ကမ္ဘာကျော်ဂန္တဝင်ဘောလုံးသမားကြီး ပီလီဟာ ဒီကနေ့ ၂၀၂၂ ဒီဇင်ဘာ ၂၉၊ ကြာသပတေးနေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ အရွယ်ရှိတဲ့ ဘရာဇီးအကျော်အမော်ဟာ ဆင်းရဲတဲ့ဘဝကနေစခဲ့ရပြီး သမိုင်းမှာ လူသိအများဆုံးအားကစားသမားတဦးအဖြစ် ထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရဖူးထားတဲ့ တဦးတည်းသောဘောလုံးကစားသမားလည်းဖြစ်ပါတယ်။
ပီလီအမှတ်တရ ဓါတ်ပုံမှတ်တမ်း

၁
၁၉၆၈ စက်တင်ဘာလက ကစားခဲ့တဲ့ ဘောလုံးပွဲစဉ်တခုအတွင်း ပီလီရဲ့ နောက်ပြန်ကန်ချက်ကို တွေ့ရစဉ်

၂
၁၉၇၀ ဇွန်လ ၁၇ရက်နေ့ ဥရုဂွေးအသင်းနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲကစားမယ့် ဘရာဇီးအသင်း

၃
၁၉၇၀ ခုနှစ် မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးအသင်းနဲ့အတူ

၄
နယူးယောက်ကော်စမိုကလပ်အသင်းမှာ ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကို ကစားအပြီး အသင်းဖော်တွေက ပီလီ့ကို ဂုဏ်ပြုနုတ်ဆက်နေကြ (၁၉၇၇ အောက်တိုဘာ ၁)