သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးစာအုပ္ေလွ်ာက္ထားမႈအကန႔္အသတ္ေတြၾကား လိမ္ညာခံရသူမ်ားလာ


ျမန္မာႏိုင္ငံကူးလက္မွတ္မ်ား

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကတည္းက ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈလုပ္ငန္းစဥ္အေျပာင္းအလဲေတြရွိခဲ့ၿပီး၊ အခုအခ်ိန္အထိ ေလွ်ာက္ထားမႈလုပ္ငန္းစဥ္က ပုံမွန္လိုမျဖစ္ေသးပါဘူး။ ႏိုင္ငံကူးစာအုပ္အသစ္လုပ္တာ၊ သက္တမ္းတိုးတာ ႏိုင္ငံျခားမွာအလုပ္လုပ္ခြင့္စာအုပ္ပုံစံေျပာင္းတာအပါအဝင္ စာအုပ္ေလွ်ာက္ဖို႔ အြန္လိုင္းကေန ရက္ခ်ိန္းယူတာကအစ အားလုံးကို ပိတ္ပင္ထားဆဲပါ။ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈအကန႔္အသတ္ေတြနဲ႔ပတ္သက္လို႔ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုစည္သူေျပာျပမွာပါ။

ႏိုင္ငံကူးစာအုပ္ ေလွ်ာက္ဖို႔ ကိုယ္တိုင္ ႐ုံးမွာတန္းစီတဲ့ စနစ္ကေန အြန္လိုင္းဘြတ္ကင္စနစ္ကို ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ မတ္လကုန္ေလာက္မွာ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ေျပာင္းလဲခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူစုလူေဝး ေလွ်ာ့ခ်တဲ့အေနနဲ႔ စတင္လိုက္တဲ့ အြန္လိုင္းဘြတ္ကင္ စနစ္အရ ရက္ခ်ိန္းယူၿပီးမွာ လူကိုယ္တိုင္႐ုံးကိုလာေရာက္ေလွ်ာက္ထားခြင့္ရွိပါတယ္။

၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ အစပိုင္းမွာေတာ့ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈ ဘယ္လိုပုံစံမ်ိဳးကိုမဆို ယာယီရပ္ဆိုင္းလိုက္ပါတယ္။ ဒီၾကားထဲမွာေတာ့ အထူးအစီအစဥ္ အေနနဲ႔ Green Channel ကေန MOU လုပ္သားေတြ အပါအဝင္ ဗုဒၶဂါယာ ဘုရားဖူးသြားမယ့္သူေတြအတြက္ ႏိုင္ငံကူးစာအုပ္ေလွ်ာက္ထားတာကို ဆက္ၿပီးခြင့္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ဒီကေန႔ ဇန္နဝါရီလ ၁၇ ရက္ေန႔ကစၿပီး အဲဒီ့ အစီအစဥ္ကိုပါ ယာယီရပ္ဆိုင္းလိုက္တယ္လို႔ ျမန္မာျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ား အဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ႏိုင္ငံကူးလက္မွတ္႐ုံးကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုတာမ်ိဳး မရွိခဲ့ပါဘူး။ ျပည္တြင္း၊ ျပည္ပ ခရီးသြားပို႔ေဆာင္ေရး လုပ္ငန္းတခုကေတာ့ ဒီေန႔ကစၿပီး ယာယီပိတ္လိုက္တာကို သူတို႔လည္း ၾကားသိရတယ္လို႔ ေျပာပါတယ္။

"ဒီေန႔က စၿပီးေတာ့ MOU ပိတ္တယ္။ ေနာက္တခုက ဗုဒၶဂါယာ။ အဲဒါေတြကို ပိတ္တယ္ေလ။"

ႏိုင္ငံကူးစာအုပ္ ေလွ်ာက္ထားတဲ့ လုပ္ငန္းစဥ္ေတြ ဘယ္အခ်ိန္မွာ ပုံမွန္ျပန္လည္ပတ္မယ္ ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒီလို ယာယီပိတ္ထားခ်ိန္မွာ ႏိုင္ငံကူးစာအုပ္ အျမန္ရမယ္ဆိုၿပီး လိမ္လည္သူေတြလည္း အေတာ္မ်ားလာတယ္လို႔ ကိုယ္တိုင္ႀကဳံေတြ႕သူေတြက ေျပာပါတယ္။ အြန္လိုင္းကတဆင့္ ႏိုင္ငံကူးစာအုပ္ရဖို႔ ဝန္ေဆာင္မႈလုပ္ေပးတယ္ဆိုၿပီး ေငြက်ပ္ သုံးသိန္းဝန္းက်င္အထိ လိမ္ညာေတာင္းခံမႈေတြရွိေနတယ္လို႔ ေျပာပါတယ္။ တခ်ိဳ႕က ေငြအလိမ္ခံလိုက္ရသလို၊ တခ်ိဳ႕က ႏိုင္ငံကူးစာအုပ္အတုထုတ္ေပးတာမ်ိဳး ႀကဳံရတယ္လို႔ ဆိုပါတယ္။ ျပည္ကေန ရန္ကုန္မွာ ပက္စ္ပို႔လုပ္ဖို႔ ပြဲစားအပ္လိုက္သူ တဦးကေတာ့ သူႀကဳံေတြ႕ခဲ့ရတဲ့ ပုံစံကို အခုလိုေျပာပါတယ္။

"က်ေနာ္ PV ေျပာင္းဖို႔လုပ္ေတာ့ ၉ လပိုင္းအကုန္ ၁၀ လပိုင္းေလာက္မွာ အပ္ထားတာ။ အခုထိကို စာအုပ္လည္း ျပန္မရဘူး၊ ပိုက္ဆံလည္း ျပန္မေပးဘူး။ အဲဒီပြဲစားေတြကို ေပးထားရတာက ၃၇၀,၀၀၀ ဝန္းက်င္ေလာက္ ရွိမယ္။ က်ေနာ္တို႔ဆိုရင္ ျပည္ ကေန ရန္ကုန္ သြားရတယ္။ ဒီထက္ ေခါင္တဲ့ ေဝးတဲ့ ႐ြာေတြ၊ နယ္ေတြဆို ပိုၿပီးေတာ့ လမ္းစရိတ္ေတြ ကုန္တာေပါ့ေနာ္။ ဟိုေရာက္ေတာ့ ဒီေန႔မၿပီးရင္ ေနာက္ေန႔ ထပ္ေနရေတာ့ တည္းခရယ္၊ စားစရိတ္ေတြ ကုန္တယ္။ ဒီေန႔ မၿပီးရင္ ေနာက္ေန႔၊ အဲလိုေတြ တန္းစီေနရတာ အဆင္မေျပေတာ့ လူေတြက အဲလိုကုန္မယ့္ အတူတူ ပြဲစားအပ္လိုက္ရင္ ၁ရက္ထဲ ၿပီးတယ္ဆိုၿပီးေတာ့ အဲလို အပ္လိုက္ၾကတာေပါ့။ ပက္စ္ပို႔နဲ႔ ပတ္သက္ၿပီးေတာ့ တရက္ကို လူဘယ္ေလာက္ပဲ ကန႔္သတ္ထားပါတယ္၊ ဒီေန႔ကေတာ့ လူျပည့္ၿပီျဖစ္လို႔ နယ္ကလူေတြ ဆင္းလာမသင့္ဘူး၊ အဲလိုမ်ိဳးေလးေတြ တရားဝင္ထုတ္ျပန္ရင္ ဘယ္သူမွ ဒုကၡမေရာက္ေတာ့ ဘူးေပါ့ေနာ္။ က်ေနာ္တို႔ ေမးသမွ်ကို ေသေသခ်ာခ်ာ ေျဖေပးမယ့္ ဝန္ထမ္းေတာ့ ရွိသင့္တယ္လို႔ ထင္တာေပါ့ေနာ္။"

ျပည္ထဲေရးဝန္ႀကီး ဌာနဘက္ကေတာ့ ႏိုင္ငံကူးစာအုပ္ ျပဳလုပ္ေပးမယ့္လုပ္ငန္းစဥ္ ျပန္စမယ့္ ရက္အတိအက်ကို ေၾကညာထားတာ မရွိပါဘူး။ ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံကူးစာအုပ္ေလွ်ာက္ထားရာမွာ ပြဲစားကတဆင့္လုပ္တဲ့ ေစ်းကြက္ႀကီးလာသလို၊ အခုဆိုရင္ ေငြ လိမ္ညာခံရသူေတြလည္း အေတာ္မ်ားလာတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

နိုင်ငံကူးစာအုပ်လျှောက်ထားမှုအကန့်အသတ်တွေကြား လိမ်ညာခံရသူများလာ
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုလုပ်ငန်းစဉ်အပြောင်းအလဲတွေရှိခဲ့ပြီး၊ အခုအချိန်အထိ လျှောက်ထားမှုလုပ်ငန်းစဉ်က ပုံမှန်လိုမဖြစ်သေးပါဘူး။ နိုင်ငံကူးစာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ နိုင်ငံခြားမှာအလုပ်လုပ်ခွင့်စာအုပ်ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာကအစ အားလုံးကို ပိတ်ပင်ထားဆဲပါ။ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအကန့်အသတ်တွေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုစည်သူပြောပြမှာပါ။

နိုင်ငံကူးစာအုပ် လျှောက်ဖို့ ကိုယ်တိုင် ရုံးမှာတန်းစီတဲ့ စနစ်ကနေ အွန်လိုင်းဘွတ်ကင်စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကုန်လောက်မှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပြောင်းလဲခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေး လျှော့ချတဲ့အနေနဲ့ စတင်လိုက်တဲ့ အွန်လိုင်းဘွတ်ကင် စနစ်အရ ရက်ချိန်းယူပြီးမှာ လူကိုယ်တိုင်ရုံးကိုလာရောက်လျှောက်ထားခွင့်ရှိပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစပိုင်းမှာတော့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ဘယ်လိုပုံစံမျိုးကိုမဆို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ဒီကြားထဲမှာတော့ အထူးအစီအစဉ် အနေနဲ့ Green Channel ကနေ MOU လုပ်သားတွေ အပါအဝင် ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေအတွက် နိုင်ငံကူးစာအုပ်လျှောက်ထားတာကို ဆက်ပြီးခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကစပြီး အဲဒီ့ အစီအစဉ်ကိုပါ ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံကူးလက်မှတ်ရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။ ပြည်တွင်း၊ ပြည်ပ ခရီးသွားပို့ဆောင်ရေး လုပ်ငန်းတခုကတော့ ဒီနေ့ကစပြီး ယာယီပိတ်လိုက်တာကို သူတို့လည်း ကြားသိရတယ်လို့ ပြောပါတယ်။

"ဒီနေ့က စပြီးတော့ MOU ပိတ်တယ်။ နောက်တခုက ဗုဒ္ဓဂါယာ။ အဲဒါတွေကို ပိတ်တယ်လေ။"

နိုင်ငံကူးစာအုပ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေ ဘယ်အချိန်မှာ ပုံမှန်ပြန်လည်ပတ်မယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလို ယာယီပိတ်ထားချိန်မှာ နိုင်ငံကူးစာအုပ် အမြန်ရမယ်ဆိုပြီး လိမ်လည်သူတွေလည်း အတော်များလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။ အွန်လိုင်းကတဆင့် နိုင်ငံကူးစာအုပ်ရဖို့ ဝန်ဆောင်မှုလုပ်ပေးတယ်ဆိုပြီး ငွေကျပ် သုံးသိန်းဝန်းကျင်အထိ လိမ်ညာတောင်းခံမှုတွေရှိနေတယ်လို့ ပြောပါတယ်။ တချို့က ငွေအလိမ်ခံလိုက်ရသလို၊ တချို့က နိုင်ငံကူးစာအုပ်အတုထုတ်ပေးတာမျိုး ကြုံရတယ်လို့ ဆိုပါတယ်။ ပြည်ကနေ ရန်ကုန်မှာ ပက်စ်ပို့လုပ်ဖို့ ပွဲစားအပ်လိုက်သူ တဦးကတော့ သူကြုံတွေ့ခဲ့ရတဲ့ ပုံစံကို အခုလိုပြောပါတယ်။

"ကျနော် PV ပြောင်းဖို့လုပ်တော့ ၉ လပိုင်းအကုန် ၁၀ လပိုင်းလောက်မှာ အပ်ထားတာ။ အခုထိကို စာအုပ်လည်း ပြန်မရဘူး၊ ပိုက်ဆံလည်း ပြန်မပေးဘူး။ အဲဒီပွဲစားတွေကို ပေးထားရတာက ၃၇၀,၀၀၀ ဝန်းကျင်လောက် ရှိမယ်။ ကျနော်တို့ဆိုရင် ပြည် ကနေ ရန်ကုန် သွားရတယ်။ ဒီထက် ခေါင်တဲ့ ဝေးတဲ့ ရွာတွေ၊ နယ်တွေဆို ပိုပြီးတော့ လမ်းစရိတ်တွေ ကုန်တာပေါ့နော်။ ဟိုရောက်တော့ ဒီနေ့မပြီးရင် နောက်နေ့ ထပ်နေရတော့ တည်းခရယ်၊ စားစရိတ်တွေ ကုန်တယ်။ ဒီနေ့ မပြီးရင် နောက်နေ့၊ အဲလိုတွေ တန်းစီနေရတာ အဆင်မပြေတော့ လူတွေက အဲလိုကုန်မယ့် အတူတူ ပွဲစားအပ်လိုက်ရင် ၁ရက်ထဲ ပြီးတယ်ဆိုပြီးတော့ အဲလို အပ်လိုက်ကြတာပေါ့။ ပက်စ်ပို့နဲ့ ပတ်သက်ပြီးတော့ တရက်ကို လူဘယ်လောက်ပဲ ကန့်သတ်ထားပါတယ်၊ ဒီနေ့ကတော့ လူပြည့်ပြီဖြစ်လို့ နယ်ကလူတွေ ဆင်းလာမသင့်ဘူး၊ အဲလိုမျိုးလေးတွေ တရားဝင်ထုတ်ပြန်ရင် ဘယ်သူမှ ဒုက္ခမရောက်တော့ ဘူးပေါ့နော်။ ကျနော်တို့ မေးသမျှကို သေသေချာချာ ဖြေပေးမယ့် ဝန်ထမ်းတော့ ရှိသင့်တယ်လို့ ထင်တာပေါ့နော်။"

ပြည်ထဲရေးဝန်ကြီး ဌာနဘက်ကတော့ နိုင်ငံကူးစာအုပ် ပြုလုပ်ပေးမယ့်လုပ်ငန်းစဉ် ပြန်စမယ့် ရက်အတိအကျကို ကြေညာထားတာ မရှိပါဘူး။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကူးစာအုပ်လျှောက်ထားရာမှာ ပွဲစားကတဆင့်လုပ်တဲ့ စျေးကွက်ကြီးလာသလို၊ အခုဆိုရင် ငွေ လိမ်ညာခံရသူတွေလည်း အတော်များလာတယ်လို့ သိရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG