သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသင္းအဖြဲ႕ မွတ္ပုံတင္ဥပေဒသစ္အေပၚ အရပ္ဖက္လူမႈအဖြဲ႕ေတြအျမင္


အသင္းအဖြဲ႔မ်ား မွတ္ပုံတင္ျခင္း ဥပေဒသစ္ ( Screenshot of Govt Newspaper )

[[ ZAWGYI ]]

အသင္းအဖြဲ႕ မွတ္ပုံတင္ဥပေဒသစ္အေပၚ အရပ္ဖက္လူမႈအဖြဲ႕ေတြအျမင္

စစ္ေကာင္စီက ျပဌာန္းခဲ့တဲ့ အသင္းအဖြဲ႕ဆိုင္ရာ ဥပေဒသစ္ေၾကာင့္ အရပ္ဘက္အဖြဲ႕အစည္းေတြတခ်ိဳ႕ရပ္တည္လႈပ္ရွားဖို႔ခက္ခဲေနသလို၊ တခ်ိဳ႕ကေတာ့ စည္းကမ္းတက်လုပ္ေဆာင္မႈလို႔ ယူဆမႈလည္းရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

အာဏာသိမ္း စစ္ေခါင္းေဆာင္က လက္မွတ္ေရးထိုးၿပီး ျပ႒ာန္းလိုက္တဲ့ “အသင္းအဖြဲ႕ မွတ္ပုံတင္ ျခင္းဆိုင္ရာ ဥပေဒ”မွာ ခ်ဳပ္ခ်ယ္ ကန႔္သတ္မႈ အမ်ား အျပား ထည့္သြင္းထားၿပီး ေထာင္ဒဏ္‌ေတြ၊ ေငြဒဏ္ေတြ ခ်မွတ္ႏိုင္တဲ့ အတြက္ အသင္းအဖြဲ႕ေတြ လြတ္လပ္စြာ ရပ္တည္ေရး၊ လႈပ္ရွားေဆာင္႐ြက္ေရးေတြမွာ အကန႔္အသတ္ေတြ ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ သုံးသပ္မႈ ေတြရွိေနပါတယ္။ ဒါေၾကာင့္လည္း တခ်ိဳ႕ ပရဟိတအဖြဲ႕ေတြ အရပ္ဖက္အဖြဲ႕ေတြကေတာ့ ဒီဥပေဒေအာက္မွာ မွတ္ပုံမတင္ဖို႔ ဆုံးျဖတ္တာေတြရွိလာပါတယ္။

အထူးသျဖင့္ စစ္ေရွာင္ေတြကို ကူညီေရးလုပ္တဲ့အခါ ဥပေဒပါတားျမစ္ခ်က္ေၾကာင့္ ကူညီေဆာင္႐ြက္ ေနတဲ့ ေဒသႏၲရ အသင္းအဖြဲ႕ေတြရပ္တည္ဖို႔ ခက္ခဲမႈေတြရွိႏိုင္တယ္လို႔ ရွမ္းျပည္ဘက္က ပရဟိတ လုပ္ကိုင္ ေနသူတဦးကေျပာပါတယ္။

“ ႏိုင္ငံေရး အက်ပ္အတည္း ကာလမွာေတာ့ အဲလိုျပဌာန္းလိုက္တဲ့အတြက္ က်ေနာ္တို႔ အသင္းအဖြဲ႔လုပ္တဲ့ သူေတြက တာဝန္အမ်ားႀကီး ရွိပါတယ္။ နားလည္မႈ မရွိၾကရင္ေတာ့ က်ေနာ္တို႔က ၾကားထဲညႇပ္မွာပဲ။ ဒီလိုဥပေဒကို ဦးသိန္းစိန္လက္ထက္မွာ စတင္ျပဌာန္းခဲ့တယ္ အခုတခါ ထပ္ၿပီး ျပဌာန္းတာကေတာ့ အေကာင္းဖက္ကို ျဖစ္လာမွာ မဟုတ္ဘူး။ လုပ္ရကိုင္ရ ပိုက်ပ္တည္းလာမယ္။ မတတ္သာလို႔ သြားကူမိရင္လည္းပဲ ကိုယ့္ဖက္မွာ တာဝန္ရွိလာႏိုင္တယ္။ အဲဒီအတြက္ကေတာ့ အင္မတန္ ခက္ခဲပါတယ္။ ခုလို ကာလမ်ဳိးမွာ ေတာ္ေတာ္ခက္ခဲပါတယ္။ ဒါဟာ အလြန္ႀကီးမားတဲ့ အေႏွာက္အယွက္ အဟန္႔အတားျဖစ္ပါတယ္။ ”

ဒီဥပေဒအရ လူငါးေယာက္ထက္ေက်ာ္တဲ့ အဖြဲ႕အစည္းမွန္သမွ် မျဖစ္မေန မွတ္ပုံတင္ရမွာျဖစ္သလို ပ်က္ကြက္မယ္ဆိုရင္ ေထာင္ဒဏ္ ၃ ႏွစ္ က်ခံရမယ္လို႔ ဥပေဒမွာ ထည့္သြင္းထားပါတယ္။ မတရား အသင္းအျဖစ္ ေၾကညာထားတဲ့ အဖြဲ႕အစည္းေတြ၊ လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ သြယ္ဝိုက္ျဖစ္ေစ၊ တိုက္႐ိုက္ျဖစ္ေစ ပါဝင္ဆက္ႏြယ္တာမ်ိဳးမလုပ္ဖို႔လည္း တားျမစ္ထားပါတယ္။ ဒီတားျမစ္ခ်က္ကို ကိုမလိုက္နာရင္ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ ဒဏ္ေငြသိန္း ၅၀ က်ခံရႏိုင္ပါတယ္။

၂၀၁၄ ခုႏွစ္ ဥပေဒမွာေတာ့ အသင္းအဖြဲ႕ဖြဲ႕ခ်င္ သူေတြ အေနနဲ႔ မိမိတို႔ ဆႏၵအေလွ်ာက္ မွတ္ပုံတင္လိုက တင္ႏိုင္ၿပီး မတင္ဘဲနဲ႔လည္းဖြဲ႕စည္း လႈပ္ရွားႏိုင္သလို၊ ႏိုင္ငံေရး၊ လူမႈေရး လုပ္ငန္း ေတြမွာ ပါဝင္လုပ္ကိုင္ႏိုင္တယ္လို႔ တိတိလင္းလင္း ေျပာဆို ထားေပမယ့္ အခု စစ္ေကာင္စီက အသစ္ထုတ္ျပန္လိုက္တဲ့ ဥပေဒမွာေတာ့ ႏိုင္ငံေရး လုပ္ငန္းဆိုရင္ သီးျခားတည္ဆဲ ဥပေဒေတြအတိုင္း လိုက္နာ ေဆာင္႐ြက္ရမယ္လို႔ဆိုထားပါတယ္။ လူမႈေရးလုပ္ငန္းလုပ္တဲ့ အဖြဲ႕ဆိုရင္လည္း ႏိုင္ငံေရး၊ ဘာသာေရး စတာေတြ နဲ႔ မပတ္သက္ဖို႔ တားျမစ္ထားပါတယ္။ မလိုက္နာႏိုင္ရင္လဲ ေထာင္ဒဏ္ ေငြဒဏ္ေတြ ခ်မွတ္ ဖို႔ ထိ ျပဌာန္းထားတာပါ။

အဲဒါအျပင္ အၾကမ္းဖက္အဖြဲ႕ အစည္း၊ မတရားအသင္းနဲ႔ လက္နက္ကိုင္ ဆန႔္က်င္သူေတြနဲ တိုက္႐ိုက္ ျဖစ္ေစ သြယ္ဝိုက္ၿပီး ျဖစ္ေစ ဆက္သြယ္တာမ်ိဳးကိုလည္း ဥပေဒထဲ တားျမစ္ထားပါတယ္။ အခ်ဳပ္အခ်ာအာဏာတည့္တံခိုင္ၿမဲေရး၊ တရားဥပေဒ စိုးမိုးေရး၊ လုံၿခဳံေရးနဲ႔ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရး စတာေတြကို တိုက္႐ိုက္ ျဖစ္ေစ၊ သြယ္ဝိုက္ ျဖစ္ေစ ထိပါး စြက္ဖက္တာမ်ိဳး စတာေတြကို ေထာင္ ၅ႏွစ္၊ က်ပ္သိန္း ၅၀ သို႔မဟုတ္ ဒဏ္ ၂ရပ္လုံး အျပင္ ပိုင္ဆိုင္မႈေတြကို ႏိုင္ငံပိုင္သိမ္းတဲ့ အထိ အေရးယူ ဖို႔ လည္းပါရွိပါတယ္။

အသင္းအဖြဲ႕ေတြနဲ႔ ဆက္စပ္ေနတဲ့ ဆန႔္က်င္ဘက္ႏိုင္ငံေရးအဖြဲ႕အစည္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ထိန္းခ်ဳပ္လိုတာေၾကာင့္ အသင္း အဖြဲ႕ေတြကိုပါ လိုက္လံထိန္းခ်ဳပ္တာလို႔ ျပည္တြင္း မွာ ရပ္တည္ လုပ္ကိုင္ေနတဲ့ အသင္းအဖြဲ႕တခ်ိဳ႕က ေဝဖန္ပါတယ္။ အသစ္ထုတ္ျပန္လိုက္တဲ့ 'အသင္းအဖြဲ႕ မွတ္ပုံတင္ျခင္းဆိုင္ရာ ဥပေဒ' မွာ ျပည္တြင္းအရပ္ဘက္ အဖြဲ႕ေတြသာမက ႏိုင္ငံတကာ လက္ေအာက္ခံ အဖြဲ႕အစည္းေတြကိုပါ အသင္းအဖြဲ႕ မွတ္ပုံတင္ရမယ္လို႔ ထည့္သြင္းထားပါတယ္။

ေဝဖန္မႈေတြရွိေနသလို တဖက္မွာလည္း ဒီလိုအသင္းအဖြဲ႕မွတ္ပုံတင္သတ္မွတ္လိုက္တဲ့အေပၚမွာ စည္း ကမ္းတက်လုပ္ေဆာင္မႈ တခုလို႔သာရႈျမင္သူေတြလည္းရွိပါတယ္။ ရန္ကုန္တိုင္းအတြင္းမွာ ပရဟိတ လုပ္ေနတဲ့ အဖြဲ႕တခုက တာဝန္ရွိသူတဦးကေတာ့ ဒီဥပေဒအေပၚ အခုလိုရႈျမင္ပါတယ္။

“ စည္းကမ္း ထားတာေတာ့ ကောင္းေပမဲ့လည္း ေငြဒဏ္ ေထာင္ဒဏ္ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစေပါ့ဗ်ာ ၊ အဲဒီလိုစည္းကမ္းခ်က္ေတြ တိုးလာတာကို မၾကဳိက္တဲ့သူေတြလည္း ရွိႏိုင္တယ္။ ဒါေပမဲ့လည္း အမ်ားအက်ဳိးလုပ္မယ္ဆိုတဲ့ စိတ္ကူးနဲ႔ ဆက္လုပ္မယ္ဆိုတဲ့ သူေတြလည္း ရွိဦးမွာပါ။ စည္းကမ္းရွိတာေတာ့ ေကာင္းတာေပါ့ဗ်ာ။ က်ေနာ္တို႔က ပရဟိတ အသင္းသာ ေျပာတာ၊ ကူသာကူညီေနရတာ အားလုံးကို မ်က္ႏွာၾကည့္ၿပီး ေၾကာက္ေနရတာေပ့ါေနာ္။ အခုေတာ့ စည္းကမ္းသတ္မွတ္ သတ္မွတ္ ေပးထားတာဆိုေတာ့ ဒီစည္းကမ္းအတိုင္းပဲ သြားတယ္ဆိုရင္ ၊ ဘယ္သူ႔မ်က္ႏွာမွ ၾကည့္စရာမလိုေတာ့ပဲ လြတ္လပ္စြာနဲ႔ ကူညီႏိုင္တဲ့ အေနအထားမ်ဳိး ရွိလာပါတယ္။ ”

ျမန္မာႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္က ျပဌာန္းထားတဲ့ 'အသင္းအဖြဲ႕မ်ား မွတ္ပုံတင္ျခင္းဆိုင္ရာ ဥပေဒ' ေနရာမွာ စစ္ေကာင္စီက ဒီ ဥပေဒသစ္ထုတ္ျပန္ အစားထိုးလိုက္တာျဖစ္ပါတယ္။ ဥပေဒအသစ္ထဲက ကန႔္သတ္ ခ်က္ ေတြေၾကာင့္ အကူအညီေပးေရးအဖြဲ႕ေတြ လုပ္ငန္းလုပ္ကိုင္ဖို႔ ခက္ခဲႏိုင္ၿပီး အကူအညီ လိုအပ္သူေတြ အခက္အခဲေတြ အႀကီးအက်ယ္ ႀကဳံရမွာကို ျပည္တြင္းက အလႈရွင္ အဖြဲ႕အစည္းေတြက စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေသစ်အပေါ် အရပ်ဖက်လူမှုအဖွဲ့တွေအမြင်

စစ်ကောင်စီက ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေတချို့ရပ်တည်လှုပ်ရှားဖို့ခက်ခဲနေသလို၊ တချို့ကတော့ စည်းကမ်းတကျလုပ်ဆောင်မှုလို့ ယူဆမှုလည်းရှိပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းလိုက်တဲ့ “အသင်းအဖွဲ့ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေ”မှာ ချုပ်ချယ် ကန့်သတ်မှု အများ အပြား ထည့်သွင်းထားပြီး ထောင်ဒဏ်‌တွေ၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ အတွက် အသင်းအဖွဲ့တွေ လွတ်လပ်စွာ ရပ်တည်ရေး၊ လှုပ်ရှားဆောင်ရွက်ရေးတွေမှာ အကန့်အသတ်တွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှု တွေရှိနေပါတယ်။ ဒါကြောင့်လည်း တချို့ ပရဟိတအဖွဲ့တွေ အရပ်ဖက်အဖွဲ့တွေကတော့ ဒီဥပဒေအောက်မှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာတွေရှိလာပါတယ်။

အထူးသဖြင့် စစ်ရှောင်တွေကို ကူညီရေးလုပ်တဲ့အခါ ဥပဒေပါတားမြစ်ချက်ကြောင့် ကူညီဆောင်ရွက် နေတဲ့ ဒေသန္တရ အသင်းအဖွဲ့တွေရပ်တည်ဖို့ ခက်ခဲမှုတွေရှိနိုင်တယ်လို့ ရှမ်းပြည်ဘက်က ပရဟိတ လုပ်ကိုင် နေသူတဦးကပြောပါတယ်။

“ နိုင်ငံရေး အကျပ်အတည်း ကာလမှာတော့ အဲလိုပြဌာန်းလိုက်တဲ့အတွက် ကျနော်တို့ အသင်းအဖွဲ့လုပ်တဲ့ သူတွေက တာဝန်အများကြီး ရှိပါတယ်။ နားလည်မှု မရှိကြရင်တော့ ကျနော်တို့က ကြားထဲညှပ်မှာပဲ။ ဒီလိုဥပဒေကို ဦးသိန်းစိန်လက်ထက်မှာ စတင်ပြဌာန်းခဲ့တယ် အခုတခါ ထပ်ပြီး ပြဌာန်းတာကတော့ အကောင်းဖက်ကို ဖြစ်လာမှာ မဟုတ်ဘူး။ လုပ်ရကိုင်ရ ပိုကျပ်တည်းလာမယ်။ မတတ်သာလို့ သွားကူမိရင်လည်းပဲ ကိုယ့်ဖက်မှာ တာဝန်ရှိလာနိုင်တယ်။ အဲဒီအတွက်ကတော့ အင်မတန် ခက်ခဲပါတယ်။ ခုလို ကာလမျိုးမှာ တော်တော်ခက်ခဲပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ အနှောက်အယှက် အဟန့်အတားဖြစ်ပါတယ်။ ”

ဒီဥပဒေအရ လူငါးယောက်ထက်ကျော်တဲ့ အဖွဲ့အစည်းမှန်သမျှ မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်သလို ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ် ကျခံရမယ်လို့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။ မတရား အသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပါဝင်ဆက်နွယ်တာမျိုးမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ ဒီတားမြစ်ချက်ကို ကိုမလိုက်နာရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေသိန်း ၅၀ ကျခံရနိုင်ပါတယ်။

၂၀၁၄ ခုနှစ် ဥပဒေမှာတော့ အသင်းအဖွဲ့ဖွဲ့ချင် သူတွေ အနေနဲ့ မိမိတို့ ဆန္ဒအလျှောက် မှတ်ပုံတင်လိုက တင်နိုင်ပြီး မတင်ဘဲနဲ့လည်းဖွဲ့စည်း လှုပ်ရှားနိုင်သလို၊ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်း တွေမှာ ပါဝင်လုပ်ကိုင်နိုင်တယ်လို့ တိတိလင်းလင်း ပြောဆို ထားပေမယ့် အခု စစ်ကောင်စီက အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံရေး လုပ်ငန်းဆိုရင် သီးခြားတည်ဆဲ ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက်ရမယ်လို့ဆိုထားပါတယ်။ လူမှုရေးလုပ်ငန်းလုပ်တဲ့ အဖွဲ့ဆိုရင်လည်း နိုင်ငံရေး၊ ဘာသာရေး စတာတွေ နဲ့ မပတ်သက်ဖို့ တားမြစ်ထားပါတယ်။ မလိုက်နာနိုင်ရင်လဲ ထောင်ဒဏ် ငွေဒဏ်တွေ ချမှတ် ဖို့ ထိ ပြဌာန်းထားတာပါ။

အဲဒါအပြင် အကြမ်းဖက်အဖွဲ့ အစည်း၊ မတရားအသင်းနဲ့ လက်နက်ကိုင် ဆန့်ကျင်သူတွေနဲ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ ဆက်သွယ်တာမျိုးကိုလည်း ဥပဒေထဲ တားမြစ်ထားပါတယ်။ အချုပ်အချာအာဏာတည့်တံခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စတာတွေကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ထိပါး စွက်ဖက်တာမျိုး စတာတွေကို ထောင် ၅နှစ်၊ ကျပ်သိန်း ၅၀ သို့မဟုတ် ဒဏ် ၂ရပ်လုံး အပြင် ပိုင်ဆိုင်မှုတွေကို နိုင်ငံပိုင်သိမ်းတဲ့ အထိ အရေးယူ ဖို့ လည်းပါရှိပါတယ်။

အသင်းအဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်လိုတာကြောင့် အသင်း အဖွဲ့တွေကိုပါ လိုက်လံထိန်းချုပ်တာလို့ ပြည်တွင်း မှာ ရပ်တည် လုပ်ကိုင်နေတဲ့ အသင်းအဖွဲ့တချို့က ဝေဖန်ပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ 'အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' မှာ ပြည်တွင်းအရပ်ဘက် အဖွဲ့တွေသာမက နိုင်ငံတကာ လက်အောက်ခံ အဖွဲ့အစည်းတွေကိုပါ အသင်းအဖွဲ့ မှတ်ပုံတင်ရမယ်လို့ ထည့်သွင်းထားပါတယ်။

ဝေဖန်မှုတွေရှိနေသလို တဖက်မှာလည်း ဒီလိုအသင်းအဖွဲ့မှတ်ပုံတင်သတ်မှတ်လိုက်တဲ့အပေါ်မှာ စည်း ကမ်းတကျလုပ်ဆောင်မှု တခုလို့သာရှုမြင်သူတွေလည်းရှိပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ပရဟိတ လုပ်နေတဲ့ အဖွဲ့တခုက တာဝန်ရှိသူတဦးကတော့ ဒီဥပဒေအပေါ် အခုလိုရှုမြင်ပါတယ်။

“ စည်းကမ်း ထားတာတော့ ကောင်းပေမဲ့လည်း ငွေဒဏ် ထောင်ဒဏ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေပေါ့ဗျာ ၊ အဲဒီလိုစည်းကမ်းချက်တွေ တိုးလာတာကို မကြိုက်တဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့လည်း အများအကျိုးလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဆက်လုပ်မယ်ဆိုတဲ့ သူတွေလည်း ရှိဦးမှာပါ။ စည်းကမ်းရှိတာတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့က ပရဟိတ အသင်းသာ ပြောတာ၊ ကူသာကူညီနေရတာ အားလုံးကို မျက်နှာကြည့်ပြီး ကြောက်နေရတာပေ့ါနော်။ အခုတော့ စည်းကမ်းသတ်မှတ် သတ်မှတ် ပေးထားတာဆိုတော့ ဒီစည်းကမ်းအတိုင်းပဲ သွားတယ်ဆိုရင် ၊ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ပဲ လွတ်လပ်စွာနဲ့ ကူညီနိုင်တဲ့ အနေအထားမျိုး ရှိလာပါတယ်။ ”

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ပြဌာန်းထားတဲ့ 'အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' နေရာမှာ စစ်ကောင်စီက ဒီ ဥပဒေသစ်ထုတ်ပြန် အစားထိုးလိုက်တာဖြစ်ပါတယ်။ ဥပဒေအသစ်ထဲက ကန့်သတ် ချက် တွေကြောင့် အကူအညီပေးရေးအဖွဲ့တွေ လုပ်ငန်းလုပ်ကိုင်ဖို့ ခက်ခဲနိုင်ပြီး အကူအညီ လိုအပ်သူတွေ အခက်အခဲတွေ အကြီးအကျယ် ကြုံရမှာကို ပြည်တွင်းက အလှုရှင် အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG