သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားက ကန္စစ္လက္နက္ေတြ ယူကရိန္းပို႔မည္ 


အေမရိကန္ျပည္ေထာင္စုက ယူကရိန္းကို ေထာက္ပံ့တဲ့ စစ္လက္နက္ပစၥည္းနဲ႔ ခဲယမ္းမ်ား ေလယာဥ္ေပၚတြင္ တင္ေဆာင္လာသည္ကိုေတြ႔ရစဥ္ (ဇန္နဝါရီ ၂၄၊ ၂၀၂၂)

ေတာင္ကိုရီးယားမွာရွိေနတဲ့ အေမရိကန္တပ္ဖြဲ႔ေတြအေနနဲ႔ စစ္လက္နက္ပစၥည္းေတြ ယူကရိန္းကို ပို႔ေပးဖို႔ အေမရိကန္ကာကြယ္ေရးဌာနက ၫႊန္ၾကားလိုက္ပါတယ္။ အခုလို ပို႔ေပးျခင္းအားျဖင့္ ေတာင္ကိုရီးယားမွာရွိေနတဲ့ အေမရိကန္တပ္ဖြဲ႔ေတြရဲ႕ လုပ္ငန္းေတြအေပၚ ထိခိုက္မႈ လုံး၀ရွိေစမွာမဟုတ္ဘူးလို႔လည္း ေျပာၾကားပါတယ္။

အေမရိကန္စစ္လက္နက္ေတြကို ယူကရိန္းကို ပို႔ေဆာင္ကူညီဖို႔ ေဆာင္ရြက္မႈျဖစ္တယ္လို႔ အင္အား ၂၈,၅၀၀ ေလာက္ ရွိေနတဲ့ ေတာင္ကိုရီးယားက အေမရိကန္တပ္ဖြဲ႔မ်ား USKF က ေျပာၾကားတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

ခုလိုယူကရိန္းကို ေတာင္ကိုရီးယားမွာထားရွိတဲ့ စစ္လက္နက္ေတြ ေပးလိုက္တဲ့အတြက္ အေမရိကန္ရဲ႕ မဟာမိတ္ေတြကို ကာကြယ္ေပးမယ့္ အေမရိကန္ရဲ႕ ခိုင္မာတဲ့ သဓိဌာန္အတိုင္း ေဆာင္ရြက္မႈေတြ လံုးဝ ထိခိုက္မွာ မဟုတ္ဘူးလို႔ USKF တပ္မ်ားရဲဲ႕ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး အိုင္းစက္ေတလာ (Isaac Taylor) က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဘယ္လို လက္နက္ေတြ ပို႔ေပးမယ္၊ ဘယ္အတိုင္းအတာအထိ ပို႔ေပးမယ္ဆိုတာနဲ႔ ဘယ္ေလာက္ ပို႔ၿပီးေနၿပီလဲဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ USKF က ထုတ္ေဖာ္ ေျပာဆိုျခင္းမရွိပါဘူး။ ေတာင္ကိုရီးယားကာကြယ္ေရးဌာနကလည္း တစံုတရာ ေျပာၾကားျခင္း မရွိပါဘူး။

ေတာင္ကိုရီးယားနဲ႔ အစၥေရးႏိုင္ငံတို႔မွာရွိေနတဲ့ အေမရိကန္တပ္ဖြဲ႔ေတြရဲ႕ စစ္လက္နက္ပစၥည္းေတြ ယူကရိန္းကို ပို႔ေပးဖို႔ အေမရိကန္စစ္တပ္က စီစဥ္ေနေၾကာင္း နယူးေယာက္တိုင္းစ္ (New York Times) သတင္းစာမွာ ၿပီးခဲ့တဲ့သတင္းပတ္အတြင္း ေရးသားအၿပီးမွာ အေမရိကန္စစ္တပ္က အခုလို ထုတ္ေဖာ္ ေျပာဆိုလာတာပါ။ ႐ုရွားကေတာ့ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနတာကို “အထူးစစ္ဆင္ေရး” လို႔ အမည္တပ္ထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ေတာင္ကိုရီးယားကာကြယ္ေရး၀န္ႀကီးဌာနကို ႐ိုက္တာက ေမးတာမွာေတာ့ သူတို႔အေနနဲ႔ ဒီကိစၥမွာ အေမရိကန္နဲ႔ အနီးကပ္ ပူးေပါင္း ေဆာင္ရြက္ေနၿပီး စစ္ေရးအတြက္ အသင့္အေနအထားရွိေအာင္ တဘက္က လုပ္ေဆာင္ေနပါတယ္လို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားအစိုးရကေတာ့ ယူကရိန္းကို လူေသေစႏိုင္တဲ့ စစ္လက္နက္ေတြ မကူညီေရးဆိုတဲ့ မူကို ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

တောင်ကိုရီးယားက ကန်စစ်လက်နက်တွေ ယူကရိန်းပို့မည်

တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းကို ပို့ပေးဖို့ အမေရိကန်ကာကွယ်ရေးဌာနက ညွှန်ကြားလိုက်ပါတယ်။ အခုလို ပို့ပေးခြင်းအားဖြင့် တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ လုပ်ငန်းတွေအပေါ် ထိခိုက်မှု လုံးဝရှိစေမှာမဟုတ်ဘူးလို့လည်း ပြောကြားပါတယ်။

အမေရိကန်စစ်လက်နက်တွေကို ယူကရိန်းကို ပို့ဆောင်ကူညီဖို့ ဆောင်ရွက်မှုဖြစ်တယ်လို့ အင်အား ၂၈,၅၀၀ လောက် ရှိနေတဲ့ တောင်ကိုရီးယားက အမေရိကန်တပ်ဖွဲ့များ USKF က ပြောကြားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ခုလိုယူကရိန်းကို တောင်ကိုရီးယားမှာထားရှိတဲ့ စစ်လက်နက်တွေ ပေးလိုက်တဲ့အတွက် အမေရိကန်ရဲ့ မဟာမိတ်တွေကို ကာကွယ်ပေးမယ့် အမေရိကန်ရဲ့ ခိုင်မာတဲ့ သဓိဌာန်အတိုင်း ဆောင်ရွက်မှုတွေ လုံးဝ ထိခိုက်မှာ မဟုတ်ဘူးလို့ USKF တပ်များရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး အိုင်းစက်တေလာ (Isaac Taylor) က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘယ်လို လက်နက်တွေ ပို့ပေးမယ်၊ ဘယ်အတိုင်းအတာအထိ ပို့ပေးမယ်ဆိုတာနဲ့ ဘယ်လောက် ပို့ပြီးနေပြီလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ USKF က ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။ တောင်ကိုရီးယားကာကွယ်ရေးဌာနကလည်း တစုံတရာ ပြောကြားခြင်း မရှိပါဘူး။

တောင်ကိုရီးယားနဲ့ အစ္စရေးနိုင်ငံတို့မှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းကို ပို့ပေးဖို့ အမေရိကန်စစ်တပ်က စီစဉ်နေကြောင်း နယူးယောက်တိုင်းစ် (New York Times) သတင်းစာမှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ရေးသားအပြီးမှာ အမေရိကန်စစ်တပ်က အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။ ရုရှားကတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို “အထူးစစ်ဆင်ရေး” လို့ အမည်တပ်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကို ရိုက်တာက မေးတာမှာတော့ သူတို့အနေနဲ့ ဒီကိစ္စမှာ အမေရိကန်နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပြီး စစ်ရေးအတွက် အသင့်အနေအထားရှိအောင် တဘက်က လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ ယူကရိန်းကို လူသေစေနိုင်တဲ့ စစ်လက်နက်တွေ မကူညီရေးဆိုတဲ့ မူကို ချမှတ်ထားပါတယ်။

XS
SM
MD
LG