သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ ဥကၠ႒သစ္ အင္ဒိုနီးရွား လက္ထက္ ျမန္မာ့အေရး ေျဖရွင္းႏိုင္မယ့္ အလားအလာ


(Zawgyi / Unicode)

အင္ဒိုနီးရွားႏုိင္ငံက ၂၀၂၃ ခုႏွစ္အတြက္ အေရွ ႔ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံအလွည့္က် ဥကၠဌ တာ၀န္ယူေတာ့မွာပါ။ ျမန္မာႏုိင္ငံဆုိင္ရာ ဘုံသေဘာတူညီမႈ ၅ ရပ္ကို အေကာင္အထည္ေဖာ္ဖို႔ အထူးကိုယ္စားလွယ္က တဦးကို ခ်က္ခ်င္း ခန္႔အပ္တာ၀န္ေပးရေတာ့မွာလည္း ျဖစ္ပါတယ္။ အင္ဒိုနီးရွားႏုိင္ငံ ဂ်ကာတာကေန Fathiyah Wardah ေပးပို႔ထားတဲ့သတင္းလႊာကို နန္းေလာင္၀္က ဆက္ၿပီးတင္ျပမွာပါ။

စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ကတည္းက ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ႀကဳံေနရတဲ့ ျမန္မာႏုိင္ငံအေရး ေျဖရွင္းေပးနုိင္ဖို႔ အာဆီယံက အထူးကို္ယ္စားလွယ္ ၂ ဦး ခန္႔အပ္ခဲ့ၿပီးပါၿပိိီ။ ဒါေပမဲ့လည္း ျမန္မာစစ္ေကာင္စီကေတာ့ အာဆီယံက အႀကံျပဳထားတဲ့ ဘက္ေပါင္းစုံ ပါ၀င္တဲ့ ေတြ႔ဆုံေဆြးေႏြြးမႈ လုပ္ဖို႔ ျငင္းဆန္ေနပါတယ္။

ျမန္မာ့အေရး ထိေရာက္ေအာင္ ေဆာင္ရြက္ႏုိင္တယ္ဆိုတာ အင္ဒိုနီး႐ွားက သက္ေသျပဖို႔ အခ်ိန္ျဖစ္ေၾကာင္း အာဆိီယံအေရး ေစာင့္ၾကည့္ေလ့လာေနတဲ့ အင္ဒိုနီးရွား အမ်ိဳးသား သုေတသနေအဂ်င္စီ BRIN ကသုေတသီ Pandu Prayoga က ႏုိ၀င္ဘာ ၂၉ ရက္ေန႔မွာ ဗြီအိုေအကိုေျပာပါတယ္။

“ အင္ဒိုနီးရွားက အထူးကိုယ္စားလွယ္ တဦး ခ်က္ခ်င္းခန္႔အပ္ၿပီး အာဆီယံ ဘံုသေဘာတူညီမႈ ၅ ရပ္ကို အေကာင္အထည္ ေဖာ္ရမွာပါ။ အင္ဒိုနီးရွားက သူ႔ရဲ႕ သံတမန္ေရး အားေကာင္းေအာင္လည္း လုပ္ဖို႔လိုပါတယ္။ ဘုံသေဘာတူညီမႈ ၅ ရပ္ ဆက္လက္ ေဆာင္ရြက္ႏုိင္ေရး ေဆြးေႏြးပြဲတရပ္ ျဖစ္ေျမာက္လာေအာင္ ျမန္မာစစ္တပ္ကို ဖိတ္ေခၚၿပီး တုိက္တြန္းအားေပးဖို႔လိုပါတယ္။ ”

လာမယ့္ႏွစ္မွာ အာဆီယံ ဥကၠဌျဖစ္လာမယ့္ အင္ဒိုနီးရွားႏုိင္ငံက ျမန္မာ့အေရး အထူးကုိယ္စားလွယ္ကို ေရြးခ်ယ္တင္ျပႏုိင္ခြင့္ ရွိပါတယ္။ ျမန္မာစစ္တပ္နဲ႔ေရာ အျခားအဖြဲ႔အစည္းေတြနဲ႔ပါ ဆက္ဆံေရး ေျပလည္တဲ့သူ၊ အဆက္အသြယ္မ်ားတဲ့လူေတြ အင္္ဒိုနီးရွားမွာ အေတာ္မ်ားမ်ား ရွိတယ္လို႔လည္း Pandu ကေျပာပါတယ္။ ဒါေပမဲ႔လည္း ျမန္မာ့ႏုိင္ငံေရး အက်ပ္အတည္းကို ကူညီေျဖရွင္းေပးႏုိင္မယ့္ အထူးကိုယ္စားလွယ္ရဲ႕ လုပ္ငန္းတာ၀န္ေတြပိုၿပီး ခက္ခဲလာတယ္လို႔လည္း သူကေျပာပါတယ္။ ျမန္မာ့ႏုိင္ငံေရး အက်ပ္အတည္းေတြ ပိုၿပီး အခ်ိန္ၾကာလာတာနဲ႔ အမွ် စစ္ေကာင္စီဖက္က ပိုၿပီး အင္အားေကာင္းလာတယ္လို႔လည္း Pandu ကျမင္ပါတယ္။

ျမန္မာစစ္္တပ္နဲ႔ ဆက္ဆံမယ့္ အထူးကိုယ္စားလွယ္ဟာ သံတမန္ေရး ဒါမွမဟုတ္ စစ္ေရး အေတြ႔အႀကဳံရွိသူ ျဖစ္သင့္တယ္လို႔လည္း Pandu ကေျပာပါတယ္။ အထူးကိုယ္စားလွယ္အျဖစ္ စဥ္းစားသင့္တဲ့သူ အေတာ္မ်ားမ်ားထဲမွာ ႏုိင္ငံျခားေရး ၀န္ႀကီးေဟာင္းေတြျဖစ္တဲ့ Marty Natalegawa နဲ႔ Hassan Wirajuda တို႔ရဲ ႔နာမည္ေတြကိုလည္း Pandu ကအႀကံျပဳသြားပါတယ္။
အင္ဒိုနီးရွား Padjadjaran တကၠသိုလ္က အာဆီယံအေရး ေစာင့္ၾကည့္ေလ့လာေနတဲ့ Arfin Sudirman ကလည္း ျမန္မာ့အေရး ကိုင္တြြယ္ရာမွာ အင္ဒိုနီးရွားဖက္က ဒီထက္မက ခိုင္မာမႈွ ရိွရလိမ့္မယ္လို႔ ေျပာပါတယ္။

“ ျမန္မာကိစၥကို အင္ဒိုနိီးရွားက အျပင္းအထန္ ကိုင္တြယ္သင့္ပါတယ္။ အာဆီယံနဲ႔ အင္ဒိုနီးရွားက ဖိအားေတြက အေတာ္ျပင္းထန္ပါတယ္။ ဒါေပမဲ႔ ျမန္မာကေတာ့ ဂရုစိုက္ပုံမရပါဘူး။ အင္ဒိုနီးရွားနဲ႔ မေလးရွားနဲ႔ ထုိင္းနုိင္ငံတို႔လို သမား႐ိုးက် အာဆီယံအဖြဲ႔၀င္ ႏုိင္ငံေတြကေတာင္ အာဆီယံ အစည္းအေ၀းေတြမွာ ျမန္မာကို မဖိတ္ဘဲ အထီးက်န္ျဖစ္ေအာင္ ေဘးဖယ္ထားၾကပါတယ္။ ”

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ မေအာင္ျမင္ရတာဟာ ဥပေဒေၾကာင္းအရ ခိုင္မာတဲ့ လုပ္ငန္းစဥ္ မရွိတာေၾကာင့္လို႔လည္း ေျပာပါတယ္။ အာဆီယံဟာ သံတမန္ေရး နည္းလမ္းကိုသာ အၿမဲဦးစားေပးၿပီး ပဋိပကၡေတြကို ေရွာင္ရွားတတ္ပါတယ္။ ဒါေပမဲ႔လည္း အာဆီယံပဋိဥာဥ္ကို ခ်ိဳးေဖာက္တဲ့ အဖြဲ႔၀င္ႏုိင္ငံေတြကို သတၱိရွိရွိနဲ႔ တိက်စြာ ကိုင္တြယ္သင့္တယ္ဆိုတာ ျမန္မာ့အေရးက အာဆီယံကို သတိေပးလိုက္တာမ်ိဳး ျဖစ္သင့္တယ္ လို႔ Arfin ကေျပာပါတယ္။

ဒီမိုကေရစီ စံခ်ိန္စံညႊန္းေတြနဲ႔ လူ႔အခြင့္အေရးကို ေလးစားလုိက္နာဖို႔ ျမန္မာႏုိင္ငံကို အာဆီယံက ဖိအားေပးဖို႔လည္း Arfin က တုိက္တြန္းေျပာၾကားသြားပါတယ္။ ဘုံသေဘာတူညီမႈ ၅ ရပ္ကိုဆက္ၿပီး လစ္လ်ဴရႈ ေနမယ္ဆိုရင္ ျမန္မာကို အာဆီယံက ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္သင့္တယ္လို႔လည္း Arfin ကေျပာပါတယ္။

အာဆီယံ ဥကၠဌ အင္ဒိုနီးရွား အေနနဲ႔ ျမန္မာ့အေရး တိုးတက္မႈေတြ ေဆာင္ရြက္ႏုိင္လိမ့္မယ္လို႔ Arfin ကေမ ွ်ာ္လင့္ေနတာပါ။ ႐ိုဟင္ဂ်ာ ကိစၥမွာ သူ႔ရဲ႕ အခန္းက႑ အရေရာ ျမန္မာလူမႈ အသိုင္းအ၀ုိင္းနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရးရွိတဲ့ အတြက္ေၾကာင့္ပါ အင္ဒိုနီးရွားကို ျမန္မာႏိုင္ငံဖက္က အေတာ္ေလးစားမႈ ရွိမယ္လို႔လည္း Arfin က ယုံၾကည္ေနပါတယ္။

အထူး ကိုယ္စားလွယ္ ေရြးခ်ယ္မႈနဲ႔ပတ္သက္လို႔ အင္ဒိုနီးရွား ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကို ဆက္သြယ္ေမးျမန္းခ့ဲေပမဲ႔ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုပါတယ္။ ျမန္မာဆုိင္ရာ အာဆီယံဘုံသေဘာတူညိီမႈ ၅ ရပ္ထဲမွာ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈလုပ္ဖို႔၊ အၾကမ္းဖက္မႈေလ ွ်ာ့ခ်ဖို႔၊ အဖြဲ႔ေပါင္းစုံၾကား ေျပလည္မႈရေရး ၾကား၀င္ေစ့စပ္ေပးဖို႔၊ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေတြ ေပးအပ္ဖို႔နဲ႔ အာဆီယံ ကိုယ္စားလွယ္အဖြဲ႔ကို ျမန္မာႏုိင္ငံဆီ ေစလႊတ္ဖို႔ ဆိုတဲ့အခ်က္ေတြ ပါ၀င္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဆီယံ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှား လက်ထက် မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် အလားအလာ

အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူတော့မှာပါ။ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီမှု ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အထူးကိုယ်စားလှယ်က တဦးကို ချက်ချင်း ခန့်အပ်တာဝန်ပေးရတော့မှာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကနေ Fathiyah Wardah ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်က ဆက်ပြီးတင်ပြမှာပါ။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံအရေး ဖြေရှင်းပေးနိုင်ဖို့ အာဆီယံက အထူးကိုယ်စားလှယ် ၂ ဦး ခန့်အပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း မြန်မာစစ်ကောင်စီကတော့ အာဆီယံက အကြံပြုထားတဲ့ ဘက်ပေါင်းစုံ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ ငြင်းဆန်နေပါတယ်။
မြန်မာ့အရေး ထိရောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာ အင်ဒိုနီးရှားက သက်သေပြဖို့ အချိန်ဖြစ်ကြောင်း အာဆီယံအရေး စောင့်ကြည့်လေ့လာနေတဲ့ အင်ဒိုနီးရှား အမျိုးသား သုတေသနအေဂျင်စီ BRIN ကသုတေသီ Pandu Prayoga က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဗွီအိုအေကိုပြောပါတယ်။

“ အင်ဒိုနီးရှားက အထူးကိုယ်စားလှယ် တဦး ချက်ချင်းခန့်အပ်ပြီး အာဆီယံ ဘုံသဘောတူညီမှု ၅ ရပ်ကို အကောင်အထည် ဖော်ရမှာပါ။ အင်ဒိုနီးရှားက သူ့ရဲ့ သံတမန်ရေး အားကောင်းအောင်လည်း လုပ်ဖို့လိုပါတယ်။ ဘုံသဘောတူညီမှု ၅ ရပ် ဆက်လက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲတရပ် ဖြစ်မြောက်လာအောင် မြန်မာစစ်တပ်ကို ဖိတ်ခေါ်ပြီး တိုက်တွန်းအားပေးဖို့လိုပါတယ်။ ”

လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး အထူးကိုယ်စားလှယ်ကို ရွေးချယ်တင်ပြနိုင်ခွင့် ရှိပါတယ်။ မြန်မာစစ်တပ်နဲ့ရော အခြားအဖွဲ့အစည်းတွေနဲ့ပါ ဆက်ဆံရေး ပြေလည်တဲ့သူ၊ အဆက်အသွယ်များတဲ့လူတွေ အင်ဒိုနီးရှားမှာ အတော်များများ ရှိတယ်လို့လည်း Pandu ကပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်မယ့် အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေပိုပြီး ခက်ခဲလာတယ်လို့လည်း သူကပြောပါတယ်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ ပိုပြီး အချိန်ကြာလာတာနဲ့ အမျှ စစ်ကောင်စီဖက်က ပိုပြီး အင်အားကောင်းလာတယ်လို့လည်း Pandu ကမြင်ပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်ဆံမယ့် အထူးကိုယ်စားလှယ်ဟာ သံတမန်ရေး ဒါမှမဟုတ် စစ်ရေး အတွေ့အကြုံရှိသူ ဖြစ်သင့်တယ်လို့လည်း Pandu ကပြောပါတယ်။ အထူးကိုယ်စားလှယ်အဖြစ် စဉ်းစားသင့်တဲ့သူ အတော်များများထဲမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေဖြစ်တဲ့ Marty Natalegawa နဲ့ Hassan Wirajuda တို့ရဲ့နာမည်တွေကိုလည်း Pandu ကအကြံပြုသွားပါတယ်။
အင်ဒိုနီးရှား Padjadjaran တက္ကသိုလ်က အာဆီယံအရေး စောင့်ကြည့်လေ့လာနေတဲ့ Arfin Sudirman ကလည်း မြန်မာ့အရေး ကိုင်တွယ်ရာမှာ အင်ဒိုနီးရှားဖက်က ဒီထက်မက ခိုင်မာမှုှ ရှိရလိမ့်မယ်လို့ ပြောပါတယ်။

“ မြန်မာကိစ္စကို အင်ဒိုနီးရှားက အပြင်းအထန် ကိုင်တွယ်သင့်ပါတယ်။ အာဆီယံနဲ့ အင်ဒိုနီးရှားက ဖိအားတွေက အတော်ပြင်းထန်ပါတယ်။ ဒါပေမဲ့ မြန်မာကတော့ ဂရုစိုက်ပုံမရပါဘူး။ အင်ဒိုနီးရှားနဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့လို သမားရိုးကျ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကတောင် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာကို မဖိတ်ဘဲ အထီးကျန်ဖြစ်အောင် ဘေးဖယ်ထားကြပါတယ်။ ”

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် မအောင်မြင်ရတာဟာ ဥပဒေကြောင်းအရ ခိုင်မာတဲ့ လုပ်ငန်းစဉ် မရှိတာကြောင့်လို့လည်း ပြောပါတယ်။ အာဆီယံဟာ သံတမန်ရေး နည်းလမ်းကိုသာ အမြဲဦးစားပေးပြီး ပဋိပက္ခတွေကို ရှောင်ရှားတတ်ပါတယ်။ ဒါပေမဲ့လည်း အာဆီယံပဋိဉာဉ်ကို ချိုးဖောက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို သတ္တိရှိရှိနဲ့ တိကျစွာ ကိုင်တွယ်သင့်တယ်ဆိုတာ မြန်မာ့အရေးက အာဆီယံကို သတိပေးလိုက်တာမျိုး ဖြစ်သင့်တယ် လို့ Arfin ကပြောပါတယ်။
ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မြန်မာနိုင်ငံကို အာဆီယံက ဖိအားပေးဖို့လည်း Arfin က တိုက်တွန်းပြောကြားသွားပါတယ်။ ဘုံသဘောတူညီမှု ၅ ရပ်ကိုဆက်ပြီး လစ်လျူရှု နေမယ်ဆိုရင် မြန်မာကို အာဆီယံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့လည်း Arfin ကပြောပါတယ်။

အာဆီယံ ဥက္ကဌ အင်ဒိုနီးရှား အနေနဲ့ မြန်မာ့အရေး တိုးတက်မှုတွေ ဆောင်ရွက်နိုင်လိမ့်မယ်လို့ Arfin ကမေ ျှာ်လင့်နေတာပါ။ ရိုဟင်ဂျာ ကိစ္စမှာ သူ့ရဲ့ အခန်းကဏ္ဍ အရရော မြန်မာလူမှု အသိုင်းအဝိုင်းနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ အတွက်ကြောင့်ပါ အင်ဒိုနီးရှားကို မြန်မာနိုင်ငံဖက်က အတော်လေးစားမှု ရှိမယ်လို့လည်း Arfin က ယုံကြည်နေပါတယ်။

အထူး ကိုယ်စားလှယ် ရွေးချယ်မှုနဲ့ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ မြန်မာဆိုင်ရာ အာဆီယံဘုံသဘောတူညီမှု ၅ ရပ်ထဲမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလုပ်ဖို့၊ အကြမ်းဖက်မှုလေ ျှာ့ချဖို့၊ အဖွဲ့ပေါင်းစုံကြား ပြေလည်မှုရရေး ကြားဝင်စေ့စပ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့နဲ့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။

XS
SM
MD
LG