အိန္ဒိယ နေရောင်ခြည်စွမ်းအင်သုံးကား မိတ်ဆက်
အိန္ဒိယနိုင်ငံမှာ ကျင်းပသွားတဲ့ နှစ်ဆန်း မော်တော်ကားပြပွဲမှာ အိန္ဒိယမော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီသစ် Vayve Mobility က သူတို့နိုင်ငံအတွက် ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံးကားကို ပြသသွားပါတယ်။ အိန္ဒိယမြို့ကြီးတွေမှာပတ်ဝန်းကျင်ညစ်နွမ်းမှု လျော့နည်းစေဖို့ တွန်းအားပေးလုပ်ဆောင်နေချိန်မှာ မိတ်ဆက်လာတာဖြစ်ပါတယ်။