေအာက္ပဲ ရွိတာပါ။ ခုေလာက္အထိ မမွ်မတ ခံစားရတာမ်ိဳးကိုေတာ့ က်မတို႔ လစ္လ်ဴရႈ မထားသင့္ပါဘူး။”

အာဖရိကႏိုင္ငံေတြမွာ ဆိုရင္လည္းရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ မိုးေခါင္ေရရွားမႈနဲ႔ ငတ္မြတ္ေခါင္းပါးမႈ ဒဏၠိဳ ဆိုးဆိုး႐ြား႐ြား ႀကံဳၾကရပါတယ္။ ကုလသမဂၢ ကေလးငယ္မ်ားဆိုင္ရာ ရန္ပုံေငြအဖြဲ႕ UNICEF အစီရင္ခံစာအရ မိုးေခါင္ေရရွားမႈ ျဖစ္တဲ့ ဂ်ဘူတီ၊ အီသီယိုးပီးယား၊ ကင္ညာ နဲ႔ ဆိုမာလီယာ ႏိုင္ငံေတြမွာ ငတ္မြတ္ေခါင္းပါးမႈ ႀကဳံေနရတဲ့ လူေပါင္း သန္း ၂၀ ေက်ာ္ရွိေနၿပီး ထက္ဝက္နီးပါးက ကေလးေတြ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေရာ ဒီလို ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ဘယ္လို အရပ္ ေဒသေတြမွာ ဘယ္လိုလူေတြက အဓိက ပိုၿပီး ႀကဳံေတြ႕ ခံစားေနၾကရပါလဲ။ သဘာဝ ပတ္ဝန္းက်င္အေရး လႈပ္ရွားေနတဲ့ ေနာ္ထီးခူက ခုလို ေျပာပါတယ္။

“က်မတို႔ ျမန္မာႏိုင္ငံမွာဆိုလို႔ရွိရင္ေတာ့ အဓိက ေက်းလက္ေဒသမွာေနထိုင္တဲ့ လူေတြက ပိုၿပီးေတာ့ ခံစားၾကရပါတယ္။ အဲ့ဒီေက်းလက္မွာ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြ ဆိုရင္ ပိုၿပီးေတာ့ အက်ိဳးသက္ေရာက္မႈေတြကို ႀကဳံရပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်မတို႔ အမ်ိဳးသမီးေတြက အိမ္မွာဆိုလို႔ရွိရင္ ခ်က္ေရးျပဳတ္ေရးတို႔ အိမ္မွာ အိမ္မႈကိစၥေတြကို တာဝန္ယူရပါတယ္။ က်မတို႔က ခ်က္ျပဳတ္မယ္ဆိုရင္ က်မတို႔က ေရလိုတယ္။ ေရသြားခပ္ရတယ္။ ဒါေပမဲ့ ရာသီဥတု ေဖာက္ျပန္တဲ့အခါမွာ ျမစ္ေခ်ာင္းေတြ ေရတိမ္ေကာလာတဲ့အခါမွာ နဂို က်မတို႔သြားရတဲ့ ေနရာထက္ ပိုၿပီးေတာ့ ေဝးေဝး သြားရတယ္။ အခ်ိန္ပိုေပးရတယ္။ ဒါက ၁ အခ်က္ေပါ့ေနာ္။ ၂ အခ်က္ဆိုရင္ေတာ့ အသက္ေမြးဝမ္းေက်ာင္းေပါ့။ အသက္ေမြးဝမ္းေက်ာင္းမွာ ဆိုရင္ မိုးေလဝသ၊ ရာသီဥတုေတြ မမွန္တဲ့အခါမွာ စိုက္ပ်ိဳး ေမြးျမဴေရး ခက္ခဲလာတယ္။ မေအာင္ျမင္ဘူး။ မေအာင္ျမင္တဲ့အခါ အိမ္ေထာင္စုမွာ ရပ္တည္ဖို႔ ဝင္ေငြ က်ပ္တည္းလာတယ္။ ၿပီးရင္ က်မတို႔ေက်းလက္မွာေနတဲ့ လူေတြဆိုရင္ ျမစ္ေခ်ာင္းေတြမွာ သားငါးေတြ ရွာစားၾကတယ္ေပါ့ေနာ္။ ဒါေပမဲ့ ေနာက္ပိုင္း ရွားပါးလာတဲ့အခါမွာ ဆိုလို႔ရွိရင္ က်မတို႔ အစားအေသာက္ ဖူလုံမႈလည္း ထိခိုက္တယ္။ ဆိုေတာ့ ဒီလိုမ်ိဳး ရာသီဥတု ေဖာက္ျပန္ဖို႔ ျဖစ္လာတဲ့ အက်ိဳးဆက္ေတြေၾကာင့္ က်မတို႔က ေျပာင္းေ႐ႊ႕ရတယ္။ ေျပာင္းေ႐ႊ႕လုပ္သားေတြ ျဖစ္လာတယ္။ အလုပ္အကိုင္ေတြ ရွားပါးတယ္။ စိုက္ပ်ိဳးဖို႔ မေအာင္ျမင္တဲ့အခါ ရပ္႐ြာကေန ၿမိဳ႕မွာ အလုပ္သြားရွာရတယ္။ ၿမိဳ႕မွာ အလုပ္ တက္ရွာတဲ့အခါမွာလည္း ၿမိဳ႕မွာလည္း ဝန္ထုတ္ဝန္ပိုး ျဖစ္ေစတယ္။ ဝန္ေဆာင္မႈနဲ႔ လူဦးေရ မကာမိတဲ့အခါမွာေပါ့။ တခ်ိဳ႕ အမ်ိဳးသမီးေတြကလည္း တျခား တိုင္းျပည္ကို က်မတို႔က ေ႐ႊ႕ေျပာင္းလုပ္သား အေနနဲ႔ သြားလုပ္ရတယ္။ အဲ့ဒီလို သြားလုပ္ရတဲ့အခါမွာ သားငယ္ သမီးငယ္ေတြကို အိမ္မွာ အဖိုးအဖြားေတြနဲ႔ ထားခဲ့ရတယ္။ မိသားစုေတြ တကြဲတျပား ျဖစ္တယ္။ ဆိုေတာ့ က်မတို႔က ျဖစ္လာတဲ့အရာတိုင္းက တခုနဲ႔တခု ဆက္စပ္သြားတာေပါ့။ ၾကည့္လိုက္ရင္ေတာ့ သက္သက္စီလိူ႔ ထင္ရတယ္။ ဒါေပမဲ့ တခုျဖစ္လိုက္တဲ့အခါမွာ ေနာက္ထပ္ျဖစ္လာတဲ့ ကြင္းဆက္ေတြက အက်ိဳးသက္ေရာက္မႈေတြက ေတာက္ေလွ်ာက္ ရွိသြားပါတယ္။”

ျမန္မာႏိုင္ငံမွာ အထူးသျဖင့္ သစ္ေတာျပဳန္းတီးမႈေတြေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈေတြ ႀကဳံေနရတာမို႔ သစ္ေတာေျမေတြ ထိန္းသိမ္းေရး အေလးေပး လုပ္ေဆာင္သင့္ပါတယ္လို႔လည္း ေနာ္ထီးခူက ေျပာပါတယ္။

“က်မတို႔ အရပ္ဘက္အဖြဲ႕ေတြနဲ႔ ဌာနတိုင္းရင္းသားအဖြဲ႕ေတြ အၿမဲတမ္း ေႂကြးေၾကာ္ ေတာင္းဆိုေနတာမွာ ဆိုရင္ ေဒသခံေတြ ထိန္းသိမ္းထားတဲ့ သစ္ေတာေတြကို အစိုးရ အေနနဲ႔ အသိအမွတ္ ျပဳေပးရမယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီေဒသခံေတြက ဒီသစ္ေတာေတြကို ထိန္းသိမ္းထားတယ္။ ျမစ္ေခ်ာင္းေတြကို ထိန္းသိမ္းထားတယ္ ဆိုေတာ့ သူတို႔သည္ ဒီေတာနဲ႔ အနီးစပ္ဆုံး ေနထိုင္တဲ့သူေတြ ျဖစ္တယ္။ သူတို႔က ဒီေတာေပၚမွာပဲ မွီခိုၿပီးေတာ့ ေနရတဲ့သူေတြ ျဖစ္တဲ့အတြက္ ဌာေနတိုင္းရင္းသားေတြ ထိန္းသိမ္း ထားတဲ့သစ္ေတာေတြကို အစိုးရက အျပည့္အဝ ကာကြယ္ေပးရမယ္။ အသိအမွတ္ ျပဳရမယ္။ ဆိုလို႔ရွိရင္ အစိုးရအေနနဲ႔လည္း ႏိုင္ငံတကာမွာ ေပးထားတဲ့ ကတိကဝတ္ေတြကိုလည္း ျပည့္မီမယ္ေပါ့ေနာ္။ ဆိုေတာ့ ဒါက က်မတို႔ အဖြဲ႕အစည္းေတြ အေနနဲ႔ အၿမဲတမ္း ေတာင္းဆိုေနတဲ့ အရာျဖစ္ပါတယ္။”

အမ်ိဳးသမီးေတြအေပၚ တိုက္႐ိုက္သက္ေရာက္မႈေတြ ရွိေနတဲ့ ခုလို ကိစၥရပ္ေတြကို အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈေတြ ရွိဖို႔ အေရးႀကီးသလို၊ ဦးေဆာင္မႈ အခန္းက႑ေတြမွာ ပါဝင္ခြင့္ရဖို႔ လိုတယ္လို႔လည္း ေနာ္ထီးခူက ေျပာပါတယ္။

“ဒီျမန္မာျပည္ရဲ႕ အေျခအေနအရ ဆိုရင္ က်မတို႔ အမ်ိဳးသမီးေတြက အိမ္မႈကိစၥေတြမွာ အမ်ားစု ပါဝင္ရတယ္။ နိမ့္က်တဲ့ေနရာမွာ ေနရတယ္။ ၿပီးရင္ သဘာဝ ပတ္ဝန္းက်င္နဲ႔ အနီးစပ္ဆုံး မွီခိုရတဲ့သူေတြ ျဖစ္တယ္။ ဆိုေတာ့ က်မတို႔က က်မတို႔နဲ႔ တိုက္႐ိုက္ ဆက္စပ္ေနတဲ့ ေနရာ ျဖစ္တဲ့အတြက္ က်မတို႔ရဲ႕အခန္းက႑က အေရးႀကီးတယ္။ ၿပီးေတာ့ က်မတို႔အမ်ိဳးသမီးေတြကိုလည္း ေနရာေပးဖို႔ လိုတယ္။ ဦးေဆာင္မႈ အခန္းက႑မွာ က်မတို႔ကို လိုလိုလားလား ေနရာေပးဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို အမ်ိဳးသမီးေတြက ပိုသိတယ္။ ပိုနားလည္တယ္။ ဆိုေတာ့ ခုလို ရာသီဥတု ေဖာက္ျပန္မႈ တိုက္ဖ်က္တဲ့ေနရာမွာ ျဖစ္ေစ၊ က်န္တဲ့က႑ေတြမွာ အမ်ိဳးသမီးငယ္ေလးေတြကို ပိုၿပီးေတာ့ ေနရာေပးသင့္တယ္။ ဦးေဆာင္မႈက႑မွာ ေနရာေပးသင့္တယ္လို႔ က်မ အေနနဲ႔ ေတာင္းဆိုခ်င္ပါတယ္။ ”

သဘာဝပတ္ဝန္းက်င္အေရး ေဆာင္႐ြက္သူ ဆြီဒင္လူငယ္ အမ်ိဳးသမီး ဂရက္တာသြန္းဘက္ (Greta Thunberg) ကေတာ့ သဘာဝေဘး ဒုကၡေတြေၾကာင့္ ပညာေရး အခြင့္အလမ္း ဆုံးရႈံးေနၾကရတဲ့ လူငယ္အမ်ိဳးသမီးေတြၾကား အသိပညာ ျဖန႔္ေဝမႈေတြ ပိုမိုျမင့္တင္ ေပးတာဟာ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြ နဲ႔ ဆက္စပ္ေနတဲ့ ျပႆနာေတြကို ေျဖရွင္းရာမွာ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစလိမ့္မယ္လို႔ ေျပာပါတယ္။

“မိန္းကေလးတိုင္းကို မွန္မွန္ကန္ကန္ ကူညီ ပံ့ပိုးေပးရင္ ကမာၻႀကီးကို ေျပာင္းလဲႏိုင္ပါတယ္။ ကမာၻႀကီးအေၾကာင္း သိေအာင္၊ ကမာၻႀကီး အမွန္တကယ္ တိုးတက္ေအာင္ လိုအပ္တဲ့ ကြၽမ္းက်င္မႈ စြမ္းရည္ေတြ ရဖို႔ သူတို႔ကို သင္ၾကားေပးဖို႔ လိုပါတယ္။ မိန္းကေလးေတြ သူတို႔ဆႏၵေတြကို ထုတ္ေဖာ္ ေျပာရဲလာေအာင္ တြန္းအားေပးဖို႔လိုပါတယ္။”

သဘာဝေဘးဒုကၡမ်ိဳးစုံ တေန႔တျခား တိုးၿပီး ႀကဳံေတြ႕လာေနတဲ့ ကမာၻႀကီးမွာ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔မွာေတာ့ အမ်ိဳးသမီးေတြခ်ည္းပဲ စြမ္းေဆာင္လို႔ရတာေတာ့ မဟုတ္ပါဘူး။ ကမာၻ႔ႏိုင္ငံေတြ အားလုံးမွာရွိတဲ့ အုပ္ခ်ဳပ္သူ အစိုးရကေန အလႊာအသီးသီးမွာရွိတဲ့ ျပည္သူ တဦးခ်င္းစီတိုင္းက ပူးေပါင္း ပါဝင္မွသာ ဒီကေန႔ ကမာၻႀကီး ႀကဳံေတြ႕ေနရတဲ့ ဥတုရာသီဆိုင္ရာ စိန္ေခၚမႈေတြကို ေျဖရွင္းႏိုင္မွာျဖစ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

XS
SM
MD
LG