သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးမႈေတြ ယာယီရပ္ဆိုင္း 


Myamar Passport

တႏိုင္ငံလုံးမွာရွိတဲ့ ႏိုင္ငံကူး လက္မွတ္႐ုံးေတြမွာ ပတ္စ္ပို႔စ္ စာအုပ္ထုတ္ေပးတာကို ေခတၱရပ္ထားမယ္လို႔ ႐ုံးခြဲအသီးသီးမွာ ေၾကညာထားပါတယ္။ ရႏ္ုကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုရဲမြန္ က ေျပာျပမွာပါ။

ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးမႈေတြ ယာယီရပ္ဆိုင္း

{{Zawgyi/Unicode}}

တႏိုင္ငံလုံးမွာရွိတဲ့ ႏိုင္ငံကူး လက္မွတ္႐ုံးေတြမွာ ပတ္စ္ပို႔စ္ စာအုပ္ထုတ္ေပးတာကို ေခတၱရပ္ထားမယ္လို႔ ႐ုံးခြဲအသီးသီးမွာ ေၾကညာထားပါတယ္။ အစိုးရတာဝန္ရွိသူေတြဖက္က ဒါကိုအတိအက် သတင္းမထုတ္ျပန္ေသးေပမဲ့ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ လိုက္စင္ရ ေအဂ်င္စီမ်ားအသင္း ကေတာ့ ဒါဟာ ယာယီသာျဖစ္ၿပီး ဇန္နဝါရီ၅ရက္မွာ ျပန္ၿပီးေလွ်ာက္ထားခြင့္ရမယ္လို႔ ေၾကညာထားပါတယ္။ ရႏ္ုကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုရဲမြန္ က ေျပာျပမွာပါ။

ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးတာကို ဒီေန႔ ဇန္နဝါရီ၂ ရက္နဲ႔ ၃ ရက္ေနေတြမွာ ယာယီပိတ္ထားမွာျဖစ္တယ္လို႔ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ လိုက္စင္ရ ေအဂ်င္စီမ်ားအသင္းက အသိေပးစာ ထုတ္ျပန္ထားေပမဲ့ ျပည္ထဲေရးဘက္ကေတာ့ ဘယ္ေန႔ျပန္ဖြင့္မယ္ဆိုတာ အတိအက်မေျပာဘဲ ယာယီပိတ္ထားတယ္လို႔သာ ေၾကညာထားပါတယ္။ တႏိုင္ငံလုံးမွာရွိတဲ့ ႏိုင္ငံကူးလက္မွတ္ ႐ုံးခြဲအသီးသီးမွာ ယာယီပိတ္ထားေၾကာင္း ေၾကညာထားတာ ျဖစ္ပါတယ္။ ျပည္ပအလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီတခုရဲ႕ တာဝန္ရွိသူကေတာ့ သူတို႔အေနနဲ႔ ဘယ္ေန႔ျပန္ဖြင့္မယ္ဆိုတာ အတိအက် မခန႔္မွန္းႏိုင္ေၾကာင္း ဗြီအိုေအ ကို ေျပာပါတယ္။ အေၾကာင္းကေတာ့ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားသူေတြ မ်ားျပားေနတာေၾကာင့္ ႏိုင္ငံကူးလက္မွတ္စာအုပ္ရဲ႕ ကုန္ၾကမ္းေတြ ျပတ္လပ္မႈျဖစ္ေနတယ္လို႔သာ သိထားေၾကာင္း သူကေျပာပါတယ္။

" ပတ္စ္ပို႔စ္စာအုပ္နဲ႔ ပတ္သက္ၿပီး အသင္းကလည္း ျပည္ထဲေရးက ျပန္ေျဖႏိုင္သေလာက္ပဲ သူတို႔ေျဖတာေပါ့။ တကယ္တမ္း ပတ္စ္ပို႔စ္စာအုပ္ကို ဆက္ေလွ်ာက္ခြင့္ ျပဳ၏မျပဳ၏ဆိုတာက ျပည္ထဲေရးပဲ ဆုံးျဖတ္မွာ။ ျပည္ထဲေရးကေန သတင္းအတိအက်လည္း မလႊင့္ေသးဘူး။ ေနာက္တခုၾကားတဲ့သတင္းကေတာ့ ပတ္စ္ပို႔စ္စာအုပ္ စာ႐ြက္ေတြက ေဈးႀကီးတယ္၊ ႏိုင္ငံျခားကမွာရတဲ့အတြက္ အဲဒီစာ႐ြက္ေတြက ကုန္တယ္၊ ကုန္ေနတယ္လို႔ၾကားတယ္ လက္တေလာအေျဖက။"

ရန္ကုန္တခုတည္းမွာတင္ တရက္ကို ႏိုင္ငံကူးလက္မွတ္ လာေရာက္ထုတ္ယူသူ ၃,၀၀၀ ဝန္းက်င္ေလာက္ရွိၿပီး ျပည္နယ္နဲ႔ တိုင္းအားလုံးက ႐ုံးခြဲေတြပါ ထည့္ထြက္မယ္ဆိုရင္ ပမာဏ အလြန္မ်ားေၾကာင္း သူကေျပာပါတယ္။ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ လိုက္စင္ရ ေအဂ်င္စီမ်ားအသင္းကေတာ့ လာမယ့္ ဇန္နဝါရီလ ၅ရက္မွာ ပုံမွန္အတိုင္း ပတ္စ္ပို႔ေတြကို ျပန္လည္ထုတ္ယူႏိုင္မယ္လို႔ ေၾကညာထားပါတယ္။ ယာယီပိတ္တာသာျဖစ္ေၾကာင္း အသင္းရဲ႕ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

" ဟုတ္တယ္ ယာယီပိတ္မယ္လို႔ပဲ ေၾကညာထားေတာ့ေလ၊ ဘာေၾကာင့္မွန္းလည္း ေသခ်ာေတာ့ မသိရပါဘူး။ အဲဒီ႐ုံးပိုင္းနဲ႔ပတ္သက္လို႔ အမတို႔ကလည္း MOEAF နဲ႔ကလည္း ပတ္စ္ပို႔အလွည့္က်ေတြကို ခဏရပ္ထားပါတယ္လို႔ ေျပာထားေတာ့ေလ။"

ျပည္ထဲေရး ဝန္ႀကီးဌာနဘက္ကေတာ့ ပတ္စ္ပို႔စ္ေတြ ျပန္ထုတ္ေပးမဲ့ရက္ကို အတိအက် ေၾကညာထားတာ မရွိပါဘူး။ ပတ္စ္ပို႔စ္စာအုပ္ ကုန္ၾကမ္း ျပတ္လပ္မႈ ျဖစ္ေပၚတာ မွန္ကန္တယ္ဆိုရင္ ဒီလိုျဖစ္ရတာက စာအုပ္သက္တမ္းကို ငါးႏွစ္ပဲေပးတာ အပါအဝင္ စာ႐ြက္မ်ားစြာ႐ိုက္နိပ္ထားတာ၊ အလုပ္အကိုင္ပတ္စ္ပို႔စ္၊ အလည္အပတ္ ပတ္စ္ပို႔စ္ စတဲ့ဒီလို အမ်ိဳးအစားေတြ ခြဲၿပီးလုပ္တာေတြေၾကာင့္ ေလလြင့္ဆုံးရႈံးမႈ မ်ားေနေၾကာင္း အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီတခ်ိဳ႕က ေထာက္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေ ယာယီရပ်ဆိုင်း

{{Zawgyi/Unicode}}

တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံကူး လက်မှတ်ရုံးတွေမှာ ပတ်စ်ပို့စ် စာအုပ်ထုတ်ပေးတာကို ခေတ္တရပ်ထားမယ်လို့ ရုံးခွဲအသီးသီးမှာ ကြေညာထားပါတယ်။ အစိုးရတာဝန်ရှိသူတွေဖက်က ဒါကိုအတိအကျ သတင်းမထုတ်ပြန်သေးပေမဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုက်စင်ရ အေဂျင်စီများအသင်း ကတော့ ဒါဟာ ယာယီသာဖြစ်ပြီး ဇန်နဝါရီ၅ရက်မှာ ပြန်ပြီးလျှောက်ထားခွင့်ရမယ်လို့ ကြေညာထားပါတယ်။ ရန်ုကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုရဲမွန် က ပြောပြမှာပါ။

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာကို ဒီနေ့ ဇန်နဝါရီ၂ ရက်နဲ့ ၃ ရက်နေတွေမှာ ယာယီပိတ်ထားမှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုက်စင်ရ အေဂျင်စီများအသင်းက အသိပေးစာ ထုတ်ပြန်ထားပေမဲ့ ပြည်ထဲရေးဘက်ကတော့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ အတိအကျမပြောဘဲ ယာယီပိတ်ထားတယ်လို့သာ ကြေညာထားပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ရုံးခွဲအသီးသီးမှာ ယာယီပိတ်ထားကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုရဲ့ တာဝန်ရှိသူကတော့ သူတို့အနေနဲ့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ အတိအကျ မခန့်မှန်းနိုင်ကြောင်း ဗွီအိုအေ ကို ပြောပါတယ်။ အကြောင်းကတော့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ များပြားနေတာကြောင့် နိုင်ငံကူးလက်မှတ်စာအုပ်ရဲ့ ကုန်ကြမ်းတွေ ပြတ်လပ်မှုဖြစ်နေတယ်လို့သာ သိထားကြောင်း သူကပြောပါတယ်။

" ပတ်စ်ပို့စ်စာအုပ်နဲ့ ပတ်သက်ပြီး အသင်းကလည်း ပြည်ထဲရေးက ပြန်ဖြေနိုင်သလောက်ပဲ သူတို့ဖြေတာပေါ့။ တကယ်တမ်း ပတ်စ်ပို့စ်စာအုပ်ကို ဆက်လျှောက်ခွင့် ပြု၏မပြု၏ဆိုတာက ပြည်ထဲရေးပဲ ဆုံးဖြတ်မှာ။ ပြည်ထဲရေးကနေ သတင်းအတိအကျလည်း မလွှင့်သေးဘူး။ နောက်တခုကြားတဲ့သတင်းကတော့ ပတ်စ်ပို့စ်စာအုပ် စာရွက်တွေက ဈေးကြီးတယ်၊ နိုင်ငံခြားကမှာရတဲ့အတွက် အဲဒီစာရွက်တွေက ကုန်တယ်၊ ကုန်နေတယ်လို့ကြားတယ် လက်တလောအဖြေက။"

ရန်ကုန်တခုတည်းမှာတင် တရက်ကို နိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူသူ ၃,၀၀၀ ဝန်းကျင်လောက်ရှိပြီး ပြည်နယ်နဲ့ တိုင်းအားလုံးက ရုံးခွဲတွေပါ ထည့်ထွက်မယ်ဆိုရင် ပမာဏ အလွန်များကြောင်း သူကပြောပါတယ်။ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုက်စင်ရ အေဂျင်စီများအသင်းကတော့ လာမယ့် ဇန်နဝါရီလ ၅ရက်မှာ ပုံမှန်အတိုင်း ပတ်စ်ပို့တွေကို ပြန်လည်ထုတ်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။ ယာယီပိတ်တာသာဖြစ်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" ဟုတ်တယ် ယာယီပိတ်မယ်လို့ပဲ ကြေညာထားတော့လေ၊ ဘာကြောင့်မှန်းလည်း သေချာတော့ မသိရပါဘူး။ အဲဒီရုံးပိုင်းနဲ့ပတ်သက်လို့ အမတို့ကလည်း MOEAF နဲ့ကလည်း ပတ်စ်ပို့အလှည့်ကျတွေကို ခဏရပ်ထားပါတယ်လို့ ပြောထားတော့လေ။"

ပြည်ထဲရေး ဝန်ကြီးဌာနဘက်ကတော့ ပတ်စ်ပို့စ်တွေ ပြန်ထုတ်ပေးမဲ့ရက်ကို အတိအကျ ကြေညာထားတာ မရှိပါဘူး။ ပတ်စ်ပို့စ်စာအုပ် ကုန်ကြမ်း ပြတ်လပ်မှု ဖြစ်ပေါ်တာ မှန်ကန်တယ်ဆိုရင် ဒီလိုဖြစ်ရတာက စာအုပ်သက်တမ်းကို ငါးနှစ်ပဲပေးတာ အပါအဝင် စာရွက်များစွာရိုက်နိပ်ထားတာ၊ အလုပ်အကိုင်ပတ်စ်ပို့စ်၊ အလည်အပတ် ပတ်စ်ပို့စ် စတဲ့ဒီလို အမျိုးအစားတွေ ခွဲပြီးလုပ်တာတွေကြောင့် လေလွင့်ဆုံးရှုံးမှု များနေကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့က ထောက်ပြပါတယ်။

XS
SM
MD
LG