သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၆ ကျောင်းသားခေါင်းဆောင် ကဗျာဆရာမောင်မှိုင်းလွင် (အင်းဝ) ဈာပန


စာရေးဆရာ/ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ခေါ် ဦးတင်အေးကြူ
စာရေးဆရာ/ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ခေါ် ဦးတင်အေးကြူ

စာရေးဆရာ ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ခေါ် ဦးတင်အေးကြူရဲ့ ဈာပနကို ထိုင်းနိုင်ငံဘန်ကောက်မြို့ ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ ဒီဇင်ဘာ ၂၁ရက်နေ့က ကျင်းပပြုလုပ်ပါတယ်။ အသက် ၇၂အရွယ် ဦးတင်အေးကြူ (ခေါ်) ကဗျာဆရာမောင်မှိုင်းလွင်(အင်းဝ)ဟာ ဘန်ကောက်မြို့ဆေးရုံတခုမှာပဲ အဆုတ်ရောဂါနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေလည်ပိုင်းက ကွယ်လွန်သွားခဲ့တာပါ။ ဈာပနကို မိသားစုဝင်တွေနဲ့ မိတ်ဆွေတချို့ တတ်ရောက်ပြီး၊ ရုပ်အလောင်းကို ဗကသ ခွပ်ဒေါင်းအလံနဲ့ အုပ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ မွန်လွဲပိုင်း နှစ်နာရီခွဲမှာ ရုပ်အလောင်းကို ဘန်ကောက်မြို့ Wat Lak Si ဘုန်းကြီးကျောင်းမှာ မီးသဂြိ ၤုလ်ခဲ့ပါတယ်။

ကဗျာဆရာမောင်မှိုင်းလွင်(အင်းဝ) ဟာ သခင်ကိုယ်တော်မှိုင်း ရာပြည့်ကျောင်းသားသပိတ်ခေါင်းဆောင်တဦးဖြစ်ပြီး၊ အဲဒီအချိန် အစိုးရက ကျောင်းသားဆိုးတွေဆိုပြီး ကင်ပွန်းတပ်ခံခဲ့ရပါတယ်။ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တာမို့ စက်မှုတက္ကသိုလ်ကနေ ကျောင်းထုတ်ခံခဲ့ရသလို၊ ရန်ကုန်အင်းစိန်ထောင်မှာ ၁၉၈၀ခုနှစ်အထိ အကျဉ်းချခံခဲ့ရပါတယ်။ ရှစ်လေးလုံးအရေးအခင်းဖြစ်ပြီးနောက်ပိုင်းဖွဲ့စည်းတဲ့ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုမှာ ဗဟိုအလုပ်အမှုဆောင်တဦဖြစ် ပါဝင်ခဲ့ပြီးနောက်၊ စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့အထိ မန္တလေးအခြေစိုက် နိုင်ငံရေးလှုပ်ရှားမှုများနဲ့ စာပေလှုပ်ရှားမှုများမှာလည်း ပါဝင်ခဲ့ပါတယ်။ ကဗျာဆရာမောင်မှိုင်းလွင်၊ အမည်ရင်း ဦးတင်အေးကြူကို ၁၉၅၁ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ မန္တလေး၊ တံတားဦးမြို့မှာ မွေးဖွားခဲ့ပါတယ်။

===============================================

[Unicode]




XS
SM
MD
LG