သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္က်ဴးလြန္ထားတဲ့ ရာဇဝတ္မႈေတြကို စုံစမ္း အေရးယူႏိုင္ေရး ဂ်ာမနီမွာ တရားစြဲ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္းတိုက္မွာလုပ္တဲ့ Fortify Rights အဖြဲ႕ သတင္းစာရွင္းလင္းပြဲ (ဇန္နဝါရီ ၂၄၊ ၂၀၂၃)

ႏိုင္ငံတကာဥပေဒနဲ႔ၿငိစြန္းတဲ့ ျမန္မာႏိုင္ငံတြင္း ဆိုး႐ြားတဲ့ရာဇဝတ္မႈေတြကို စုံစမ္းစစ္ေဆးႏိုင္ဖို႔ Fortify Rights ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕ႀကီးက ဂ်ာမနီျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးကို အမႈစြဲဆိုတင္ျပလိုက္ပါတယ္။ ျပစ္ဒဏ္က ကင္းလြတ္ခြင့္ရေနတဲ့ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြကို၊ ႏိုင္ငံတကာက အေရးမယူႏိုင္သမွ်ကာလပတ္လုံး အလားတူရာဇဝတ္မႈေတြကို ထပ္ခါထပ္ခါက်ဴးလြန္ေနဦးမွာျဖစ္တယ္လို႔ Fortify Rights အဖြဲ႕ႀကီးက သတိေပးပါတယ္။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္းတိုက္မွာလုပ္တဲ့ Fortify Rights အဖြဲ႕ သတင္းစာရွင္းလင္းပြဲကို ကိုယ္တိုင္သတင္းသြားယူခဲ့တဲ့ ကိုသားၫြန႔္ဦးက ဒီအေၾကာင္း ေျပာျပမွာပါ။

၂၀၁၇ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္တြင္း ႐ိုဟင္ဂ်ာေတြအေပၚ အစုအၿပဳံလိုက္က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြျဖစ္ၿပီးတဲ့ေနာက္ပိုင္း၊ ဒီရာဇဝတ္မႈက်ဴးလြန္မႈမွာ ပါဝင္ပတ္သက္သူေတြကို ႏိုင္ငံတကာဥပေဒအရ အေရးယူႏိုင္ဖို႔ Fortify Rights က ကနဦး ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆိုးဝါးတဲ့ရာဇဝတ္မႈေတြ ထပ္ျဖစ္လာတဲ့အတြက္ ဒီလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈႀကီးေတြကို စံနစ္တက် မွတ္တမ္းယူခဲ့တယ္လို႔ Fortify Rights တာဝန္ရွိသူေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေဖာ္ထုတ္စုံစမ္းႏိုင္ဖို႔ ႏိုင္ငံတကာမွာျဖစ္ေနတဲ့ ရာဇဝတ္မႈေတြကို အေရးယူႏိုင္တဲ့ ဥေရာပ၊ အာဖရိကနဲ႔ ေတာင္အေမရိကတိုက္တြင္း ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ ဥပေဒေတြကို ႏွစ္အတန္ၾကာ အခ်ိန္ယူ ေလ့လာသုေတသနျပဳခဲ့တယ္လို႔ ေျပာပါတယ္။ ေနာက္ဆုံးမွာေတာ့ ဂ်ာမနီျပည္ေထာင္စုဥပေဒအရ အသင့္ေတာ္ဆုံးျဖစ္တာမို႔ အခုလို ေ႐ြးခ်ယ္ၿပီး၊ အမႈစြဲတင္ခဲ့တာလို႔ Fortify Rights ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Matthew Smith က ေျပာပါတယ္။

"အာဏာသိမ္းၿပီးတဲ့ေနာက္ျဖစ္တဲ့ လူအေျမာက္အမ်ားအေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈေတြနဲ႔ပတ္သက္လို႔ မ်က္ျမင္သက္ေသေတြနဲ႔ အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြၿပီး၊ သူတို႔အတြက္ တရားမွ်တမႈရွာဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒီက်ဴးလြန္မႈေတြမွာ နစ္နာက်န္ရစ္သူ၊ မ်က္ျမင္ပုဂၢိဳလ္ ၁၆ ဦးတို႔နဲ႔ က်ေနာ္တို႔ Fortify Rights တို႔ဟာ ဂ်ာမနီျပည္ေထာင္စု ေရွေနခ်ဳပ္႐ုံးမွာ ႏိုင္ငံတကာဥပေဒေၾကာင္းအရ အမႈတင္လိုက္ၿပီဆိုတာ ဒီေန႔ ေၾကညာလိုက္ပါတယ္။"

ျမန္မာႏိုင္ငံတြင္းကဆိုး႐ြားတဲ့ရာဇဝတ္မႈေတြကို ႏိုင္ငံတကာနဲ႔ဂ်ာမနီတရားဥပေဒေတြအရ အေရးယူႏိုင္ေရးအတြက္ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ဂ်ာမနီဖယ္ဒရယ္ေရွေနခ်ဳပ္ကို ခိုင္ခိုင္မာမာအေထာက္အထားေတြ ေပးပို႔လိုက္ႏိုင္တယ္လို႔လည္း Matthew Smith ကေျပာပါတယ္။ ဒီအမႈေတြကို ဂ်ာမနီတရား႐ုံးကို တင္ဖို႔ကိစၥကေတာ့ ဂ်ာမနီဖယ္ဒရယ္ေရွ႕ေနခ်ဳပ္႐ုံးက ဆုံးျဖတ္ရဦးမွာျဖစ္ပါတယ္။ အမႈတိုင္တန္းတဲ့ လူပုဂၢိဳလ္ ၁၆ ဦးထဲမွာ တဝက္ေလာက္က ႐ိုဟင္ဂ်ာအမႈအခင္းကိစၥျဖစ္ၿပီး၊ က်န္တဝက္ကေတာ့ စစ္တပ္အာဏာသိမ္းၿပီးေနာက္ က်ဴးလြန္တဲ့ရာဇဝတ္မႈေတြနဲ႔ ဆက္စပ္ပါတယ္။ ဒီအမႈေတြကိုေတာ့ ဂ်ာမဏီအေျခစိုက္ ဥပေဒအဖြဲ႕တဖြဲ႕က ကိုယ္စားျပဳေဆာင္႐ြက္ေပးေနပါတယ္။ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ စစ္ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာဥပေဒအရ ကင္းလြတ္ခြင့္ေပးလို႔မျဖစ္ဘူးလို႔လည္း Fortify Rights အမႈေဆာင္အရာရွိခ်ဳပ္ Matthew Smith က ေျပာပါတယ္။

" စစ္ေခါင္းေဆာင္ေတြဟာ ဒီကမာၻႀကီးရဲ႕ တရားဥပေဒအရ ကင္းလြတ္ခြင့္ရေနလို႔မသင့္ပါဘူး။ သူတို႔ကို အေရးယူအျပစ္ေပးရပါမယ္။ စစ္ေခါင္းေဆာင္ေတြနဲ႔ ပတ္သက္ဆက္ႏြယ္သူ၊ သူတို႔နဲ႔ပတ္သက္လို႔ အခ်က္အလက္ရွိသူ၊ အမွန္တရားအေပၚ ရပ္တည္ခ်င္သူမွန္သမွ်ဟာ ႏိုင္ငံတကာတရားေရးစနစ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ရပါမယ္။ ဒီစစ္ေကာင္စီဟာ ျမန္မာအစိုးရမဟုတ္ပါဘူး၊ ရာဇဝတ္ဂိုဏ္းတခုလိုပဲ ဆက္ဆံရပါမယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံကို တကယ့္အေမွာင္တိုက္ထဲ တြန္းပို႔ေနသူပါ။ သူနဲ႔ အျခားတာဝန္ရွိသူေတြကို သူတို႔က်ဴးလြန္တဲ့ရာဇဝတ္မႈေတြအတြက္ အေရးယူအျပစ္ေပးရပါမယ္။"

စစ္တပ္က်ဴးလြန္မႈေတြမွာ ကိုယ္တိုင္လည္း မ်က္ျမင္သက္ေသလည္းျဖစ္၊ Fortify Rights ရဲ႕ သုေတသီတဦးျဖစ္သူ နစ္ကီဒိုင္းမြန္းကလည္း က်ဴးလြန္ခံရသူေတြအေနနဲ႔ ႏိုင္ငံတကာတရားေရးစနစ္နဲ႔ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းပါတယ္။

"ဒီလိုရက္စက္က်ဴးလြန္မႈေတြမွာ နစ္နာခံစားရသူေတြ အသက္ရွင္က်န္ရစ္သူေတြအေနနဲ႔ တရားမြွ်တမႈေတြရလာတဲ့အထိ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ က်ေနာ္တို႔ တိုက္တြန္းလိုတယ္။ အဲလို မလုပ္ဘူးဆိုရင္ ဒီရာဇဝတ္မႈေတြကို အျပစ္မေပးႏိုင္ဘူးဆိုရင္ က်ဴုးလြန္သူေတြဟာ အျပစ္ကင္းလြတ္ခြင့္ရၿပီး ဒီရာဇဝတ္မႈေတြကို ထပ္ခါထပ္ခါ က်ဴးလြန္ေနပါလိမ့္မယ္။"

ဂ်ာမနီေရွ႕ေနခ်ဳပ္ဆီေပးပိုတဲ့ ဒီအမႈတြဲမွာေတာ့ ျမန္မာစစ္တပ္ကက်ဴးလြန္တဲ့ သတ္ျဖတ္မႈ၊ ညႇင္းပမ္းႏွိပ္စက္မႈ၊ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ၊ မတရား အက်ဥ္းခ်မႈ၊ လူေပ်ာက္မႈေတြ ပါဝင္ပါတယ္။ ဒါေတြဟာ စစ္ရာဇဝတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈနဲ႔ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈဆိုတဲ့ ႏိုင္ငံတကာရာဇဝတ္မႈႀကီးေတြျဖစ္တယ္လို႔လည္း ေဖာ္ျပပါတယ္။ ျမန္မာစစ္တပ္က က်ဴးလြန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္လို႔ ဒီမတိုင္ခင္ကလည္း၊ ဂ်ာမဏီအျပင္ အာဂ်င္တီးနားလို႔ ႏိုင္ငံတရား႐ုံးေတြမွာ အေရးယူအျပစ္ေပးႏိုင္ဖို႔ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕ေတြက ႀကိဳးပမ္းခဲ့ဖူးပါတယ္။ ကုလသမဂၢ အခ်က္အလက္စုံစမ္းေရးအဖြဲ႕အေနနဲ႔လည္း မွတ္တမ္းျပဳေနတာရွိသလို၊ ICJ ICC လို ႏိုင္ငံတကာတရား႐ုံးေတြအထိ အမႈစြဲတင္ထားတာေတြလည္းရွီပါတယ္။ ဒါေပမယ့္ ေလ့လာသူေတြကေတာ့ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာတရားေရးစနစ္အရျဖစ္ေစ၊ အျခားႏိုင္ငံတရား႐ုံးတခုခုမွာျဖစ္ေစ တရား႐ုံးတင္အေရးယူႏိုင္ဖို႔ဆိုတာ အခ်ိန္ယူရမယ့္ ျဖစ္စဥ္ေတြလို႔ ယူဆၾကပါတယ္။

ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြကို အေရးယူဖို႔ ဂ်ာမနီမွာ တရားစြဲ
please wait

No media source currently available

0:00 0:04:46 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

မြန်မာစစ်တပ်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်း အရေးယူနိုင်ရေး ဂျာမနီမှာ တရားစွဲ

နိုင်ငံတကာဥပဒေနဲ့ငြိစွန်းတဲ့ မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ Fortify Rights နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ဂျာမနီပြည်ထောင်စုရှေ့နေချုပ်ရုံးကို အမှုစွဲဆိုတင်ပြလိုက်ပါတယ်။ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို၊ နိုင်ငံတကာက အရေးမယူနိုင်သမျှကာလပတ်လုံး အလားတူရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါကျူးလွန်နေဦးမှာဖြစ်တယ်လို့ Fortify Rights အဖွဲ့ကြီးက သတိပေးပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းတိုက်မှာလုပ်တဲ့ Fortify Rights အဖွဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း ပြောပြမှာပါ။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေအပေါ် အစုအပြုံလိုက်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း၊ ဒီရာဇဝတ်မှုကျူးလွန်မှုမှာ ပါဝင်ပတ်သက်သူတွေကို နိုင်ငံတကာဥပဒေအရ အရေးယူနိုင်ဖို့ Fortify Rights က ကနဦး ကြိုးပမ်းခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဝါးတဲ့ရာဇဝတ်မှုတွေ ထပ်ဖြစ်လာတဲ့အတွက် ဒီလူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေကို စံနစ်တကျ မှတ်တမ်းယူခဲ့တယ်လို့ Fortify Rights တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်စုံစမ်းနိုင်ဖို့ နိုင်ငံတကာမှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်တဲ့ ဥရောပ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်တွင်း နိုင်ငံအတော်များများရဲ့ ဥပဒေတွေကို နှစ်အတန်ကြာ အချိန်ယူ လေ့လာသုတေသနပြုခဲ့တယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ ဂျာမနီပြည်ထောင်စုဥပဒေအရ အသင့်တော်ဆုံးဖြစ်တာမို့ အခုလို ရွေးချယ်ပြီး၊ အမှုစွဲတင်ခဲ့တာလို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။

"အာဏာသိမ်းပြီးတဲ့နောက်ဖြစ်တဲ့ လူအမြောက်အများအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ မျက်မြင်သက်သေတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေပြီး၊ သူတို့အတွက် တရားမျှတမှုရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကျူးလွန်မှုတွေမှာ နစ်နာကျန်ရစ်သူ၊ မျက်မြင်ပုဂ္ဂိုလ် ၁၆ ဦးတို့နဲ့ ကျနော်တို့ Fortify Rights တို့ဟာ ဂျာမနီပြည်ထောင်စု ရှေနေချုပ်ရုံးမှာ နိုင်ငံတကာဥပဒေကြောင်းအရ အမှုတင်လိုက်ပြီဆိုတာ ဒီနေ့ ကြေညာလိုက်ပါတယ်။"

မြန်မာနိုင်ငံတွင်းကဆိုးရွားတဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာနဲ့ဂျာမနီတရားဥပဒေတွေအရ အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဂျာမနီဖယ်ဒရယ်ရှေနေချုပ်ကို ခိုင်ခိုင်မာမာအထောက်အထားတွေ ပေးပို့လိုက်နိုင်တယ်လို့လည်း Matthew Smith ကပြောပါတယ်။ ဒီအမှုတွေကို ဂျာမနီတရားရုံးကို တင်ဖို့ကိစ္စကတော့ ဂျာမနီဖယ်ဒရယ်ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ရဦးမှာဖြစ်ပါတယ်။ အမှုတိုင်တန်းတဲ့ လူပုဂ္ဂိုလ် ၁၆ ဦးထဲမှာ တဝက်လောက်က ရိုဟင်ဂျာအမှုအခင်းကိစ္စဖြစ်ပြီး၊ ကျန်တဝက်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပါတယ်။ ဒီအမှုတွေကိုတော့ ဂျာမဏီအခြေစိုက် ဥပဒေအဖွဲ့တဖွဲ့က ကိုယ်စားပြုဆောင်ရွက်ပေးနေပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာဥပဒေအရ ကင်းလွတ်ခွင့်ပေးလို့မဖြစ်ဘူးလို့လည်း Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။

" စစ်ခေါင်းဆောင်တွေဟာ ဒီကမ္ဘာကြီးရဲ့ တရားဥပဒေအရ ကင်းလွတ်ခွင့်ရနေလို့မသင့်ပါဘူး။ သူတို့ကို အရေးယူအပြစ်ပေးရပါမယ်။ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွယ်သူ၊ သူတို့နဲ့ပတ်သက်လို့ အချက်အလက်ရှိသူ၊ အမှန်တရားအပေါ် ရပ်တည်ချင်သူမှန်သမျှဟာ နိုင်ငံတကာတရားရေးစနစ်နဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ဒီစစ်ကောင်စီဟာ မြန်မာအစိုးရမဟုတ်ပါဘူး၊ ရာဇဝတ်ဂိုဏ်းတခုလိုပဲ ဆက်ဆံရပါမယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို တကယ့်အမှောင်တိုက်ထဲ တွန်းပို့နေသူပါ။ သူနဲ့ အခြားတာဝန်ရှိသူတွေကို သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် အရေးယူအပြစ်ပေးရပါမယ်။"

စစ်တပ်ကျူးလွန်မှုတွေမှာ ကိုယ်တိုင်လည်း မျက်မြင်သက်သေလည်းဖြစ်၊ Fortify Rights ရဲ့ သုတေသီတဦးဖြစ်သူ နစ်ကီဒိုင်းမွန်းကလည်း ကျူးလွန်ခံရသူတွေအနေနဲ့ နိုင်ငံတကာတရားရေးစနစ်နဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

"ဒီလိုရက်စက်ကျူးလွန်မှုတွေမှာ နစ်နာခံစားရသူတွေ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ တရားမွျှတမှုတွေရလာတဲ့အထိ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော်တို့ တိုက်တွန်းလိုတယ်။ အဲလို မလုပ်ဘူးဆိုရင် ဒီရာဇဝတ်မှုတွေကို အပြစ်မပေးနိုင်ဘူးဆိုရင် ကျူုးလွန်သူတွေဟာ အပြစ်ကင်းလွတ်ခွင့်ရပြီး ဒီရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေပါလိမ့်မယ်။"

ဂျာမနီရှေ့နေချုပ်ဆီပေးပိုတဲ့ ဒီအမှုတွဲမှာတော့ မြန်မာစစ်တပ်ကကျူးလွန်တဲ့ သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ မတရား အကျဉ်းချမှု၊ လူပျောက်မှုတွေ ပါဝင်ပါတယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ နိုင်ငံတကာရာဇဝတ်မှုကြီးတွေဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဒီမတိုင်ခင်ကလည်း၊ ဂျာမဏီအပြင် အာဂျင်တီးနားလို့ နိုင်ငံတရားရုံးတွေမှာ အရေးယူအပြစ်ပေးနိုင်ဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကြိုးပမ်းခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ အချက်အလက်စုံစမ်းရေးအဖွဲ့အနေနဲ့လည်း မှတ်တမ်းပြုနေတာရှိသလို၊ ICJ ICC လို နိုင်ငံတကာတရားရုံးတွေအထိ အမှုစွဲတင်ထားတာတွေလည်းရှီပါတယ်။ ဒါပေမယ့် လေ့လာသူတွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရေးစနစ်အရဖြစ်စေ၊ အခြားနိုင်ငံတရားရုံးတခုခုမှာဖြစ်စေ တရားရုံးတင်အရေးယူနိုင်ဖို့ဆိုတာ အချိန်ယူရမယ့် ဖြစ်စဉ်တွေလို့ ယူဆကြပါတယ်။

XS
SM
MD
LG