သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြမ်းတမ်းတဲ့ရာသီဥတုဒဏ် အမေရိကန် အခံရဆုံး


အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာရေကြီးရေလွှမ်းမိုးခံနေရတဲ့မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာရေကြီးရေလွှမ်းမိုးခံနေရတဲ့မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

{{Zawgyi/Unicode}}

ရာသီဥတုကြမ်းလာရာမှာ အမေရိကန်နိုင်ငံဟာ ဒဏ်အခံရဆုံးနိုင်ငံဖြစ်တယ်လို့ အမေရိကန် မိုးလေဝဿဌာနအကြီးအကဲနဲ့ အခြားကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်နေရာထက်မဆို အမေရိကန်နိုင်ငံမှာ အစွန်းရောက်ရာသီဥတုက မကြာခဏ အမျိုးမျိုးပိုဖြစ်ပြီး ပိုလည်းပြင်းထန်သလို အဆုံးအရှုံးလည်းကြီးတယ်လို့ သူတို့က ပြောကြပါတယ်။

ဥတုရာသီ ပြောင်းလာတာပါ ပေါင်းလိုက်ရင် ပိုပြီး အစွန်းရောက်မယ့်ဖြစ်ရပ်တွေကို မျှော်လင့်ထားရပါတော့မယ်လို့ National Oceanic and Atmospheric Administration သမုဒ္ဒရာ နဲ့ လေထုဆိုင်ရာ အမျိုးသားဌာနရဲ့ အကြီးအကဲ Rick Spinrad က ဆိုပါတယ်။

အမျိုးမျိုးကြုံရတဲ့အထဲမှာ လေဆင်နှာမောင်း၊ ဟာရီကန်းမုန်တိုင်း၊ ရေကြီးရေလွှမ်းမှု၊ မိုးခေါင်ရေရှားမှု၊ ဆီးနှင်းမုန်တိုင်းလို ရာသီဥတု ဆိုးဝါးတဲ့အဖြစ်တွေ ပါဝင်ကြပါတယ်။ အမေရိကန်ရဲ့ ပထဝီအနေအထားကြောင့်လည်း ဒီလို ဖြစ်ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

သမုဒ္ဒရာ ၂ စင်း၊ မက္ကဆီကိုပင်လယ်ကွေ့၊ တောင်တွေ၊ ငေါထွက်နေတဲ့ကျွန်းဆွယ်တွေ၊ ရေစီးကြောင်းတွေ အားလုံး စုပေါင်းလိုက်တဲ့အခါ အားကောင်းလှတဲ့ မိုးသက်မုန်တိုင်းတွေ ဖြစ်လာကြတာပါ။ ဒါပေမဲ့ ရာသီဥတုကြမ်းတာသက်သက်နဲ့တော့ သဘာဝဘေးအန္တရာယ် မဖြစ်သေးပါဘူး။ သဘာဝဘေးအန္တရာယ်ကတော့ လူသားတွေလုပ်လို့သာ ဖြစ်ရတာပါလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG