[Unicode]
CDM စစ်သား ဇနီးတွေရဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ် (အမျိုးသမီးကဏ္ဍ)
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့ဘက်က ရပ်တည်ခဲ့ကြတဲ့ CDM စစ်သား ဇနီးမယား မိသားစုတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးနိုင်ဖို့ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေ လုပ်ဆောင်နေတဲ့အကြောင်း ဒီအစီအစဉ်တွေကို အဓိက ဦးဆောင်နေတဲ့ မဆုသစ်က ပြောပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ တပ်မတော်သား မိသားစုတွေ အနေနဲ့ အခက်အခဲတွေ အများအပြား ကြုံရပေမဲ့ အချင်းချင်း အပြန်အလှန် ဖေးမ ကူညီရင်း အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတတ်တအား ပံ့ပိုး ပါဝင်နေပါတယ်လို့ CDM စစ်သည်တွေရဲ့ ဇနီးသည်တွေက ပြောပါတယ်။ CDM စစ်သား ဇနီးသည်တွေဖြစ်ကြတဲ့ မဆုသစ်၊ မနွေဦး နဲ့ CDM တပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်း တို့ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
======================================
[Zawgyi]
CDM စစ္သား ဇနီးေတြရဲ႕ ျပန္လည္ထူေထာင္ေရး အစီအစဥ္ (အမ်ိဳးသမီးက႑)
ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း ျပည္သူ႔ဘက္က ရပ္တည္ခဲ့ၾကတဲ့ CDM စစ္သား ဇနီးမယား မိသားစုေတြ ရင္ဆိုင္ရတဲ့ အခက္အခဲေတြကို ကူညီ ေျဖရွင္းေပးႏိုင္ဖို႔ ျပန္လည္ ထူေထာင္ေရး အစီအစဥ္ေတြ လုပ္ေဆာင္ေနတဲ့အေၾကာင္း ဒီအစီအစဥ္ေတြကို အဓိက ဦးေဆာင္ေနတဲ့ မဆုသစ္က ေျပာပါတယ္။ CDM လႈပ္ရွားမႈမွာ ပါဝင္ခဲ့ၾကတဲ့ တပ္မေတာ္သား မိသားစုေတြ အေနနဲ႔ အခက္အခဲေတြ အမ်ားအျပား ႀကဳံရေပမဲ့ အခ်င္းခ်င္း အျပန္အလွန္ ေဖးမ ကူညီရင္း အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ တတတ္တအား ပံ့ပိုး ပါဝင္ေနပါတယ္လို႔ CDM စစ္သည္ေတြရဲ႕ ဇနီးသည္ေတြက ေျပာပါတယ္။ CDM စစ္သား ဇနီးသည္ေတြျဖစ္ၾကတဲ့ မဆုသစ္၊ မေႏြဦး နဲ႔ CDM တပ္ၾကပ္ႀကီး မယဥ္လဲ့လဲ့ထြန္း တို႔ကို ဆက္သြယ္ ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။