သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးလက္မွတ္ေတြ ဇန္နဝါရီလကုန္မွာ ျပန္ထုတ္ေပးႏိုင္ဖို႔ စီစဥ္ေန (စစ္ေကာင္စီ ေျပာခြင့္ရ)


ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္

ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈ အားလုံးပိတ္ပင္ထားတာကို ဇန္နဝါရီလကုန္မွာ ျပန္လည္ခြင့္ျပဳ ေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရကေျပာဆိုလိုက္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကို မျမသဇင္ေအာင္က တင္ျပေပးပါမယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကတည္းက ႏိုင္ငံကူးလက္မွတ္အသစ္လုပ္တာ၊ သက္တမ္းတိုးတာ၊ ႏိုင္ငံျခားမွာအလုပ္လုပ္ ခြင့္စာအုပ္ ပုံစံေျပာင္းတာအပါအဝင္ စာအုပ္ေလွ်ာက္ဖို႔ အြန္လိုင္းကေန ရက္ခ်ိန္းယူတာကအစ အားလုံးကို စစ္ေကာင္စီဘက္က ပိတ္ပင္ထားခဲ့တာပါ။

ဇန္နဝါရီလကုန္ပိုင္းမွာေတာ့ ေလွ်ာက္ထားမႈလုပ္ငန္းစဥ္ အသစ္တခုကို စစ္ေကာင္စီဘက္ကခ်ျပသြားဖို႔ရွိေနတယ္လို႔ စစ္ေကာင္စီဘက္က ေျပာပါတယ္။ ျပင္ဆင္ထားမႈေတြကို ခ်ျပအၿပီးမွာ ေလွ်ာက္ထားမႈလုပ္ငန္းေတြ ျပန္လည္လည္ပတ္လာႏိုင္မယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

" က်ေနာ္သိသေလာက္ကေတာ့ ျပည္ထဲေရးဝန္ႀကီးဌာနဘက္က စီစဥ္ေဆာင္႐ြက္ေနတာရွိပါတယ္။ တခ်ိဳ႕ အေၾကာင္းအရာကိစၥေတြေၾကာင့္ စီစဥ္ေဆာင္႐ြက္တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီလကုန္အၿပီးမွာေတာ့က်ေနာ္တို႔ စီစဥ္ေဆာင္႐ြက္တာ ၿပီးစီးမယ္လို႔ သိရပါတယ္။ ဟုတ္ကဲ့ စီစဥ္ေဆာင္႐ြက္တာေတြ ၿပီးသြားမယ္လို႔ဘဲ သိရပါတယ္။"

ျပည္ထဲေရးဝန္ႀကီး ဌာနဘက္ကေတာ့ ႏိုင္ငံကူးလက္မွတ္ ျပဳလုပ္ေပးမယ့္လုပ္ငန္းစဥ္ ျပန္စမယ့္ ရက္အတိအက်ကို ေၾကညာထားတာ မရွိခဲ့ဘဲ စစ္ေကာင္စီ ေျပာခြင့္ရဘက္ကဘဲ ျပင္ဆင္မႈလုပ္ေနတယ္ဆိုတာကို ေျပာဆိုလာတာပါ။ ဘယ္လိုေတြျပင္ဆင္မႈလုပ္လဲ ဆိုတာကိုေတာ့ အတိအက်မေျပာဆိုသလို ဘယ္စနစ္ကို သုံးသြားမလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းေျပာဖို႔ျငင္းဆန္ပါတယ္။

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ဖို႔ ကိုယ္တိုင္႐ုံးမွာတန္းစီတဲ့ စနစ္ကေန အြန္လိုင္းဘြတ္ကင္စနစ္ကို ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ မတ္လကုန္ေလာက္မွာ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ေျပာင္းလဲခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူစုလူေဝး ေလွ်ာ့ခ်တဲ့အေနနဲ႔ စတင္လိုက္တဲ့ အြန္လိုင္းဘြတ္ကင္စနစ္အရ ရက္ခ်ိန္းယူၿပီးမွ လူကိုယ္တိုင္႐ုံးကို လာေရာက္ေလွ်ာက္ထားခြင့္ ရွိပါတယ္။

၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ အစပိုင္းမွာေတာ့ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈ ဘယ္လိုပုံစံမ်ိဳးကိုမဆို ယာယီရပ္ဆိုင္းလိုက္ပါတယ္။ ဒီၾကားထဲမွာေတာ့ အထူးအစီအစဥ္ အေနနဲ႔ Green Channel ကေန MoU လုပ္သားေတြ အပါအဝင္ ဗုဒၶဂါယာဘုရားဖူးသြားမယ့္သူေတြအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားတာကိုဆက္ၿပီး ခြင့္ျပဳခဲ့ေပမယ့္ ဇန္နဝါရီ ၁၇ ရက္မွာေတာ့ အဲဒါေတြကိုပါ ပိတ္ပင္လိုက္တယ္လို႔ ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံကူးလက္မွတ္လွ်ာက္ထားရာမွာ ပြဲစားကတဆင့္လုပ္တဲ့ ေစ်းကြက္ႀကီးလာသလို အခုဆိုရင္ ေငြလိမ္ညာခံရသူေတြလည္း အေတာ္မ်ားလာတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

နိုင်ငံကူးလက်မှတ်တွေ ဇန်နဝါရီလကုန်မှာ ပြန်ထုတ်ပေးနိုင်ဖို့ စီစဉ်နေ (စစ်ကောင်စီ ပြောခွင့်ရ)

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှု အားလုံးပိတ်ပင်ထားတာကို ဇန်နဝါရီလကုန်မှာ ပြန်လည်ခွင့်ပြု ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံကူးလက်မှတ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာအလုပ်လုပ် ခွင့်စာအုပ် ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာကအစ အားလုံးကို စစ်ကောင်စီဘက်က ပိတ်ပင်ထားခဲ့တာပါ။

ဇန်နဝါရီလကုန်ပိုင်းမှာတော့ လျှောက်ထားမှုလုပ်ငန်းစဉ် အသစ်တခုကို စစ်ကောင်စီဘက်ကချပြသွားဖို့ရှိနေတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ပြင်ဆင်ထားမှုတွေကို ချပြအပြီးမှာ လျှောက်ထားမှုလုပ်ငန်းတွေ ပြန်လည်လည်ပတ်လာနိုင်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်သိသလောက်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က စီစဉ်ဆောင်ရွက်နေတာရှိပါတယ်။ တချို့ အကြောင်းအရာကိစ္စတွေကြောင့် စီစဉ်ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလကုန်အပြီးမှာတော့ကျနော်တို့ စီစဉ်ဆောင်ရွက်တာ ပြီးစီးမယ်လို့ သိရပါတယ်။ ဟုတ်ကဲ့ စီစဉ်ဆောင်ရွက်တာတွေ ပြီးသွားမယ်လို့ဘဲ သိရပါတယ်။"

ပြည်ထဲရေးဝန်ကြီး ဌာနဘက်ကတော့ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမယ့်လုပ်ငန်းစဉ် ပြန်စမယ့် ရက်အတိအကျကို ကြေညာထားတာ မရှိခဲ့ဘဲ စစ်ကောင်စီ ပြောခွင့်ရဘက်ကဘဲ ပြင်ဆင်မှုလုပ်နေတယ်ဆိုတာကို ပြောဆိုလာတာပါ။ ဘယ်လိုတွေပြင်ဆင်မှုလုပ်လဲ ဆိုတာကိုတော့ အတိအကျမပြောဆိုသလို ဘယ်စနစ်ကို သုံးသွားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောဖို့ငြင်းဆန်ပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ကိုယ်တိုင်ရုံးမှာတန်းစီတဲ့ စနစ်ကနေ အွန်လိုင်းဘွတ်ကင်စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကုန်လောက်မှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပြောင်းလဲခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေး လျှော့ချတဲ့အနေနဲ့ စတင်လိုက်တဲ့ အွန်လိုင်းဘွတ်ကင်စနစ်အရ ရက်ချိန်းယူပြီးမှ လူကိုယ်တိုင်ရုံးကို လာရောက်လျှောက်ထားခွင့် ရှိပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစပိုင်းမှာတော့ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ဘယ်လိုပုံစံမျိုးကိုမဆို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ဒီကြားထဲမှာတော့ အထူးအစီအစဉ် အနေနဲ့ Green Channel ကနေ MoU လုပ်သားတွေ အပါအဝင် ဗုဒ္ဓဂါယာဘုရားဖူးသွားမယ့်သူတွေအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားတာကိုဆက်ပြီး ခွင့်ပြုခဲ့ပေမယ့် ဇန်နဝါရီ ၁၇ ရက်မှာတော့ အဲဒါတွေကိုပါ ပိတ်ပင်လိုက်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကူးလက်မှတ်လျှာက်ထားရာမှာ ပွဲစားကတဆင့်လုပ်တဲ့ ဈေးကွက်ကြီးလာသလို အခုဆိုရင် ငွေလိမ်ညာခံရသူတွေလည်း အတော်များလာတယ်လို့ သိရပါတယ်။

XS
SM
MD
LG