သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္သန္းနဲ႔ခ်ီ ႏွင္းမုန္တိုင္းဒဏ္ခံေနရ 


Minnesota ျပည္နယ္ Minneapolis ၿမိဳ႕က 35W လမ္းမႀကီးေပၚမွာ ႏွင္းမုန္တိုင္းအတြင္း ေတြ႔ရတဲ့ ေမာ္ေတာ္ယာဥ္မ်ား (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၃)

အေမရိကန္ျပည္ေထာင္စု အေနာက္ဖက္ျခမ္းကေန အေနာက္အလယ္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းအထိ ေဆာင္းႏွင္းမုန္တိုင္း က်ေရာက္ေနတဲ့အတြက္ ႏွင္းေတြက်၊ ေရခဲေလာက္ေအာင္ ေအးတဲ့ မိုးေတြ႐ြာ၊ ေလေတြတိုက္ၿပီး ေနရာတခ်ဳိ႕မွာ မီးေတြျပတ္ေနသလို၊ ေလယာဥ္ခရီးစဥ္ ရာနဲ႔ခ်ီကို ဖ်က္ခဲ့ရပါတယ္။ California ျပည္နယ္ထဲမွာ မၾကံဳစဖူး ႏွင္းမုန္တိုင္းက်ေရာက္မယ္လို႔ သတိေပးခ်က္ထုတ္ထားပါတယ္။

အေမရိကန္ အေနာက္အလယ္ပိုင္းေဒသရဲ႕ အထက္ပိုင္းမွာရွိတဲ့ Minneapolis ၿမိဳ႕ မွာ ႏွင္း က တစ္နာရီ ကို ၁ လက္မကေန ၂ လက္မႏႈန္းနဲ႔ ၾကာသပေတးေန႔ က က်ခဲ့တာပါ။ Wisconsin, Michigan, Illinois, Indiana နဲ႔ New York ျပည္နယ္ေတြမွာ လူေနအိမ္နဲ႔ လုပ္ငန္း စုစုေပါင္း ၁ သန္းေလာက္ဟာ ၾကာသပေတးေန႔ မနက္အထိ မီးျပတ္ေနခဲ့ၾကပါတယ္။ Flightware.com ရဲ႕ စာရင္းအရ တစ္ႏိုင္ငံလုံးမွာ ေလယာဥ္ခရီးစဥ္ ၁၃၀၀ ကို ေ႐ႊ႕ဆိုင္း ဒါမွမဟုတ္ ဖ်က္ထားရပါတယ္။

အေနာက္ေျမာက္ပိုင္းမွာရွိတဲ့ ဝါရွင္တန္ျပည္နယ္ကေန အေရွ႕ေျမာက္ပိုင္း မက္ဆာခ်ဴးဆက္ ျပည္နယ္ အထိ ေနရာေတာ္ေတာ္မ်ားမ်ား မွာ ရာသီဥတု ျပင္းထန္မယ့္ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ႏွင္း ၁၈ လက္မအထိ က်မွာျဖစ္ၿပီး ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၅၀ ႏႈန္း နဲ႔ တိုက္ခိုက္ႏိုင္တယ္လို႔ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ေအးခဲတဲ့ဒဏ္ကို ရင္ဆိုင္ေနၾကရေပမယ့္ တခ်ိဳ႕ ျပည္နယ္ေတြမွာေတာ့ ရာသီဥတု ပူလာၿပီး၊ ဒီလ အပူခ်ိန္စံခ်ိန္ တင္ႏိုင္တယ္လို႔ မိုးေလဝသဌာနက ေျပာထားပါတယ္။ အခုလို တခ်ိဳ႕ေနရာေတြမွာ ႏွင္းမုန္တိုင္းက်ၿပီး၊ တခ်ိဳ႕ေနရာေတြမွာ တၿပိဳင္တည္း အပူလြန္ကဲလာတာဟာ ရာသီဥတုအေျပာင္းအလဲလကၡဏာ ျဖစ္တယ္လို႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

အမေရိကန်သန်းနဲ့ချီ နှင်းမုန်တိုင်းဒဏ်ခံနေရ

အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်းကနေ အနောက်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းအထိ ဆောင်းနှင်းမုန်တိုင်း ကျရောက်နေတဲ့အတွက် နှင်းတွေကျ၊ ရေခဲလောက်အောင် အေးတဲ့ မိုးတွေရွာ၊ လေတွေတိုက်ပြီး နေရာတချို့မှာ မီးတွေပြတ်နေသလို၊ လေယာဉ်ခရီးစဉ် ရာနဲ့ချီကို ဖျက်ခဲ့ရပါတယ်။ California ပြည်နယ်ထဲမှာ မကြုံစဖူး နှင်းမုန်တိုင်းကျရောက်မယ်လို့ သတိပေးချက်ထုတ်ထားပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်းဒေသရဲ့ အထက်ပိုင်းမှာရှိတဲ့ Minneapolis မြို့ မှာ နှင်း က တစ်နာရီ ကို ၁ လက်မကနေ ၂ လက်မနှုန်းနဲ့ ကြာသပတေးနေ့ က ကျခဲ့တာပါ။ Wisconsin, Michigan, Illinois, Indiana နဲ့ New York ပြည်နယ်တွေမှာ လူနေအိမ်နဲ့ လုပ်ငန်း စုစုပေါင်း ၁ သန်းလောက်ဟာ ကြာသပတေးနေ့ မနက်အထိ မီးပြတ်နေခဲ့ကြပါတယ်။ Flightware.com ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ လေယာဉ်ခရီးစဉ် ၁၃၀၀ ကို ရွှေ့ဆိုင်း ဒါမှမဟုတ် ဖျက်ထားရပါတယ်။

အနောက်မြောက်ပိုင်းမှာရှိတဲ့ ဝါရှင်တန်ပြည်နယ်ကနေ အရှေ့မြောက်ပိုင်း မက်ဆာချူးဆက် ပြည်နယ် အထိ နေရာတော်တော်များများ မှာ ရာသီဥတု ပြင်းထန်မယ့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တချို့နေရာတွေမှာ နှင်း ၁၈ လက်မအထိ ကျမှာဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ နှုန်း နဲ့ တိုက်ခိုက်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြည်နယ်တော်တော်များများမှာ အေးခဲတဲ့ဒဏ်ကို ရင်ဆိုင်နေကြရပေမယ့် တချို့ ပြည်နယ်တွေမှာတော့ ရာသီဥတု ပူလာပြီး၊ ဒီလ အပူချိန်စံချိန် တင်နိုင်တယ်လို့ မိုးလေဝသဌာနက ပြောထားပါတယ်။ အခုလို တချို့နေရာတွေမှာ နှင်းမုန်တိုင်းကျပြီး၊ တချို့နေရာတွေမှာ တပြိုင်တည်း အပူလွန်ကဲလာတာဟာ ရာသီဥတုအပြောင်းအလဲလက္ခဏာ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

XS
SM
MD
LG