[[ ZAWGYI ]]
တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြတိုးတာ ကန္႔သတ္ခ်က္ေတြ ေလွ်ာ့လိုက္လို႔မဟုတ္ - WHO
တ႐ုတ္ႏိ္ုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္မႈ လုံး၀ပေပ်ာက္ေရး "zero-COVID" မူဝါဒနဲ႔ တင္းက်ပ္တဲ့ စည္းကမ္းေတြကို ဖ်က္သိမ္းဖို႔ တ႐ုတ္အစိုးရ မဆံုးျဖတ္ခင္ကတည္းက ကိုဗစ္ ၁၉ ကူးစက္မႈေတြ တိုးလာေနတာျဖစ္ေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အေရးေပၚအေျခေနဆိုင္ရာ အႀကီးအကဲ Mike Ryan ကေျပာလိုက္ပါတယ္။ ဗုဒၶဟူးေန႔က WHO ရဲ႕ ေျပာဆိုခ်က္က မူဝါဒအေျပာင္းအလဲေၾကာင့္ ေရာဂါကူးစက္မႈေတြ တိုးလာတယ္လို႔ ယူဆမႈေတြကို ေခ်ဖ်က္လိုက္တာပါ။ တကယ္ေတာ့ တ႐ုတ္ႏိုင္ငံမွာ လိုအပ္ေနတာက ကာကြယ္ေဆးထိုးလုပ္ငန္းကို တိုးျမႈွင့္ေဆာင္ရြက္ဖို႔ျဖစ္ေၾကာင္းလည္း သတိေပးပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ဆိုင္ရာ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြကို ေျဖေလွ်ာ့ေပးလိုက္တာနဲ႔ ကူးစက္မႈက ႐ုတ္တရက္ ထိန္းမရေအာင္ တိုးလာကို ၾကံဳရဘူးေပမယ့္ ဒီလိုကူးစက္တာဟာ စည္းကမ္း မတင္းၾကပ္ေတာ့ တာေၾကာင့္ မဟုတ္ပဲ ဒီေရာဂါပိုးကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ကာကြယ္ေဆးထိုးဖို႔ လိုအပ္ေနတာေၾကာင့္ ျဖစ္ေၾကာင္း ေျပာပါတယ္။
တ႐ုတ္ျပည္သူေတြၾကား ကာကြယ္ေဆးေသေသခ်ာခ်ာ ထိုးႏံွမႈ မရွိေသးသလို သက္ႀကီးရြယ္အိုေတြၾကား ကာကြယ္ေဆး ထိုးထားသူ အေရအတြက္လည္း နည္းပါးေနတာပါ။
လြန္ခဲ့တဲ့ ၃ ႏွစ္က တ႐ုတ္ႏိုင္ငံ ဝူဟန္က စတင္ခဲ့တဲ့ ဒီကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမာၻတ၀ွမ္း ေသဆံုးရသူ ၆.၆ သန္းရွိခဲ့တာ ျဖစ္ၿပီး အခုလာမယ့္ ႏွစ္မွာေတာ့ ဒါကို ကမာၻ႔အေရးေပၚအေျခေန အျဖစ္သတ္မွတ္စရာ မလိုေတာ့တဲ့ အေနထားေရာက္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။
ဒီကပ္ေရာဂါကို ၃ ႏွစ္ၾကာ ျဖတ္သန္းခဲ့ရေပမယ့္ ကမာၻတလႊား ဒီေရာဂါဆိုင္ရာ အေရးယူေဆာင္ရြက္မႈေတြက အႀကီးအက်ယ္ ကြာျခားမႈ ရွိေနတာ ျဖစ္ၿပီး အခုအခ်ိန္မွာ ႏိုင္ငံ အမ်ားအျပားက ဒီေရာဂါပိုး ရွိမရွိစမ္းသပ္တာ၊ အကူးစက္ခံရသူကို ေစာင့္ၾကည့္တဲ့ အေရးပါတဲ့ လုပ္ေဆာင္မႈမ်ိဳးေတြ ဆက္မလုပ္ ၾကေတာ့တဲ့ အတြက္ ဒီေရာဂါပိုးနဲ႔ ပတ္သက္ၿပီး အထူးသတိထားဖို႔ လိုအပ္တယ္လို႔လည္း Ryan က ေျပာပါတယ္။
================
{{ UNICODE }}
တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေတိုးတာ ကန့်သတ်ချက်တွေ လျှော့လိုက်လို့မဟုတ် - WHO
တရုတ်နိ်ုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု လုံးဝပပျောက်ရေး "zero-COVID" မူဝါဒနဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ဖျက်သိမ်းဖို့ တရုတ်အစိုးရ မဆုံးဖြတ်ခင်ကတည်းက ကိုဗစ် ၁၉ ကူးစက်မှုတွေ တိုးလာနေတာဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အခြေနေဆိုင်ရာ အကြီးအကဲ Mike Ryan ကပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က WHO ရဲ့ ပြောဆိုချက်က မူဝါဒအပြောင်းအလဲကြောင့် ရောဂါကူးစက်မှုတွေ တိုးလာတယ်လို့ ယူဆမှုတွေကို ချေဖျက်လိုက်တာပါ။ တကယ်တော့ တရုတ်နိုင်ငံမှာ လိုအပ်နေတာက ကာကွယ်ဆေးထိုးလုပ်ငန်းကို တိုးမြှုှင့်ဆောင်ရွက်ဖို့ဖြစ်ကြောင်းလည်း သတိပေးပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ဆိုင်ရာ တင်းကြပ်တဲ့စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်တာနဲ့ ကူးစက်မှုက ရုတ်တရက် ထိန်းမရအောင် တိုးလာကို ကြုံရဘူးပေမယ့် ဒီလိုကူးစက်တာဟာ စည်းကမ်း မတင်းကြပ်တော့ တာကြောင့် မဟုတ်ပဲ ဒီရောဂါပိုးကို ထိန်းချုပ်နိုင်အောင် ကာကွယ်ဆေးထိုးဖို့ လိုအပ်နေတာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။
တရုတ်ပြည်သူတွေကြား ကာကွယ်ဆေးသေသေချာချာ ထိုးနှံမှု မရှိသေးသလို သက်ကြီးရွယ်အိုတွေကြား ကာကွယ်ဆေး ထိုးထားသူ အရေအတွက်လည်း နည်းပါးနေတာပါ။
လွန်ခဲ့တဲ့ ၃ နှစ်က တရုတ်နိုင်ငံ ဝူဟန်က စတင်ခဲ့တဲ့ ဒီကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း သေဆုံးရသူ ၆.၆ သန်းရှိခဲ့တာ ဖြစ်ပြီး အခုလာမယ့် နှစ်မှာတော့ ဒါကို ကမ္ဘာ့အရေးပေါ်အခြေနေ အဖြစ်သတ်မှတ်စရာ မလိုတော့တဲ့ အနေထားရောက်လာမယ်လို့ မျှော်လင့်ကြောင်းလည်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။
ဒီကပ်ရောဂါကို ၃ နှစ်ကြာ ဖြတ်သန်းခဲ့ရပေမယ့် ကမ္ဘာတလွှား ဒီရောဂါဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေက အကြီးအကျယ် ကွာခြားမှု ရှိနေတာ ဖြစ်ပြီး အခုအချိန်မှာ နိုင်ငံ အများအပြားက ဒီရောဂါပိုး ရှိမရှိစမ်းသပ်တာ၊ အကူးစက်ခံရသူကို စောင့်ကြည့်တဲ့ အရေးပါတဲ့ လုပ်ဆောင်မှုမျိုးတွေ ဆက်မလုပ် ကြတော့တဲ့ အတွက် ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ လိုအပ်တယ်လို့လည်း Ryan က ပြောပါတယ်။