သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက ဝတ္ျပဳဆုေတာင္းတဲ့ေနရာေတြ အကာကြယ္ေပးဖို႔ ကက္သလစ္ဘာသာေရးေခါင္းေဆာင္ေတြ ေတာင္းဆို


ကယားျပည္နယ္အတြင္းက ခရစ္ယာန္ဘုရားေက်ာင္းတစ္ေက်ာင္း မီး႐ိႈ႕ခံထားရသည္ကိုေတြ႔ရစဥ္ (ယခင္မွတ္တမ္း႐ုပ္ပံု)

ျမန္မာႏိုင္ငံအတြင္း စစ္ေရးပဋိပကၡေတြၾကား ဘာသာေရး ဝတ္ျပဳဆုေတာင္းတဲ့ေနရာေတြကို အကာအကြယ္ေပးဖို႔ ဘာသာေရးေခါင္းေဆာင္ေတြ ေတာင္းဆိုေနေပမဲ့ ေဖေဖၚဝါရီလ ၄ ရက္ေန႔က ကယားျပည္နယ္ ဖယ္ခုံၿမိဳ႕ အတြင္း ေနာက္ထပ္ ဘုရားေက်ာင္းတခုအေပၚ ေမာ္တာက်ည္ေတြ က်ၿပီး ပ်က္ဆီးခဲ့တဲ့ အေၾကာင္း Union of Catholic Asian News သတင္းမွာ ေရးသားထားပါတယ္။ စစ္တပ္က ပစ္လိုက္တဲ့ ေမာ္တာက်ည္ေတြ ဖယ္ခုံၿမိဳ႕ ဝါရီေကာခူ ႐ြာအနီးက ဘုရားေက်ာင္ကို ထိမွန္ခဲ့တာလို႔ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားေဖၚျပထားပါတယ္။ ကယားျပည္နယ္ (ေဒသအေခၚ ကရင္နီျပည္) လြိဳင္ေကာ္ၿမိဳ႕နယ္ ဝါရီေကာခူ႐ြာကို စစ္တပ္ဖက္က စစ္ေၾကာင္းထိုးေနၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတဲ့အတြက္ ႐ြာသူ႐ြာသား သုံးေထာင္ေလာက္ အိုးအိမ္စြန္႔ခြာ ေဘးလြတ္ရာကို ေျပးေရွာင္ေနၾကရတဲ့အေၾကာင္းလယ္း ေဒသခံေတြက ဗီြအိုေအကိုေျပာပါတယ္။ လက္နက္ႀကီးက်လို႔ ေနအိမ္ အလုံး ၂၀ နဲ႔ ဘုရားေက်ာင္းတစ္ေက်ာင္း ထိခိုက္ပ်က္စီးတယ္လို႔ ဝါရီေကာ္ခူ႐ြာအနီး ကုန္းသာ႐ြာခံ တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

ၿပီးခဲ့တဲ့လ ဇန္နဝါရီလ တတိယပတ္အတြင္းကပဲ တ႐ုတ္ႏွစ္သစ္ကူး အထိမ္းအမွတ္ မိန႔္ခြန္းမွာ ပုပ္ရဟန္းမင္းႀကီး Francis က စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္၊ ခ်မ္းသာေက်း႐ြာက ႏွစ္ေပါင္းရာေက်ာ္ ခရစ္ယာန္ဘုရားေက်ာင္း မီးရႈိ႕ဖ်က္ဆီးခံရတဲ့ သတင္းနဲ႔ ပတ္သက္လို႔ အထူး စိတ္မေကာင္းျဖစ္မိတဲ့အေၾကာင္း ႁမြက္ၾကားခဲ့ပါတယ္။ PDF လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို တိုက္ခိုက္တဲ့ ျမန္မာစစ္တပ္ရဲ႕ ထိုးစစ္အတြင္း ခ်မ္းသာေက်း႐ြာက ဘုရားေက်ာင္းအပါအဝင္၊ ဘာသာေရးေက်ာင္းေတြ မီးရႈိ႕ဖ်က္ဆီးခံရတာ လက္နက္ႀကီးက်ည္ ထိမွန္ပ်က္ဆီးတာ စတဲ့ သတင္းေတြ ေပၚေပါက္ေနၿပီး ၿငိမ္းခ်မ္းေရးကို ေရွ႕ရႈၾကဖို႔။ ကိုးကြယ္ဝတ္ျပဳရာေနရာေတြကို အကာအကြယ္ေပးဖို႔ ရဟန္းအမတ္ ခ်ားလ္စ္ေမာင္ဘို အပါအဝင္ ျမန္မာႏိုင္ငံက ဘာသာေရး ေခါင္းေဆာင္ေတြက ေမတၱာရပ္ခံေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြန်မာနိုင်ငံက ဝတ်ပြုဆုတောင်းတဲ့နေရာတွေ အကာကွယ်ပေးဖို့ ကက်သလစ်ဘာသာရေးခေါင်းဆောင်တွေ တောင်းဆို

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေကြား ဘာသာရေး ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို အကာအကွယ်ပေးဖို့ ဘာသာရေးခေါင်းဆောင်တွေ တောင်းဆိုနေပေမဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ကယားပြည်နယ် ဖယ်ခုံမြို့ အတွင်း နောက်ထပ် ဘုရားကျောင်းတခုအပေါ် မော်တာကျည်တွေ ကျပြီး ပျက်ဆီးခဲ့တဲ့ အကြောင်း Union of Catholic Asian News သတင်းမှာ ရေးသားထားပါတယ်။ စစ်တပ်က ပစ်လိုက်တဲ့ မော်တာကျည်တွေ ဖယ်ခုံမြို့ ဝါရီကောခူ ရွာအနီးက ဘုရားကျောင်ကို ထိမှန်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားဖေါ်ပြထားပါတယ်။ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) လွိုင်ကော်မြို့နယ် ဝါရီကောခူရွာကို စစ်တပ်ဖက်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ရွာသူရွာသား သုံးထောင်လောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ပြေးရှောင်နေကြရတဲ့အကြောင်းလယ်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ လက်နက်ကြီးကျလို့ နေအိမ် အလုံး ၂၀ နဲ့ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးတယ်လို့ ဝါရီကော်ခူရွာအနီး ကုန်းသာရွာခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့လ ဇန်နဝါရီလ တတိယပတ်အတွင်းကပဲ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီး Francis က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာက နှစ်ပေါင်းရာကျော် ခရစ်ယာန်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်လို့ အထူး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း မြွက်ကြားခဲ့ပါတယ်။ PDF လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ထိုးစစ်အတွင်း ချမ်းသာကျေးရွာက ဘုရားကျောင်းအပါအဝင်၊ ဘာသာရေးကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာ လက်နက်ကြီးကျည် ထိမှန်ပျက်ဆီးတာ စတဲ့ သတင်းတွေ ပေါ်ပေါက်နေပြီး ငြိမ်းချမ်းရေးကို ရှေ့ရှုကြဖို့။ ကိုးကွယ်ဝတ်ပြုရာနေရာတွေကို အကာအကွယ်ပေးဖို့ ရဟန်းအမတ် ချားလ်စ်မောင်ဘို အပါအဝင် မြန်မာနိုင်ငံက ဘာသာရေး ခေါင်းဆောင်တွေက မေတ္တာရပ်ခံနေပါတယ်။

XS
SM
MD
LG