ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလဆန္းပိုင္းက စစ္ေကာင္စီက ဖမ္းဆီးထိမ္းသိမ္းထားတဲ့ ကခ်င္ႏွစ္ျခင္းအသင္းေတာ္(KBC) ဥကၠ႒ေဟာင္း သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ကို အၾကမ္းဖက္မႈဥပေဒအမႈနဲ႔ ထပ္တိုး အေရးယူ အမႈဖြင့္ လိုက္တယ္လို႔ သူ႔မိသားစုကေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို ကိုသိန္းထိုက္ဦးက ေျပာျပမွာပါ။
မႏွစ္ ဒီဇင္ဘာ ၅ ရက္ မနက္ ၉ နာရီခန႔္က ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြက စစ္ေဆး ေမးျမန္းစရာရွိလို႔ဆိုၿပီး ဖမ္းဆီးခဲ့တာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၁ရက္ မွာေတာ့ ဗိုလ္မႉးသူေအာင္ေဇာ္ဆိုသူက ျမစ္ႀကီးနားရဲစခန္းမွာ မတရားအသင္းဆက္သြယ္မႈဥပေဒပုဒ္မ ၁၇/၁၊ တပ္မေတာ္ကိုအၾကည္ညိဳ ပ်က္ေအာင္ ေသြးထိုး လႈံ ေဆာ္မႈ ၅၀၅-ကတို႔နဲ႔ အမႈဖြင့္ခဲ့ၿပီး တရားရင္ဆိုင္ေနခ်ိန္မွာ၊ အခုထပ္ၿပီး အၾကမ္းဖက္မႈ ဥပေဒ ပုဒ္မ ၅၂(က)နဲ႔ထပ္မံတရားစြဲဆိုခံရတာျဖစ္တယ္လို႔ သူ႔ေရွ႕ေနက ေျပာျပပါတယ္။
"႐ုံးခ်ိန္းမွာတရားသူႀကီးကဖတ္ျပတယ္။ အဲမွာကNUG သမၼတ ဦးလရွီးလ၊ သယံဇာတ ဝန္ႀကီးအဆင့္ရွိတဲ့ ဦးတူးေခါင္ေရာ၊ ပညာေရးဝန္ႀကီးျဖစ္တဲ့ ဆရာမ ေဒၚဂ်ာထြယ္ပန္ သူတို႔ေတြနဲ႔ လိုင္ဇာမွာေတြ႕ ခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စြဲထားတယ္ဆိုတာေျပာတယ္။ အမႈကို ၂၁ရက္ေန႔စစ္မယ္ရွင့္"
ကနဦး စြဲဆိုထားတဲ့ ပုဒ္မ ၁၇/၁နဲ႔ ပုဒ္မ ၅၀၅-က ပုဒ္မႏွစ္ခုအတြက္ စြဲခ်က္တင္သင့္မသင့္ဆုံးျဖတ္ဖို႔ ၂ ဘက္ေရွ႕ေနေတြ ေလွ်ာက္လဲခ်က္ေပးရမယ့္ အဆင့္ေရာက္ေနၿပီ လို႔ေရွ႕ေနကေျပာပါတယ္။
"အဲအမႈ ၂ခုကေတာ့ အိုင္အိုကိုစစ္ၿပီးၿပီ။ ေနာက္တခ်ိန္းက ၂၁ရက္ေန႔ အဲေန႔မွာေလွ်ာက္လဲခ်က္ေပါ့ စြဲခ်က္ေလွ်ာက္လဲခ်က္ေပါ့။ စြဲခ်က္ေလွ်ာက္လဲခ်က္ေပးမွာျဖစ္တယ္။ ၿပီးမွ ေလွ်ာက္လဲခ်က္တင္ရမွာပါ။"
က်န္းမာေရးမေကာင္းတာေၾကာင့္ေဆးစစ္ဖို႔သြားခ်ိန္မွာ အခုလိုဖမ္းဆီးခံခဲ့ရတဲ့ ေဒါက္တာခလမ္ဆမ္ ဆြန္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ပတ္သတ္လို႔ မိသားစုဘက္က စိတ္ပူေနပါတယ္။ လက္ရွိအခ်ိန္ထိ မိသားစုနဲ႔ ေတြ႕ခြင့္မရေသးဘူးလို႔ မိသားစုဝင္တဦးကအတည္ျပဳပါတယ္။
ကခ်င္လူထုအၾကား ဩဇာတိကၠမႀကီးမားတဲ့ ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျမစ္ႀကီးနားေထာင္မွာ ခ်ဳပ္ေႏွာင္ထားတာပါ။ ေဒါက္တာခလမ္ဆမ္ဆြန္ဟာ KIA ဌာနခ်ဳပ္ရွိရာ လိုင္ဇာသို႔သြားေရာက္ၿပီး၊ KIA ထိပ္သီး ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့တာေၾကာင့္ ဖမ္းဆီးအေရးယူခံရတာလို႔ နီးစပ္သူေတြက ေျပာပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ေတာ့ စစ္ေကာင္စီဘက္ကို ေမးျမန္းေပမယ့္ ျပန္လည္ေျဖဆိုတာေတာ့ မရွိပါဘူး။
KBC ဘက္ကေတာ့ ဆရာေတာ္လြတ္ေျမာက္ေရးအတြက္ ေကာ္မတီတရပ္ဖြဲ႕ၿပီးေနာက္၊ ဆရာေတာ္နဲ႔ေတြ႕ခြင့္ရေရး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္ကို စာပို႔ထားေပမယ့္ ခုခ်ိန္ထိ အေၾကာင္းျပန္တာမရွိခဲ့ဘူးလို႔ KBC တာဝန္ရွိသူတဦးက ေျပာပါတယ္။
သိကၡာေတာ္ရဆရာ ေဒါက္တာခလမ္ဆြမ္ဆြန္ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႈးခ်ဳပ္နဲ႔ ဥကၠ႒ တာဝန္ေတြကို ယူခဲ့သူျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ " KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ " အျဖစ္ ခန႔္အပ္ခံရပါတယ္။
လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရး လြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အေမရိကန္ျပည္ေထာင္စုအိမ္ျဖဴေတာ္မွာ ကိုယ္တိုင္သြားေရာက္ တင္ျပခဲ့သူလည္းျဖစ္ပါတယ္။ အဲဒါအတြက္လည္း အဲဒီအခ်ိန္တုန္းက သူ႔ကို ျမန္မာစစ္တပ္က တရားစြဲဆိုခဲ့ဖူးၿပီး၊ ေနာက္ပိုင္း အမႈ ႐ုတ္သိမ္းေပးခဲ့ပါတယ္။
ေဒါက္တာခလမ္းဆြမ္ဆြန္ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေတာင္းဆိုတဲ့ အေၾကာင္း၊ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကလည္း တြစ္တာလူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။
[Unicode]
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေနဲ့ ထပ်တိုး အရေးယူ
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေအမှုနဲ့ ထပ်တိုး အရေးယူ အမှုဖွင့် လိုက်တယ်လို့ သူ့မိသားစုကပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုသိန်းထိုက်ဦးက ပြောပြမှာပါ။
မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော်ဆိုသူက မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့ပြီး တရားရင်ဆိုင်နေချိန်မှာ၊ အခုထပ်ပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က)နဲ့ထပ်မံတရားစွဲဆိုခံရတာဖြစ်တယ်လို့ သူ့ရှေ့နေက ပြောပြပါတယ်။
"ရုံးချိန်းမှာတရားသူကြီးကဖတ်ပြတယ်။ အဲမှာကNUG သမ္မတ ဦးလရှီးလ၊ သယံဇာတ ဝန်ကြီးအဆင့်ရှိတဲ့ ဦးတူးခေါင်ရော၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမ ဒေါ်ဂျာထွယ်ပန် သူတို့တွေနဲ့ လိုင်ဇာမှာတွေ့ ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲထားတယ်ဆိုတာပြောတယ်။ အမှုကို ၂၁ရက်နေ့စစ်မယ်ရှင့်"
ကနဦး စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် စွဲချက်တင်သင့်မသင့်ဆုံးဖြတ်ဖို့ ၂ ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးရမယ့် အဆင့်ရောက်နေပြီ လို့ရှေ့နေကပြောပါတယ်။
"အဲအမှု ၂ခုကတော့ အိုင်အိုကိုစစ်ပြီးပြီ။ နောက်တချိန်းက ၂၁ရက်နေ့ အဲနေ့မှာလျှောက်လဲချက်ပေါ့ စွဲချက်လျှောက်လဲချက်ပေါ့။ စွဲချက်လျှောက်လဲချက်ပေးမှာဖြစ်တယ်။ ပြီးမှ လျှောက်လဲချက်တင်ရမှာပါ။"
ကျန်းမာရေးမကောင်းတာကြောင့်ဆေးစစ်ဖို့သွားချိန်မှာ အခုလိုဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ် ဆွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးကအတည်ပြုပါတယ်။
ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး၊ KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သတ်လို့တော့ စစ်ကောင်စီဘက်ကို မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။
KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီးနောက်၊ ဆရာတော်နဲ့တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမယ့် ခုချိန်ထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆွမ်ဆွန်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။
လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။
ဒေါက်တာခလမ်းဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတဲ့ အကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။