သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ဥပေဒသစ္ေၾကာင့္ ယာယီေနထိုင္သူ ဒုကၡသည္ေတြ အၿမဲတမ္းေနထိုင္ခြင့္ရေတာ့မည္


၂၀၁၃ခုႏွစ္ ဧၿပီလ ၁၄ရက္ေန႔က ၾသစေၾတးလ် ခရစၥမတ္ကၽြန္းမွာ ေတြ႔ရတဲ့ ဗီယက္နမ္ႏိုင္ငံသား ႏိုင္ငံေရးခိုလံႈသူမ်ား

ဒီေန႔ တနလၤာေန႔က စၿပီး စည္းမ်ဥ္း အသစ္ေအာက္ ယာယီဗီဇာနဲ႔ ၾသစေၾတးလ်မွာ ေနထိုင္ေနၾကတဲ့ ဒုကၡသည္ေတြဟာ အၿမဲတမ္း ေနထိုင္ခြင့္ကို ရရွိၾကေတာ့မွာ ျဖစ္ပါတယ္။ ၂၀၁၃ မတိုင္မီက ၾသစေၾတးလ်ႏိုင္ငံကို ေရာက္ရွိေနၾကတဲ့ လူေပါင္း ၁၉၀၀၀ ေလာက္ဟာ ဒီ အေျပာင္းအလဲရဲ႕ အက်ိဳးေက်းဇူးကို ခံစားၾကရမွာ ျဖစ္ပါတယ္။ ဒုကၡသည္ေတြ ေသာင္မတင္ေရမက်ဘဝမွာ ေနရတာ အဓိပၸါယ္မရွိပါဘူးလို႔ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီး Andrew Giles က ဒီေန႔ တနလၤာေန႔ မွာ ေျပာပါတယ္။

အဲဒီသူေတြ ရရွိမယ့္ ဗီဇာအသစ္ဟာ အၿမဲတမ္း ေနထိုင္ခြင့္ ရရွိသူေတြရဲ႕ အခြင့္အေရးအတိုင္း သက္သာေခ်ာင္ခ်ိေရး ခံစားခြင့္နဲ႔ အဆင့္ျမင့္ ပညာေရးကို သင္ယူခြင့္လည္း ရရွိမွာ ျဖစ္ပါတယ္။ သူတို႔ဟာ ၾသစေၾတးလ်ႏိုင္ငံသား အျဖစ္လည္း ေလွ်ာက္ထားႏိုင္ၿပီး၊ သူတို႔ရဲ႕ အမ်ိဳးေတြကိုလည္း ၾသစေၾတးလ် ႏိုင္ငံကိုလာဖို႔ ကမကထျပဳ ေလွ်ာက္ထားႏိုင္မွာပါ။

ဗဟိုလက္ဝဲ အစိုးရဟာ ယာယီအကာအကြယ္ေပးေရးနဲ႔ ႏိုင္ငံေရးခိုလႈံခြင့္ ေလွ်ာက္ထားသူမ်ား လိုက္နာေရး ဗီဇာ စည္းမ်ဥ္းကို ပယ္ဖ်က္မယ္လို႔ မႏွစ္က ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ဆယ္စုခ်ီ ၾကာခဲ့ၿပီးျဖစ္တဲ့ နယ္ျခားဝင္ခြင့္ ဥပေဒကိုလည္း အစိုးရက ေထာက္ခံေၾကာင္း ျပည္ထဲေရး ဝန္ႀကီး Clare O'Neil က ေျပာဆိုၿပီး၊ ႏိုင္ငံေရး ခိုလႈံခြင့္ ေလွ်ာက္ထားသူေတြ ေလွနဲ႔မလာဖို႔ သတိေပးလိုက္ပါတယ္။ အဲဒီလို လာသူေတြကို ေနခြင့္မေပးဘူးလို႔ သူက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

သြစတြေးလျ ဥပဒေသစ်ကြောင့် ယာယီနေထိုင်သူ ဒုက္ခသည်တွေ အမြဲတမ်းနေထိုင်ခွင့်ရတော့မည်

ဒီနေ့ တနင်္လာနေ့က စပြီး စည်းမျဉ်း အသစ်အောက် ယာယီဗီဇာနဲ့ သြစတြေးလျမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ အမြဲတမ်း နေထိုင်ခွင့်ကို ရရှိကြတော့မှာ ဖြစ်ပါတယ်။ ၂၀၁၃ မတိုင်မီက သြစတြေးလျနိုင်ငံကို ရောက်ရှိနေကြတဲ့ လူပေါင်း ၁၉၀၀၀ လောက်ဟာ ဒီ အပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ သောင်မတင်ရေမကျဘဝမှာ နေရတာ အဓိပ္ပါယ်မရှိပါဘူးလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Andrew Giles က ဒီနေ့ တနင်္လာနေ့ မှာ ပြောပါတယ်။

အဲဒီသူတွေ ရရှိမယ့် ဗီဇာအသစ်ဟာ အမြဲတမ်း နေထိုင်ခွင့် ရရှိသူတွေရဲ့ အခွင့်အရေးအတိုင်း သက်သာချောင်ချိရေး ခံစားခွင့်နဲ့ အဆင့်မြင့် ပညာရေးကို သင်ယူခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ သူတို့ဟာ သြစတြေးလျနိုင်ငံသား အဖြစ်လည်း လျှောက်ထားနိုင်ပြီး၊ သူတို့ရဲ့ အမျိုးတွေကိုလည်း သြစတြေးလျ နိုင်ငံကိုလာဖို့ ကမကထပြု လျှောက်ထားနိုင်မှာပါ။

ဗဟိုလက်ဝဲ အစိုးရဟာ ယာယီအကာအကွယ်ပေးရေးနဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ လိုက်နာရေး ဗီဇာ စည်းမျဉ်းကို ပယ်ဖျက်မယ်လို့ မနှစ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်စုချီ ကြာခဲ့ပြီးဖြစ်တဲ့ နယ်ခြားဝင်ခွင့် ဥပဒေကိုလည်း အစိုးရက ထောက်ခံကြောင်း ပြည်ထဲရေး ဝန်ကြီး Clare O'Neil က ပြောဆိုပြီး၊ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေ လှေနဲ့မလာဖို့ သတိပေးလိုက်ပါတယ်။ အဲဒီလို လာသူတွေကို နေခွင့်မပေးဘူးလို့ သူက သတိပေးထားပါတယ်။

XS
SM
MD
LG