သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ ရာသီဥတုပညာရွင္ ကမာၻ႔စားနပ္ရိကၡာဆု ခ်ီးျမႇင့္ခံရ


Dr. Cynthia Rosenzweig

အေမရိကန္ ရာသီဥတုနဲ႔ စိုက္ပ်ိဳးေရး ပညာရွင္ Cynthia Rosenzweig ကို လာမယ့္ ၾကာသပေတးေန႔မွာ Iowa ျပည္နယ္ Des Moines က အခမ္းအနားမွာ World Food Prize - ကမ ၻာ့စားနပ္ရိကၡာဆု ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။ ဒီႏွစ္ အတြက္ ပညာရွင္ အျဖစ္ ေ႐ြးခ်ယ္ေၾကာင္း World Food Prize ေဖာင္ေဒးရွင္းက ေမလ အတြင္းမွာ ေၾကညာခဲ့တာပါ။

Zawgyi

ကမ ၻာ့ စားနပ္ရိကၡာ ထုတ္လုပ္မႈ အေပၚ ရာသီဥတု ေျပာင္းလဲမႈရဲ႕ သက္ေရာက္မႈေတြကို စံျပ ေဖာ္ထုတ္ခဲ့မႈ အတြက္ အေမရိကန္ ရာသီဥတုနဲ႔ စိုက္ပ်ိဳးေရး ပညာရွင္ Cynthia Rosenzweig ကို လာမယ့္ ၾကာသပေတးေန႔မွာ Iowa ျပည္နယ္ Des Moines က အခမ္းအနားမွာ World Food Prize - ကမ ၻာ့စားနပ္ရိကၡာဆု ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။ Rosenzweig ကို ဒီႏွစ္ အတြက္ ပညာရွင္ အျဖစ္ ေ႐ြးခ်ယ္ေၾကာင္း World Food Prize ေဖာင္ေဒးရွင္းက ေမလ အတြင္းမွာ ေၾကညာခဲ့တာပါ။

ဆုနဲ႔ ေဒၚလာ ၂၅၀,၀၀၀ ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။ သူမ တည္ေထာင္တဲ့ စိုက္ပ်ိဳးေရး ပုံစံ ႏႈိင္းယွဥ္မႈနဲ႔ တိုးတက္ေရး စီမံကိန္းဟာ ဆိုရင္ ႏိုင္ငံေပါင္း ၉၀ ေက်ာ္ အတြက္ ရာသီဥတု ေျပာင္းလဲမႈဒဏ္ ခံႏိုင္ရည္ တိုးတက္ေစေရး ဆုံးျဖတ္ေဆာင္႐ြက္မႈေတြမွာ တိုက္႐ိုက္ အေထာက္အကူ ျဖစ္ေစခဲ့တယ္လို႔လည္း ေဖာင္ေဒးရွင္းက ေျပာဆိုထားပါတယ္။

ၾကာသပေတးေန႔ က်င္းပမယ့္ ဆုေပးပြဲ အခမ္းအနား အပါအဝင္ ရက္အေတာ္ၾကာ က်င္းပမယ့္ အခမ္းအနားေတြ အတြင္းမွာေတာ့ Feeding a Fragile World ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဆြးေႏြးပြဲေတြနဲ႔ မိန႔္ခြန္းေတြလည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဦးေဆာင္ ေဆြးေႏြးမယ့္ သူေတြထဲမွာေတာ့ ယူကရိန္းက လယ္သမား Kees Huizinga လည္း ပါဝင္မွာ ျဖစ္ေၾကာင္း ေဖာင္ေဒးရွင္းက ေျပာဆိုထားပါတယ္။

သူကေတာ့ ႐ုရွားရဲ႕ ယူုကရိန္း က်ဴးေက်ာ္စစ္၊ Covid-19 ကပ္ေဘးေရာဂါနဲ႔ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ သက္ေရာက္မႈေတြ ရင္ဆိုင္ေနရတဲ့ သူ႔ႏိုင္ငံ ယူကရိန္းမွာ စားနပ္ရိကၡာ ထုတ္လုပ္ေရး စိန္ေခၚ အကဲစမ္းမႈေတြကို အဓိက ေျပာဆိုမွာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။ လက္ေတြ႕ သုေတသနနဲ႔ အသုံးခ်မႈ ဆိုင္ရာ Norman E. Borlaug ဆုကိုေတာ့ ဒီႏွစ္ အတြက္ Mahalingam Govindaraj ကို ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ စိုက္ပ်ိဳးေရးမွာ သိပၸံ အေျချပဳ လုပ္ငန္းေတြ အတြက္ အသက္ ၄၀ ေအာက္ေတြကို ခ်ီးျမႇင့္တဲ့ ဒီဆုနဲ႔ ဆုေငြ ေဒၚလာ ၁၀,၀၀၀ ခ်ီးျမႇင့္မွာ ျဖစ္ေၾကာင္းလည္း ၿပီးခဲ့တဲ့ ၾသဂုတ္လ အတြင္း ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကမ ္ဘာ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု အပေါ် ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို စံပြ ဖော်ထုတ်ခဲ့မှု အတွက် အမေရိကန် ရာသီဥတုနဲ့ စိုက်ပျိုးရေး ပညာရှင် Cynthia Rosenzweig ကို လာမယ့် ကြာသပတေးနေ့မှာ Iowa ပြည်နယ် Des Moines က အခမ်းအနားမှာ World Food Prize - ကမ ္ဘာ့စားနပ်ရိက္ခာဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ Rosenzweig ကို ဒီနှစ် အတွက် ပညာရှင် အဖြစ် ရွေးချယ်ကြောင်း World Food Prize ဖောင်ဒေးရှင်းက မေလ အတွင်းမှာ ကြေညာခဲ့တာပါ။

ဆုနဲ့ ဒေါ်လာ ၂၅၀,၀၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။ သူမ တည်ထောင်တဲ့ စိုက်ပျိုးရေး ပုံစံ နှိုင်းယှဉ်မှုနဲ့ တိုးတက်ရေး စီမံကိန်းဟာ ဆိုရင် နိုင်ငံပေါင်း ၉၀ ကျော် အတွက် ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်ရည် တိုးတက်စေရေး ဆုံးဖြတ်ဆောင်ရွက်မှုတွေမှာ တိုက်ရိုက် အထောက်အကူ ဖြစ်စေခဲ့တယ်လို့လည်း ဖောင်ဒေးရှင်းက ပြောဆိုထားပါတယ်။

ကြာသပတေးနေ့ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနား အပါအဝင် ရက်အတော်ကြာ ကျင်းပမယ့် အခမ်းအနားတွေ အတွင်းမှာတော့ Feeding a Fragile World ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတွေနဲ့ မိန့်ခွန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဦးဆောင် ဆွေးနွေးမယ့် သူတွေထဲမှာတော့ ယူကရိန်းက လယ်သမား Kees Huizinga လည်း ပါဝင်မှာ ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ပြောဆိုထားပါတယ်။

သူကတော့ ရုရှားရဲ့ ယူုကရိန်း ကျူးကျော်စစ်၊ Covid-19 ကပ်ဘေးရောဂါနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုတွေ ရင်ဆိုင်နေရတဲ့ သူ့နိုင်ငံ ယူကရိန်းမှာ စားနပ်ရိက္ခာ ထုတ်လုပ်ရေး စိန်ခေါ် အကဲစမ်းမှုတွေကို အဓိက ပြောဆိုမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ လက်တွေ့ သုတေသနနဲ့ အသုံးချမှု ဆိုင်ရာ Norman E. Borlaug ဆုကိုတော့ ဒီနှစ် အတွက် Mahalingam Govindaraj ကို ချီးမြှင့်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ စိုက်ပျိုးရေးမှာ သိပ္ပံ အခြေပြု လုပ်ငန်းတွေ အတွက် အသက် ၄၀ အောက်တွေကို ချီးမြှင့်တဲ့ ဒီဆုနဲ့ ဆုငွေ ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်မှာ ဖြစ်ကြောင်းလည်း ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ကြေညာထားပါတယ်။

XS
SM
MD
LG