ဂ်ပန္ႏိုင္ငံဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း လုံျခံဳေရးဆိုင္ရာ ဆိုးရြားဆုံးအေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ လာမယ့္ ၅ ႏွစ္အတြင္း စစ္ေရးတည္ေဆာက္မႈေတြ လုပ္ေဆာင္ဖို႔ အသစ္ ခ်မွတ္ခဲ့တဲ့ လုံံျခံဳေရးဆိုင္ရာ မဟာဗ်ဴဟာနဲ႔အညီလုပ္ေဆာင္ဖို႔ ၀န္ႀကီးခ်ဳပ္ ဖူမီယို ကီရွီဒါ (Fumio Kishida) က ဒီကေန႔ ဇန္နဝါရီ ၂၃ ရက္ေန႔မွာ ေျပာၾကားလိုက္ပါတယ္။ တခ်ိန္ထဲမွာဘဲ တိုင္းျပည္ အင္အားေတာင့္တင္းေအာင္ လူဦးေရ တိုးပြားမႈနႈန္း က်ဆင္းေနတာကိုပါ ကိုင္တြယ္ေျဖရွင္းဖို႔ ၀န္ႀကီးခ်ဳပ္ ကီရွီဒါက ေျပာပါတယ္။
ဒုတိယကမာၻစစ္အၿပီး ခ်မွတ္ခဲ့တဲ့ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္ေရးဆိုတဲ့ မူဝါကို ေျပာင္းလဲၿပီး တန္ျပန္ တိုက္ခိုက္ႏိုင္ေရးပါ ပါ၀င္တဲ့ လုံျခံဳေရးနဲ႔ ကာကြယ္ေရးအရ အေရးပါတဲ့ ျပဳျပင္ေျပာင္းလဲမႈကို ၀န္ႀကီးခ်ဳပ္ကီရွီဒါဦးေဆာင္တဲ့ အစိုးရက ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္း ခ်မွတ္ ျပန္ဌာန္းခဲ့ပါတယ္။
လက္ရွိ ဂ်ပန္ႏိုင္ငံက တပ္ဆင္ထားတဲ့ ဒုံးက်ည္ ၾကားျဖတ္တိုက္ခိုက္ေရး စံနစ္ဟာ တ႐ုတ္နဲ႔ ေျမာက္ကိုရီးယားတို႔က လွ်င္ျမန္စြာ ထုတ္လုပ္ေနတဲ့ အဆင့္ျမင့္ စစ္လက္နက္ေတြကို မယွဥ္ႏိုင္ဘူးလို႔ ဆိုပါတယ္။
ဂ်ပန္အေနနဲ႔ တက္ႂကြတဲ့ သံတမန္ေရးမူဝါဒကို ဦးစားေပးအစီအစဥ္တရပ္အေနနဲ႔ ခ်မွတ္ လုပ္ေဆာင္သြားမွာျဖစ္ေပမယ့္ အဲဒီ အစီအစဥ္ ေအာင္ျမင္ေရးအတြက္ စစ္ေရးအရလည္း ေက်ာေထာက္ခံေပးထားဖို႔ လိုအပ္တယ္လို႔ အခုႏွစ္အတြက္ လႊတ္ေတာ္ညီလာခံအစမွာ ေျပာၾကားတဲ့ အဖြင့္မိန္ခြန္းမွာ ၀န္ႀကီးခ်ဳပ္ကီရွီဒါက ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
တခ်ိန္ထဲမွာဘဲ လက္ရွိမွာ လူဦးေရ ၁၂၅ သန္းရွိတဲ့ ဂ်ပန္ႏိုင္ငံဟာ ၁၄ ႏွစ္ဆက္တိုက္ လူဦးေရ တိုးပြားမႈ က်ဆင္းတဲ့အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး ၂၀၆၀ ခုႏွစ္မွာ ၈၆.၇ သန္းအထိ က်သြားႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။
[Unicode]
စစ်ရေးတည်ဆောက်မှု ဂျပန်တိုးချဲ့ လုပ်ဆောင်မည်
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လုံခြုံရေးဆိုင်ရာ ဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့် ၅ နှစ်အတွင်း စစ်ရေးတည်ဆောက်မှုတွေ လုပ်ဆောင်ဖို့ အသစ် ချမှတ်ခဲ့တဲ့ လုံံခြုံရေးဆိုင်ရာ မဟာဗျူဟာနဲ့အညီလုပ်ဆောင်ဖို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာဘဲ တိုင်းပြည် အင်အားတောင့်တင်းအောင် လူဦးရေ တိုးပွားမှုနှုန်း ကျဆင်းနေတာကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ချမှတ်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရေးဆိုတဲ့ မူဝါကို ပြောင်းလဲပြီး တန်ပြန် တိုက်ခိုက်နိုင်ရေးပါ ပါဝင်တဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအရ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုကို ဝန်ကြီးချုပ်ကီရှီဒါဦးဆောင်တဲ့ အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ချမှတ် ပြန်ဌာန်းခဲ့ပါတယ်။
လက်ရှိ ဂျပန်နိုင်ငံက တပ်ဆင်ထားတဲ့ ဒုံးကျည် ကြားဖြတ်တိုက်ခိုက်ရေး စံနစ်ဟာ တရုတ်နဲ့ မြောက်ကိုရီးယားတို့က လျှင်မြန်စွာ ထုတ်လုပ်နေတဲ့ အဆင့်မြင့် စစ်လက်နက်တွေကို မယှဉ်နိုင်ဘူးလို့ ဆိုပါတယ်။
ဂျပန်အနေနဲ့ တက်ကြွတဲ့ သံတမန်ရေးမူဝါဒကို ဦးစားပေးအစီအစဉ်တရပ်အနေနဲ့ ချမှတ် လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အဲဒီ အစီအစဉ် အောင်မြင်ရေးအတွက် စစ်ရေးအရလည်း ကျောထောက်ခံပေးထားဖို့ လိုအပ်တယ်လို့ အခုနှစ်အတွက် လွှတ်တော်ညီလာခံအစမှာ ပြောကြားတဲ့ အဖွင့်မိန်ခွန်းမှာ ဝန်ကြီးချုပ်ကီရှီဒါက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
တချိန်ထဲမှာဘဲ လက်ရှိမှာ လူဦးရေ ၁၂၅ သန်းရှိတဲ့ ဂျပန်နိုင်ငံဟာ ၁၄ နှစ်ဆက်တိုက် လူဦးရေ တိုးပွားမှု ကျဆင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ၂၀၆၀ ခုနှစ်မှာ ၈၆.၇ သန်းအထိ ကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။