ျမန္မာႏိ္ုင္ငံမွာ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနက ႏိုင္ငံကူးလက္မွတ္ ပတ္စ္ပို႔စာအုပ္ေတြ ထုတ္ေပးတာကို လက္တေလာ ရပ္နားထားေပမဲ့ ျပည္ပအလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီေတြဘက္က အလုပ္ကမ္းလွမ္းစာနဲ႔ ပူးတြဲၿပီး ေလွ်ာက္ထားလာမယ္ဆိုရင္ေတာ့ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးမယ္လို႔ အလုပ္သမားေရးဌာနကက ေျပာလိုက္ပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုေအာင္ေအာင္ ဆက္ၿပီးေျပာျပပါမယ္။
အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြဘက္က ျပည္ပႏိုင္ငံေတြရဲ႕ အလုပ္ကမ္းလွမ္းစာနဲ႔ ပူးတြဲ ေလွ်ာက္ထားမယ္ဆိုရင္ ပတ္စ္ပို႔စာအုပ္ကို ထုတ္ေပးေနေၾကာင္း ျမန္မာ အလုပ္သမားေရးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးၫြန႔္ဝင္းက ဗြီအိုေအကိုေျပာပါတယ္။ ဒီလိုထုတ္ေပးတာမွာ အမည္မည္းစာရင္းထဲ မၾကာခင္က ထည့္သြင္းခံထားတဲ့ ေအဂ်င္စီေတြ မပါဝင္ေၾကာင္း သူကေျပာပါတယ္။
"ျပည္ထဲေရးက Blacklist (အမည္မဲစာရင္း) မပါတဲ့ ေအဂ်င္စီေတြဆိုရင္ သူ႔လုပ္ထုံး၊ လုပ္နည္းအတိုင္း ဆက္လုပ္ေပးမယ္။ အခု ၁၃၃ ခု ေအဂ်င္စီကို Blacklist သူတို႔ ေၾကညာထားတယ္။ အဲဒီေအဂ်င္စီေတြက က်ေနာ္တို႔ဆီကတဆင့္ ပတ္စ္ပို႔ ေလွ်ာက္မယ္ဆိုရင္ အဲဒါကို ေလာေလာဆယ္ pending လုပ္ထားတယ္၊ ဆိုင္းငံ့ထားတယ္။ က်န္တဲ့ clear ျဖစ္တဲ့ကုမၸဏီေတြ က်ေနာ္တို႔ ပုံမွန္လမ္းေၾကာင္းအတိုင္း ဆက္လုပ္ေပးေနတယ္။"
လက္ရွိမွာ ပတ္စပို႔စ္ေတြ ျပန္ထုတ္ေပးမယ္လို႔ မေၾကညာေသးသလို တရားဝင္ၫႊန္ၾကားခ်က္လည္း ေရာက္မလာေသးေၾကာင္း ေအဂ်င္စီတခုက ဗြီအိုေအကို ေျပာပါတယ္။
"သူတို႔က အခုအခ်ိန္အထိကို လက္ရွိအေနအထားအရ အကုန္လုံးကို ပိတ္ထားေသးတယ္ေပါ့၊ ဘယ္ရက္မွ ျပန္ဖြင့္မယ္ဆိုတာ အတိအက် မေၾကညာေသးဘူး။ ေအဂ်င္စီကထြက္မဲ့ အလုပ္သမားေတြကိုေတာ့ demand နဲ႔ အတူတူတြဲတင္ရတာေပါ့၊ အဲလိုဆိုရင္ သူတို႔က လုပ္ေပးတယ္ ဒါေပမဲ့ အခုအခ်ိန္မွာလည္း မလုပ္ေပးေသးဘူး၊ ႐ုံးေတြက ပိတ္ထားေသးတဲ့အတြက္ ခဏဆိုင္းငံ့ထားတဲ့ ပုံစံမ်ိဳးေပါ့။ အသံပဲၾကားေနရဆဲ ရွိတာပါ၊ ၫႊန္ၾကားခ်က္ေတာ့ မလာေသးပါဘူး။"
ဒီအေျခအေနတိုင္းဆိုရင္ အလုပ္အကိုင္ ပတ္စ္ပို႔ကလြဲၿပီး အလည္အပတ္အမ်ဳိးအစား ပတ္စ္ပို႔ေတြ မရႏိုင္ေသးတဲ့ပံု ျဖစ္ေနပါတယ္။ အလည္အပတ္ ပတ္စ္ပို႔ကိုင္ေဆာင္ထားသူေတြ သက္တမ္းကုန္ခဲ့ရင္လည္း သက္တမ္းတိုးလို႔ မရတာေၾကာင့္ ေနာက္တခါ ျပည္ပထြက္ဖို႔ အခက္အခဲေတြ ၾကံဳေနၾကရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ ျပည္ထဲေရးဌာနဘက္ကို ဗြီအိုေအက အဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေျဖၾကားျခင္းမရွိပါဘူး။ အိမ္ကို အလည္ျပန္လာတဲ့ အလုပ္ပတ္စ္ပို႔ကိုင္ထားသူေတြ ျပည္ပကို ျပန္ထြက္တဲ့အခါမွာလည္း အလုပ္သမားသက္ေသခံ အေထာက္အထား OWIC ကို တင္ျပႏိုင္ရမွာပါ။ အခ်က္အလက္ ကြဲလြဲတာ၊ တင္ျပႏိုင္တာ မရွိဘူးဆိုရင္ေတာ့ ျပန္ၿပီးထြက္ခြင့္ရမွာ မဟုတ္ေၾကာင္း အလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းေတြက သတိေပးထားပါတယ္။
[Unicode]
အလုပ်ကမ်းလှမ်းစာနဲ့ ပတ်စ်ပို့ပေးနေလို့ အလုပ်သမားရေးဌာနပြော
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်တွေ ထုတ်ပေးတာကို လက်တလော ရပ်နားထားပေမဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဘက်က အလုပ်ကမ်းလှမ်းစာနဲ့ ပူးတွဲပြီး လျှောက်ထားလာမယ် ဆိုရင်တော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်လို့ အလုပ်သမားရေးဌာနကက ပြောလိုက်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုအောင်အောင် ဆက်ပြီးပြောပြပါမယ်။
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်က ပြည်ပနိုင်ငံတွေရဲ့ အလုပ်ကမ်းလှမ်းစာနဲ့ ပူးတွဲ လျှောက်ထားမယ်ဆိုရင် ပတ်စ်ပို့စာအုပ်ကို ထုတ်ပေးနေကြောင်း မြန်မာ အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုထုတ်ပေးတာမှာ အမည်မည်းစာရင်းထဲ မကြာခင်က ထည့်သွင်းခံထားတဲ့ အေဂျင်စီတွေ မပါဝင်ကြောင်း သူကပြောပါတယ်။
"ပြည်ထဲရေးက Blacklist (အမည်မဲစာရင်း) မပါတဲ့ အေဂျင်စီတွေဆိုရင် သူ့လုပ်ထုံး၊ လုပ်နည်းအတိုင်း ဆက်လုပ်ပေးမယ်။ အခု ၁၃၃ ခု အေဂျင်စီကို Blacklist သူတို့ ကြေညာထားတယ်။ အဲဒီအေဂျင်စီတွေက ကျနော်တို့ဆီကတဆင့် ပတ်စ်ပို့ လျှောက်မယ်ဆိုရင် အဲဒါကို လောလောဆယ် pending လုပ်ထားတယ်၊ ဆိုင်းငံ့ထားတယ်။ ကျန်တဲ့ clear ဖြစ်တဲ့ကုမ္ပဏီတွေ ကျနော်တို့ ပုံမှန်လမ်းကြောင်းအတိုင်း ဆက်လုပ်ပေးနေတယ်။"
လက်ရှိမှာ ပတ်စပို့စ်တွေ ပြန်ထုတ်ပေးမယ်လို့ မကြေညာသေးသလို တရားဝင်ညွှန်ကြားချက်လည်း ရောက်မလာသေးကြောင်း အေဂျင်စီတခုက ဗွီအိုအေကို ပြောပါတယ်။
"သူတို့က အခုအချိန်အထိကို လက်ရှိအနေအထားအရ အကုန်လုံးကို ပိတ်ထားသေးတယ်ပေါ့၊ ဘယ်ရက်မှ ပြန်ဖွင့်မယ်ဆိုတာ အတိအကျ မကြေညာသေးဘူး။ အေဂျင်စီကထွက်မဲ့ အလုပ်သမားတွေကိုတော့ demand နဲ့ အတူတူတွဲတင်ရတာပေါ့၊ အဲလိုဆိုရင် သူတို့က လုပ်ပေးတယ် ဒါပေမဲ့ အခုအချိန်မှာလည်း မလုပ်ပေးသေးဘူး၊ ရုံးတွေက ပိတ်ထားသေးတဲ့အတွက် ခဏဆိုင်းငံ့ထားတဲ့ ပုံစံမျိုးပေါ့။ အသံပဲကြားနေရဆဲ ရှိတာပါ၊ ညွှန်ကြားချက်တော့ မလာသေးပါဘူး။"
ဒီအခြေအနေတိုင်းဆိုရင် အလုပ်အကိုင် ပတ်စ်ပို့ကလွဲပြီး အလည်အပတ်အမျိုးအစား ပတ်စ်ပို့တွေ မရနိုင်သေးတဲ့ပုံ ဖြစ်နေပါတယ်။ အလည်အပတ် ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေ သက်တမ်းကုန်ခဲ့ရင်လည်း သက်တမ်းတိုးလို့ မရတာကြောင့် နောက်တခါ ပြည်ပထွက်ဖို့ အခက်အခဲတွေ ကြုံနေကြရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဌာနဘက်ကို ဗွီအိုအေက အဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေကြားခြင်းမရှိပါဘူး။ အိမ်ကို အလည်ပြန်လာတဲ့ အလုပ်ပတ်စ်ပို့ကိုင်ထားသူတွေ ပြည်ပကို ပြန်ထွက်တဲ့အခါမှာလည်း အလုပ်သမားသက်သေခံ အထောက်အထား OWIC ကို တင်ပြနိုင်ရမှာပါ။ အချက်အလက် ကွဲလွဲတာ၊ တင်ပြနိုင်တာ မရှိဘူးဆိုရင်တော့ ပြန်ပြီးထွက်ခွင့်ရမှာ မဟုတ်ကြောင်း အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေက သတိပေးထားပါတယ်။