တ႐ုတ္နဲ႔ ၿပိဳင္ဆိုင္ဖို႔ အေမရိကန္ဟာ ဆယ္စုေပါင္းမ်ားစြာအတြင္း အားအေကာင္းဆုံး အေနအထား ရွိေနၿပီလို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က သူ႔ရဲ႕ ႏိုင္ငံေတာ္ အေျချပမိန႔္ခြန္းမွာ မေန႔အဂၤါေန႔က ေျပာၾကားလိုက္ပါတယ္။
“သမၼတရွီနဲ႔ လူပုဂၢိဳလ္ခ်င္း စကားေျပာၾကတဲ့အခါ ကြၽန္ေတာ္ ရွင္းရွင္းေျပာၿပီး ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ၿပိဳင္ေနၾကတာ ျဖစ္ပါတယ္။ ပဋိပကၡ မဟုတ္ပါဘူးလို႔ ေျပာခဲ့ပါတယ္။ အေမရိကန္ကို အားေကာင္းေအာင္ ရင္းႏွီးျမႇဳပ္ႏွံတာအတြက္ ကြၽန္ေတာ္ေတာင္းပန္လိမ့္မယ္ မဟုတ္ပါဘူး။ တ႐ုတ္က လႊမ္းမိုးဖို႔ ႀကိဳးစားေနၿပီး အနာဂတ္ကို သတ္မွတ္ပုံေဖာ္ေပးမယ့္ လုပ္ငန္းနယ္ေတြ၊ အေမရိကန္ရဲ႕ ထိုးထြင္းတီထြင္မႈေတြ မွာ ရင္းႏွီးျမႇဳပ္ႏွံေနပါတယ္” လို႔ သမၼတဘိုင္ဒန္က ေျပာသြားခဲ့တာပါ။
အထက္ေအာက္ လႊတ္ေတာ္ ၂ ရပ္ေပါင္း အမတ္ေတနဲ႔ တႏိုင္ငံလုံး ကို ေျပာတဲ့ မိန႔္ခြန္းမွာ သမၼတဘိုင္ဒန္က ခုလိုေျပာခဲ့တာ ျဖစ္ပါတယ္။ တည္ၿငိမ္ေရးနဲ႔ က်ဴးေက်ာ္မႈမွန္သမွ် ဟန႔္တားႏိုင္ေအာင္ စစ္တပ္ကိုလည္း ေခတ္မီေအာင္ ေဆာင္႐ြက္ေနတယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။
ဒီမိန႔္ခြန္းနဲ႔ ပတ္သက္ၿပီး၊ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေမာင္းနင္ကေတာ့ တ႐ုတ္ဟာ သူ႔ရဲ႕ အခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရးနဲ႔ ဖြံၿဖိဳးတိုးတက္မႈ အက်ိဳးစီးပြါးေတြကို ခုံခံကာကြယ္သြားမွာ ျဖစ္တယ္လို႔ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ဗုဒၶဟူးေန႔က ေျပာလိုက္ပါတယ္။
[Unicode]
တရုတ်နဲ့ ပြိုင်ဆိုင်ဖို့ အားအကောင်းဆုံးအနေအထားရှိနေ (သမ္မတ ဘိုင်ဒန်)
တရုတ်နဲ့ ပြိုင်ဆိုင်ဖို့ အမေရိကန်ဟာ ဆယ်စုပေါင်းများစွာအတွင်း အားအကောင်းဆုံး အနေအထား ရှိနေပြီလို့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ မနေ့အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
“သမ္မတရှီနဲ့ လူပုဂ္ဂိုလ်ချင်း စကားပြောကြတဲ့အခါ ကျွန်တော် ရှင်းရှင်းပြောပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြိုင်နေကြတာ ဖြစ်ပါတယ်။ ပဋိပက္ခ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ အမေရိကန်ကို အားကောင်းအောင် ရင်းနှီးမြှုပ်နှံတာအတွက် ကျွန်တော်တောင်းပန်လိမ့်မယ် မဟုတ်ပါဘူး။ တရုတ်က လွှမ်းမိုးဖို့ ကြိုးစားနေပြီး အနာဂတ်ကို သတ်မှတ်ပုံဖော်ပေးမယ့် လုပ်ငန်းနယ်တွေ၊ အမေရိကန်ရဲ့ ထိုးထွင်းတီထွင်မှုတွေ မှာ ရင်းနှီးမြှုပ်နှံနေပါတယ်” လို့ သမ္မတဘိုင်ဒန်က ပြောသွားခဲ့တာပါ။
အထက်အောက် လွှတ်တော် ၂ ရပ်ပေါင်း အမတ်တေနဲ့ တနိုင်ငံလုံး ကို ပြောတဲ့ မိန့်ခွန်းမှာ သမ္မတဘိုင်ဒန်က ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ တည်ငြိမ်ရေးနဲ့ ကျူးကျော်မှုမှန်သမျှ ဟန့်တားနိုင်အောင် စစ်တပ်ကိုလည်း ခေတ်မီအောင် ဆောင်ရွက်နေတယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။
ဒီမိန့်ခွန်းနဲ့ ပတ်သက်ပြီး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်းနင်ကတော့ တရုတ်ဟာ သူ့ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံဖြိုးတိုးတက်မှု အကျိုးစီးပွါးတွေကို ခုံခံကာကွယ်သွားမှာ ဖြစ်တယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။