သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလတောင်းဆို


အကျဉ်းထောင်မှာ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့
အကျဉ်းထောင်မှာ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့

Zawgyi/ Unicode

(Zawgyi)

မြန်မာနိုင်ငံမှာ ပြီးခဲတဲ့လွတ်လပ်ရေးနေ့က နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့်၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတာကြောင့်၊ အားလုံးကိုပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး UN OHCHR ဘန်ကောက်ရုံးခွဲက သောကြာနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့က အဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးခဲ့တာဟာ သူတို့ရဲ့ မိသားစုတွေကိုပါ စိတ်သက်သာရာရစေကြောင်းနဲ့ ဒီပြန်လွတ်လာသူတွေဟာ အစကတည်းကဖမ်းဆီးခံရသင့်သူ တွေမဟုတ်ဘူးလို့လည်း UN OHCHR ကပြောဆိုထားပါတယ်။

လွတ်လပ်ရေးနေ့က နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့ သတင်းကိုရရှိခဲ့သလို၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အတွက် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားသူတွေ ကျန်ရှိသေးတယ်ဆိုတဲ့ သတင်းတွေကို ဆက်လက်ရရှိနေပါတယ်။ ဒီဖမ်းဆီးခံထားရသူ တွေထဲက အများအပြားဟာ ညှင်းပန်းနှိပ်စက်တာ၊ လူမဆန်စွာ အနိုင်ကျင့်ခံရတာတွေ လည်းရှိနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အခုလို ဖမ်းဆီးတာတွေဟာ စစ်အုပ်ချုပ်ရေးကို ဝေဘန်ဆန့်ကျင်မှု တွေကို ပိတ်ပင်ဖို့ကြိုးပမ်းတာဖြစ်သလို၊ လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားကို ဖန်တီးဖို့ဖြစ်တယ်လို့လည်းဆိုပါ တယ်။

ဒီနှစ်ဟာ မြန်မာနိုင်ငံရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနှစ်ဖြစ်သလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့ ၇၅ နှစ်မြောက် စိန်ရတုနှစ်လည်းဖြစ်ပါတယ်။ အခုလို အခါသမယမှာ ကြေညာစာတမ်းပါ အခြေခံ အခွင့် အရေးတွေကို ကျင့်သုံးခွင့်ပြုတဲ့အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ လူ့အခွင့် အရေးမဟာမင်းကြီးက တောင်းဆိုတိုက်တွန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG