သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကို ပြန်ဝင်လာသူ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံကနေ ပြန်လာနေကြတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားများ။
ထိုင်းနိုင်ငံကနေ ပြန်လာနေကြတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားများ။

မြန်မာနိုင်ငံ ထားဝယ်မြို့မှာ နိုင်ငံကူး လက်မှတ်လုပ်ပြီး ပြန်ဝင်လာတဲ့ ကလေးမိခင်တွေ ပါတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃၇ ဦး ထိုင်းနိုင်ငံ ရနောင်းခရိုင် ခူရာတ်ဘူရီမြို့နယ် ပါကျန် လှေဆိပ်ကနေ တရားမဝင်နည်းနဲ့ ပြန်ဝင်ရောက်တာကြောင့် ဒီရက်ပိုင်း အတွင်း ဖမ်းဆီးခံရပြီး ဇူလိုင်လ ၁၂ ရက်နေ့ထိ ချုပ်နှောင်ခံထားရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေနဲ့ ပတ်သက်လို့ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေကို လုပ်ကိုင်နိုင်အောင် ထိုင်း အလုပ်သမား ဝန်ကြီးဌာနကနေ ဇူလိုင်လ ၆ ရက်နေ့က ကြေညာချက် တခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ယာယီ နိုင်ငံကူး လက်မှတ် ကုန်ဆုံးတော့မယ့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃၇ ဦးဟာ တနသာၤရီတိုင်း ထားဝယ်မြို့မှာ တရားဝင် နိုင်ငံကူး လက်မှတ်လုပ်ပြီး အပြန်မှာ နယ်စပ်လမ်းကနေ တရားမဝင် ပြန်လာကြတဲ့ အတွက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“ ၃၇ ယောက်က ထားဝယ်မြို့မှာ လုပ်ပြီး ပြန်လာတယ်။ အလုပ်သမားတွေက ၄ နှစ် ဗီဇာ သက်တမ်းကုန်သွားတဲ့ အလုပ်သမားတွေ၊ ၆ နှစ်ဗီဇာ ကုန်သွားတဲ့ အလုပ်သမားတွေ၊ ပန်းရောင်ဘတ်ကဒ် ကုန်သွားတဲ့ အလုပ်သမားတွေ။ သူတို့တွေက သံရုံးကနေ လေ ျှာက် မယ် ဆိုရင် ၄လ ကနေ ၆ လထိ ကြာမယ်။ ပြန်တော့လည်း လက်ဗွေနှိပ်၊ အခုတခါ မျက်လုံး စကင်ဖတ်တယ် ဆိုပြီး ၃ လလောက် ထပ်စောင့်ရတယ်။ ရှိတဲ့အလုပ်သမား အရေအတွက်နဲ့ သံရုံးက ပတ်စပို့စ် စခန်းကနေ ထုတ်ပေးမယ့် အနေအထားနဲ့က လုံးဝမမ ျှ တဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အလုပ်သမားတွေက မြန်ဆန်လွယ်ကူတဲ့ ပွဲစားလိုင်းကနေ တရားမဝင် လမ်းကြောင်းကနေပါ ပါချန်မြစ် ကျဉ်းမြောင်းတဲ့ လမ်းကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ သူတို့ကို ဖမ်းထားတာ ဖြစ်တယ်။ ”

အလုပ်သမားတွေဟာ နိုင်ငံကူး လက်မှတ် လုပ်ပေးဖို့ ဗီဇာ လုပ်ပေးဖို့ ကိစ္စတွေ အားလုံးကို ဗဟုသုတ နည်းပါးတဲ့ အတွက် ပွဲစားကို အခကြေးငွေ ပေးပြီး လုပ်ခိုင်းရတာပါ။ မြန်မာနိုင်ငံမှာလည်း နိုင်ငံကူးလက်မှတ် အတွက် ကျပ်ငွေ ၃ သောင်းလောက် ကုန်ကျပြီး ၂ ပတ်နဲ့ ရက် ၂၀ လောက် အတွင်းမှာ နိုင်ငံကူး လက်မှတ်ကို လုပ်နိုင်ပေမယ့် အလုပ်ပိတ်ရက် ကြာကြာ မရတဲ့ အလုပ်သမားတွေကတော့ ရက်ကြာရှည် မစောင့်နိုင်တဲ့ အတွက် ကျပ်ငွေ တသိန်းကျော်ကနေ ၂ သိန်းလောက်ထိ ပေးပြီး လုပ်ရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အခု အလုပ်သမားတွေကတော့ ကျပ်ငွေ တသိန်းကျော် ပေးပြီး နိုင်ငံကူး လက်မှတ်တွေ လုပ်လာကြသူများ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ အတွင်း နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဥပဒေသစ် ထွက်လာပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပြိး သောင်းနဲ့ချီတဲ့ မြန်မာတွေ နေရပ်ပြန်ခဲ့ကြတာပါ။ ဒီနောက်မှာတော့ ထိုင်း အစိုးရကနေ သူ့ရဲ့ ဥပဒေထဲက တချို့အချက်တွေကို ဆိုင်းငံ့ခဲ့ပြီး အလုပ်သမားတွေ အထောက်အထားတွေ ပြန်လုပ်နိုင်ဖို့ အတွက် ရက်ပေါင်း ၁၈၀ ဆိုင်းပေးထားပါတယ်။ ဒီအတွက် မြန်မာ အလုပ်သမားတွေ နေရပ်ပြန်ပြီး နိုင်ငံကူး လက်မှတ် ပြန်လုပ်ကြတာပါ။

အထောက်အထား မရှိသူတွေ အားလုံးကတော့ မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံကူး လက်မှတ် လုပ်ချင်တယ် ဆိုရင် သက်ဆိုင်ရာ အလုပ်အကိုင် ရှာဖွေရေးရုံးကို ဇူလိုင်လ ၂၄ ရက်နေ့က သြဂုတ်လ ၇ ရက်နေ့ထိ ၁၅ ရက် အတွင်းမှာ သတင်းပေးပို့ပြီး ထောက်ခံစာယူသွားပြီး မြန်မာပြည်ကို ပြန်ပြီး နိုင်ငံကူး လက်မှတ် ပြန်လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။

နောက်တနည်းကတော့ မြန်မာပြည်မပြန်ဘဲ နေထိုင်မယ် ဆိုရင်တော့ မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား စာအုပ်ဖြစ်တဲ့ CI စာအုပ်ကို မြန်မာသံရုံးက ခွင့်ပြုထားတဲ့ နေရာ ၆ ခုမှာ သွားလုပ်ပြီး အလုပ်လုပ်ခွင့် လက်မှတ်ကို တန်းပြီး လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ အလုပ်သမားတွေထဲမှာ ၄ နှစ် ၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးတော့မယ့် အလုပ်သမားတွေလည်း ရှိတာကြောင့် မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံကူးလက်မှတ်တွေကို ပြန်လုပ်ကြတာပါ။ ထိုင်းနိုင်ငံထဲမှာပဲ နိုင်ငံကူးလက်မှတ် လုပ်မယ်ဆိုရင် ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ နိုင်ငံကူးလက်မှတ်တွေ အားလုံးြပ်ီးစီးအောင် လုပ်ဖို့က အခက်အခဲတွေ ရှိနေပါတယ်။

ဒီအတွက် မြန်မာနိုင်ငံ ရန်ကုန် အပါအဝင် နယ်စပ်မြို့တွေမှာ နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးနေတာကြောင့် နေရပ်ပြန်ပြီး နိုင်ငံကူးလက်မှတ်တွေ ပြန်လုပ်ကြရင်းနဲ့ ဒီလက်မှတ်တွေ ကိုင်ဆောင်ပြီးမှ တရားမဝင်လမ်းကနေ ဝင်လာတာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG