သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ျပည္ပ ေထာက္လွမ္းေရး ဌာနရဲ႕ ပထမဆံုး အမ်ိဳးသမီး အႀကီးအကဲ ခန္႔အပ္


ၾသစေၾတးလ် ျပည္ပ ေထာက္လွမ္းေရး ဌာနရဲ႕ ပထမဆံုး အမ်ိဳးသမီး အႀကီးအကဲ ခန္႔အပ္

 အႀကီးတန္း အစိုးရ ၀န္ထမ္းေဟာင္း အမ်ိဳးသမီးတဦးကို ၾသစေၾတးလ်ရဲ႕ ျပည္ပ ေထာက္လွမ္းေရးဌာန ရဲ႕ ပထမဆံုးေသာ အမ်ိဳးသမီး အႀကီးအကဲ အျဖစ္ ခန္႔အပ္ဖို႔ ရွိေနပါတယ္။ ဆစ္ဒေနျမဳိ႕ကေန Phil Mercer ေပးပို႔တဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။  

ၾသစေၾတးလ် ျပည္ပ ေထာက္လွမ္းေရး ဌာနရဲ႕ ပထမဆံုး အမ်ိဳးသမီး အႀကီးအကဲ ခန္႔အပ္

{{Zawgyi/Unicode }}
အႀကီးတန္း အစိုးရ ၀န္ထမ္းေဟာင္း အမ်ိဳးသမီးတဦးကို ၾသစေၾတးလ်ရဲ႕ ျပည္ပ ေထာက္လွမ္းေရးဌာန ရဲ႕ ပထမဆံုးေသာ အမ်ိဳးသမီး အႀကီးအကဲ အျဖစ္ ခန္႔အပ္ဖို႔ ရွိေနပါတယ္။ Kerri Hartland က လာမယ့္ ေဖေဖၚဝါရီလထဲ ၾသစေၾတးလ် လွ်ဳိ႕ဝွက္ေထာက္လွမ္းေရးဌာန ASIS ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ျဖစ္လာေတာ့မွာပါ။ ဆစ္ဒေနျမဳိ႕ကေန Phil Mercer ေပးပို႔တဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

လိင္ပိုင္းဆိုင္ရာ ထိပါး က်ဴးလြန္မႈ စြပ္စြဲခ်က္ေတြ အရႈပ္ေတာ္ပံုေတြ ျဖစ္ခဲ႔ၿပီး ေနာက္ပိုင္း ၾသစေၾတးလ် ျပည္ေထာင္စု လႊတ္ေတာ္တြင္း လုပ္ငန္းခြင္ အေလ႔အထေတြ ျပဳျပင္ေျပာင္းလဲမႈကို Kerri Hartladn က လတ္တေလာ ႀကီးၾကပ္ေဆာင္ရြက္ခဲ႔သူပါ။ သူမဟာ အေတြ႕အၾကံဳရင့္္ အစိုးရ ၀န္ထမ္းတဦး ျဖစ္သလို သတင္းေထာက္ေဟာင္း တဦးလည္း ျဖစ္ပါတယ္။ ASIS လွ်ဳိ႕ဝွက္ေထာက္လွမ္းေရးအဖြဲ႔ကို တာဝန္ယူလုပ္ဖို႔ အေရြးခ်ယ္ခံရတဲ့ ပထမဦးဆုံးေသာ အမ်ဳိးသမီး ျဖစ္ပါတယ္။ အရင္ တာဝန္ယူခဲ့ဖူးသူေတြလို လက္နက္ကိုင္အဖြဲ႔နဲ႔ အကၽြမ္းတဝင္ ရွိတာမ်ဳိး၊ ႏိုင္ငံရပ္ျခားကိစၥမွာ ကိုင္တြယ္ဖူးတာမ်ဳိး သူမမွာ မရွိေပမဲ့ ၊ Hartland က ၂၀၁၁ နဲ႔ ၂၀၁၇ ၾကား ASIO ေခၚ ျပည္တြင္းေထာက္လွမ္းေရးအဖြဲ႔ရဲ႕ ဒုတိယ ၫႊန္ခ်ဳပ္တာဝန္ကို ထမ္းေဆာင္ခဲ့တာပါ။

သူမအေနနဲ႔ အေကာင္းဆုံးဗ်ဴဟာေတြ၊ လုပ္ငန္းနဲ႔ လူပုဂၢိဳလ္ဆိုင္ရာ ဦးဆာင္မႈကိုေပးရင္း သူ႔ အခန္းက႑သစ္ကို လုပ္ေဆာင္သြားႏိုင္မယ္ဆိုတာ ယုံၾကည္တယ္လို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Anthony Albanese ရဲ႕ ဒီလအေစာပိုင္း ထုတ္ျပန္ခ်က္မွာ ေျပာခဲ့ပါတယ္။ William Stoltz ဟာ ၾသစေၾတးလ် အမ်ဳိးသားတကၠသိုလ္ အမ်ိဳးသား လုံျခဳံေရး ေကာလိပ္ရဲ႕ မူဝါဒေရးရာ -ဒါ႐ိုက္တာျဖစ္ပါတယ္။ ASIS ေထာက္လွမ္းေရးအဖြဲ႔အတြက္ အေျခခံက်တဲ့ အေျပာင္းအလဲေတြ လုပ္ဖို႔ Hartland ကိုတာဝန္ေပးခဲ့တာလို႔ သူက ဗြီအိုေအကို တနလာၤေန႔မွာ ေျပာပါတယ္။

“ ASIS အဖြဲ႔ရဲ႕ လုပ္ငန္းခြင္ သဘာဝကို ေျပာင္းလဲပစ္ဖို႔ လိုေနပါတယ္။ ဆိုလိုတာက ASIS ဟာ ႏွစ္ ၂၀ ေလာက္ ၿဗိတိသွ် လွ်ဳိ႕ဝွက္ေထာက္လွမ္းေရးအဖြဲ႔ SIS နဲ႔ အနီးကပ္လက္တဲြ လုပ္လာသလို၊ အေရွ႕အလယ္ပိုင္းက စစ္ေသြးႂကြ ႏွိမ္နင္းေရးနဲ႔ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးမွာ အေမရိကန္ေထာက္လွမ္းေရး CIAရဲ႕လႊမ္းမိုးမႈလည္း ရွိေနခဲ့တာပါ။”

အခုေတာ့ ၾသစေၾတးလ် ျပည္ပေထာက္လွမ္းေရးအဖြဲ႔ အေနနဲ႔ တ႐ုတ္ႏိုင္ငံေပၚ ပိုအာ႐ုံစိုက္ လုပ္ေဆာင္ဖို႔ျဖစ္လာ တယ္လို႔ Stoltz က ထပ္ေျပာပါတယ္။

“က်ေနာ္ထင္တာကေတာ့ အင္အားအႀကီးဆုံးႏိုင္ငံ ျဖစ္လာဖို႔ တ႐ုတ္နဲ႔ အေမရိကန္ၾကား ျပဳိင္ဆိုင္မႈမွာ ဘာကို အဓိက ထားမလဲဆိုတဲ့ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ စုေဆာင္းပုံခ်င္းက ကြာျခားပါတယ္။ အဲဒီေတာ့ အႏၲရာယ္ေတြ ကာကြယ္တားဆီးေရးမွာ ကိုယ့္ႏိုင္ငံရဲ႕လိုအပ္ခ်က္နဲ႔ အနီးစပ္ဆုံး ျဖစ္လာေစဖို႔ ASIS အဖြဲ႔ လုပ္ငန္းလည္ပတ္မႈ အပိုင္းကို ျပတ္ျပတ္သာသား ေျပာင္းလဲဖို႔ သိပ္အေရးႀကီးပါတယ္။”

ၾသစေၾတးလ်ရဲ႕ ေထာက္လွမ္းေရးဌာန တခု ျဖစ္တဲ႔ Australian Signals Directorate ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ကလည္း အမ်ိဳးသမီး ျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္မွာ ခန္႔အပ္ခံရတဲ႔ Rachel Nobel ဟာ ဆိုရင္ ASD ရဲ႕ ပထမဆံုးေသာ အမ်ိဳးသမီး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ျဖစ္ပါတယ္။

တျခားႏိုင္ငံေတြမွာလည္း အႀကီးတန္း ေထာက္လွမ္းေရး ရာထူးေတြ အတြက္ အမ်ိဳးသမီးေတြကို ခန္႔အပ္ထားၾကပါတယ္။ အေမရိကန္ အမ်ိဳးသား ေထာက္လွမ္းေရး ဌာနရဲ႕ ပထမဆံုး အမ်ိဳးသမီး အႀကီးအကဲ အျဖစ္ Avril Haines ကို ၂၀၂၁ မွာ လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီး ၊ အီတလီႏိုင္ငံမွာေတာ့ ပထမဆံုး အမ်ိဳးသမီး ေထာက္လွမ္းေရး အႀကီးအကဲ အျဖစ္ သံအမတ္ႀကီးေဟာင္းျဖစ္တဲ့ Elisabetta Belloni ကို မႏွစ္က တာဝန္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

သြစတြေးလျ ပြည်ပ ထောက်လှမ်းရေး ဌာနရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲ ခန့်အပ်

{{Zawgyi/Unicode }}
အကြီးတန်း အစိုးရ ဝန်ထမ်းဟောင်း အမျိုးသမီးတဦးကို သြစတြေးလျရဲ့ ပြည်ပ ထောက်လှမ်းရေးဌာန ရဲ့ ပထမဆုံးသော အမျိုးသမီး အကြီးအကဲ အဖြစ် ခန့်အပ်ဖို့ ရှိနေပါတယ်။ Kerri Hartland က လာမယ့် ဖေဖေါ်ဝါရီလထဲ သြစတြေးလျ လျှို့ဝှက်ထောက်လှမ်းရေးဌာန ASIS ရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတော့မှာပါ။ ဆစ်ဒနေမြို့ကနေ Phil Mercer ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါး ကျူးလွန်မှု စွပ်စွဲချက်တွေ အရှုပ်တော်ပုံတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း သြစတြေးလျ ပြည်ထောင်စု လွှတ်တော်တွင်း လုပ်ငန်းခွင် အလေ့အထတွေ ပြုပြင်ပြောင်းလဲမှုကို Kerri Hartladn က လတ်တလော ကြီးကြပ်ဆောင်ရွက်ခဲ့သူပါ။ သူမဟာ အတွေ့အကြုံရင့်် အစိုးရ ဝန်ထမ်းတဦး ဖြစ်သလို သတင်းထောက်ဟောင်း တဦးလည်း ဖြစ်ပါတယ်။ ASIS လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို တာဝန်ယူလုပ်ဖို့ အရွေးချယ်ခံရတဲ့ ပထမဦးဆုံးသော အမျိုးသမီး ဖြစ်ပါတယ်။ အရင် တာဝန်ယူခဲ့ဖူးသူတွေလို လက်နက်ကိုင်အဖွဲ့နဲ့ အကျွမ်းတဝင် ရှိတာမျိုး၊ နိုင်ငံရပ်ခြားကိစ္စမှာ ကိုင်တွယ်ဖူးတာမျိုး သူမမှာ မရှိပေမဲ့ ၊ Hartland က ၂၀၁၁ နဲ့ ၂၀၁၇ ကြား ASIO ခေါ် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ရဲ့ ဒုတိယ ညွှန်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။

သူမအနေနဲ့ အကောင်းဆုံးဗျူဟာတွေ၊ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ဦးဆာင်မှုကိုပေးရင်း သူ့ အခန်းကဏ္ဍသစ်ကို လုပ်ဆောင်သွားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ရဲ့ ဒီလအစောပိုင်း ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ William Stoltz ဟာ သြစတြေးလျ အမျိုးသားတက္ကသိုလ် အမျိုးသား လုံခြုံရေး ကောလိပ်ရဲ့ မူဝါဒရေးရာ -ဒါရိုက်တာဖြစ်ပါတယ်။ ASIS ထောက်လှမ်းရေးအဖွဲ့အတွက် အခြေခံကျတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ Hartland ကိုတာဝန်ပေးခဲ့တာလို့ သူက ဗွီအိုအေကို တနလာၤနေ့မှာ ပြောပါတယ်။

“ ASIS အဖွဲ့ရဲ့ လုပ်ငန်းခွင် သဘာဝကို ပြောင်းလဲပစ်ဖို့ လိုနေပါတယ်။ ဆိုလိုတာက ASIS ဟာ နှစ် ၂၀ လောက် ဗြိတိသျှ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ SIS နဲ့ အနီးကပ်လက်တွဲ လုပ်လာသလို၊ အရှေ့အလယ်ပိုင်းက စစ်သွေးကြွ နှိမ်နင်းရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အမေရိကန်ထောက်လှမ်းရေး CIAရဲ့လွှမ်းမိုးမှုလည်း ရှိနေခဲ့တာပါ။”

အခုတော့ သြစတြေးလျ ပြည်ပထောက်လှမ်းရေးအဖွဲ့ အနေနဲ့ တရုတ်နိုင်ငံပေါ် ပိုအာရုံစိုက် လုပ်ဆောင်ဖို့ဖြစ်လာ တယ်လို့ Stoltz က ထပ်ပြောပါတယ်။

“ကျနော်ထင်တာကတော့ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာဖို့ တရုတ်နဲ့ အမေရိကန်ကြား ပြိုင်ဆိုင်မှုမှာ ဘာကို အဓိက ထားမလဲဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းပုံချင်းက ကွာခြားပါတယ်။ အဲဒီတော့ အန္တရာယ်တွေ ကာကွယ်တားဆီးရေးမှာ ကိုယ့်နိုင်ငံရဲ့လိုအပ်ချက်နဲ့ အနီးစပ်ဆုံး ဖြစ်လာစေဖို့ ASIS အဖွဲ့ လုပ်ငန်းလည်ပတ်မှု အပိုင်းကို ပြတ်ပြတ်သာသား ပြောင်းလဲဖို့ သိပ်အရေးကြီးပါတယ်။”

သြစတြေးလျရဲ့ ထောက်လှမ်းရေးဌာန တခု ဖြစ်တဲ့ Australian Signals Directorate ရဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း အမျိုးသမီး ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ခန့်အပ်ခံရတဲ့ Rachel Nobel ဟာ ဆိုရင် ASD ရဲ့ ပထမဆုံးသော အမျိုးသမီး ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာလည်း အကြီးတန်း ထောက်လှမ်းရေး ရာထူးတွေ အတွက် အမျိုးသမီးတွေကို ခန့်အပ်ထားကြပါတယ်။ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ဌာနရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲ အဖြစ် Avril Haines ကို ၂၀၂၁ မှာ လွှတ်တော်က အတည်ပြုခဲ့ပြီး ၊ အီတလီနိုင်ငံမှာတော့ ပထမဆုံး အမျိုးသမီး ထောက်လှမ်းရေး အကြီးအကဲ အဖြစ် သံအမတ်ကြီးဟောင်းဖြစ်တဲ့ Elisabetta Belloni ကို မနှစ်က တာဝန်ပေးခဲ့ပါတယ်။

XS
SM
MD
LG