သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာျပည္သြားမယ့္ ခရီးစဥ္ဖ်က္


Cambodia's Foreign Minister Prak Sokhonn speaks during a press conference after the 55th ASEAN Foreign Ministers' Meeting (55th AMM) in Phnom Penh, Cambodia, Aug. 6, 2022.

ASEAN ဥကၠဌရဲ႕ ျမန္မာဆိုင္ရာအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ျမန္မာႏိုင္ငံခရီးစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္။ ျမန္မာဘက္က အက်ဥ္းသားအမ်ားအျပား လႊတ္ေပးၿပီးေနာက္မွာ ျမန္မာျပည္သြားဖို႔ စီစဥ္ထားေပမဲ့ ထူးျခားတဲ့ရလဒ္ ထြက္လာဖို႔ မရွိတာေၾကာင့္ ခရီးစဥ္ဖ်က္သိမ္းလိုက္ရတာလို႔ဆိုပါတယ္။

===== [[ ZAWGYI ]] =====

အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာျပည္သြားမယ့္ ခရီးစဥ္ဖ်က္

အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားအသင္း ASEAN ဥကၠဌရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ ျဖစ္တဲ့ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ျမန္မာႏိုင္ငံ ခရီးစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္။ ျမန္မာဘက္က အက်ဥ္းသား အမ်ားအျပား လႊတ္ေပးၿပီးေနာက္မွာ ျမန္မာခရီးစဥ္သြားဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

ခရီးစဥ္ကေန ထူးထူးျခားျခား ရလဒ္ ထြက္လာဖို႔ ေမွ်ာ္လင့္ခ်က္ မရွိတာနဲ႔ အခ်ိန္အကန႔္အသတ္ေတြေၾကာင့္ ခရီးစဥ္ ဖ်က္သိမ္းတာ ျဖစ္တယ္လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Chum Sounry က ဗြီအိုေအ ခမာဌာနကို ေျပာပါတယ္။ ဒီလအတြင္း Brussels မွာ EU – ASEAN အစည္းအေဝးကို တက္ေရာက္ဖို႔ ရွိေနတဲ့ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးဟာ အနာဂတ္မွာလည္း ျမန္မာႏိုင္ငံကို အစြမ္းကုန္ ဆက္လက္ကူညီသြားဖို႔ ရည္႐ြယ္ထားေၾကာင္းလည္း ေျပာခြင့္ရက ဗြီအိုေအ ခမာဌာနကို တယ္လီဂရမ္ကေနတဆင့္ ေျပာၾကားခဲ့ပါတယ္။

အထူးကိုယ္စားလွယ္ အေနနဲ႔ ျမန္မာႏိုင္ငံကို ဆက္လက္ ကူညီဖို႔ ပိုင္းျဖတ္ထားၿပီး တျခားေသာ အာဆီယံ ႏိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ႀကိဳးပမ္းမယ့္ အေၾကာင္းလည္း သူက ေျပာပါတယ္။ ကေမာၻဒီးယားဟာ ဆိုရင္ ျမန္မာ စစ္အစိုးရကို ဖိအားေပးႏိုင္စြမ္း မရွိဘူးလို႔လည္း ကေမာၻဒီးယား ႏိုင္ငံေရးသိပၸံပါေမာကၡ Em Sovannara က ေျပာပါတယ္။

ျမန္မာႏိုင္ငံအေရး ကူညီေရးအတြက္ ဆက္လက္ ဦးေဆာင္ဖို႔ အင္ဒိုနီးရွားႏိုင္ငံကိုလည္း အာဆီယံဥကၠဌအျဖစ္ လႊဲေျပာင္းေပးဖို႔ကလည္း အဆင္သင့္ ျဖစ္ေနၿပီလို႔လည္း သူက ေျပာပါတယ္။ ဒါဟာ အာဆီယံဥကၠဌ တဦးတည္းရဲ႕ တာဝန္မဟုတ္ဘဲ အာဆီယံ တခုလုံးရဲ႕ တာဝန္ျဖစ္တယ္လို႔လည္း ပါေမာကၡ Sovannara က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===== {{ UNICODE }} =====

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်သွားမယ့် ခရီးစဉ်ဖျက်

အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ဥက္ကဌရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာဘက်က အကျဉ်းသား အများအပြား လွှတ်ပေးပြီးနောက်မှာ မြန်မာခရီးစဉ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ခရီးစဉ်ကနေ ထူးထူးခြားခြား ရလဒ် ထွက်လာဖို့ မျှော်လင့်ချက် မရှိတာနဲ့ အချိန်အကန့်အသတ်တွေကြောင့် ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနပြောခွင့်ရ Chum Sounry က ဗွီအိုအေ ခမာဌာနကို ပြောပါတယ်။ ဒီလအတွင်း Brussels မှာ EU – ASEAN အစည်းအဝေးကို တက်ရောက်ဖို့ ရှိနေတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာ အနာဂတ်မှာလည်း မြန်မာနိုင်ငံကို အစွမ်းကုန် ဆက်လက်ကူညီသွားဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောခွင့်ရက ဗွီအိုအေ ခမာဌာနကို တယ်လီဂရမ်ကနေတဆင့် ပြောကြားခဲ့ပါတယ်။

အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံကို ဆက်လက် ကူညီဖို့ ပိုင်းဖြတ်ထားပြီး တခြားသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းမယ့် အကြောင်းလည်း သူက ပြောပါတယ်။ ကမ္ဘောဒီးယားဟာ ဆိုရင် မြန်မာ စစ်အစိုးရကို ဖိအားပေးနိုင်စွမ်း မရှိဘူးလို့လည်း ကမ္ဘောဒီးယား နိုင်ငံရေးသိပ္ပံပါမောက္ခ Em Sovannara က ပြောပါတယ်။

မြန်မာနိုင်ငံအရေး ကူညီရေးအတွက် ဆက်လက် ဦးဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံကိုလည်း အာဆီယံဥက္ကဌအဖြစ် လွှဲပြောင်းပေးဖို့ကလည်း အဆင်သင့် ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။ ဒါဟာ အာဆီယံဥက္ကဌ တဦးတည်းရဲ့ တာဝန်မဟုတ်ဘဲ အာဆီယံ တခုလုံးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ပါမောက္ခ Sovannara က ပြောပါတယ်။

XS
SM
MD
LG