[[Zawgyi/Unicode]]
ေရခဲျပင္ဖုံးေနတဲ့ ေျမာက္ဝင္႐ိုးစြန္းက အာတိတ္စက္ဝန္းေဒသမွာ ေရခဲေတြ အရည္ေပ်ာ္ႏႈန္းက မၾကာခင္ႏွစ္ေတြအတြင္း သိသိသာသာ ျမန္လာေနတယ္လို႔ တ႐ုတ္သုေတသနစာတမ္းမွာ ေတြ႕ရပါတယ္။ ကမာၻတလႊား စစ္ပြဲေတြနဲ႔အလုပ္မ်ားေနခ်ိန္မွာ တ႐ုတ္က အာတိတ္ေဒသမွာ သုေတသနကို ထဲထဲဝင္ဝင္လုပ္လာေနတဲ့အေပၚ ကမာၻ႔ႏိုင္ငံေတြက စိုးရိမ္လာေနတာပါ။ ဘာ့ေၾကာင့္ပါလဲ။ ဂ်ပန္အဏၰဝါသိပၸံနဲ႔ နည္းပညာဌာနက ေဒါက္တာမိုးေက်ာ္သူကို ေဒၚခင္မ်ိဳးသက္က ေမးျမန္းတင္ျပထားပါတယ္။
တ႐ုတ္ဟာ အာတိတ္စက္ဝန္းေဒသမွာ သုေတသနစခန္းေတြခ်ၿပီး သုေတသနလုပ္ေနတာ အမ်ားႀကီး ရွိပါတယ္။ အခုလို အာတိတ္စက္ဝန္းေဒသမွာ တ႐ုတ္ရဲ႕သုေတသနလုပ္ေနတာ ေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ေတြ႕ တ႐ုတ္နဲ႔ သုေတသနေတြတြဲလုပ္ေနသူတေယာက္ အေနနဲ႔ တ႐ုတ္ရဲ႕ အာတိတ္ေဒသက သုေတသနလုပ္ရပ္ေတြအေပၚ ဘယ္လို ျမင္ပါသလဲ။
ေျဖ။ ။ တ႐ုတ္ရဲ႕ အာတိတ္ေဒသကိုစိတ္ဝင္စားတယ္ဆိုတာ သတင္းေတြမွာ တက္လာတာကေတာ့ ၂၀၁၈ ေပါ့ေနာ္။ အခု လက္ရွိသမၼတရွီက်င့္ပင္ တက္လာၿပီးတဲ့ေနာက္ပိုင္းမွာ ေတာင္တ႐ုတ္ပင္လယ္ျပင္ကိစၥကလည္း ေတာ္ေတာ္ေလးကိုျဖစ္လာၿပီးေတာ့ တကမာၻလုံးက ကန႔္ကြက္တဲ့အထိ ျဖစ္လာတဲ့အခ်ိန္မွာပဲ သူတို႔ ပိုးလမ္းမႀကီးအတြက္ အတိအက် plan ေတြ အစီစဥ္ေတြေပၚလာၿပီးတဲ့ေနာက္ ၂၀၁၈ ခုႏွစ္မွာေပါ့ေနာ္။ တကမာၻလုံးကို ေၾကညာလိုက္တယ္။ အဲဒီအခ်ိန္မွာပဲ သူေျပာလိုက္တဲ့ဥစၥာ တကမာၻလုံးက သတိထားမိသြားတာက တ႐ုတ္ႏိုင္ငံဟာ အာတိတ္နဲ႔အနီးဆုံးႏိုင္ငံ Near Arctic State ဆိုၿပီးေတာ့ ထြက္လာတဲ့ အခါ အားလုံးကဝိုင္းၿပီးေတာ့ေျပာတာက - အာတိတ္စက္ဝန္းထဲမွာရွိတဲ့ႏိုင္ငံနဲ႔ အာတိတ္စက္ဝန္းအျပင္မွာရွိတဲ့ႏိုင္ငံဆိုၿပီး အခုခ်ိန္အထိ သတ္မွတ္ထားတဲ့အေနထား ၂ မ်ိဳးက လြဲၿပီးေတာ့ တ႐ုတ္ေျပာတဲ့ Near Arctic မွာရွိတဲ့ႏိုင္ငံဆိုၿပီး လက္မခံႏိုင္ဘူးဆို အကုန္လုံးက ဝိုင္းၿပီး ေျပာၾကတယ္။
ေနာက္ၿပီး သူ႔ရဲ႕ အာတိတ္ပင္လယ္နားရွိတဲ့ႏိုင္ငံဆိုၿပီး လက္မခံႏိုင္ဘူး-ဆိုၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ျပင္းျပင္းထန္ထန္ ေျပာလိုက္တယ္ ခင္ဗ်။ အဲဒီကေနၿပီးေတာ့ ဇာတ္လမ္းေတြ စလာတာပါ။
ေမး။ ။ ဘာေၾကာင့္ အာတိတ္စက္ဝန္းမွာ တ႐ုတ္က သုေတသနလုပ္တာပါလဲ။
ေျဖ။ ။ ဟုတ္ကဲ့ခင္ဗ်။ အာတိတ္ေဒသမွာ ေရခဲေတြေပ်ာ္ၿပီးေတာ့ သေဘၤာလမ္းေၾကာင္း ႀကီးေတြ ျဖစ္လာမယ္။ သမိုင္းေလွ်ာက္လုံးကိုၾကည့္ရင္ အာတိတ္မွာ ေရခဲမရွိတဲ့အခ်ိန္နဲ႔ ဒီလို စက္မႈဖြံ႕ၿဖိဳးတိုးတက္တဲ့ဟာမ်ိဳးက မလုပ္ႏိုင္ေသးတဲ့ အေျခေနမို႔လို႔ သယံဇာတေတြလည္း အမ်ားႀကီးရွိေနမယ္။ အနည္းဆုံးေတာ့ ငါးေတြ အမ်ားႀကီးရမယ္ဆိုတဲ့ဟာမ်ိဳး တကမာၻလုံးကို ငါးလည္ဖမ္းေနတဲ့ တ႐ုတ္ကေပါ့ေနာ္။ သူ႔အတြက္ေတာ့ အင္မတန္ စိတ္ဝင္စားစရာပါ။ ဂ်ပန္၊ ကိုရီးယားလိုမ်ိဳး ႏိုင္ငံေတြေတာင္ ထဲထဲဝင္ဝင္နဲ႔ ဟိုမွာ non perminant member ဆိုၿပီးေတာ့ အာတိတ္ေကာင္စီမွာ ပါေနတဲ့အေျခေနမ်ိဳးမွာရွိတယ္ဆိုေတာ့ေလ။ သူက လက္ခံႏိုင္တဲ့အေျခေန ရွိပါတယ္။
ဒါေပမယ့္ သူလုပ္ေနတဲ့ သုေတသနနဲ႔ ေနာက္ဆက္တြဲေပါ့ေနာ္။ ျဖစ္လာတာက ဥပမာ ေျမရွားသတၱဳ rare-earth က ကမာၻ႔ရဲ႕ ၄၀ % ေလာက္ရွိတဲ့ ဂရင္းလန္မွာ- သူက တူးဖို႔ဆိုၿပီး စာခ်ဳပ္ေတြ ဘာေတြ ခ်ဳပ္လာတယ္။ စာခ်ဳပ္ ခ်ဳပ္တဲ့အခ်ိန္ကလည္း တ႐ုတ္က တကမာၻလုံးမွာ လုပ္တဲ့ပုံစံအတိုင္း - ဒီ အစိုးရေတြကို ေနာက္ကြယ္ကေနၿပီးေတာ့ ညႇိႏႈိင္းတဲ့ပုံမ်ိဳးေတြ လုပ္လာတာမ်ိဳးေတြက အားလုံးလန႔္လာတဲ့ အေနထားမ်ိဳးေတြပါ။
ေမး။ ။ ဆိုေတာ့ တ႐ုတ္က ဒီအာတိတ္စက္ဝိုင္းကို ဝင္လာတာ ဒီသိပၸံဆိုင္ရာ သုေတသန သက္သက္ မဟုတ္ဘူးေပါ့ေနာ္။ ဆိုေတာ့ တကယ္တမ္း တ႐ုတ္က အာတိတ္စက္ဝိုင္းမွာ ဘာသုေတသနေတြ လုပ္တာလဲ၊ နည္းနည္း ေျပာျပေပးပါ။
ေျဖ။ ။ ေျပာရရင္ စီးပြါးေရးေအာင္ျမင္လာတဲ့ ၂၀၀၀ ခုႏွစ္ေလာက္ကတည္းကစၿပီးေတာ့ ေတာင္တ႐ုတ္ပင္လယ္မွာ အႀကီးအက်ယ္လုပ္တဲ့အျပင္ကို အေမရိကန္က အီရတ္စစ္ပြဲ၊ အာဖဂန္စစ္ပြဲေတြနဲ႔ အလုပ္ရႈပ္ေနတဲ့အခ်ိန္၊ ႐ုရွားကလည္း ယူကရိန္းနဲ႔ေနတိုးကို ရင္ဆိုင္ဖို႔ အတြက္ တအား ျပင္ေနရတဲ့အခ်ိန္မွာ၊ အားလုံး အလုပ္မ်ားေနတဲ့အခ်ိန္မွာ သူက အာတိတ္ကို တစိမ့္စိမ့္ စၿပီး ဝင္လာတယ္ေပါ့ေနာ္။
အဲဒီအခ်ိန္မွာ သူဟာ အခုခ်ိန္ထိရွိၿပီးသား စည္းမ်ဥ္းစည္းကမ္းေတြကို မေဖါက္ဖ်က္ဘဲနဲ႔ ႏိုင္ငံေရးအရ သူခ်ယ္လွယ္လို႔ရမယ့္အေနထား၊ ဝင္လို႔ရမယ့္အေနထားရွိတဲ့ အားနည္းတဲ့ ေနရာမ်ိဳးေပါ့ေနာ္။ ဥပမာေျပာရရင္ေတာ့ ဒိန္းမတ္ေပါ့ေနာ္။ ဒိန္းမတ္မွာဆို ဂရင္းလန္းက သူက သီးျခားခြဲထြက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္လုပ္ခ်င္တာ ရခ်င္တာ၊ သူက နယ္ေျမႀကီးက အႀကီးႀကီးပဲ။ လူကေတာ့ ၅ ေသာင္း ေလာက္ပဲ ရွိတယ္။ ဆိုေတာ့ အဲဒီလို ႏိုင္ငံမ်ိဳးမွာ သူက အသာေလးသြားၿပီးေတာ့ စီးပြါးေရးအရ ရင္းႏွီးျမႇဳပ္ႏွံမယ္။ ႏိုင္ငံကို တိုးတက္ေအာင္ လုပ္ေပးမယ္။ အဲဒါဆိုရင္ သူက ဒိန္းမတ္ကေန ဂရင္းလန္းက ခြဲထြက္မယ္ဆိုရင္လည္း အဆင္ေျပမယ္ဆိုတာမ်ိဳးေတြ ေပါ့ေနာ္။ သူက အဲဒီလိုမ်ိဳးကေလးေတြနဲ႔ဝင္တာေတြ အမ်ားႀကီးပါ။ ဆိုေတာ့သူက အေနာက္ဘက္မွာ ျပထားတဲ့ေျမပုံေတြအတိုင္းပါပဲ။ သူ႔ဟာက ေနာ္ေဝးမွာ ရွိတယ္။ ဖင္လန္မွာ ရွိတယ္။ အဲဒီ ဂရင္းလန္းမွာ ရွိတယ္။ အိုက္စလန္မွာ ရွိတယ္။ ေနာက္ ဆြီဒင္မွာလည္း ရွိတယ္။ သူက အဲဒီလိုမ်ိဳး စခန္းေတြ ၅ ခု ေလာက္ ဖြင့္ထားတယ္။ ဒါေပမယ့္လည္း permanent အၿမဲခ်ထားတာရယ္လို႔ေတာ့ မဟုတ္ပါဘူး။ သူက သြားလိုက္၊ သုေတသနယူလိုက္ ဆိုတဲ့ဟာမ်ိဳးပါ။ ဒါေပမယ့္ ခုနေမးတဲ့ ေမးခြန္းလိုမ်ိဳး သိပၸံ သုေတသနအတြက္ အဓိကထားလား ဆိုတာ ၾကည့္ျပန္ေတာ့ သူက သိပၸံစာ႐ြက္စာတမ္းေတြ၊ သုေတသနရလဒ္ေတြမွာ ၾကည့္လိုက္ရင္ သူ႔ဥစၥာက အနည္းဆုံးျဖစ္ေနတယ္ဆိုတာ ေတြ႕ေနရတယ္ေပါ့ေနာ္။ အဲဒီေတာ့ သူ႔ဟာက ႐ိုးသားရဲ႕လားဆိုတာကို ေထာက္ျပတဲ့အခ်က္လက္ေတြလည္း အခုခ်ိန္မွာ ထြက္လာေနပါတယ္။
ေမး။ ။ ဒီအာတိတ္ေဒသက ေရခဲျပင္ဖုံးတဲ့ ေဒသေပါ့ေနာ္။ အခုလက္ရွိ တ႐ုတ္ရဲ႕ သုေတသနအရဆိုရင္ ေရခဲအရည္ေပ်ာ္ႏႈန္းေတြ သိပ္ၿပီး ျမန္လာတယ္လို႔္ သိရပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ေျပာျပေပးပါ။
ေျဖ။ ။ က်န္ခဲ့တဲ့ တလ ၂ လ ေလာက္က ေနာက္ဆုံးထြက္တဲ့ သုေတသနစာတမ္းအရ ဆိုရင္ က်ေနာ္တို႔ သိပၸံပညာရွင္ေတြ ႀကိဳတင္တြက္ခ်က္ထားတဲ့ဟာေတြထက္ကို အရမ္းကို ျမန္တယ္။ လြန္ခဲ့တဲ့အႏွစ္ ၄၀ ေပါ့ေနာ္။ ၁၉၇၉ ကေန ၂၀၂၀ အထိ ၾကားထဲမွာ အႏွစ္ ၄၀ အတြင္းမွာ ၄ ဆ ေလာက္ အပူခ်ိန္တိုးမႈက ျမန္လာတယ္ ဆိုတဲ့ သေဘာပါ။ ရာသီဥတု ေဖါက္ျပန္လို႔၊ ကမာၻႀကီးပူေႏြးလာလို႔ ေျမာက္ဝင္႐ိုးစြန္းက ေရခဲေတြအရည္ေပ်ာ္တယ္။ ေရခဲေတြက ျမန္ျမန္ေပ်ာ္တဲ့အတြက္ေၾကာင့္မို႔ တခါျပန္ၿပီး ကမာၻႀကီးမွာ ပိုၿပီး ေဖါက္ျပန္တဲ့အပိုင္းေတြ ျဖစ္လာမယ္။ ေျပာင္းလဲမႈေတြ ျဖစ္လာမယ္ ဆိုတဲ့ ဟာေတြပါ။
ေမး။ ။ ဒီေရခဲ အရည္ေပ်ာ္ႏႈန္း ကဘယ္ေလာက္ ျမန္တယ္လို႔ သူတို႔ ေတြ႕ပါသလဲ။ ဘာေၾကာင့္လဲဆိုေတာ့ တျခား ဘယ္သူမွ စိတ္မဝင္စားတဲ့အခ်ိန္မွာ သူက ဒီအာတိတ္ေဒသမွာ ေဇာက္ခ်ၿပီးေတာ့ သုေတသနေတြလုပ္တာဆိုေတာ့။
ေျဖ။ ။ က်ေနာ္တို႔ ဒီ သုေတသနရလဒ္အရဆို နဂို ၁၉၇၉ ေပါ့ေနာ္၊ ဒီ ေျမာက္ဝင္႐ိုးစြန္းမွာ ရွိတဲ့ ေရခဲပမာဏေပါ့ေနာ္။ ဒီတႏွစ္လုံး မေပ်ာ္တဲ့ေရခဲပမာဏ၊ ၾသစေၾတးလ်တိုက္ႀကီးတခု အ႐ြယ္အစားေလာက္ ရွိတယ္ေပါ့ေနာ္။ စတုရန္းမီတာ ၃.၈ သန္း ရွိတယ္။ အဲဒါက အခု လြန္ခဲ့တဲ့ အႏွစ္ ၃၀ အတြင္းမွာဆိုရင္ ၂. ၈ အထိ ျဖစ္သြားတယ္။ ၃၀ % နီးပါး ေလာက္ကို ေပ်ာ္က်သြားတယ္ဆိုတဲ့ သေဘာပါ။ အဲဒီႏႈန္းကလည္း ဆက္ၿပီးတက္ေနအုံးမွာပါ။ အခုဆို ၂၀၅၀ က တကယ့္ကို critical အႏၲရာယ္ရွိတယ္ေပါ့ေနာ္။ အရမ္းကို အရည္ေပ်ာ္တာ အရမ္းမ်ားသြားမယ္ဆိုၿပီး မွန္းထားတာ ရွိပါတယ္။ ဆိုေတာ့ လက္ရွိမွာကိုပဲ ေႏြမွာ ၃ လ ေလာက္ သေဘၤာေတြ ျဖတ္လို႔ရတယ္။ အရင္က ဘယ္လိုမွ ျဖတ္လို႔ မရတဲ့၊ ကုန္တင္သေဘၤာေတြ ျဖတ္လို႔မရတဲ့အေျခေနက ေနာက္ ၁၅ ႏွစ္ေလာက္ေနရင္ ေတာ္ေတာ္မ်ားမ်ားကို ျဖတ္လို႔ရမယ္ဆိုတဲ့ အေျခေနမ်ိဳးကလည္း စီးပြါးေရးအရေပါ့ေနာ္။ အကုန္လုံးက စိတ္ဝင္စားတဲ့ အဓိက အခ်က္တခုပါ။
ေမး။ ။ အခု တ႐ုတ္က အာတိတ္စက္ဝန္းေဒသမွာ အဓိကလုပ္လာတာ၊ သူ အႏၲာတိက ေဒသ ေတာင္ဝင္႐ိုးစြန္းဘက္မွာေရာ၊ သူသြားၿပီးေတာ့ သုေတသနလုပ္တာေတြမ်ား ရွိပါသလား။
ေျဖ။ ။ ဒီေမးခြန္းက အဓိက အခ်က္ပဲေပါ့ေနာ္။ တ႐ုတ္က သူဘာေၾကာင့္ ေျမာက္ဝင္႐ိုးစြန္းမွာ အရမ္းကို အာ႐ုံစိုက္ေနတယ္ဆိုတာပါ။ ေတာင္ဝင္႐ိုးစြန္းက ၁၉၅၉ ခုႏွစ္မွာပဲ ေျပာရရင္ တ႐ုတ္ကြန္ျမဴနစ္ပါတီ အာဏာစရၿပီး တ႐ုတ္တႏိုင္ငံလုံးကို စၿပီးေတာ့ ထိန္းသိမ္းႏိုင္တဲ့အခ်ိန္မွာပဲ သူက စာရင္းပိတ္လိုက္တယ္။ နယ္ေျမေတာင္းခံခြင့္ ဘယ္သူ႔ကိုမွ မေပးေတာ့ပါဘူး ဆိုၿပီးေတာ့ အားလုံး သေဘာတူလိုက္ၾကတယ္။ အဲဒီမွာ ရွိၿပီးသားလူေတြက ေပါ့ေနာ္။ လက္ဦးထားတဲ့သူေတြက။
၁၉၈၀ လည္းက်ေရာ ေတာင္ဝင္႐ိုးစြန္းမွာ အႏၲာတိတ္ေဒသမွာ ဒီ သတၱဳရွာေဖြေရး၊ သယံဇာတရွာေဖြေရးေတြ အားလုံးကို ပိတ္ပင္တားျမစ္လိုက္ၿပီးေတာ့ သိပၸံသုေတသနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ပဲ လုပ္ၾကရမယ္ဆိုၿပီး သတ္မွတ္လိုက္တဲ့အတြက္ေၾကာင့္ တ႐ုတ္က သုေတသနကိုေတာင္မွ သူမ်ားေျမ၊ မွတ္မိသေလာက္ကေတာ့ Australia ရဲ႕ ေျမေပၚမွာ ငွါးၿပီး သုံးတယ္ဆိုတဲ့ ပုံစံမ်ိဳးပဲ ၾကားဖူးပါတယ္။ သူ႔မွာ ကိုယ္ပိုင္ေျမေတာင္ မရလိုက္ဘူး။ အဲဒါအတြက္ေၾကာင့္မို႔လို႔လည္း အာတိတ္မွာက သူ႔အတြက္ အခြင့္အေရးက ကမာၻေျမႀကီးမွာဆို သူရစရာ ေျမႀကီးက ဒါေနာက္ဆုံးပဲ။ ေနာက္ဆုံး အခြင့္ေရးမို႔လို႔ အရမ္းကို လိုခ်င္တယ္။ ႀကိဳးစားေနတယ္လို႔ပဲ ယူဆရပါတယ္။
ေဒါက္တာမိုးေက်ာ္သူပါ။
-------------
[[Unicode]]
အာတိတ်ဒေသ သိပ္ပံသုတေသနနဲ့ တရုတ်ပါဝင်မှု
ရေခဲပြင်ဖုံးနေတဲ့ မြောက်ဝင်ရိုးစွန်းက အာတိတ်စက်ဝန်းဒေသမှာ ရေခဲတွေ အရည်ပျော်နှုန်းက မကြာခင်နှစ်တွေအတွင်း သိသိသာသာ မြန်လာနေတယ်လို့ တရုတ်သုတေသနစာတမ်းမှာ တွေ့ရပါတယ်။ ကမ္ဘာတလွှား စစ်ပွဲတွေနဲ့အလုပ်များနေချိန်မှာ တရုတ်က အာတိတ်ဒေသမှာ သုတေသနကို ထဲထဲဝင်ဝင်လုပ်လာနေတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်လာနေတာပါ။ ဘာ့ကြောင့်ပါလဲ။ ဂျပန်အဏ္ဏဝါသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
တရုတ်ဟာ အာတိတ်စက်ဝန်းဒေသမှာ သုတေသနစခန်းတွေချပြီး သုတေသနလုပ်နေတာ အများကြီး ရှိပါတယ်။ အခုလို အာတိတ်စက်ဝန်းဒေသမှာ တရုတ်ရဲ့သုတေသနလုပ်နေတာ တွေနဲ့ ပတ်သက်ပြီးတော့ လက်တွေ့ တရုတ်နဲ့ သုတေသနတွေတွဲလုပ်နေသူတယောက် အနေနဲ့ တရုတ်ရဲ့ အာတိတ်ဒေသက သုတေသနလုပ်ရပ်တွေအပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ တရုတ်ရဲ့ အာတိတ်ဒေသကိုစိတ်ဝင်စားတယ်ဆိုတာ သတင်းတွေမှာ တက်လာတာကတော့ ၂၀၁၈ ပေါ့နော်။ အခု လက်ရှိသမ္မတရှီကျင့်ပင် တက်လာပြီးတဲ့နောက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ပြင်ကိစ္စကလည်း တော်တော်လေးကိုဖြစ်လာပြီးတော့ တကမ္ဘာလုံးက ကန့်ကွက်တဲ့အထိ ဖြစ်လာတဲ့အချိန်မှာပဲ သူတို့ ပိုးလမ်းမကြီးအတွက် အတိအကျ plan တွေ အစီစဉ်တွေပေါ်လာပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာပေါ့နော်။ တကမ္ဘာလုံးကို ကြေညာလိုက်တယ်။ အဲဒီအချိန်မှာပဲ သူပြောလိုက်တဲ့ဥစ္စာ တကမ္ဘာလုံးက သတိထားမိသွားတာက တရုတ်နိုင်ငံဟာ အာတိတ်နဲ့အနီးဆုံးနိုင်ငံ Near Arctic State ဆိုပြီးတော့ ထွက်လာတဲ့ အခါ အားလုံးကဝိုင်းပြီးတော့ပြောတာက - အာတိတ်စက်ဝန်းထဲမှာရှိတဲ့နိုင်ငံနဲ့ အာတိတ်စက်ဝန်းအပြင်မှာရှိတဲ့နိုင်ငံဆိုပြီး အခုချိန်အထိ သတ်မှတ်ထားတဲ့အနေထား ၂ မျိုးက လွဲပြီးတော့ တရုတ်ပြောတဲ့ Near Arctic မှာရှိတဲ့နိုင်ငံဆိုပြီး လက်မခံနိုင်ဘူးဆို အကုန်လုံးက ဝိုင်းပြီး ပြောကြတယ်။
နောက်ပြီး သူ့ရဲ့ အာတိတ်ပင်လယ်နားရှိတဲ့နိုင်ငံဆိုပြီး လက်မခံနိုင်ဘူး-ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်းပြင်းထန်ထန် ပြောလိုက်တယ် ခင်ဗျ။ အဲဒီကနေပြီးတော့ ဇာတ်လမ်းတွေ စလာတာပါ။
မေး။ ။ ဘာကြောင့် အာတိတ်စက်ဝန်းမှာ တရုတ်က သုတေသနလုပ်တာပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အာတိတ်ဒေသမှာ ရေခဲတွေပျော်ပြီးတော့ သင်္ဘောလမ်းကြောင်း ကြီးတွေ ဖြစ်လာမယ်။ သမိုင်းလျှောက်လုံးကိုကြည့်ရင် အာတိတ်မှာ ရေခဲမရှိတဲ့အချိန်နဲ့ ဒီလို စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ဟာမျိုးက မလုပ်နိုင်သေးတဲ့ အခြေနေမို့လို့ သယံဇာတတွေလည်း အများကြီးရှိနေမယ်။ အနည်းဆုံးတော့ ငါးတွေ အများကြီးရမယ်ဆိုတဲ့ဟာမျိုး တကမ္ဘာလုံးကို ငါးလည်ဖမ်းနေတဲ့ တရုတ်ကပေါ့နော်။ သူ့အတွက်တော့ အင်မတန် စိတ်ဝင်စားစရာပါ။ ဂျပန်၊ ကိုရီးယားလိုမျိုး နိုင်ငံတွေတောင် ထဲထဲဝင်ဝင်နဲ့ ဟိုမှာ non perminant member ဆိုပြီးတော့ အာတိတ်ကောင်စီမှာ ပါနေတဲ့အခြေနေမျိုးမှာရှိတယ်ဆိုတော့လေ။ သူက လက်ခံနိုင်တဲ့အခြေနေ ရှိပါတယ်။
ဒါပေမယ့် သူလုပ်နေတဲ့ သုတေသနနဲ့ နောက်ဆက်တွဲပေါ့နော်။ ဖြစ်လာတာက ဥပမာ မြေရှားသတ္တု rare-earth က ကမ္ဘာ့ရဲ့ ၄၀ % လောက်ရှိတဲ့ ဂရင်းလန်မှာ- သူက တူးဖို့ဆိုပြီး စာချုပ်တွေ ဘာတွေ ချုပ်လာတယ်။ စာချုပ် ချုပ်တဲ့အချိန်ကလည်း တရုတ်က တကမ္ဘာလုံးမှာ လုပ်တဲ့ပုံစံအတိုင်း - ဒီ အစိုးရတွေကို နောက်ကွယ်ကနေပြီးတော့ ညှိနှိုင်းတဲ့ပုံမျိုးတွေ လုပ်လာတာမျိုးတွေက အားလုံးလန့်လာတဲ့ အနေထားမျိုးတွေပါ။
မေး။ ။ ဆိုတော့ တရုတ်က ဒီအာတိတ်စက်ဝိုင်းကို ဝင်လာတာ ဒီသိပ္ပံဆိုင်ရာ သုတေသန သက်သက် မဟုတ်ဘူးပေါ့နော်။ ဆိုတော့ တကယ်တမ်း တရုတ်က အာတိတ်စက်ဝိုင်းမှာ ဘာသုတေသနတွေ လုပ်တာလဲ၊ နည်းနည်း ပြောပြပေးပါ။
ဖြေ။ ။ ပြောရရင် စီးပွါးရေးအောင်မြင်လာတဲ့ ၂၀၀၀ ခုနှစ်လောက်ကတည်းကစပြီးတော့ တောင်တရုတ်ပင်လယ်မှာ အကြီးအကျယ်လုပ်တဲ့အပြင်ကို အမေရိကန်က အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်၊ ရုရှားကလည်း ယူကရိန်းနဲ့နေတိုးကို ရင်ဆိုင်ဖို့ အတွက် တအား ပြင်နေရတဲ့အချိန်မှာ၊ အားလုံး အလုပ်များနေတဲ့အချိန်မှာ သူက အာတိတ်ကို တစိမ့်စိမ့် စပြီး ဝင်လာတယ်ပေါ့နော်။
အဲဒီအချိန်မှာ သူဟာ အခုချိန်ထိရှိပြီးသား စည်းမျဉ်းစည်းကမ်းတွေကို မဖေါက်ဖျက်ဘဲနဲ့ နိုင်ငံရေးအရ သူချယ်လှယ်လို့ရမယ့်အနေထား၊ ဝင်လို့ရမယ့်အနေထားရှိတဲ့ အားနည်းတဲ့ နေရာမျိုးပေါ့နော်။ ဥပမာပြောရရင်တော့ ဒိန်းမတ်ပေါ့နော်။ ဒိန်းမတ်မှာဆို ဂရင်းလန်းက သူက သီးခြားခွဲထွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လုပ်ချင်တာ ရချင်တာ၊ သူက နယ်မြေကြီးက အကြီးကြီးပဲ။ လူကတော့ ၅ သောင်း လောက်ပဲ ရှိတယ်။ ဆိုတော့ အဲဒီလို နိုင်ငံမျိုးမှာ သူက အသာလေးသွားပြီးတော့ စီးပွါးရေးအရ ရင်းနှီးမြှုပ်နှံမယ်။ နိုင်ငံကို တိုးတက်အောင် လုပ်ပေးမယ်။ အဲဒါဆိုရင် သူက ဒိန်းမတ်ကနေ ဂရင်းလန်းက ခွဲထွက်မယ်ဆိုရင်လည်း အဆင်ပြေမယ်ဆိုတာမျိုးတွေ ပေါ့နော်။ သူက အဲဒီလိုမျိုးကလေးတွေနဲ့ဝင်တာတွေ အများကြီးပါ။ ဆိုတော့သူက အနောက်ဘက်မှာ ပြထားတဲ့မြေပုံတွေအတိုင်းပါပဲ။ သူ့ဟာက နော်ဝေးမှာ ရှိတယ်။ ဖင်လန်မှာ ရှိတယ်။ အဲဒီ ဂရင်းလန်းမှာ ရှိတယ်။ အိုက်စလန်မှာ ရှိတယ်။ နောက် ဆွီဒင်မှာလည်း ရှိတယ်။ သူက အဲဒီလိုမျိုး စခန်းတွေ ၅ ခု လောက် ဖွင့်ထားတယ်။ ဒါပေမယ့်လည်း permanent အမြဲချထားတာရယ်လို့တော့ မဟုတ်ပါဘူး။ သူက သွားလိုက်၊ သုတေသနယူလိုက် ဆိုတဲ့ဟာမျိုးပါ။ ဒါပေမယ့် ခုနမေးတဲ့ မေးခွန်းလိုမျိုး သိပ္ပံ သုတေသနအတွက် အဓိကထားလား ဆိုတာ ကြည့်ပြန်တော့ သူက သိပ္ပံစာရွက်စာတမ်းတွေ၊ သုတေသနရလဒ်တွေမှာ ကြည့်လိုက်ရင် သူ့ဥစ္စာက အနည်းဆုံးဖြစ်နေတယ်ဆိုတာ တွေ့နေရတယ်ပေါ့နော်။ အဲဒီတော့ သူ့ဟာက ရိုးသားရဲ့လားဆိုတာကို ထောက်ပြတဲ့အချက်လက်တွေလည်း အခုချိန်မှာ ထွက်လာနေပါတယ်။
မေး။ ။ ဒီအာတိတ်ဒေသက ရေခဲပြင်ဖုံးတဲ့ ဒေသပေါ့နော်။ အခုလက်ရှိ တရုတ်ရဲ့ သုတေသနအရဆိုရင် ရေခဲအရည်ပျော်နှုန်းတွေ သိပ်ပြီး မြန်လာတယ်လို့် သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ ကျန်ခဲ့တဲ့ တလ ၂ လ လောက်က နောက်ဆုံးထွက်တဲ့ သုတေသနစာတမ်းအရ ဆိုရင် ကျနော်တို့ သိပ္ပံပညာရှင်တွေ ကြိုတင်တွက်ချက်ထားတဲ့ဟာတွေထက်ကို အရမ်းကို မြန်တယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ ပေါ့နော်။ ၁၉၇၉ ကနေ ၂၀၂၀ အထိ ကြားထဲမှာ အနှစ် ၄၀ အတွင်းမှာ ၄ ဆ လောက် အပူချိန်တိုးမှုက မြန်လာတယ် ဆိုတဲ့ သဘောပါ။ ရာသီဥတု ဖေါက်ပြန်လို့၊ ကမ္ဘာကြီးပူနွေးလာလို့ မြောက်ဝင်ရိုးစွန်းက ရေခဲတွေအရည်ပျော်တယ်။ ရေခဲတွေက မြန်မြန်ပျော်တဲ့အတွက်ကြောင့်မို့ တခါပြန်ပြီး ကမ္ဘာကြီးမှာ ပိုပြီး ဖေါက်ပြန်တဲ့အပိုင်းတွေ ဖြစ်လာမယ်။ ပြောင်းလဲမှုတွေ ဖြစ်လာမယ် ဆိုတဲ့ ဟာတွေပါ။
မေး။ ။ ဒီရေခဲ အရည်ပျော်နှုန်း ကဘယ်လောက် မြန်တယ်လို့ သူတို့ တွေ့ပါသလဲ။ ဘာကြောင့်လဲဆိုတော့ တခြား ဘယ်သူမှ စိတ်မဝင်စားတဲ့အချိန်မှာ သူက ဒီအာတိတ်ဒေသမှာ ဇောက်ချပြီးတော့ သုတေသနတွေလုပ်တာဆိုတော့။
ဖြေ။ ။ ကျနော်တို့ ဒီ သုတေသနရလဒ်အရဆို နဂို ၁၉၇၉ ပေါ့နော်၊ ဒီ မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ ရေခဲပမာဏပေါ့နော်။ ဒီတနှစ်လုံး မပျော်တဲ့ရေခဲပမာဏ၊ သြစတြေးလျတိုက်ကြီးတခု အရွယ်အစားလောက် ရှိတယ်ပေါ့နော်။ စတုရန်းမီတာ ၃.၈ သန်း ရှိတယ်။ အဲဒါက အခု လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာဆိုရင် ၂. ၈ အထိ ဖြစ်သွားတယ်။ ၃၀ % နီးပါး လောက်ကို ပျော်ကျသွားတယ်ဆိုတဲ့ သဘောပါ။ အဲဒီနှုန်းကလည်း ဆက်ပြီးတက်နေအုံးမှာပါ။ အခုဆို ၂၀၅၀ က တကယ့်ကို critical အန္တရာယ်ရှိတယ်ပေါ့နော်။ အရမ်းကို အရည်ပျော်တာ အရမ်းများသွားမယ်ဆိုပြီး မှန်းထားတာ ရှိပါတယ်။ ဆိုတော့ လက်ရှိမှာကိုပဲ နွေမှာ ၃ လ လောက် သင်္ဘောတွေ ဖြတ်လို့ရတယ်။ အရင်က ဘယ်လိုမှ ဖြတ်လို့ မရတဲ့၊ ကုန်တင်သင်္ဘောတွေ ဖြတ်လို့မရတဲ့အခြေနေက နောက် ၁၅ နှစ်လောက်နေရင် တော်တော်များများကို ဖြတ်လို့ရမယ်ဆိုတဲ့ အခြေနေမျိုးကလည်း စီးပွါးရေးအရပေါ့နော်။ အကုန်လုံးက စိတ်ဝင်စားတဲ့ အဓိက အချက်တခုပါ။
မေး။ ။ အခု တရုတ်က အာတိတ်စက်ဝန်းဒေသမှာ အဓိကလုပ်လာတာ၊ သူ အန္တာတိက ဒေသ တောင်ဝင်ရိုးစွန်းဘက်မှာရော၊ သူသွားပြီးတော့ သုတေသနလုပ်တာတွေများ ရှိပါသလား။
ဖြေ။ ။ ဒီမေးခွန်းက အဓိက အချက်ပဲပေါ့နော်။ တရုတ်က သူဘာကြောင့် မြောက်ဝင်ရိုးစွန်းမှာ အရမ်းကို အာရုံစိုက်နေတယ်ဆိုတာပါ။ တောင်ဝင်ရိုးစွန်းက ၁၉၅၉ ခုနှစ်မှာပဲ ပြောရရင် တရုတ်ကွန်မြူနစ်ပါတီ အာဏာစရပြီး တရုတ်တနိုင်ငံလုံးကို စပြီးတော့ ထိန်းသိမ်းနိုင်တဲ့အချိန်မှာပဲ သူက စာရင်းပိတ်လိုက်တယ်။ နယ်မြေတောင်းခံခွင့် ဘယ်သူ့ကိုမှ မပေးတော့ပါဘူး ဆိုပြီးတော့ အားလုံး သဘောတူလိုက်ကြတယ်။ အဲဒီမှာ ရှိပြီးသားလူတွေက ပေါ့နော်။ လက်ဦးထားတဲ့သူတွေက။
၁၉၈၀ လည်းကျရော တောင်ဝင်ရိုးစွန်းမှာ အန္တာတိတ်ဒေသမှာ ဒီ သတ္တုရှာဖွေရေး၊ သယံဇာတရှာဖွေရေးတွေ အားလုံးကို ပိတ်ပင်တားမြစ်လိုက်ပြီးတော့ သိပ္ပံသုတေသနနဲ့ ငြိမ်းချမ်းရေးအတွက်ပဲ လုပ်ကြရမယ်ဆိုပြီး သတ်မှတ်လိုက်တဲ့အတွက်ကြောင့် တရုတ်က သုတေသနကိုတောင်မှ သူများမြေ၊ မှတ်မိသလောက်ကတော့ Australia ရဲ့ မြေပေါ်မှာ ငှါးပြီး သုံးတယ်ဆိုတဲ့ ပုံစံမျိုးပဲ ကြားဖူးပါတယ်။ သူ့မှာ ကိုယ်ပိုင်မြေတောင် မရလိုက်ဘူး။ အဲဒါအတွက်ကြောင့်မို့လို့လည်း အာတိတ်မှာက သူ့အတွက် အခွင့်အရေးက ကမ္ဘာမြေကြီးမှာဆို သူရစရာ မြေကြီးက ဒါနောက်ဆုံးပဲ။ နောက်ဆုံး အခွင့်ရေးမို့လို့ အရမ်းကို လိုချင်တယ်။ ကြိုးစားနေတယ်လို့ပဲ ယူဆရပါတယ်။
ဒေါက်တာမိုးကျော်သူပါ။