သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးပ်ံပူေဖာင္းကိစၥ သမၼတဘိုင္ဒင္ တ႐ုတ္သမၼတနဲ႔ စကားေျပာမည္


( မွတ္တမ္း ပုုံေဟာင္း ) - တ႐ုတ္သမတ ရွီက်င္းဖ်ဥ္နဲ႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္

=== [[ ZAWGYI ]] ===

မိုးပ်ံပူေဖာင္းကိစၥ သမၼတဘိုင္ဒင္ တ႐ုတ္သမၼတနဲ႔ စကားေျပာမည္

တ႐ုတ္နဲ႔ အေမရိကန္အၾကား တင္းမာမႈေတြျဖစ္ေစခဲ့တဲ့ သံသယရွိဖြယ္ တ႐ုတ္ေထာက္လွမ္းေရး မိုးပ်ံပူေဖါင္းကိစၥနဲ႔ ပတ္သက္ၿပီး တ႐ုတ္သမတ ရွီက်င္းဖ်ဥ္နဲ႔ ေဆြးေႏြးသြားမယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ၾကာသပေတးေန႔မွာ ေျပာဆိုလိုက္ပါတယ္။

“ က်ေနာ္ တ႐ုတ္သမၼတ ရွီနဲ႔ ေဆြးေႏြးမယ္လို႔ ႐ြယ္႐ြယ္ထားပါတယ္။ ဒီကိစၥကို က်ေနာ္တို႔ အေျခခံက်က် ေဆြးေႏြးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ဒီမိုးပ်ံပူေဖါင္းကို ပစ္ခ်ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ့္အေနနဲ႔ ေတာင္းပန္မွာ ေတာ့ မဟုတ္ပါဘူး” လို႔ သမၼတ ဘိုင္ဒင္က ေထာက္လွမ္းေရး မိုးပ်ံပူေပါင္းနဲ႔ အမည္မသိ အျခားပ်ံသန္းေနတဲ့အရာ ၃ ခုနဲ႔ ပတ္သက္ၿပီး၊ အေမရိကန္အစိုးရ လုပ္ေဆာင္မႈနဲ႔ပတ္သက္တဲ့ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

မိုးပ်ံပူေဖါင္းအျပင္ အာလက္စကား၊ ကေနဒါနဲ႔ မစ္ရွီဂန္ ျပည္နယ္ေတြအေပၚမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ပ်ံသန္းခဲ့တဲ့ အမည္မသိ ယာဥ္ေတြကိုလည္း ပစ္ခ်ခဲ့တာပါ။ ေထာက္လွမ္းေရး အသိုင္းအဝိုင္းကေတာ့ ဒီယာဥ္ေတြဟာ အရပ္ဖက္ သုေတ သန ယာဥ္ေတြျဖစ္ႏိုင္ၿပီး၊ တ႐ုတ္ေထာက္လွမ္းေရး ဒါမွမဟုတ္ အျခားႏိုင္ငံ တခုခုရဲ႕ေထာက္လွမ္းေရးကိစၥနဲ႔ မသက္ဆိုင္ဘူးလို႔ သမၼတ ဘိုင္ဒင္က ေျပာဆိုခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ေတြဟာ တ႐ုတ္နဲ႔ အေမရိကန္အၾကား သံတမန္ဆက္ဆံေရးနဲ႔ စစ္ဘက္ဆိုင္ရာ ဆက္ဆံေရးေတြကို ဆက္လက္ ဖြင့္လွစ္ထားဖို႔ အေရးႀကီးတယ္ဆိုတာ ေဖၚျပလိုက္တာျဖစ္ၿပီး၊ အေမရိကန္အေနနဲ႔ တ႐ုတ္နဲ႔ ေနာက္ထပ္ စစ္ေအးတိုက္ပြဲ အသစ္ကို လုပ္မွာမဟုတ္ဘူးလို႔လည္း သမၼတ ဂ်ိဳးဘိုင္ဒင္က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

မိုးပျံပူဖောင်းကိစ္စ သမ္မတဘိုင်ဒင် တရုတ်သမ္မတနဲ့ စကားပြောမည်

တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေဖြစ်စေခဲ့တဲ့ သံသယရှိဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သမတ ရှီကျင်းဖျဉ်နဲ့ ဆွေးနွေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

“ ကျနော် တရုတ်သမ္မတ ရှီနဲ့ ဆွေးနွေးမယ်လို့ ရွယ်ရွယ်ထားပါတယ်။ ဒီကိစ္စကို ကျနော်တို့ အခြေခံကျကျ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီမိုးပျံပူဖေါင်းကို ပစ်ချခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ တောင်းပန်မှာ တော့ မဟုတ်ပါဘူး” လို့ သမ္မတ ဘိုင်ဒင်က ထောက်လှမ်းရေး မိုးပျံပူပေါင်းနဲ့ အမည်မသိ အခြားပျံသန်းနေတဲ့အရာ ၃ ခုနဲ့ ပတ်သက်ပြီး၊ အမေရိကန်အစိုးရ လုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မိုးပျံပူဖေါင်းအပြင် အာလက်စကား၊ ကနေဒါနဲ့ မစ်ရှီဂန် ပြည်နယ်တွေအပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပျံသန်းခဲ့တဲ့ အမည်မသိ ယာဉ်တွေကိုလည်း ပစ်ချခဲ့တာပါ။ ထောက်လှမ်းရေး အသိုင်းအဝိုင်းကတော့ ဒီယာဉ်တွေဟာ အရပ်ဖက် သုတေ သန ယာဉ်တွေဖြစ်နိုင်ပြီး၊ တရုတ်ထောက်လှမ်းရေး ဒါမှမဟုတ် အခြားနိုင်ငံ တခုခုရဲ့ထောက်လှမ်းရေးကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ တရုတ်နဲ့ အမေရိကန်အကြား သံတမန်ဆက်ဆံရေးနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ဆက်လက် ဖွင့်လှစ်ထားဖို့ အရေးကြီးတယ်ဆိုတာ ဖေါ်ပြလိုက်တာဖြစ်ပြီး၊ အမေရိကန်အနေနဲ့ တရုတ်နဲ့ နောက်ထပ် စစ်အေးတိုက်ပွဲ အသစ်ကို လုပ်မှာမဟုတ်ဘူးလို့လည်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG