သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကပြန်တဲ့ မြန်မာအလုပ်သမား ၃သောင်းကျော်ရှိ


အလုပ်သမားဥပဒေသစ် နောက်ပိုင်း ထိုင်းနိုင်ငံက ထွက်ခွါနေကြသည့် ထောင်ချီသော ရွှေ့ပြောင်းအလုပ်သမားများ
အလုပ်သမားဥပဒေသစ် နောက်ပိုင်း ထိုင်းနိုင်ငံက ထွက်ခွါနေကြသည့် ထောင်ချီသော ရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံမှာ အလုပ်သမားဥပဒေသစ် ပြဌာန်းပြီးကတည်းကဆိုရင် တာ့ခ်ခရိုင်၊ မဲဆောက် နယ်စပ်စစ်ဆေးရေး ဂိတ်ကနေ ပြန်ပို့ လိုက်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေ အတွက် ၃ သောင်းကျော် ရှိသွားပြီလို့ ထိုင်း လူဝင်မှုကြီးကြပ်ရေး အကြီးတန်း အရာရှိ တဦးကို ကိုးကားပြီးတော့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဒီနေ့ရေးထား ပါတယ်။

ဥပဒေအသစ်အရ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အထောက်အထားတွေ ရယူဖို့ အတွက် မြန်မာအလုပ်သမားတွေ နေရပ် ပြန် သွားနေကြတယ်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး တပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်မှူးကြီး Man Ratanaprateep က မနေ့က ပြောခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ ဥပဒေအသစ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ထိုင်း-မြန်မာ ပူးတွဲကော်မတီတရပ် ဖွဲ့စည်းရေး သဘောတူထားပါတယ်။

ထိုင်း အလုပ်သမားရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး Sirichai Distakul ဟာ သောကြာနေ့က နေပြည်တော်ကိုသွားပြီး မြန်မာ အလုပ် သမားရေးရာဝန်ကြီး ဦးသိန်းဆွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။

ဥပေဒအသစ်ဟာ ဇွန်လ ၂၃ ရက်နေ့မှာ စပြီး အသက်ဝင်တာဖြစ်ပေမဲ့လဲ အကောင် အထည်ဖော်တာကို ခြောက်လ ဆိုင်းငံ့ထား ပြီးတော့ အဲဒီကာလအတွင်း ပေါ်ပေါက် လာနိုင်ခြေရှိတဲ့ ပြဿနာတွေကိုဖြေရှင်းရေး ပူးတွဲကော်မတီတရပ် ထူထောင်ဖို့ ထိုင်းဘက်က အဆိုပြုတင်ပြခဲ့တာပါ။

ဒီအဆိုပြုချက်ကို မြန်မာဘက်ကသဘောတူခဲ့ပြီး ဒီသတင်းကို မြန်မာ အလုပ်သမားတွေ သိအောင် ဖြန့်ပေးဖို့နဲ့ အလုပ်ခန့်ထားတဲ့ ကန်ထရိုက်စာချုပ်တွေမှာ မြန်မာအလုပ်သမား တွေကို မျှမျှတတဖြစ်အောင် လုပ်ပေးဖို့ ထိုင်းဘက်ကို မြန်မာဘက်က ပန်ကြားခဲ့ တယ်လို့ စနေနေ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာလဲ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG